သင့်ကားကို ဘယ်အချိန်မှာ ဂီယာဝိုင် လဲပေးသင့်လဲ.?

ကားတစ်စီး ပုံမှန်မောင်းနေသူတို့က များသောအားဖြင့် အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးလေ့ရှိသည့်အပြင် လူအများစု အင်ဂျင်ဝိုင် လဲသင့်တဲ့အကြောင်းကိုသာ အပြောများကြသည်။ သို့ပေမယ့် ဂီယာဝိုင်ကို ဘယ်အချိန်မှ လဲပေး သင့်တယ်ဆိုတာကိုတော့ ပြောလေ့သိပ်မရှိကြပါဘူး။ဂီယာဝိုင်ကတော့ အရည်ပျစ်တဲ့ ချောဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂီယာဝိုင်ကို ကားတော်တော်များများမှာ manual transmission ၊ front axles (differentials) တွေမှာ ထည့်ပါတယ်။ ကိုယ့်ကားထဲမှာ ဘယ်ကားအစိတ်အပိုင်းက ဂီယာဝိုင်ကို အသုံးပြုလဲ သိချင်ရင်တော့ Owner’s manual မှာ ကြည့်လို့ရပါတယ်။ တစ်ကားနဲ့တစ်ကား မတူပါဘူး။ ဒါပေမယ့် ဂီယာဝိုင်ကလည်း ပုံမှန်လဲပေးသင့်တဲ့ လိုအပ် ထောက်ပံ့ပစ္စည်းအဖြစ် ရှိနေပါတယ်။မော်တော်ယာဉ်တွေမှာ များသောအားဖြင့် ဂီယာဝိုင်ကို သုံးတဲ့ ကားအစိတ်အပိုင်း(၂)ခု ရှိပါတယ်။ Transfer case နဲ့ rear differential တို့ပါ။ ထို့အတွက်ကြောင့်လည်း ဂီယာဝိုင်ပုံမှန်လဲပေးဖို့ ဂရုစိုက်သင့်သည်။ မလဲ ပေးခဲ့သည်ရှိသော သင့်ကားလိုရာ ရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ကားကို အကြမ်းပတမ်းမောင်းတဲ့သူတွေဆို မိုင် ၃၀၀၀၀ နဲ့ မိုင် ၅၀၀၀၀ ကြားရောက်တဲ့အခါ လဲသင့်ပါတယ်။ ပုံမှန်မောင်းရင်တော့ မိုင် ၆၀၀၀၀ ကနေ မိုင် ၈၀၀၀၀ ကြားနဲ့ မသန့်ရှင်းတော့တဲ့အခါမှာ ဂီယာဝိုင်လဲသင့်တယ် လို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ညွှန်းဆိုမှုတွေပြုထားပါတယ်။

ဒါဟာ ကားထုတ်လုပ်ရေး ကုမ္ပဏီတိုင်း လိုလို ညွှန်ကြားထားခြင်းမျိုး ဖြစ်တာကြောင့် ကားကိုမိုင်ငါးသောင်းလောက် ခရီးနှင်ပြီးပြီးဆိုရင် အကောင်းဆုံး ကတော့ ဂီယာဝိုင်ကို ဖောက်ပြီးလဲလိုက်တာ အကောင်းဆုံးပါ။နောက်ပြီး အသုံးမပြုဘဲ အချိန်ကြာမြင့်စွာ ပစ်ထားတဲ့ ကားတွေကိုလည်း လမ်းပေါ်တွင် ထုတ်စီးတော့မယ် ဆိုရင်လည်း အင်ဂျင်ဝိုင်းအပြင် ဂီယာဝိုင်ကိုပါ တစ်ပါတည်း လဲပေးသင့်ပါတယ်။ဂီယာဝိုင်မှာလည်း စေးပစ်တဲ့ အရည်တစ်မျိုး ဖြစ်သည့်အတွက် အသုံးပြုမှု မရှိတော့လျှင် အစွမ်းသတ္တိ လျော့နည်းလာတတ်သည့် သဘော တွင် ရှိသည်။ ထို့အပြင် ဂီယာဝိုင်ထည့်ရတဲ့ ကားအစိတ်အပိုင်းအချို့ ရေထဲကျ သွားခဲ့ရင်သော်လည်းကောင်း ဂီယာဝိုင် ယိုစိမ့်မှုတွေရှိခဲ့ရင်သော် လည်းကောင်း Gearbox seal တွေကို ချက်ချင်းပြင်ပေးပြီး ဂီယာဝိုင်လဲပေးဖို့ လိုအပ်ပါတယ်။ အဆိုပါ အချက်တွေဟာ မဖြစ်မနေလုပ်ပေးရမယ့် အရာတွေပါပဲ။အတိကျဆုံး Recommendation ကတော့ သင့်ကားရဲ့ maintenance schedule ကိုပုံမှန်စစ်ဆေးပေးတာပါပဲ။ အကယ်၍ ဂီယာဝိုင်နောက်ဆုံးလဲခဲ့တဲ့အချိန်ကို မမှတ်မိတော့ရင်လဲ သင်ပြနေကျ servicing မှာ ဂီယာဝိုင် level နဲ့ အခြေအနေတွေကို စစ်ဆေးပြီး ပုံမှန်လဲပေးတာက သင့်ကားကို ပုံမှန်စောင့်ရှောက်တာနဲ့ အတူတူပါပဲ။

Credit _ CG GPS Myanmar

[zawgyi]

ကားတစ္စီး ပုံမွန္ေမာင္းေနသူတို႔က မ်ားေသာအားျဖင့္ အင္ဂ်င္ဝိုင္ကို ပုံမွန္လဲေပးေလ့ရွိသည့္အျပင္ လူအမ်ားစု အင္ဂ်င္ဝိုင္ လဲသင့္တဲ့အေၾကာင္းကိုသာ အေျပာမ်ားၾကသည္။ သို႔ေပမယ့္ ဂီယာဝိုင္ကို ဘယ္အခ်ိန္မွ လဲေပး သင့္တယ္ဆိုတာကိုေတာ့ ေျပာေလ့သိပ္မရွိၾကပါဘူး။ဂီယာဝိုင္ကေတာ့ အရည္ပ်စ္တဲ့ ေခ်ာဆီတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဂီယာဝိုင္ကို ကားေတာ္ေတာ္မ်ားမ်ားမွာ manual transmission ၊ front axles (differentials) ေတြမွာ ထည့္ပါတယ္။ ကိုယ့္ကားထဲမွာ ဘယ္ကားအစိတ္အပိုင္းက ဂီယာဝိုင္ကို အသုံးျပဳလဲ သိခ်င္ရင္ေတာ့ Owner’s manual မွာ ၾကည့္လို႔ရပါတယ္။ တစ္ကားနဲ႔တစ္ကား မတူပါဘူး။ ဒါေပမယ့္ ဂီယာဝိုင္ကလည္း ပုံမွန္လဲေပးသင့္တဲ့ လိုအပ္ ေထာက္ပံ့ပစၥည္းအျဖစ္ ရွိေနပါတယ္။ေမာ္ေတာ္ယာဥ္ေတြမွာ မ်ားေသာအားျဖင့္ ဂီယာဝိုင္ကို သုံးတဲ့ ကားအစိတ္အပိုင္း(၂)ခု ရွိပါတယ္။ Transfer case နဲ႔ rear differential တို႔ပါ။ ထို႔အတြက္ေၾကာင့္လည္း ဂီယာဝိုင္ပုံမွန္လဲေပးဖို႔ ဂ႐ုစိုက္သင့္သည္။ မလဲ ေပးခဲ့သည္ရွိေသာ သင့္ကားလိုရာ ေရာက္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ကားကို အၾကမ္းပတမ္းေမာင္းတဲ့သူေတြဆို မိုင္ ၃၀၀၀၀ နဲ႔ မိုင္ ၅၀၀၀၀ ၾကားေရာက္တဲ့အခါ လဲသင့္ပါတယ္။ ပုံမွန္ေမာင္းရင္ေတာ့ မိုင္ ၆၀၀၀၀ ကေန မိုင္ ၈၀၀၀၀ ၾကားနဲ႔ မသန႔္ရွင္းေတာ့တဲ့အခါမွာ ဂီယာဝိုင္လဲသင့္တယ္ လို႔ ကားထုတ္လုပ္တဲ့ ကုမၸဏီေတြက ၫႊန္းဆိုမႈေတြျပဳထားပါတယ္။ဒါဟာ ကားထုတ္လုပ္ေရး ကုမၸဏီတိုင္း လိုလို ၫႊန္ၾကားထားျခင္းမ်ိဳး ျဖစ္တာေၾကာင့္ ကားကိုမိုင္ငါးေသာင္းေလာက္ ခရီးႏွင္ၿပီးၿပီးဆိုရင္ အေကာင္းဆုံး ကေတာ့ ဂီယာဝိုင္ကို ေဖာက္ၿပီးလဲလိုက္တာ အေကာင္းဆုံးပါ။ေနာက္ၿပီး အသုံးမျပဳဘဲ အခ်ိန္ၾကာျမင့္စြာ ပစ္ထားတဲ့ ကားေတြကိုလည္း လမ္းေပၚတြင္ ထုတ္စီးေတာ့မယ္ ဆိုရင္လည္း အင္ဂ်င္ဝိုင္းအျပင္ ဂီယာဝိုင္ကိုပါ တစ္ပါတည္း လဲေပးသင့္ပါတယ္။ဂီယာဝိုင္မွာလည္း ေစးပစ္တဲ့ အရည္တစ္မ်ိဳး ျဖစ္သည့္အတြက္ အသုံးျပဳမႈ မရွိေတာ့လွ်င္ အစြမ္းသတၱိ ေလ်ာ့နည္းလာတတ္သည့္ သေဘာ တြင္ ရွိသည္။ ထို႔အျပင္ ဂီယာဝိုင္ထည့္ရတဲ့ ကားအစိတ္အပိုင္းအခ်ိဳ႕ ေရထဲက် သြားခဲ့ရင္ေသာ္လည္းေကာင္း ဂီယာဝိုင္ ယိုစိမ့္မႈေတြရွိခဲ့ရင္ေသာ္ လည္းေကာင္း Gearbox seal ေတြကို ခ်က္ခ်င္းျပင္ေပးၿပီး ဂီယာဝိုင္လဲေပးဖို႔ လိုအပ္ပါတယ္။ အဆိုပါ အခ်က္ေတြဟာ မျဖစ္မေနလုပ္ေပးရမယ့္ အရာေတြပါပဲ။အတိက်ဆုံး Recommendation ကေတာ့ သင့္ကားရဲ႕ maintenance schedule ကိုပုံမွန္စစ္ေဆးေပးတာပါပဲ။ အကယ္၍ ဂီယာဝိုင္ေနာက္ဆုံးလဲခဲ့တဲ့အခ်ိန္ကို မမွတ္မိေတာ့ရင္လဲ သင္ျပေနက် servicing မွာ ဂီယာဝိုင္ level နဲ႔ အေျခအေနေတြကို စစ္ေဆးၿပီး ပုံမွန္လဲေပးတာက သင့္ကားကို ပုံမွန္ေစာင့္ေရွာက္တာနဲ႔ အတူတူပါပဲ။