( ဝ )သုံးလုံး ဆောင်ထားပါ

တစ်ခါတုန်းက…မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ကြွတော်မူသောအခါ ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောအသက်( ၈ဝ )ကျော် အဖွားအိုတစ်ဦးကကြုံတုန်းကြုံခိုက်သူမကို ဆုံးမသြဝါဒ ပေးသနားဖို့လျှောက်တင်ပါတယ်။ဆရာတော်ကြီးက…ဒကာမကြီး အ သက်အရွယ် ကြီးရင့်လာပြီဆိုတော့( ဝ )သုံးလုံးကို ဆောင်ထားဗျ။ ၁။ ဝ ဝ စားတဲ့ – အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့ကိုယ် ခန္ဓာက အားအင်တွေတစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။ဝဝစားမှ အားရှိမှာ။အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ။ ဒါကြောင့် ဒကာမကြီး ဝဝစားပါ။ ၂။ ဝေးဝေးနေ တဲ့ – အသက် ကြီးလာပြီဆိုတော့ချေးမနိုင် သေးမနိုင် ချောင်းတစ်ဟွတ်ဟွတ်နဲ့ဆိုတော့သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။

သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်ကမရွံမရှာ သုတ်သင်ပေးခဲ့ပေမဲ့ သူတို့အလှည့်ကျတော့ ရွံရှာတတ်ကြတယ်။သူတို့နှင့်ဝေးဝေးနေမှ အမုန်းမခံရမှာ။ဒါကြောင့် ဝေးဝေးနေပါဒကာမကြီး။ ဝေးဝေးနေနိုင်ရင်တော့…ဒကာမကြီး စိတ်ချမ်းသာပါလိမ့်မယ်။ ၃။ ဝင်မရှုပ်နဲ့ တဲ့ – သား သမီးတွေရဲ့ လူမှုရေး စီးပွားရေးအရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။ကိုယ်က ဝင်ရှုပ်လိုက်လို့သားသမီးတွေက မကျေမနပ်ဖြစ်ပြီးခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ ဟုအပြောခံရရင်ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။သူတို့အရေးမှန်သမျှကို ဘာမှ ဝင်မရှုပ်ပဲနေရင် ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။ ကဲ…ဆရာတော်ကြီးပေးတဲ့( ဝ)သုံးလုံးကိုဆောင်ထားပေတော့ဗျာဟု ထိမိလှသော သြဝါဒကိုမိန့်ချွေတော်မူပါသည်။မှတ်သားစရာ ကောင်းလှပါ၏။

Credit မူရင်း

[zawgyi]

တစ္ခါတုန္းက…မင္းကြန္းဆရာေတာ္ႀကီး မုံ႐ြာၿမိဳ႕သို႔ႂကြေတာ္မူေသာအခါ ဆရာေတာ္ႀကီးႏွင့္ အလြန္ရင္းႏွီးကြၽမ္းဝင္ေသာအသက္( ၈ဝ )ေက်ာ္ အဖြားအိုတစ္ဦးကႀကဳံတုန္းႀကဳံခိုက္သူမကို ဆုံးမၾသဝါဒ ေပးသနားဖို႔ေလွ်ာက္တင္ပါတယ္။ဆရာေတာ္ႀကီးက…ဒကာမႀကီး အ သက္အ႐ြယ္ ႀကီးရင့္လာၿပီဆိုေတာ့( ဝ )သုံးလုံးကို ေဆာင္ထားဗ်။ ၁။ ဝ ဝ စားတဲ့ – အသက္အ႐ြယ္ေတြက ႀကီးရင့္လာၿပီဆိုေတာ့ကိုယ္ ခႏၶာက အားအင္ေတြတစ္ေန႔တစ္ျခား ဆုတ္ယုတ္လာၿပီ။ဝဝစားမွ အားရွိမွာ။အားရွိမွ တရားဘာဝနာကို အားထုတ္ႏိုင္မွာ။ ဒါေၾကာင့္ ဒကာမႀကီး ဝဝစားပါ။ ၂။ ေဝးေဝးေန တဲ့ – အသက္ ႀကီးလာၿပီဆိုေတာ့ေခ်းမႏိုင္ ေသးမႏိုင္ ေခ်ာင္းတစ္ဟြတ္ဟြတ္နဲ႔ဆိုေတာ့သားသမီးေတြက အနားကပ္တာ သိပ္ႀကိဳက္ၾကတာမဟုတ္ဘူး။သူတို႔ရဲ႕ ေခ်းေသးကိစၥအဝဝကို ကိုယ္ကမ႐ြံမရွာ သုတ္သင္ေပးခဲ့ေပမဲ့ သူတို႔အလွည့္က်ေတာ့ ႐ြံရွာတတ္ၾကတယ္။သူတို႔ႏွင့္ေဝးေဝးေနမွ အမုန္းမခံရမွာ။ဒါေၾကာင့္ ေဝးေဝးေနပါဒကာမႀကီး။ ေဝးေဝးေနႏိုင္ရင္ေတာ့…ဒကာမႀကီး စိတ္ခ်မ္းသာပါလိမ့္မယ္။ ၃။ ဝင္မရႈပ္နဲ႔ တဲ့ – သား သမီးေတြရဲ႕ လူမႈေရး စီးပြားေရးအေရးမွန္သမွ်ကို ဝင္မရႈပ္ပါနဲ႔။ကိုယ္က ဝင္ရႈပ္လိုက္လို႔သားသမီးေတြက မေက်မနပ္ျဖစ္ၿပီးခင္ဗ်ားႀကီး ဘာသိလို႔ ဝင္ရႈပ္တာလဲ ဟုအေျပာခံရရင္ကိုယ္ပဲ စိတ္ဆင္းရဲရတတ္တယ္။သူတို႔အေရးမွန္သမွ်ကို ဘာမွ ဝင္မရႈပ္ပဲေနရင္ ဒကာမႀကီး စိတ္ခ်မ္းသာလိမ့္မယ္။ ကဲ…ဆရာေတာ္ႀကီးေပးတဲ့( ဝ)သုံးလုံးကိုေဆာင္ထားေပေတာ့ဗ်ာဟု ထိမိလွေသာ ၾသဝါဒကိုမိန႔္ေခြၽေတာ္မူပါသည္။မွတ္သားစရာ ေကာင္းလွပါ၏။