သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မှဲ့လေးတွေကပြောနေတဲ့ သင့်အကြောင်း

မှဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ်။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ်။ တကယ်မှန်လား မမှန်လားဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။(၁) လက်ဖဝါးပေါ်ကမှဲ့ -ဒီမှည့်လေးက ဘယ်လက်နဲ့ညာလက်ပေါ်မှာမူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ်။ သင့်ရဲ့ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ညာလက်မှာရှိရင်တော့ သင်ဟာအတွက်အချက်၊ အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။(၂) နဖူးပေါ်ကမှဲ့ – နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ်။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူတစ်ဦးပါ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ်။(၃) နှာခေါင်းပေါ်ကမှဲ့ – နှာခေါင်းပေါ်ကမှည့်ကတော့ သိပ်ပြီးမကောင်းပါဘူး။ သူတို့ဟာ မြှူဆွယ်တတ်တဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး လောင်းကစားကို ခုံမင်ကြပါတယ်။(၄) ပါးပြင်ပေါ်ကမှဲ့ – သင့်ရဲ့ညာဖက်ပါးပြင်မှာမှဲ့ရှိရင်တော့ သင်ဟာ ထိရှလွယ်သူတစ်ယောက်ဖြစ်ပြီး၊ မိဘကိုလည်း အရမ်းသိတတ်သူပါ။ ဘယ်ဖက်ပါးပြင်ပေါ်မှာရှိရင်တော့ သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းသလို၊ သူငယ်ချင်းသစ်ဖွဲ့ရမှာလည်း သင့်အတွက် ခက်ခဲပါတယ်။(၅) နားရွက်ပေါ်ကမှဲ့ – သင့်ရဲ့နားရွက်မှာ မှဲ့ရှိရင်သင်ဟာ ထူးခြားတဲ့ ပင်ကိုစွမ်းရည်တွေကို ပိုင်ဆိုင်ထားရုံသာမက ဉာဏ်ပညာလည်း ထက်မြက်သူတစ်ယောက်ပါ။ ဒီလိုလူမျိုးတွေဟာ ချမ်းသာစည်းစိမ်တွေအပြည့်နဲ့ နေထိုင်ရမှာပါ။ တကယ်လို့သင့်မှဲ့ဟာ နားရွက်ရဲ့အနောက်ဖက်မှာဆိုရင်တော့ သင်ဟာ ရှေးရိုးစွဲတစ်ယောက်ပါ။

(၆) နှုတ်ခမ်းကမှဲ့ -နှုတ်ခမ်းအပေါ်ဖက်မှာမှဲ့ရှိရင် သင်ဟာ စကားဖောင်ဖွဲ့ရတာနဲ့ အတင်းအဖျင်းတွေပြောရတာ ကြိုက်နှစ်သက်သူပါ။ သင့်မှဲ့က နှုတ်ခမ်းအောက်ဖက်မှာရှိရင်တော့ သင်ဟာ အစားအသောက်ကောင်းတွေကို ခုံမင်နှစ်သက်သူပါ။ မေးစေ့မှာမှဲ့ရှိရင်တော့ သင်ဟာ နည်းစနစ်ကျကျတွေး ခေါ်တတ်သူဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူတစ်ဦးပါ။(၇) ခြေဖဝါးကမှဲ့ – သင့်ရဲ့ခြေဖဝါးမှာမှဲ့ရှိရင်တော့သင်ဟာ ခရီးသွားရတာကို အထူးကြိုက်နှစ်သက်သူဖြစ်ပြီး ကမ္ဘာအနှံ့ရောက်ဖူးချင်တဲ့သူ ဖြစ်ပါတယ်။(၈) ရင်ဘတ်ပေါ်ကမှဲ့ -ရင်ဘတ်ပေါ်မှာမှည့်ရှိရင်တော့ သင်ဟာ ပျော်စရာတွေနဲ့ ဟာသတွေကို အထူးနှစ်သက်ပြီး ဇိမ်ကျကျနေချင်သူတစ်ဦးပါ။ အပျင်းလည်း ကြီးပါတယ်။(၉) တံတောင်ဆစ်နဲ့ လက်ဖျံပေါ်ကမှဲ့ -တံတောင်ဆစ်နဲ့လက်ဖျံမှာ မှည့်ရှိရင်တော့ သင်ဟာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်တဲ့သူတစ်ယောက်ပါ။ သူတစ်ပါးရဲ့ မှီခိုအားထားခြင်းကိုလည်း ခံရမယ့်သူပါ။(၁၀) ပုခုံးပေါ်ကမှဲ့ – ပုခုံးပေါ်မှာမှည့်ရှိရင်တော့ သင်ဟာလက်တွေ့သမား ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ခင်ဖို့ကောင်းတဲ့သူပါ။(၁၁) လည်ပင်းကမှဲ့ – လည်ပင်းအနောက်ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ သာမန်ဘဝနဲ့ ရိုးရှင်းစွာနေရမယ့်သူပါ။ လည်ပင်းအရှေ့ဖက်မှာ မှဲ့ရှိရင်တော့ သင်ဟာ လူမှုဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကံကောင်းခြင်းတွေကြုံရမှာပါ။

Credit _ Em Em(Aunty may)

[zawgyi]

မွဲ႔ေလးေတြဟာ သင့္ခႏၶာကိုယ္အႏွံ႔မွာ ရွိေနတတ္ပါတယ္။ ဒီမွည့္ေလးေတြက သင့္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးေနတယ္လို႔ ဆိုပါတယ္။ တကယ္မွန္လား မမွန္လားဆိုတာကေတာ့ ခုေဖာ္ျပေပးမယ့္ အရာေလးေတြနဲ႔ တိုက္ၾကည့္လိုက္ပါဦး။(၁) လက္ဖဝါးေပၚကမွဲ႔ -ဒီမွည့္ေလးက ဘယ္လက္နဲ႔ညာလက္ေပၚမွာမူတည္ၿပီး အဓိပၸါယ္လည္း ကြဲျပားသြားပါတယ္။ သင့္ရဲ႕ဘယ္ဖက္လက္ဖဝါးမွာ ရွိေနရင္ေတာ့ သင္ဟာ ေငြစုမိဖို႔ ခက္ခဲတဲ့သူတစ္ေယာက္ျဖစ္ၿပီး၊ ညာလက္မွာရွိရင္ေတာ့ သင္ဟာအတြက္အခ်က္၊ အေတြးအေခၚေကာင္းတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။(၂) နဖူးေပၚကမွဲ႔ – ႏွဖူးေပၚကမွည့္ကေတာ့ သင္ရဲ႕ေကာင္းမြန္တဲ့ လူမႈဆက္ဆံေရးကို ေဖာ္ျပေနပါတယ္။ သင္ဟာ တက္ႂကြဖ်တ္လတ္သူ တစ္ေယာက္ျဖစ္ၿပီး ေဝဖန္ပိုင္းျခားႏိုင္သူတစ္ဦးပါ။ သင့္မွာ ဦးေဆာင္ႏိုင္တဲ့ စြမ္းရည္ေတြလည္း ရွိပါတယ္။(၃) ႏွာေခါင္းေပၚကမွဲ႔ – ႏွာေခါင္းေပၚကမွည့္ကေတာ့ သိပ္ၿပီးမေကာင္းပါဘူး။ သူတို႔ဟာ ျမႇဴဆြယ္တတ္တဲ့ သေဘာသဘာဝကို ပိုင္ဆိုင္ထားၿပီး ေလာင္းကစားကို ခုံမင္ၾကပါတယ္။(၄) ပါးျပင္ေပၚကမွဲ႔ – သင့္ရဲ႕ညာဖက္ပါးျပင္မွာမွဲ႔ရွိရင္ေတာ့ သင္ဟာ ထိရွလြယ္သူတစ္ေယာက္ျဖစ္ၿပီး၊ မိဘကိုလည္း အရမ္းသိတတ္သူပါ။ ဘယ္ဖက္ပါးျပင္ေပၚမွာရွိရင္ေတာ့ သင္ဟာ လူမႈေပါင္းသင္းဆက္ဆံေရး မေကာင္းသလို၊ သူငယ္ခ်င္းသစ္ဖြဲ႕ရမွာလည္း သင့္အတြက္ ခက္ခဲပါတယ္။(၅) နား႐ြက္ေပၚကမွဲ႔ – သင့္ရဲ႕နား႐ြက္မွာ မွဲ႔ရွိရင္သင္ဟာ ထူးျခားတဲ့ ပင္ကိုစြမ္းရည္ေတြကို ပိုင္ဆိုင္ထား႐ုံသာမက ဉာဏ္ပညာလည္း ထက္ျမက္သူတစ္ေယာက္ပါ။ ဒီလိုလူမ်ိဳးေတြဟာ ခ်မ္းသာစည္းစိမ္ေတြအျပည့္နဲ႔ ေနထိုင္ရမွာပါ။ တကယ္လို႔သင့္မွဲ႔ဟာ နား႐ြက္ရဲ႕အေနာက္ဖက္မွာဆိုရင္ေတာ့ သင္ဟာ ေရွး႐ိုးစြဲတစ္ေယာက္ပါ။(၆) ႏႈတ္ခမ္းကမွဲ႔ -ႏႈတ္ခမ္းအေပၚဖက္မွာမွဲ႔ရွိရင္ သင္ဟာ စကားေဖာင္ဖြဲ႕ရတာနဲ႔ အတင္းအဖ်င္းေတြေျပာရတာ ႀကိဳက္ႏွစ္သက္သူပါ။ သင့္မွဲ႔က ႏႈတ္ခမ္းေအာက္ဖက္မွာရွိရင္ေတာ့ သင္ဟာ အစားအေသာက္ေကာင္းေတြကို ခုံမင္ႏွစ္သက္သူပါ။ ေမးေစ့မွာမွဲ႔ရွိရင္ေတာ့ သင္ဟာ နည္းစနစ္က်က်ေတြး ေခၚတတ္သူျဖစ္ၿပီး ႏိုင္ငံေရးအျမင္ရွိသူတစ္ဦးပါ။(၇) ေျခဖဝါးကမွဲ႔ – သင့္ရဲ႕ေျခဖဝါးမွာမွဲ႔ရွိရင္ေတာ့သင္ဟာ ခရီးသြားရတာကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး ကမာၻအႏွံ႔ေရာက္ဖူးခ်င္တဲ့သူ ျဖစ္ပါတယ္။(၈) ရင္ဘတ္ေပၚကမွဲ႔ -ရင္ဘတ္ေပၚမွာမွည့္ရွိရင္ေတာ့ သင္ဟာ ေပ်ာ္စရာေတြနဲ႔ ဟာသေတြကို အထူးႏွစ္သက္ၿပီး ဇိမ္က်က်ေနခ်င္သူတစ္ဦးပါ။ အပ်င္းလည္း ႀကီးပါတယ္။(၉) တံေတာင္ဆစ္နဲ႔ လက္ဖ်ံေပၚကမွဲ႔ -တံေတာင္ဆစ္နဲ႔လက္ဖ်ံမွာ မွည့္ရွိရင္ေတာ့ သင္ဟာ ယဥ္ေက်းသိမ္ေမြ႕ၿပီး တည္ၿငိမ္တဲ့သူတစ္ေယာက္ပါ။ သူတစ္ပါးရဲ႕ မွီခိုအားထားျခင္းကိုလည္း ခံရမယ့္သူပါ။(၁၀) ပုခုံးေပၚကမွဲ႔ – ပုခုံးေပၚမွာမွည့္ရွိရင္ေတာ့ သင္ဟာလက္ေတြ႕သမား ျဖစ္ပါတယ္။ ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ၿပီး ခင္ဖို႔ေကာင္းတဲ့သူပါ။(၁၁) လည္ပင္းကမွဲ႔ – လည္ပင္းအေနာက္ဖက္မွာ မွဲ႔ရွိရင္ေတာ့ သင္ဟာ သာမန္ဘဝနဲ႔ ႐ိုးရွင္းစြာေနရမယ့္သူပါ။ လည္ပင္းအေရွ႕ဖက္မွာ မွဲ႔ရွိရင္ေတာ့ သင္ဟာ လူမႈဆက္ဆံေရး ေကာင္းတဲ့သူတစ္ေယာက္ျဖစ္ၿပီး ကံေကာင္းျခင္းေတြႀကဳံရမွာပါ။