လွှကိုပတ်တဲ့ မြွေလိုလူမျိူး မဖြစ်ပါစေနဲ့..

တစ်ခါက မြွေတစ်ကောင်က ဂိုထောင်ထဲကို ဝင်လာပါတယ်။ ဂိုထောင်ထဲကို ရောက်တဲ့အခါ ထောင့်လေးမှာ ထောင်ထားတဲ့ လွှပေါ်ကနေဖြတ်သွားမိပါတယ်။ လွှရဲ့အသွားတွေနဲ့ ထိမိတဲ့အခါ အသားနာကျင်သွားတဲ့ မြွေက ဒေါသထွက်သွားပြီး လွှကိုပြန်လှည့်ပြီး ကိုက်လိုက်ပါတယ်။ ပြန်လှည့်ကိုက်တော့လည်း လွှကိုကိုက်တာဖြစ်တဲ့အတွက် မြွေကိုပဲနာကျင်စေတာပါ။ ဒါကြောင့် မြွေဟာသူ့ကိုယ်သူ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဘဲ လွှကသူ့ကို ပြန်တိုက်ခိုက်နေတယ်လို့ ထင်သွားပါတယ်။ ဒီတော့သူက လွှကိုရစ်ပတ်ပြီး အသက်ရှူကြပ်အောင်လုပ်၊ သူ့မှာရှိသမျှအားနဲ့ အသေသတ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ လွှရဲ့ ချွန်ထက်နေတဲ့ အသွားတွေကြောင့် မြွေပဲ သေ ဆုံးသွားခဲ့ရပါတယ်။

တစ်ခါတစ်လေမှာ ကျွန်မတို့တွေက ဒေါသတွေနဲ့ ကျွန်မတို့ကို နာကျင်စေခဲ့တဲ့သူတွေကို ပြန်လည်နာကျင်အောင် လုပ်ဖို့ပဲ တွေးနေမိကြပါတယ်။ ဒါကြောင့် ကျွန်မတို့သူတို့ကို နာကျင်စေဖို့ ကြိုးစားအားထုတ်ကြတယ်။ အမှန်တကယ်က သူတို့ကိုမနာကျင်စေဘဲ ကျွန်မတို့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်နေတာမျိုး ဖြစ်နေတတ်ပါတယ်။တစ်ခါတစ်လေ ဘဝမှာ တချို့အခြေအနေတွေကို ဥပက္ခာပြုလိုက်တာ ပိုကောင်း ပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးဆက်တွေက အရင်လိုပြန်မဖြစ်နိုင်လောက်အောင်၊ ပြန်အစားထိုးလို့မရနိုင်လောက်အောင် ဆိုးရွားနိုင်တာကြောင့်ပါ။ ဒါကြောင့် လွှကိုပတ်တဲ့ မြွေလိုလူမျိူး မဖြစ်ပါစေနဲ့..။

Credit – မူရင်း

[zawgyi]

တစ္ခါက ေႁမြတစ္ေကာင္က ဂိုေထာင္ထဲကို ဝင္လာပါတယ္။ ဂိုေထာင္ထဲကို ေရာက္တဲ့အခါ ေထာင့္ေလးမွာ ေထာင္ထားတဲ့ လႊေပၚကေနျဖတ္သြားမိပါတယ္။ လႊရဲ႕အသြားေတြနဲ႔ ထိမိတဲ့အခါ အသားနာက်င္သြားတဲ့ ေႁမြက ေဒါသထြက္သြားၿပီး လႊကိုျပန္လွည့္ၿပီး ကိုက္လိုက္ပါတယ္။ ျပန္လွည့္ကိုက္ေတာ့လည္း လႊကိုကိုက္တာျဖစ္တဲ့အတြက္ ေႁမြကိုပဲနာက်င္ေစတာပါ။ ဒါေၾကာင့္ ေႁမြဟာသူ႔ကိုယ္သူ ဘာေတြျဖစ္ေနမွန္း နားမလည္ႏိုင္ဘဲ လႊကသူ႔ကို ျပန္တိုက္ခိုက္ေနတယ္လို႔ ထင္သြားပါတယ္။ ဒီေတာ့သူက လႊကိုရစ္ပတ္ၿပီး အသက္ရႉၾကပ္ေအာင္လုပ္၊ သူ႔မွာရွိသမွ်အားနဲ႔ အေသသတ္ဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ လႊရဲ႕ ခြၽန္ထက္ေနတဲ့ အသြားေတြေၾကာင့္ ေႁမြပဲ ေသ ဆုံးသြားခဲ့ရပါတယ္။တစ္ခါတစ္ေလမွာ ကြၽန္မတို႔ေတြက ေဒါသေတြနဲ႔ ကြၽန္မတို႔ကို နာက်င္ေစခဲ့တဲ့သူေတြကို ျပန္လည္နာက်င္ေအာင္ လုပ္ဖို႔ပဲ ေတြးေနမိၾကပါတယ္။ ဒါေၾကာင့္ ကြၽန္မတို႔သူတို႔ကို နာက်င္ေစဖို႔ ႀကိဳးစားအားထုတ္ၾကတယ္။ အမွန္တကယ္က သူတို႔ကိုမနာက်င္ေစဘဲ ကြၽန္မတို႔ ကိုယ့္ကိုယ္ကို နာက်င္ေအာင္လုပ္ေနတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။တစ္ခါတစ္ေလ ဘဝမွာ တခ်ိဳ႕အေျခအေနေတြကို ဥပကၡာျပဳလိုက္တာ ပိုေကာင္း ပါတယ္။ ဘာလို႔လဲဆိုေတာ့ အက်ိဳးဆက္ေတြက အရင္လိုျပန္မျဖစ္ႏိုင္ေလာက္ေအာင္၊ ျပန္အစားထိုးလို႔မရႏိုင္ေလာက္ေအာင္ ဆိုး႐ြားႏိုင္တာေၾကာင့္ပါ။ ဒါေၾကာင့္ လႊကိုပတ္တဲ့ ေႁမြလိုလူမ်ိဴး မျဖစ္ပါေစနဲ႔..။