သူ​တော်​ကောင်း စိတ်ဓါတ် နှင့် သူခိုး

တစ်ခါက သူ​ဌေးကြီး၊ ကုန်သည်နှင့် ပညာရှိတို့ သူငယ်ချင်းသုံးဦး ရှိ​လေတယ်။ သူတို့သုံးဦးတွင် သားတစ်​ယောက်စီရှိပြီး သားသုံး​ယောက်တို့သည်လည်း မိတ်​ဆွေ သူငယ်ချင်း​တွေဖြစ်ကြတယ်။သားသုံး​ယောက်တို့ဟာ ​ယောင်္ကျားတို့တတ်အပ်​သော ပညာတို့အလုံးစုံ သင်ယူတတ်​မြောက် အရွယ်​ရောက်​သော်လည်း အ​ပျော်အပါး အစားအ​သောက်တို့တွင်သာ ​မွေ့လျော်​ပျော်ပါးရင်း အချိန်ကုန်လွန်​နေ​တော့ ဖခင် ဖြစ်သူတို့ဟာ ​နေ့စဥ်ဆူပူကြိမ်း​မောင်​လေ​တော့တယ်။ဒါန့ သူငယ်ချင်းသုံး​ယောက်လည်း အိမ်​ပေါ်ကဆင်းပြီး ထွက်​ပြေးကြဖို့ တိုင်ပင်ကာ သုံး​ယောက်အတူ ထွက်​ပြေးကြ​လေ​တော့တယ်။ မြို့ရွာ​တွေမှာ ​ပျော်ပါးစား​သောက်ကြရင်း ပါလာတဲ့ ​ငွေ​ကြေးအသပြာကုန်တဲ့အခါ သူ​ဌေးကြီးရဲ့သားက ​ငွေရှိတဲ့အခါ ကိစ္စ​တော်​တော်များများ ပြီး​မြောက်​အောင်မြင်တာဖြစ်တဲ့အတွက် ပတ္တမြား​တောင်ကိုသွားလို့ ပတ္တမြားတူးဖို့ဆိုသတဲ့။ ကျန်သူတို့ကလည်း သ​ဘောတူကာ ပတ္တမြားတောင်သို့ ခရီးဆက်ကြပါ​တော့တယ်။ဒီလိုနဲ့ ပတ္တမြား​တောင်ကို ​ရောက်တဲ့အခါ သုံး​ယောက်​နေရာခွဲ၍ ပတ္တမြားရှာကြရာ ကံ​ကောင်း​ထောက်မစွာ ပတ္တမြားတစ်လုံးစီ ရရှိလာ​တော့တယ်။ထိုအခါ မိမိ​နေရပ်သို့ပြန်ရန် စီစဥ်တိုင် ပင်တဲ့အခါ လမ်းခရီး၌ ပတ္တမြား​တောင်မှ ပတ္တမြားတူပြန်လာသူတို့ ထံမှ ခိုးဆိုးလုယက် သတ်ဖြတ်​လေ့ရှိ​သော လူဆိုးလူမိုက်တို့ရန်​ကြောင့် ပတ္တမြား​တွေကို ဝမ်းထဲသို့ မျိုချ၍ သယ်​ဆောင်ရန် အကြံရကာ ထမင်းဖြူနှင့်​ရော၍ ဝမ်းအတွင်းမျိုချကြ​လေတယ်။ထိုအချိန် သူခိုးတစ်​ယောက်ဟာ သူတို့သုံးဦး ပတ္တမြားကို မျိုချလိုက်တာ​တွေ့ပြီး ချဥ်းကပ်​ပေါင်းသင်းကာ သူတို့ သုံးဦးအိပ်တဲ့အချိန်ကျမှ ဝမ်းကို​ဖောက် ပတ္တ မြားယူမယ် ကြံစီပြီး အသနားခံ လမ်းကြုံလိုက်ပါရ​စေ ​တောင်းပန်သတဲ့။ သူတို့သုံးဦးလည်ယ လိုက်ခွင့်ပြုပြီး အပြန်ခရီးဆက်ကြရာ လမ်း ခရီးတစ်​နေရာက ရွာတစ်ရွာကို ​ရောက်ခဲ့​လေတယ်။အဲဒီ့ရွာမှာ လူဆိုး​ခေါင်း​ဆောင်တစ်ဦးရှိပြီး သူ့ထံတွင် သူစိမ်းလာလျှင် အဖိုးတန်ရတနာပါပါက ​အော်ဟစ်အသိ​ပေး အချက်ပြတတ်တဲ့ ထူးဆန်းတဲ့ ငှက်ကြီးတစ်​ကောင် ရှိ​လေတယ်။ ထိုငှက်ကြီးရဲ့ ​အော်မြည်သံ ဘာသာ စကားကိုလည်း လူဆိုး​ကောင်း​ဆောင်ကသာ အဓိပ္ပါယ်သိရှိနားလည်တယ်။ သူခိုးအပါအဝင် လူငယ်သုံး​ယောင်တို့ ရွာထဲဝင်တဲ့အခါ ထိုငှက်ကြီးမှာ ​အော်မြည်​လေ​တော့တယ်။

ထိုအခါ လူဆိုးက တပည့်လက်သားတို့အား လူစိမ်းတို့ကို ဖမ်းဆီး၍ ခန္ဓါကိုယ်အနှံ့ရှာ​ဖွေ​စေကာ အဖိုးတန် ရတနာ မတွေ့​သောအခါမှ လွှတ်လေတယ်။ တဖန်ငှက်ကြီးသည် ​အော်မြည်လိုက်ပြန်သတဲ့။ လူဆိုး​ခေါင်း​ဆောင်လည်း သူ့ငှက်ကြီးသည် တစ်ခါမှ လွဲမှားဖူးခြင်းမရှိ အချက်​ပေး ​အော်မြည်တတ်ရာ ထိုသူတို့ကို ဖမ်း​စေပြန်တယ်။ထို​နောက် ခန္ဓါကိုယ်အနှံ့ ရှာ​ဖွေ​သော်လည်း တန်ဖိုးရှိ​သော ရတနာကို မ​တွေ့ရှိ​သော အခါ​ ဒေါသအမျက် ထွက်​လေ​တော့တယ်။ ထို့​ကြောင့် ထိုသူ​လေး​ယောက်တို့အား ​နေဝင်ခါနီးအချိန်တွင် ဝမ်းဗိုက်ကို ​ဖောက်၍ ဝမ်းထဲ၌ ရ တနာကိုရှာ​ဖွေရန် လူငယ်သုံးယောက်နှင့် သူခိုးတို့​ရှေ့တွင် ကြိမ်ဝါး ​ပြောဆိုကာ ချည်​နှောင်ထားလိုက်ပါ​တော့တယ်။ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအဝင် လူငယ်သုံးဦး ​သေရမည့်အ​ရေးကို ​တွေးကာ မိမိကိုအရင်သတ်၍ ဝမ်းဗိုက်ကိုခွဲ ရတနာကို ရှာ​ဖွေလို့မ​တွေ့ရှိပါက ကျန်သုံးဦး လွတ်​မြောက်နိုင်​ကြောင်း​တွေးကာ ​နေဝင်ချိန်နီး သတ်ဖြတ်ခံရနီးအချိန်တွင် မိမိတို့တွင် အဖိုးတန်ရတနာ တစ်ကယ်မပါရှိ​ကြောင်း သတ် ၍ ဝမ်းဗိုက်ကိုခွဲကာ ရတနာကို ရှာ​ဖွေမည်ဆိုလည်း မိမိ၏ မိတ်​ဆွေများကို မိမိ​ရှေ့တွင် အသတ်ခံရတာကို မကြည့်ရက်နိုင်တာ​ကြောင့် မိမိကိုအရင်သတ်၍ ရှာ​ဖွေပါဟု ​ပြောကြား​တယ်။လူဆိုး​ကောင်း​ဆောင်လည်း သူခိုးကို အရင်သတ်၍ ဝမ်းဗိုက်ကိုခွဲကာ ရတနာကိုရှာ​ဖွေ​စေ​သော်လည်း ရတနာကို မ​တွေ့ရှိ​သော​ကြောင့် သူခိုး​ပြော​သော ရတနာ မပါရှိဘူးဆိုသည်မှာ အမှန်စကားဖြစ်သည်။ ငှက်ကြီးကိုယုံမိ၍ အ ကျိုး မရှိ ရတနာမရဘဲ လူတစ်​ယောက်ကို ​သေ​စေခဲ့သည်ဆိုပြီး ကျန်လူသုံး​ယောက်ကို လွှတ်လိုက်​လေသည်။ဘဝအ​ခြေ​အနေအရ အသက်​မွေးဝမ်း​ကြောင်း အလုပ်အမျိုးမျိုးနဲ့ ကျင်လည်လုပ်ကိုင်​နေကြရ​ပေမယ့် ဒီအကြောင်းအရာလေးထဲကသူခိုးလို အ​ရေးကြုံတဲ့အခါ အသက်အ​သေခံ ရတာခြင်းအတူတူ ဒုက္ခ​ရောက်တာခြင်းအတူတူ မိမိ မိတ်​ဆွေများ သက်သာရာသက်သာ​ကြောင်း ကြံဆ၍ အနစ်နာခံလိုစိတ်ရှိ​သော သူများ ​လောကတွင် အများကြီး ရှိသလို မိမိအတွက်သာ ကြည်မြင်သူ​တွေလည်း အများကြီးရှိတက်ပါတယ်။

မူရင်း Credit

[zawgyi]

တစ္ခါက သူ​ေဌးႀကီး၊ ကုန္သည္ႏွင့္ ပညာရွိတို႔ သူငယ္ခ်င္းသုံးဦး ရွိ​ေလတယ္။ သူတို႔သုံးဦးတြင္ သားတစ္​ေယာက္စီရွိၿပီး သားသုံး​ေယာက္တို႔သည္လည္း မိတ္​ေဆြ သူငယ္ခ်င္း​ေတြျဖစ္ၾကတယ္။သားသုံး​ေယာက္တို႔ဟာ ​ေယာက်ၤားတို႔တတ္အပ္​ေသာ ပညာတို႔အလုံးစုံ သင္ယူတတ္​ေျမာက္ အ႐ြယ္​ေရာက္​ေသာ္လည္း အ​ေပ်ာ္အပါး အစားအ​ေသာက္တို႔တြင္သာ ​ေမြ႕ေလ်ာ္​ေပ်ာ္ပါးရင္း အခ်ိန္ကုန္လြန္​ေန​ေတာ့ ဖခင္ ျဖစ္သူတို႔ဟာ ​ေန႔စဥ္ဆူပူႀကိမ္း​ေမာင္​ေလ​ေတာ့တယ္။ဒါန႔ သူငယ္ခ်င္းသုံး​ေယာက္လည္း အိမ္​ေပၚကဆင္းၿပီး ထြက္​ေျပးၾကဖို႔ တိုင္ပင္ကာ သုံး​ေယာက္အတူ ထြက္​ေျပးၾက​ေလ​ေတာ့တယ္။ ၿမိဳ႕႐ြာ​ေတြမွာ ​ေပ်ာ္ပါးစား​ေသာက္ၾကရင္း ပါလာတဲ့ ​ေငြ​ေၾကးအသျပာကုန္တဲ့အခါ သူ​ေဌးႀကီးရဲ႕သားက ​ေငြရွိတဲ့အခါ ကိစၥ​ေတာ္​ေတာ္မ်ားမ်ား ၿပီး​ေျမာက္​ေအာင္ျမင္တာျဖစ္တဲ့အတြက္ ပတၱျမား​ေတာင္ကိုသြားလို႔ ပတၱျမားတူးဖို႔ဆိုသတဲ့။ က်န္သူတို႔ကလည္း သ​ေဘာတူကာ ပတၱျမားေတာင္သို႔ ခရီးဆက္ၾကပါ​ေတာ့တယ္။ဒီလိုနဲ႔ ပတၱျမား​ေတာင္ကို ​ေရာက္တဲ့အခါ သုံး​ေယာက္​ေနရာခြဲ၍ ပတၱျမားရွာၾကရာ ကံ​ေကာင္း​ေထာက္မစြာ ပတၱျမားတစ္လုံးစီ ရရွိလာ​ေတာ့တယ္။ထိုအခါ မိမိ​ေနရပ္သို႔ျပန္ရန္ စီစဥ္တိုင္ ပင္တဲ့အခါ လမ္းခရီး၌ ပတၱျမား​ေတာင္မွ ပတၱျမားတူျပန္လာသူတို႔ ထံမွ ခိုးဆိုးလုယက္ သတ္ျဖတ္​ေလ့ရွိ​ေသာ လူဆိုးလူမိုက္တို႔ရန္​ေၾကာင့္ ပတၱျမား​ေတြကို ဝမ္းထဲသို႔ မ်ိဳခ်၍ သယ္​ေဆာင္ရန္ အႀကံရကာ ထမင္းျဖဴႏွင့္​ေရာ၍ ဝမ္းအတြင္းမ်ိဳခ်ၾက​ေလတယ္။ထိုအခ်ိန္ သူခိုးတစ္​ေယာက္ဟာ သူတို႔သုံးဦး ပတၱျမားကို မ်ိဳခ်လိုက္တာ​ေတြ႕ၿပီး ခ်ဥ္းကပ္​ေပါင္းသင္းကာ သူတို႔ သုံးဦးအိပ္တဲ့အခ်ိန္က်မွ ဝမ္းကို​ေဖာက္ ပတၱ ျမားယူမယ္ ႀကံစီၿပီး အသနားခံ လမ္းႀကဳံလိုက္ပါရ​ေစ ​ေတာင္းပန္သတဲ့။ သူတို႔သုံးဦးလည္ယ လိုက္ခြင့္ျပဳၿပီး အျပန္ခရီးဆက္ၾကရာ လမ္း ခရီးတစ္​ေနရာက ႐ြာတစ္႐ြာကို ​ေရာက္ခဲ့​ေလတယ္။အဲဒီ့႐ြာမွာ လူဆိုး​ေခါင္း​ေဆာင္တစ္ဦးရွိၿပီး သူ႔ထံတြင္ သူစိမ္းလာလွ်င္ အဖိုးတန္ရတနာပါပါက ​ေအာ္ဟစ္အသိ​ေပး အခ်က္ျပတတ္တဲ့ ထူးဆန္းတဲ့ ငွက္ႀကီးတစ္​ေကာင္ ရွိ​ေလတယ္။ ထိုငွက္ႀကီးရဲ႕ ​ေအာ္ျမည္သံ ဘာသာ စကားကိုလည္း လူဆိုး​ေကာင္း​ေဆာင္ကသာ အဓိပၸါယ္သိရွိနားလည္တယ္။ သူခိုးအပါအဝင္ လူငယ္သုံး​ေယာင္တို႔ ႐ြာထဲဝင္တဲ့အခါ ထိုငွက္ႀကီးမွာ ​ေအာ္ျမည္​ေလ​ေတာ့တယ္။ထိုအခါ လူဆိုးက တပည့္လက္သားတို႔အား လူစိမ္းတို႔ကို ဖမ္းဆီး၍ ခႏၶါကိုယ္အႏွံ႔ရွာ​ေဖြ​ေစကာ အဖိုးတန္ ရတနာ မေတြ႕​ေသာအခါမွ လႊတ္ေလတယ္။ တဖန္ငွက္ႀကီးသည္ ​ေအာ္ျမည္လိုက္ျပန္သတဲ့။ လူဆိုး​ေခါင္း​ေဆာင္လည္း သူ႔ငွက္ႀကီးသည္ တစ္ခါမွ လြဲမွားဖူးျခင္းမရွိ အခ်က္​ေပး ​ေအာ္ျမည္တတ္ရာ ထိုသူတို႔ကို ဖမ္း​ေစျပန္တယ္။ထို​ေနာက္ ခႏၶါကိုယ္အႏွံ႔ ရွာ​ေဖြ​ေသာ္လည္း တန္ဖိုးရွိ​ေသာ ရတနာကို မ​ေတြ႕ရွိ​ေသာ အခါ​ ေဒါသအမ်က္ ထြက္​ေလ​ေတာ့တယ္။ ထို႔​ေၾကာင့္ ထိုသူ​ေလး​ေယာက္တို႔အား ​ေနဝင္ခါနီးအခ်ိန္တြင္ ဝမ္းဗိုက္ကို ​ေဖာက္၍ ဝမ္းထဲ၌ ရ တနာကိုရွာ​ေဖြရန္ လူငယ္သုံးေယာက္ႏွင့္ သူခိုးတို႔​ေရွ႕တြင္ ႀကိမ္ဝါး ​ေျပာဆိုကာ ခ်ည္​ေႏွာင္ထားလိုက္ပါ​ေတာ့တယ္။ထိုအခါ သူခိုးျဖစ္သူသည္ မိမိအပါအဝင္ လူငယ္သုံးဦး ​ေသရမည့္အ​ေရးကို ​ေတြးကာ မိမိကိုအရင္သတ္၍ ဝမ္းဗိုက္ကိုခြဲ ရတနာကို ရွာ​ေဖြလို႔မ​ေတြ႕ရွိပါက က်န္သုံးဦး လြတ္​ေျမာက္ႏိုင္​ေၾကာင္း​ေတြးကာ ​ေနဝင္ခ်ိန္နီး သတ္ျဖတ္ခံရနီးအခ်ိန္တြင္ မိမိတို႔တြင္ အဖိုးတန္ရတနာ တစ္ကယ္မပါရွိ​ေၾကာင္း သတ္ ၍ ဝမ္းဗိုက္ကိုခြဲကာ ရတနာကို ရွာ​ေဖြမည္ဆိုလည္း မိမိ၏ မိတ္​ေဆြမ်ားကို မိမိ​ေရွ႕တြင္ အသတ္ခံရတာကို မၾကည့္ရက္ႏိုင္တာ​ေၾကာင့္ မိမိကိုအရင္သတ္၍ ရွာ​ေဖြပါဟု ​ေျပာၾကား​တယ္။လူဆိုး​ေကာင္း​ေဆာင္လည္း သူခိုးကို အရင္သတ္၍ ဝမ္းဗိုက္ကိုခြဲကာ ရတနာကိုရွာ​ေဖြ​ေစ​ေသာ္လည္း ရတနာကို မ​ေတြ႕ရွိ​ေသာ​ေၾကာင့္ သူခိုး​ေျပာ​ေသာ ရတနာ မပါရွိဘူးဆိုသည္မွာ အမွန္စကားျဖစ္သည္။ ငွက္ႀကီးကိုယုံမိ၍ အ က်ိဳး မရွိ ရတနာမရဘဲ လူတစ္​ေယာက္ကို ​ေသ​ေစခဲ့သည္ဆိုၿပီး က်န္လူသုံး​ေယာက္ကို လႊတ္လိုက္​ေလသည္။ဘဝအ​ေျခ​အေနအရ အသက္​ေမြးဝမ္း​ေၾကာင္း အလုပ္အမ်ိဳးမ်ိဳးနဲ႔ က်င္လည္လုပ္ကိုင္​ေနၾကရ​ေပမယ့္ ဒီအေၾကာင္းအရာေလးထဲကသူခိုးလို အ​ေရးႀကဳံတဲ့အခါ အသက္အ​ေသခံ ရတာျခင္းအတူတူ ဒုကၡ​ေရာက္တာျခင္းအတူတူ မိမိ မိတ္​ေဆြမ်ား သက္သာရာသက္သာ​ေၾကာင္း ႀကံဆ၍ အနစ္နာခံလိုစိတ္ရွိ​ေသာ သူမ်ား ​ေလာကတြင္ အမ်ားႀကီး ရွိသလို မိမိအတြက္သာ ၾကည္ျမင္သူ​ေတြလည္း အမ်ားႀကီးရွိတက္ပါတယ္။