တစ်ခါတုန်းက သမင်ဖို တကောင်ဟာ ရေထဲက သူ့အရိပ်သူ ပြန်ကြည့်ရင်း သူ့ ဦးချို အရွယ်အစားကို ကျေနပ် ဂုဏ်ယူလျက် ရှိသည်။ သို့ သော် သေးသွယ်နေသော ခြေထောက်ကိုကြည့်ရင်း သူ့ကိုယ်သူ ဒေါပွမိနေပါတယ်။သူ့အရိပ်သူ ကြည့်နေတဲ့အချိန်မှာ ခြင်္သေ့ တကောင် ရောက်လာ၏။ သမင်ဖိုလည်း ကဆုန်ပေါက်ပြေးရင်း ခြင်္သေ့နဲ့ ဝေးနိုင်သမျှဝေးအောင် ကြိုးစားနေသည်။ တောအုပ်ထဲ ဝင်ပြေးပြီးနောက် ပိုင်း နွယ်ပင်များနှင့် ဦးချိုသည် ငြိသွား၏။
နောက်က အပြေးလိုက်လာတဲ့ ခြင်္သေ့လည်း သူ့ကို မိသွားသည်။ အချိန်လွန်မှ သူ့ကိုယ်သူ အပြစ်တင်လိုက်ပါတယ်။” အဲဒါ ငါပဲ၊ ငါ့စိတ်ငါ လှည့်ဖြားမိတာပဲ။ ငါသိမ်ငယ်ခဲ့ရတဲ့ ခြေထောက်တွေက ကယ်ခဲ့ပေမယ့် ငါဂုဏ်ယူ ခဲ့ရတဲ့ ဦးချိုကြောင့် ပဲ သေပွဲဝင်ရပြီ”ဒီအကြောင်းအရာလေးက ကျွန်တော်တို့တတွေဟာ တစ်ခါတလေမှာ ကိုယ်မှာရှိတဲ့ တကယ့်တန်ဖိုးရှိတဲ့ အရာတွေကို တခါတရံ မတူမတန်သလို ခံစားမိတဲ့အကြောင်းကို သင်ခန်းစာအဖြစ်ဖော်ပြပေးထားတာဖြစ်ပါတယ်။
Credit – မူရင်း
[zawgyi]