“သဲတစ်ပွင့်” နှင့် “ပုလဲတစ်လုံး”

လူငယ်တစ်ယောက်ဟာသူ့ကို အလေးပေး မခံရလို့အမြဲလိုလိုညည်းတွားလေ့ရှိတယ်။ဒါကိုလူကြီးတစ်ယောက်က ကြားသွားတယ်။ဒါနဲ့ လူကြီးက သဲတစ်ပွင့်ကို သဲသောင်ပြင်ပေါ်ပစ်ချလိုက်ပြီးလူငယ်လေးကိုပြန် ရှာခိုင်းတယ်…။လူငယ်လေးက”ဒါလုံးဝမဖြစ်နိုင် ဘူး”လို့ပြန်ပြောတယ်။နောက်တော့ လူကြီးကပုလဲတစ်လုံးကိုသဲသောင်ပြင်ပေါ်ပစ်ချလိုက်ပြီး “ဒီပုလဲလုံးကိုရော ရှာတွေ့နိုင်မလား”လို့မေးတယ်။

လူငယ်က “ဒါတော့ ရှာတွေ့တာပေါ့”လို့ ပြန်ဖြေတယ်။လူကြီးက ဖြေးဖြေးခြင်းပြောလိုက်တယ်။”တကယ်လို့ မင်းဟာ သဲသောင်ပြင်ပေါ်က သဲတစ်ပွင့်ပဲဆိုရင်တော့ အလေးပေးခံရဖို့တောင်းဆိုမနေနဲ့တော့။ တခြားသူတွေရဲ့ အသိအမှတ်ပြုတာကိုလိုချင်ရင် ကိုယ့်ကိုယ်ကို ပုလဲတစ်လုံးလို ဖြစ်အောင်တော့ကြိုးစားဖို့လိုလိမ့်မယ်။

Credit by နှင်းဆီဖူးလေးများ

[zawgyi]

လူငယ္တစ္ေယာက္ဟာသူ႔ကို အေလးေပး မခံရလို႔အၿမဲလိုလိုညည္းတြားေလ့ရွိတယ္။ဒါကိုလူႀကီးတစ္ေယာက္က ၾကားသြားတယ္။ဒါနဲ႔ လူႀကီးက သဲတစ္ပြင့္ကို သဲေသာင္ျပင္ေပၚပစ္ခ်လိုက္ၿပီးလူငယ္ေလးကိုျပန္ ရွာခိုင္းတယ္…။လူငယ္ေလးက”ဒါလုံးဝမျဖစ္ႏိုင္ ဘူး”လို႔ျပန္ေျပာတယ္။ေနာက္ေတာ့ လူႀကီးကပုလဲတစ္လုံးကိုသဲေသာင္ျပင္ေပၚပစ္ခ်လိုက္ၿပီး “ဒီပုလဲလုံးကိုေရာ ရွာေတြ႕ႏိုင္မလား”လို႔ေမးတယ္။လူငယ္က “ဒါေတာ့ ရွာေတြ႕တာေပါ့”လို႔ ျပန္ေျဖတယ္။လူႀကီးက ေျဖးေျဖးျခင္းေျပာလိုက္တယ္။”တကယ္လို႔ မင္းဟာ သဲေသာင္ျပင္ေပၚက သဲတစ္ပြင့္ပဲဆိုရင္ေတာ့ အေလးေပးခံရဖို႔ေတာင္းဆိုမေနနဲ႔ေတာ့။ တျခားသူေတြရဲ႕ အသိအမွတ္ျပဳတာကိုလိုခ်င္ရင္ ကိုယ့္ကိုယ္ကို ပုလဲတစ္လုံးလို ျဖစ္ေအာင္ေတာ့ႀကိဳးစားဖို႔လိုလိမ့္မယ္။