သင့်ကား အင်ဂျင်ဝိုင်လဲတဲ့အခါ သတိထားသင့်တဲ့ အချက် (၃) ချက်

မော်တော် ကားအင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ရဲ့ ချောဆီပေးစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ချောဆီဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပုံမှ န်လဲပေးခြင်းဖြင့် အင်ဂျ င်သက်တမ်းကို ပိုရှညသလို၊ ဆီစား သက်သာခြင်း၊ ကားအဆွဲအ ရုန်းကောင်းခြင်းအပြင် အင်ဂျင်ဝိုင်ကြောင့် အင်ဂျင်အကြီး စား ပြုပြင်မှုကိုလည်း ရှောင်ရှားနိူင် မှာဖြစ်ပါတယ်။ဒီဆောင်းပါးလေးမှာ အင်ဂျင်ဝိုင်လဲ တဲ့အခါ သိသင့်တဲ့ အချက်တွေနဲ့ ပါတ်သက်ပြီး ဗဟု သုတအဖြစ် မျှဝေချင်ပါတယ်။(၁) ဘယ်အချိန်မှာ အင်ဂျင်ဝိုင် လဲသင့်လဲ အင်ဂျင်ဝိုင်ကို ကီလို (၅၀၀၀) (သို့) မိုင် (၃၀၀၀) (သို့) ၆ လတခါ လဲပေးသင့်သလို ကားရဲ အုံနာမန်နူရယ်ကို ဖတ်ရှုပြီးလည်း ဘယ်အချိန်မှာ လဲသင့်လဲဆို တာကို အလွယ်တကူသိရှိနိူင်ပါတယ်။ ကိုယ်အမြဲသုံးနေကြ ကားမဟုတ်ဘဲ တခြားသူထံမှ ဝယ်လိုက် တယ်ဆိုရင်လည်း ဘယ်အချိန်က အင်ဂှင်ဝိုင်လဲ ထားဆိုတာ မသိနိူင် တာကြောင့် မိမိလက်ထဲ ကားရောက်တာနဲ့ အင်ဂျင်ဝိုင် လဲသင့်ပါတယ်။(၂) အင်ဂျင်ဝိုင်ပ မာဏကို ဘယ်အချိန်မှာ စစ်ဆေးသ င့်သလဲ ကားအင်ဂျင်ဝို င်ဆိုတာ ပုံမှန်အခြေနေ ပြစ်ချက်မရှိဘဲ ပမာဏ အများကြီးေ လျာ့လေ့မရှိပါဘူး။ တနေရာက ယိုစိမ့်နေမယ် ဆိုရင်တော့ အင်ဂျင်ဝိုင်ပမာဏ များများလျော့နိူင် ပါတယ်။ဒါပေမယ့် ခေတ်မီကား အင်ဂျင်တွေလည်း ကီလိုဘယ်လော က်မောင်းပြီးပါက အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက်ေ လျာ့မယ်ဆိုတာကို ကားအုံနာမန်နူရယ်မှာ ရေးထားတာ ရှိပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိလဲ တလတစ်ကြိမ် အင်ဂျင်ဝိုင် ဂိတ်တံထုတ်ပြီး စစ်ဆေးကာ လိုအပ်ပါက ထပ်ဖြည့်သင့်ပါတယ်။

(၃) မှန်ကန်တဲ့ အင်ဂျင်ဝိုင်ကို ဘယ်လိုရွေးချယ်မလဲ အင်ဂျင်ဝိုင်လဲတဲ့အခါ ဘယ်အင်ဂျင်ဝိုင်ဂရိတ်အကို အသုံးပြုသင့်လဲဆိုတာရယ်၊ အင်ဂျင်ဝိုင်အရည်သွေးရယ်ကလည်း မှန်ကန်စွာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ဒါကိုလည်း ကားအုံနာမန်နူရယ်မှာ ဖတ်လို့ရပါတယ်။ တချို့ကားတွေ အတွက် ကားထုတ်လုပ်သူက ရိုရိုးအင်ဂျင်ဝိုင် (Conventional Oil) ကိုသာ အသုံးပြုဖို့ ညွှန်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးအင်ဂျင်ဝိုင်နဲ့ ဆင်သက်တစ် (Synthetic Oil) အင်ဂျင်ဝိုင်က ဈေးတော်တော်လေးကွာခြားတာကြောင့် ဖြစ်ပါတယ်။ဒါပေမယ့် ဆင်သက်တစ် အင်ဂျင်ဝိုင်က အရည်သွေးမြင့်တာကြောင့် ချောဆီစနစ်မှာ ကောင်းမွန်စွာလုပ်ဆောင်ခြင်းကြောင့် အင်ဂျင်သက်တမ်းကို ပိုရှည်စေကာ ဆီစားသက်သာစေပါတယ်။မြို့ထဲကို ခရီးတိုမောင်းတဲ့ ကားတွေအတွက် ရိုးရိုးအင်ဂျင်ဝိုင်ကို အသုံးပြုမယ်ဆိုရင် ချောဆီပေးစနစ်ကို ကောင်းမွန်စွာ အလုပ်မလုပ်နိူင်ခြင်းကြောင့် အင်ဂျင်ကို ထိခိုက်စေပါတယ်။ဒါကြောင့် ဆင်သက်တစ် (Synthetic) အင်ဂျင်ဝိုင် (သို့) Fully Synthetic Oil ကိုသာ အသုံးပြုသင့်ပါတယ်။ အင်ဂျင်ဝိုင်လဲတဲ့အခါ အထက်ပါအချက်တွေကို သေချာစိစစ်ရွေးချယ် လုပ်ဆောင်သင့်သလို အင်ဂျင်ဝိုင် အမျိုးအစားကောင်းတာကိုလည်း အသုံးပြုသင့်ပါတယ်။တချို့ အင်ဂျင်ဝိုင်တွေက အင်ဂျင်ဝိုင် အဟောင်းများကို ပြန် လည် ကြိုချက်ကာ ချိတ်ပိတ်ပြီး ဈေးနည်းနည်းဖြင့် ဈေးကွက်မှာ တင်သွင်းကြတာလည်း ရှိပါတယ်။ပြန်လည်ကြိုချက်ထားတဲ့ အင်ဂျင်ဝိုင်များကို အသုံးပြုမိပါက အင်ဂျင်ဝိုင်ဂျိုးတက်ခြင်း၊ ချောဆီပေးအစိတ်အပိုင်းများ ပွန်းစားမှုဖြစ်ကာ အင်ဂျင်သက်တမ်းတိုစေပါတယ်။

Credit – မူရင်း

[zawgyi]

ေမာ္ေတာ္ ကားအင္ဂ်င္ဝိုင္ဆိုတာ အင္ဂ်င္ရဲ႕ ေခ်ာဆီေပးစနစ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ေခ်ာဆီျဖစ္ပါတယ္။ အင္ဂ်င္ဝိုင္ပုံမွ န္လဲေပးျခင္းျဖင့္ အင္ဂ် င္သက္တမ္းကို ပိုရွညသလို၊ ဆီစား သက္သာျခင္း၊ ကားအဆြဲအ ႐ုန္းေကာင္းျခင္းအျပင္ အင္ဂ်င္ဝိုင္ေၾကာင့္ အင္ဂ်င္အႀကီး စားျပဳျပင္မႈကိုလည္း ေရွာင္ရွားႏိူင္ မွာျဖစ္ပါတယ္။ဒီေဆာင္းပါးေလးမွာ အင္ဂ်င္ဝိုင္လဲ တဲ့အခါ သိသင့္တဲ့ အခ်က္ေတြနဲ႔ ပါတ္သက္ၿပီး ဗဟုသုတအျဖစ္ မွ်ေဝခ်င္ပါတယ္။(၁) ဘယ္အခ်ိန္မွာ အင္ဂ်င္ဝိုင္ လဲသင့္လဲ အင္ဂ်င္ဝိုင္ကို ကီလို (၅၀၀၀) (သို႔) မိုင္ (၃၀၀၀) (သို႔) ၆ လတခါ လဲေပးသင့္သလို ကားရဲ အုံနာမန္ႏူရယ္ကို ဖတ္ရႈၿပီးလည္း ဘယ္အခ်ိန္မွာ လဲသင့္လဲဆို တာကို အလြယ္တကူသိရွိႏိူင္ပါတယ္။ ကိုယ္အၿမဲသုံးေနၾက ကားမဟုတ္ဘဲ တျခားသူထံမွ ဝယ္လိုက္ တယ္ဆိုရင္လည္း ဘယ္အခ်ိန္က အင္ဂွင္ဝိုင္လဲ ထားဆိုတာ မသိႏိူင္ တာေၾကာင့္ မိမိလက္ထဲ ကားေရာက္တာနဲ႔ အင္ဂ်င္ဝိုင္ လဲသင့္ပါတယ္။(၂) အင္ဂ်င္ဝိုင္ပ မာဏကို ဘယ္အခ်ိန္မွာ စစ္ေဆးသ င့္သလဲ ကားအင္ဂ်င္ဝို င္ဆိုတာ ပုံမွန္အေျခေန ျပစ္ခ်က္မရွိဘဲ ပမာဏ အမ်ားႀကီးေ လ်ာ့ေလ့မရွိပါဘူး။ တေနရာက ယိုစိမ့္ေနမယ္ ဆိုရင္ေတာ့ အင္ဂ်င္ဝိုင္ပမာဏ မ်ားမ်ားေလ်ာ့ႏိူင္ ပါတယ္။ဒါေပမယ့္ ေခတ္မီကား အင္ဂ်င္ေတြလည္း ကီလိုဘယ္ေလာ က္ေမာင္းၿပီးပါက အင္ဂ်င္ဝိုင္ ပမာဏ ဘယ္ေလာက္ေ လ်ာ့မယ္ဆိုတာကို ကားအုံနာမန္ႏူရယ္မွာ ေရးထားတာ ရွိပါတယ္။ ဒါေၾကာင့္ အင္ဂ်င္ဝိုင္ယိုစိမ့္မႈမရွိလဲ တလတစ္ႀကိမ္ အင္ဂ်င္ဝိုင္ ဂိတ္တံထုတ္ၿပီး စစ္ေဆးကာ လိုအပ္ပါက ထပ္ျဖည့္သင့္ပါတယ္။(၃) မွန္ကန္တဲ့ အင္ဂ်င္ဝိုင္ကို ဘယ္လိုေ႐ြးခ်ယ္မလဲ အင္ဂ်င္ဝိုင္လဲတဲ့အခါ ဘယ္အင္ဂ်င္ဝိုင္ဂရိတ္အကို အသုံးျပဳသင့္လဲဆိုတာရယ္၊ အင္ဂ်င္ဝိုင္အရည္ေသြးရယ္ကလည္း မွန္ကန္စြာ ေ႐ြးခ်ယ္ဖို႔ လိုအပ္ပါတယ္။ဒါကိုလည္း ကားအုံနာမန္ႏူရယ္မွာ ဖတ္လို႔ရပါတယ္။ တခ်ိဳ႕ကားေတြ အတြက္ ကားထုတ္လုပ္သူက ႐ို႐ိုးအင္ဂ်င္ဝိုင္ (Conventional Oil) ကိုသာ အသုံးျပဳဖို႔ ၫႊန္ျပထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႐ိုး႐ိုးအင္ဂ်င္ဝိုင္နဲ႔ ဆင္သက္တစ္ (Synthetic Oil) အင္ဂ်င္ဝိုင္က ေဈးေတာ္ေတာ္ေလးကြာျခားတာေၾကာင့္ ျဖစ္ပါတယ္။ဒါေပမယ့္ ဆင္သက္တစ္ အင္ဂ်င္ဝိုင္က အရည္ေသြးျမင့္တာေၾကာင့္ ေခ်ာဆီစနစ္မွာ ေကာင္းမြန္စြာလုပ္ေဆာင္ျခင္းေၾကာင့္ အင္ဂ်င္သက္တမ္းကို ပိုရွည္ေစကာ ဆီစားသက္သာေစပါတယ္။ၿမိဳ႕ထဲကို ခရီးတိုေမာင္းတဲ့ ကားေတြအတြက္ ႐ိုး႐ိုးအင္ဂ်င္ဝိုင္ကို အသုံးျပဳမယ္ဆိုရင္ ေခ်ာဆီေပးစနစ္ကို ေကာင္းမြန္စြာ အလုပ္မလုပ္ႏိူင္ျခင္းေၾကာင့္ အင္ဂ်င္ကို ထိခိုက္ေစပါတယ္။ဒါေၾကာင့္ ဆင္သက္တစ္ (Synthetic) အင္ဂ်င္ဝိုင္ (သို႔) Fully Synthetic Oil ကိုသာ အသုံးျပဳသင့္ပါတယ္။ အင္ဂ်င္ဝိုင္လဲတဲ့အခါ အထက္ပါအခ်က္ေတြကို ေသခ်ာစိစစ္ေ႐ြးခ်ယ္ လုပ္ေဆာင္သင့္သလို အင္ဂ်င္ဝိုင္ အမ်ိဳးအစားေကာင္းတာကိုလည္း အသုံးျပဳသင့္ပါတယ္။တခ်ိဳ႕ အင္ဂ်င္ဝိုင္ေတြက အင္ဂ်င္ဝိုင္ အေဟာင္းမ်ားကို ျပန္လည္ႀကိဳခ်က္ကာ ခ်ိတ္ပိတ္ၿပီး ေဈးနည္းနည္းျဖင့္ ေဈးကြက္မွာ တင္သြင္းၾကတာလည္း ရွိပါတယ္။ျပန္လည္ႀကိဳခ်က္ထားတဲ့ အင္ဂ်င္ဝိုင္မ်ားကို အသုံးျပဳမိပါက အင္ဂ်င္ဝိုင္ဂ်ိဳးတက္ျခင္း၊ ေခ်ာဆီေပးအစိတ္အပိုင္းမ်ား ပြန္းစားမႈျဖစ္ကာ အင္ဂ်င္သက္တမ္းတိုေစပါတယ္။