သရဏဂုံ သုံးပါးကို ပုံမှန်ရွတ်ဖတ်ပူဇော်သူ ရရှိနိုင်တဲ့ အကျိူးကျေးဇူးများ

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါအကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်။ ၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။ ၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။ ၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။ ၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။ ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –

၁။ ယခုပစ္စုပ္ပန်ဘဝ၌ကျရောက်ဆဲကျရောက်လတ္တံ့သောအန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း၊အပါယ်လေးပါးသို့လားရောက်ရခြင်းစသည်တို့ကိုတားမြစ်ဖျက်ဆီးပေးတတ်၏။ ၂။နောင်ဘဝ နတ်ပြည်သို့ရောက်သည့်အခါတွင်လည်းသရဏဂုံတည်သောနတ်သည်သရဏဂုံမတည်သောနတ်ထက်အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊အပူဇော်ခံရခြင်း ထက်မြက်သောဉာဏ်ပညာရှိခြင်း၊မနှိုင်းယှဉ်နိုင်သောစည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိခြင်း၊ချစ်ခင်နှစ်သက်မှုကိုရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊အစိုးရခြင်း၊ နတ်တို့၏အာရုံငါးပါးတွင်သာလွန်ခြင်း၊ မိမိ ၏အလိုကိုအခြားသောနတ်များကလိုက် လျောကြရခြင်း၊မိမိ၏အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့်ပြည့်စုံနိုင်ပါသည်။ ထို့ကြောင့်အလွန်အလုပ်များ၍တရားအားထုတ်ရန်အတွက်အချိန်မရသောသူများသည်သရဏဂုံသုံးပါးကိုအမြဲမပြတ်ရွတ်ဆိုပွားများသင့်ပါသည်။ထိုသို့ ရွတ်ဆိုပွားများရခြင်းအကျိုးကြောင့်တစ်နေ့နေ့တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။သံသရာ၌ ကျင်လည်ရလျှင်လည်းဖေါ်ပြခဲ့သောအကျိုးတရားများကိုရရှိပါလိမ့်မည်။ ထို့ကြောင့်သရဏဂုံ သုံးပါးကိုသတိရတိုင်းအမှတ်ရတိုင်းစိတ်ထဲမှာရွတ်ဆိုပွားများကြပါဟုတိုက်တွန်းအပ်ပါသည်။

Credit to original

[zawgyi]

သရဏဂုံ သုံးပါးကို အၿမဲမပ်က္႐ြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္သည္ ေအာက္ပါအက်ိဳးတရားမ်ားကို ရရွိႏိုင္ပါသည္။ ၁။ ဒိ သာသု ပူဇိေတာ ေဟာမိ။ သြားေလရာ အရပ္တိုင္း၌ေလးစားျမတ္ႏိုးျခင္းခံရမည္။ ၂ ။ တိကၡပေညာ။ ဉာဏ္အလြန္ထက္ျမက္မည္။ ၃။ သေဗၺ ေဒဝါႏုဝတၱႏၲိ။ နတ္တို႔၏ ေစာင့္ေရွာက္ျခင္းခံရမည္။ ၄။ အမိတေဘာဂံ လဘာမဟံ။ စီးပြားေရး အဆင္ေျပမည္။ ၅။ သုဝဏၰဝေဏၰာ သဗၺတၳ။ ျဖစ္ေလရာဘဝတိုင္း၌ ႐ုပ္အဆင္းအလြန္လွပမည္။ ၆။ ပဋိကေႏၲာ ဘဝါမဟံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူခ်စ္လူခင္ အလြန္ေပါမည္။ ၇။ မိတၱာနံ အစေလာ ေဟာမိ။ ျဖစ္ေလရာဘဝတိုင္း၌ မိတ္ေကာင္းေဆြေကာင္းခိုင္ၿမဲမည္။ ၈။ ယေသာ အဗၻဳဂၢေတာ မမံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူအမ်ား၏ ေလးစားျခင္းခံရမည္။ ေကာင္းေသာစကားမ်ားကိုသာေျပာၾကမည္။ေကာင္းသတင္းမ်ားသာေက်ာေဇာလိမ့္မည္ဟု တိသရဏမေထရ္ ရဟႏၲာအရွင္ျမတ္က ေဟာၾကားခဲ့သည္။ ဒီဃနိကာယ္(ႏွာ-၃၃၂) သံယုတၱနိကာယ္(ႏွာ-၃၄၁) တို႔၌ လာေသာ သရဏံ၏အက်ိဳးတရားမ်ားမွာ –၁။ ယခုပစၥဳပၸန္ဘဝ၌က်ေရာက္ဆဲက်ေရာက္လတၱံ့ေသာအႏၲရာယ္မ်ားရွိျခင္း၊ေၾကာက္႐ြံ႕ျခင္း၊ထိတ္လန႔္ျခင္း၊ ကိုယ္ဆင္းရဲျခင္း၊စိတ္ဆင္းရဲျခင္း၊အပါယ္ေလးပါးသို႔လားေရာက္ရျခင္းစသည္တို႔ကိုတားျမစ္ဖ်က္ဆီးေပးတတ္၏။ ၂။ေနာင္ဘဝ နတ္ျပည္သို႔ေရာက္သည့္အခါတြင္လည္းသရဏဂုံတည္ေသာနတ္သည္သရဏဂုံမတည္ေသာနတ္ထက္အသက္ရွည္ျခင္း၊အဆင္းလွျခင္း၊ အေႁခြအရံေပါမ်ားျခင္း၊အပူေဇာ္ခံရျခင္း ထက္ျမက္ေသာဉာဏ္ပညာရွိျခင္း၊မႏႈိင္းယွဥ္ႏိုင္ေသာစည္းစိမ္ခ်မ္းသာကိုရရွိျခင္း၊ ေ႐ႊအဆင္းႏွင့္တူေသာအဆင္းရွိျခင္း၊ခ်စ္ခင္ႏွစ္သက္မႈကိုရရွိျခင္း၊ ေက်ာ္ေစာထင္ရွားျခင္း၊အစိုးရျခင္း၊ နတ္တို႔၏အာ႐ုံငါးပါးတြင္သာလြန္ျခင္း၊ မိမိ ၏အလိုကိုအျခားေသာနတ္မ်ားကလိုက္ ေလ်ာၾကရျခင္း၊မိမိ၏အေဆြခင္ပြန္းမ်ားကို မည္သူကမွ် ပ်က္စီးေအာင္မျပဳလုပ္ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ျပည့္စုံႏိုင္ပါသည္။ ထို႔ေၾကာင့္အလြန္အလုပ္မ်ား၍တရားအားထုတ္ရန္အတြက္အခ်ိန္မရေသာသူမ်ားသည္သရဏဂုံသုံးပါးကိုအၿမဲမျပတ္႐ြတ္ဆိုပြားမ်ားသင့္ပါသည္။ထိုသို႔ ႐ြတ္ဆိုပြားမ်ားရျခင္းအက်ိဳးေၾကာင့္တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္တြင္ နိဗၺာန္ကိုမ်က္ေမွာက္ျပဳၾကရပါမည္။သံသရာ၌ က်င္လည္ရလွ်င္လည္းေဖၚျပခဲ့ေသာအက်ိဳးတရားမ်ားကိုရရွိပါလိမ့္မည္။ ထို႔ေၾကာင့္သရဏဂုံ သုံးပါးကိုသတိရတိုင္းအမွတ္ရတိုင္းစိတ္ထဲမွာ႐ြတ္ဆိုပြားမ်ားၾကပါဟုတိုက္တြန္းအပ္ပါသည္။