အခက်ခဲဆုံး အရာ

တစ်ခါတုန်းက ခြင်္သေ့တစ်ကောင်ဟာ ရေစပ်မှာရေသောက်နေတဲ့ သမင်တစ်ကောင်ကိုလိုက်ရင်းလွတ်သွားခဲ့တယ်။ ဒါကို ကောင်းကင်မှာဝဲမှာနေတဲ့ သိန်းငှက်တစ်ကောင်ကမြင်တော့ ခြင်္သေ့ကို ပြောတယ်။ ဒီမှာ အဆွေ..အဆွေမှာ ကြံ့ခိုင်သန်စွမ်းတဲ့ ခြေတွေလက်တွေရှိတယ်။ ပြည့်ဝတဲ့ ခွန်အားတွေရှိတယ်။ အစွမ်းထက်လှတဲ့ ခြေသည်း လက်သည်းတွေရှိတယ်။ ဒါပေမယ့် ကျုပ်လိုမပျံသန်းနိုင်တော့ ခုလိုမျက်ခြေပြတ်သွားတဲ့ သားကောင်ကိုအဆွေ ရှာမတွေ့တော့ဖူးပေါ့..။ ကျုပ်ဆို ခဏလေး ကောင်းကင်ပေါ်ဝဲလိုက်တာနဲ့ သားကောင်ကိုမြင်နိုင်စွမ်းရှိတယ်။ ခြင်္သေ့က ဘာမှမပြောပဲ ရေထဲဆင်းသွားတယ်။ အဆွေသိန်းငှက် ကျုပ်လို ရေထဲ ဆင်းပြပါဆိုတော့ သိန်းငှက်က ပြောတယ် ကျုပ် ရေနေသတ္တဝါမဟုတ်ပါဘူး..။

ကျုပ်အတောင်တွေ ရေစိုသွားရင် ပျံသန်းရခက်တယ်။ ခြင်္သေ့က ပြန်ပြောတယ်၊ ဒီ သဘောတရားကို သိရင်ရပြီ အဆွေသိန်းငှက်၊ လောကမှာ အလွယ်ကူဆုံးကသူတပါးရဲ့ အပြစ်ကို ကြည့်တတ်ခြင်းဖြစ်ပြီး အခက်ခဲဆုံးက ကိုယ့်ကိုယ်ကို နားလည်ခြင်းဖြစ်တယ်။ တချို့ က သူတပါးရဲ့အပြစ်နဲ့အားနည်းချက်ကိုသိတယ်၊ ကိုယ့်ရဲ့အားနည်းချက် အပြစ်ကိုမေ့နေကြတယ်၊ တချို့က သူ့တပါးရဲ့ စွမ်းအင်ကို အားကျကြတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို လျစ်လျူရှု ထားကြတယ်၊ ကျုပ်က တောဘုရင် ခြင်္သေ့ ဒါပေမယ့် ကျုပ်ရဲ့ လည်ဆံမွှေးထဲက သန်းကိုကျုပ်မနိုင်ဘူး။ ဘဝမှာ တခါတလေ ကိုယ့်ရဲ့အားနည်းချက်ကို သိသော်ငြားလည်း ဖြည့်ဆည်းရန်ခက်တယ်၊ အဆွေသိန်းငှက်ပြောသလိုပေါ့..ကျုပ်သာ ခင်ဗျာလို ပျံသန်းနိုင်ရင်တောဘုရင်ဘယ်ဟုတ်တော့မလဲဗျာ။အတွေးတစ်ခုခုရပါစေ..။

Credit – ဘာမထီဘွား..အတွေးစာစုလေးများ

[zawgyi]

တစ္ခါတုန္းက ျခေသၤ့တစ္ေကာင္ဟာ ေရစပ္မွာေရေသာက္ေနတဲ့ သမင္တစ္ေကာင္ကိုလိုက္ရင္းလြတ္သြားခဲ့တယ္။ ဒါကို ေကာင္းကင္မွာဝဲမွာေနတဲ့ သိန္းငွက္တစ္ေကာင္ကျမင္ေတာ့ ျခေသၤ့ကို ေျပာတယ္။ ဒီမွာ အေဆြ..အေဆြမွာ ႀကံ့ခိုင္သန္စြမ္းတဲ့ ေျခေတြလက္ေတြရွိတယ္။ ျပည့္ဝတဲ့ ခြန္အားေတြရွိတယ္။ အစြမ္းထက္လွတဲ့ ေျခသည္း လက္သည္းေတြရွိတယ္။ ဒါေပမယ့္ က်ဳပ္လိုမပ်ံသန္းႏိုင္ေတာ့ ခုလိုမ်က္ေျချပတ္သြားတဲ့ သားေကာင္ကိုအေဆြ ရွာမေတြ႕ေတာ့ဖူးေပါ့..။ က်ဳပ္ဆို ခဏေလး ေကာင္းကင္ေပၚဝဲလိုက္တာနဲ႔ သားေကာင္ကိုျမင္ႏိုင္စြမ္းရွိတယ္။ ျခေသၤ့က ဘာမွမေျပာပဲ ေရထဲဆင္းသြားတယ္။ အေဆြသိန္းငွက္ က်ဳပ္လို ေရထဲ ဆင္းျပပါဆိုေတာ့ သိန္းငွက္က ေျပာတယ္ က်ဳပ္ ေရေနသတၱဝါမဟုတ္ပါဘူး..။က်ဳပ္အေတာင္ေတြ ေရစိုသြားရင္ ပ်ံသန္းရခက္တယ္။ ျခေသၤ့က ျပန္ေျပာတယ္၊ ဒီ သေဘာတရားကို သိရင္ရၿပီ အေဆြသိန္းငွက္၊ ေလာကမွာ အလြယ္ကူဆုံးကသူတပါးရဲ႕ အျပစ္ကို ၾကည့္တတ္ျခင္းျဖစ္ၿပီး အခက္ခဲဆုံးက ကိုယ့္ကိုယ္ကို နားလည္ျခင္းျဖစ္တယ္။ တခ်ိဳ႕ က သူတပါးရဲ႕အျပစ္နဲ႔အားနည္းခ်က္ကိုသိတယ္၊ ကိုယ့္ရဲ႕အားနည္းခ်က္ အျပစ္ကိုေမ့ေနၾကတယ္၊ တခ်ိဳ႕က သူ႔တပါးရဲ႕ စြမ္းအင္ကို အားက်ၾကတယ္။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းအားကို လ်စ္လ်ဴရႈ ထားၾကတယ္၊ က်ဳပ္က ေတာဘုရင္ ျခေသၤ့ ဒါေပမယ့္ က်ဳပ္ရဲ႕ လည္ဆံေမႊးထဲက သန္းကိုက်ဳပ္မႏိုင္ဘူး။ ဘဝမွာ တခါတေလ ကိုယ့္ရဲ႕အားနည္းခ်က္ကို သိေသာ္ျငားလည္း ျဖည့္ဆည္းရန္ခက္တယ္၊ အေဆြသိန္းငွက္ေျပာသလိုေပါ့..က်ဳပ္သာ ခင္ဗ်ာလို ပ်ံသန္းႏိုင္ရင္ေတာဘုရင္ဘယ္ဟုတ္ေတာ့မလဲဗ်ာ။အေတြးတစ္ခုခုရပါေစ..။