သူခိုးလေးရဲ့ စကားတစ်ခွန်း

တစ်ခါက မြို့ငယ်လေးတစ်ခုမှာ ခိုးတတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ သူ့ကို မကြာခဏ ဖမ်းမိပေမယ့် ဘယ်တော့မှ ကြာကြာမချုပ်ခံရဘဲ အများဆုံး တစ်ရက်သာ အဖမ်းခံရလေ့ရှိသတဲ့။တစ်ခုကောင်းတာကတော့ သူဟာ ဘယ်တော့မှ သူများစီးပွားပျက်အောင် ရွှေတွေ ငွေတွေကို မခိုးဘဲ သူလိုအပ်တဲ့ ပစ္စည်းပစ္စယတွေကိုသာ ခိုးလေ့ရှိပါသတဲ့။ဥပမာ – သူမှာဖိနပ်မရှိတော့ဘူး ဆိုရင် ဖိနပ်ကိုပဲ ခိုးပြီး စား စရာမရှိတဲ့အခါမှာ ဆိုလည်း စားစရာကိုပဲ ခိုးယူလေ့ရှိသတဲ့။သူ့ရဲ့ထူးခြားချက်တစ်ခုကတော့ ခိုးခိုး မခိုးခိုး မြို့အနှံ့လျှောက်သွားနေတတ်ပြီး တွေ့တဲ့နေရာမှာ အိပ်ကာ တွေ့တဲ့စာကောက်ဖတ်နေတတ်ပါသတဲ့။ ဒါ့အပြင် မြို့ခံလူအချို့ရဲ့ လူသိမခံချင်တဲ့ အချို့ကိစ္စတွေကိုလည်း သိနေလေ့ရှိပါသတဲ့။ ဒါ့ကြောင့် သူခိုးနေတာကို ထိပ်တိုက်တွေ့လိုက်တဲ့ အဲ့ဒီမြို့ငယ်လေးက လူကြီး လူငယ်အချို့ဟာ ‘စကားတစ်ခွန်း’ကို မေးလိုက်တာနဲ့ သူ့ကို လန့်ဖျတ်သွားကြပြီး အချို့တွေကတော့ သူလာတတ်တဲ့ အချိန်ကိုမှန်းကာ မုန့်တွေ၊ အဝတ်အစားတစ်ပတ်နွမ်းတွေကိုတောင် ထားပေးတတ်ကြပါသတဲ့။တစ်နေ့မှာတော့ သူ့လိုမျိုးပဲ လေလွင့်လူငယ် တစ်ယောက် သူ့ဆီရောက်လာပြီး သူလည်း ခိုးချင်ကြောင်း၊ ဒါပေမယ့် ရဲတွေ၊ ပစ္စည်းပိုင်ရှင်တွေနဲ့ ခဏခဏမိပြီး နောက်တော့ မခိုးရဲတော့ကြောင်း စသည်ဖြင့်ပြောကာ ရဲတွေ၊ ပိုင်ရှင်တွေ မဖမ်းမိအောင်၊ ဖမ်းမိရင်လည်း အမြန်လွတ်အောင်လုပ်တဲ့ ပညာသင်ချင်ကြောင်း’ စသည်ဖြင့် ပြောပြပါသတဲ့။အဲ့ဒီတော့ သူခိုးလူငယ်က သူ့မှာ ဘာပညာမှ မတတ်ကြောင်း၊ ဒါပေမယ့် သူ့ကို အမြန်ပြန်လွတ်အောင်ကယ်တဲ့ အရာက စကားတစ်ခွန်းသာဖြစ်ကြောင်းပြောတော့ လေလွင့်လူငယ်လေး အံ့လည်း အံ့သြသွားပြီး ‘ပြောလိုက်ရုံနဲ့ လွှတ်ပေးတယ်’ဆိုတဲ့ အဲ့ဒီစကားကို ပြန်သင်ပေးဖို့ တောင်းဆိုသတဲ့။သူခိုးလူငယ်က ‘ရပါတယ်’ဆိုပြီး ‘အဲ့ဒီစကား’ကို သင်ပေးလိုက်သတဲ့။ နောက်ပြီး စည်းကမ်းရှိဖို့နဲ့ နေရာတိုင်းလူတိုင်းကိုမပြောဖို့အပြင် ကျေးဇူးသိတတ်ဖို့ကိုပါ ထည့်သွင်းသတိပေးပြောကြားလိုက်ပါသတဲ့။ဒီလိုနဲ့ အဲ့ဒီမြို့ငယ်လေးမှာပဲ လေလွင့်လူငယ်ဟာ ခိုးစားဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူဟာ မအောင်မြင်ဘူး တဲ့။ မကြာခဏဆိုသလို အဖမ်းခံရပြီး အဖမ်းခံရရင်လည်း တစ်လ ကိုးသီတင်း ကြာပါသတဲ့။ဒါနဲ့ သူအချုပ်ကလွတ်လာတဲ့တစ်ရက်မှာ သူခိုးလူငယ်ဆီ ပြန်ရောက်လာပြီး လူလိမ်ဖြစ်ကြောင်း၊ အဲ့ဒီစကားတစ်ခွန်း ပြောရုံနဲ့ အဆင်မပြေကြောင်း စသည်ဖြင့် ပြစ်တင်ပြောဆို ပါသတဲ့။ဒါနဲ့ သူခိုးလူငယ်က လေလွင့်လူငယ်ကို ‘အားတဲ့အချိန် ဘာလုပ်သလဲ’လို့ မေးပါသတဲ့။ ‘ဘာမှမလုပ်ဘဲ အိပ်နေတယ်’လို့ ဖြေသတဲ့။ အဖြေကိုကြားတော့ သူခိုးလူငယ်က အံ့သြသွားပြီး ‘ဘယ်အချိန်မှာ ဘယ်နေရာတွေက ဘယ်လိုအိမ်တွေကို ခိုးပါသလဲ’လို့ ထပ်မေးတော့ လေလွင့်လူငယ်က ‘ခိုးချင်တဲ့အချိန်မှာ ခိုးချင်တဲ့ နေရာက ခိုးချင်တဲ့အိမ်ကို သွားခိုးပါတယ်’ လို့ ဖြေသတဲ့။

သူခိုးလူငယ်က မျက်လုံးပြူးသွားပြန်ပြီး နောက်ဆုံးတစ်ခုမေးမယ် ဆိုပြီး ‘ခိုးတဲ့အိမ်တွေ နေရာတွေအတွက် ဘာလုပ်ပေးခဲ့သေးလဲ’ လို့ မေးတော့ လေလွင့်လူငယ်က ‘အလုပ်မလုပ်ချင်လို့ ခိုးပါတယ်ဆိုမှ ဘာလုပ်ပေးရဦးမှာလဲ’လို့ ပြန်မေးသတဲ့။သူခိုးလူငယ်က ပြုံးလိုက်ပြီး ‘မင်းမအောင်မြင်တာ ဘာဆန်းလို့လဲ၊ ငါ့စကားမှ နားမထောင်ဘဲ’လို့ စကားစ,ကာ လေလွင့်လူငယ်ရဲ့ အားနည်းချက်တွေကို ပြောပြပါသတဲ့။”နံ ပတ် တစ်အချက် မင်းမှာ စည်းကမ်းမရှိဘူး။မင်းဟာ အချိန်မရွေး နေရာမရွေး ခိုးချင်တဲ့အချိန်ခိုးတယ်၊ ခိုးချင်တဲ့နေရာက ခိုးချင်တဲ့ အိမ်မှာခိုးတယ်။ ဒါဟာ သူတို့ကို ကြောက်လန့်စေတယ်။ မင်းဟာ အန္တရာယ်ရှိတယ်လို့သူတို့က သတ်မှတ်ကြမှာပဲလေ။နံပတ်နှစ်အချက် မင်းမှာ ကြိုးစားအားထုတ်မှု မရှိဘူး။ စူးစမ်းလိုစိတ်မရှိဘူး။ အားရင် အိပ်နေတယ်။ မင်းဟာ ဘာမှမစူးစမ်းတော့ ဘာမှ မသိတော့ဘူးပေါ့။ ဒီတော့ငါ မင်းကို သင်ပေးထားတဲ့ “ခင်ဗျားအကြောင်းတွေ ဖော်လိုက်ရမလား”ဆိုတဲ့စကားကို သူတို့ မကြောက်ကြတော့ဘူး။ မင်းဘာမှမသိဘူးဆိုတာကို သူတို့ကသိနေကြတာကိုး။ ဒီတော့ အဲ့ဒီစကားဟာမင်းအတွက် မထိရောက်မအောင်မြင်တော့ဘူး။နောက်တစ်ချက် မင်းက ကိုယ့်အလုပ်ကို တန်ဖိုးမထားဘူး၊ ‘အလုပ်မရှိလို့ ခိုးစားတယ်’လို့ ပြောတယ်။ တကယ်တော့ အဲ့ဒါ အချောင်စိတ်ဓာတ်ပဲ။ အမှန်က အဲ့ဒီခိုးတာကိုက အလုပ်ပဲလေ။ မင်းဟာ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးစားတတ်မှသာ အောင်မြင်မှာ။နောက်ဆုံး အရေးကြီးဆုံး တစ်ချက်ကတော့ မင်းဟာ ကျေးဇူးမသိတတ်ဘူး။ မင်းကို အစားအသောက်တွေ အဝတ်အစားတွေ အလွယ်တကူရအောင် လုပ်ပေးနေတဲ့ ပိုင်ရှင်တွေကို နည်းနည်းလေးမှတောင် ကျေးဇူးမပြုဘူး” လို့ ရှည်ရှည်ဝေးဝေး ပြန်ရှင်းပြပါသတဲ့။လေလွင့်လူငယ်က အံ့သြနေပြီး ‘ဘယ်လို ကျေးဇူးပြုသလဲ’ လို့ ပြန်မေးသတဲ့။ အဲ့ဒီမှာ သူခိုးလူငယ်က ဒီလိုပြောပြပါသတဲ့။”ငါက ခိုးပြီးပြန်လာလို့ အိမ်ရှေ့မှာ အမှိုက်ထုပ်တွေ့ရင် အဲ့ဒီအမှိုက်ထုပ်ကိုပါ ယူလာပြီး စွန့်ပစ်ပေးတယ်။ တွေ့တဲ့ အိမ်ရှေ့မှာ အိပ်တယ်ဆိုပေမယ့် ငါအိပ်တဲ့ အိမ်ရှေ့ကို ငါမအိပ်ခင် သန့်ရှင်းအောင် လှဲကျင်းပေးတယ်၊ အနည်းဆုံးတော့ ဘာမှမလုပ်ပေးခဲ့ရင်တောင်၊ ငါ့ကျေးဇူးရှင်တွေ ဆိုပြီး ထိုင်ဦးချခဲ့တယ်” တဲ့။သူခိုးလူငယ်ရဲ့ စကားတွေကို လေလွင့်လူငယ်ဟာ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းတဆတ်ဆတ်ညိတ်ကာ”ဒီအလုပ်ဟာ ဒီလောက်ခက်ခဲ့တဲ့အလုပ်လို့ ငါမထင်ခဲ့တာ အမှန်ပဲ၊ နောက်ပြီး ခိုးစားတဲ့အလုပ်ကို ဒီလို စည်းကမ်းတွေ နည်းလမ်းတွေ ကျင့်ဝတ်တွေထားပြီးခိုးတာ ငါ့ဘဝမှာ မင်းတစ်ယောက်ပဲ မြင်ဖူးသေးတယ်” လို့ ပြောပြီးအဝေးကို ထွက်ခွာသွားပါသတဲ့။သူခိုးလူငယ်ကတော့ လေလွင့်လူငယ်ရဲ့ နောက်ကျောကို အ ပြုံးနဲ့ စိုက်ကြည့်ရင်း “မင်း ထင်သလောက်လွယ်နေရင် ဒီမြို့လေးမှာ ဘယ်လိုလုပ်ပြီး ငါတစ်ယောက်တည်း ခိုးလို့ရတော့မှာလဲ”လို့ တီးတိုးရေရွတ်ရင်း ကျန်ခဲ့ပါတော့သတဲ့။

Credit – အရှင်ကောသလ္လ(ရေဦး)

[zawgyi]

တစ္ခါက ၿမိဳ႕ငယ္ေလးတစ္ခုမွာ ခိုးတတ္တဲ့ ေကာင္ေလး တစ္ေယာက္ရွိသတဲ့။ သူ႔ကို မၾကာခဏ ဖမ္းမိေပမယ့္ ဘယ္ေတာ့မွ ၾကာၾကာမခ်ဳပ္ခံရဘဲ အမ်ားဆုံး တစ္ရက္သာ အဖမ္းခံရေလ့ရွိသတဲ့။တစ္ခုေကာင္းတာကေတာ့ သူဟာ ဘယ္ေတာ့မွ သူမ်ားစီးပြားပ်က္ေအာင္ ေ႐ႊေတြ ေငြေတြကို မခိုးဘဲ သူလိုအပ္တဲ့ ပစၥည္းပစၥယေတြကိုသာ ခိုးေလ့ရွိပါသတဲ့။ဥပမာ – သူမွာဖိနပ္မရွိေတာ့ဘူး ဆိုရင္ ဖိနပ္ကိုပဲ ခိုးၿပီး စား စရာမရွိတဲ့အခါမွာ ဆိုလည္း စားစရာကိုပဲ ခိုးယူေလ့ရွိသတဲ့။သူ႔ရဲ႕ထူးျခားခ်က္တစ္ခုကေတာ့ ခိုးခိုး မခိုးခိုး ၿမိဳ႕အႏွံ႔ေလွ်ာက္သြားေနတတ္ၿပီး ေတြ႕တဲ့ေနရာမွာ အိပ္ကာ ေတြ႕တဲ့စာေကာက္ဖတ္ေနတတ္ပါသတဲ့။ ဒါ့အျပင္ ၿမိဳ႕ခံလူအခ်ိဳ႕ရဲ႕ လူသိမခံခ်င္တဲ့ အခ်ိဳ႕ကိစၥေတြကိုလည္း သိေနေလ့ရွိပါသတဲ့။ ဒါ့ေၾကာင့္ သူခိုးေနတာကို ထိပ္တိုက္ေတြ႕လိုက္တဲ့ အဲ့ဒီၿမိဳ႕ငယ္ေလးက လူႀကီး လူငယ္အခ်ိဳ႕ဟာ ‘စကားတစ္ခြန္း’ကို ေမးလိုက္တာနဲ႔ သူ႔ကို လန႔္ဖ်တ္သြားၾကၿပီး အခ်ိဳ႕ေတြကေတာ့ သူလာတတ္တဲ့ အခ်ိန္ကိုမွန္းကာ မုန႔္ေတြ၊ အဝတ္အစားတစ္ပတ္ႏြမ္းေတြကိုေတာင္ ထားေပးတတ္ၾကပါသတဲ့။တစ္ေန႔မွာေတာ့ သူ႔လိုမ်ိဳးပဲ ေလလြင့္လူငယ္ တစ္ေယာက္ သူ႔ဆီေရာက္လာၿပီး သူလည္း ခိုးခ်င္ေၾကာင္း၊ ဒါေပမယ့္ ရဲေတြ၊ ပစၥည္းပိုင္ရွင္ေတြနဲ႔ ခဏခဏမိၿပီး ေနာက္ေတာ့ မခိုးရဲေတာ့ေၾကာင္း စသည္ျဖင့္ေျပာကာ ရဲေတြ၊ ပိုင္ရွင္ေတြ မဖမ္းမိေအာင္၊ ဖမ္းမိရင္လည္း အျမန္လြတ္ေအာင္လုပ္တဲ့ ပညာသင္ခ်င္ေၾကာင္း’ စသည္ျဖင့္ ေျပာျပပါသတဲ့။အဲ့ဒီေတာ့ သူခိုးလူငယ္က သူ႔မွာ ဘာပညာမွ မတတ္ေၾကာင္း၊ ဒါေပမယ့္ သူ႔ကို အျမန္ျပန္လြတ္ေအာင္ကယ္တဲ့ အရာက စကားတစ္ခြန္းသာျဖစ္ေၾကာင္းေျပာေတာ့ ေလလြင့္လူငယ္ေလး အံ့လည္း အံ့ၾသသြားၿပီး ‘ေျပာလိုက္႐ုံနဲ႔ လႊတ္ေပးတယ္’ဆိုတဲ့ အဲ့ဒီစကားကို ျပန္သင္ေပးဖို႔ ေတာင္းဆိုသတဲ့။သူခိုးလူငယ္က ‘ရပါတယ္’ဆိုၿပီး ‘အဲ့ဒီစကား’ကို သင္ေပးလိုက္သတဲ့။ ေနာက္ၿပီး စည္းကမ္းရွိဖို႔နဲ႔ ေနရာတိုင္းလူတိုင္းကိုမေျပာဖို႔အျပင္ ေက်းဇူးသိတတ္ဖို႔ကိုပါ ထည့္သြင္းသတိေပးေျပာၾကားလိုက္ပါသတဲ့။ဒီလိုနဲ႔ အဲ့ဒီၿမိဳ႕ငယ္ေလးမွာပဲ ေလလြင့္လူငယ္ဟာ ခိုးစားဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒါေပမယ့္ ကံဆိုးစြာပဲ သူဟာ မေအာင္ျမင္ဘူး တဲ့။ မၾကာခဏဆိုသလို အဖမ္းခံရၿပီး အဖမ္းခံရရင္လည္း တစ္လ ကိုးသီတင္း ၾကာပါသတဲ့။ဒါနဲ႔ သူအခ်ဳပ္ကလြတ္လာတဲ့တစ္ရက္မွာ သူခိုးလူငယ္ဆီ ျပန္ေရာက္လာၿပီး လူလိမ္ျဖစ္ေၾကာင္း၊ အဲ့ဒီစကားတစ္ခြန္း ေျပာ႐ုံနဲ႔ အဆင္မေျပေၾကာင္း စသည္ျဖင့္ ျပစ္တင္ေျပာဆို ပါသတဲ့။ဒါနဲ႔ သူခိုးလူငယ္က ေလလြင့္လူငယ္ကို ‘အားတဲ့အခ်ိန္ ဘာလုပ္သလဲ’လို႔ ေမးပါသတဲ့။ ‘ဘာမွမလုပ္ဘဲ အိပ္ေနတယ္’လို႔ ေျဖသတဲ့။ အေျဖကိုၾကားေတာ့ သူခိုးလူငယ္က အံ့ၾသသြားၿပီး ‘ဘယ္အခ်ိန္မွာ ဘယ္ေနရာေတြက ဘယ္လိုအိမ္ေတြကို ခိုးပါသလဲ’လို႔ ထပ္ေမးေတာ့ ေလလြင့္လူငယ္က ‘ခိုးခ်င္တဲ့အခ်ိန္မွာ ခိုးခ်င္တဲ့ ေနရာက ခိုးခ်င္တဲ့အိမ္ကို သြားခိုးပါတယ္’ လို႔ ေျဖသတဲ့။သူခိုးလူငယ္က မ်က္လုံးျပဴးသြားျပန္ၿပီး ေနာက္ဆုံးတစ္ခုေမးမယ္ ဆိုၿပီး ‘ခိုးတဲ့အိမ္ေတြ ေနရာေတြအတြက္ ဘာလုပ္ေပးခဲ့ေသးလဲ’ လို႔ ေမးေတာ့ ေလလြင့္လူငယ္က ‘အလုပ္မလုပ္ခ်င္လို႔ ခိုးပါတယ္ဆိုမွ ဘာလုပ္ေပးရဦးမွာလဲ’လို႔ ျပန္ေမးသတဲ့။သူခိုးလူငယ္က ၿပဳံးလိုက္ၿပီး ‘မင္းမေအာင္ျမင္တာ ဘာဆန္းလို႔လဲ၊ ငါ့စကားမွ နားမေထာင္ဘဲ’လို႔ စကားစ,ကာ ေလလြင့္လူငယ္ရဲ႕ အားနည္းခ်က္ေတြကို ေျပာျပပါသတဲ့။”နံ ပတ္ တစ္အခ်က္ မင္းမွာ စည္းကမ္းမရွိဘူး။မင္းဟာ အခ်ိန္မေ႐ြး ေနရာမေ႐ြး ခိုးခ်င္တဲ့အခ်ိန္ခိုးတယ္၊ ခိုးခ်င္တဲ့ေနရာက ခိုးခ်င္တဲ့ အိမ္မွာခိုးတယ္။ ဒါဟာ သူတို႔ကို ေၾကာက္လန႔္ေစတယ္။ မင္းဟာ အႏၲရာယ္ရွိတယ္လို႔သူတို႔က သတ္မွတ္ၾကမွာပဲေလ။နံပတ္ႏွစ္အခ်က္ မင္းမွာ ႀကိဳးစားအားထုတ္မႈ မရွိဘူး။ စူးစမ္းလိုစိတ္မရွိဘူး။ အားရင္ အိပ္ေနတယ္။ မင္းဟာ ဘာမွမစူးစမ္းေတာ့ ဘာမွ မသိေတာ့ဘူးေပါ့။ ဒီေတာ့ငါ မင္းကို သင္ေပးထားတဲ့ “ခင္ဗ်ားအေၾကာင္းေတြ ေဖာ္လိုက္ရမလား”ဆိုတဲ့စကားကို သူတို႔ မေၾကာက္ၾကေတာ့ဘူး။ မင္းဘာမွမသိဘူးဆိုတာကို သူတို႔ကသိေနၾကတာကိုး။ ဒီေတာ့ အဲ့ဒီစကားဟာမင္းအတြက္ မထိေရာက္မေအာင္ျမင္ေတာ့ဘူး။ေနာက္တစ္ခ်က္ မင္းက ကိုယ့္အလုပ္ကို တန္ဖိုးမထားဘူး၊ ‘အလုပ္မရွိလို႔ ခိုးစားတယ္’လို႔ ေျပာတယ္။ တကယ္ေတာ့ အဲ့ဒါ အေခ်ာင္စိတ္ဓာတ္ပဲ။ အမွန္က အဲ့ဒီခိုးတာကိုက အလုပ္ပဲေလ။ မင္းဟာ ကိုယ့္အလုပ္ကို တန္ဖိုးထား ေလးစားတတ္မွသာ ေအာင္ျမင္မွာ။ေနာက္ဆုံး အေရးႀကီးဆုံး တစ္ခ်က္ကေတာ့ မင္းဟာ ေက်းဇူးမသိတတ္ဘူး။ မင္းကို အစားအေသာက္ေတြ အဝတ္အစားေတြ အလြယ္တကူရေအာင္ လုပ္ေပးေနတဲ့ ပိုင္ရွင္ေတြကို နည္းနည္းေလးမွေတာင္ ေက်းဇူးမျပဳဘူး” လို႔ ရွည္ရွည္ေဝးေဝး ျပန္ရွင္းျပပါသတဲ့။ေလလြင့္လူငယ္က အံ့ၾသေနၿပီး ‘ဘယ္လို ေက်းဇူးျပဳသလဲ’ လို႔ ျပန္ေမးသတဲ့။ အဲ့ဒီမွာ သူခိုးလူငယ္က ဒီလိုေျပာျပပါသတဲ့။”ငါက ခိုးၿပီးျပန္လာလို႔ အိမ္ေရွ႕မွာ အမႈိက္ထုပ္ေတြ႕ရင္ အဲ့ဒီအမႈိက္ထုပ္ကိုပါ ယူလာၿပီး စြန႔္ပစ္ေပးတယ္။ ေတြ႕တဲ့ အိမ္ေရွ႕မွာ အိပ္တယ္ဆိုေပမယ့္ ငါအိပ္တဲ့ အိမ္ေရွ႕ကို ငါမအိပ္ခင္ သန႔္ရွင္းေအာင္ လွဲက်င္းေပးတယ္၊ အနည္းဆုံးေတာ့ ဘာမွမလုပ္ေပးခဲ့ရင္ေတာင္၊ ငါ့ေက်းဇူးရွင္ေတြ ဆိုၿပီး ထိုင္ဦးခ်ခဲ့တယ္” တဲ့။သူခိုးလူငယ္ရဲ႕ စကားေတြကို ေလလြင့္လူငယ္ဟာ ပါးစပ္အေဟာင္းသားနဲ႔ နားေထာင္ေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေခါင္းတဆတ္ဆတ္ညိတ္ကာ”ဒီအလုပ္ဟာ ဒီေလာက္ခက္ခဲ့တဲ့အလုပ္လို႔ ငါမထင္ခဲ့တာ အမွန္ပဲ၊ ေနာက္ၿပီး ခိုးစားတဲ့အလုပ္ကို ဒီလို စည္းကမ္းေတြ နည္းလမ္းေတြ က်င့္ဝတ္ေတြထားၿပီးခိုးတာ ငါ့ဘဝမွာ မင္းတစ္ေယာက္ပဲ ျမင္ဖူးေသးတယ္” လို႔ ေျပာၿပီးအေဝးကို ထြက္ခြာသြားပါသတဲ့။သူခိုးလူငယ္ကေတာ့ ေလလြင့္လူငယ္ရဲ႕ ေနာက္ေက်ာကို အ ၿပဳံးနဲ႔ စိုက္ၾကည့္ရင္း “မင္း ထင္သေလာက္လြယ္ေနရင္ ဒီၿမိဳ႕ေလးမွာ ဘယ္လိုလုပ္ၿပီး ငါတစ္ေယာက္တည္း ခိုးလို႔ရေတာ့မွာလဲ”လို႔ တီးတိုးေရ႐ြတ္ရင္း က်န္ခဲ့ပါေတာ့သတဲ့။