အချိန် မလွန်စေနဲ့..

တခါတုန်းက ဝက်ဝံကြီးတကောင်ဟာ လက်ပတ်နာရီ လိုချင်တာနဲ့ မြို့မှာ သွားဝယ်ဖို့ ဆိုပြီး ခရီးထွက်လာခဲ့ပါတယ်။ သူ လက်ပတ်နာရီ လိုချင်နေတာ ကြာပြီ၊ မြို့ကို ရောက်ဖူးချင်နေတာလည်း ကြာပြီ။ မြို့ကိုရောက်ရင် ကြိုးသိုင်းခေါင်းစွပ် ပါတဲ့ တီရှပ်တထည် ဝယ်မယ်ပေါ့။ပြီးရင် ကာကီရောင် ဖျော့ဖျော့ ဂျီယော်ဒါနို ဘောင်ဘီရှည်ပါ ဝယ်ပြီး ဝတ်ဦးမှပဲ လို့ ဝက်ဝံကြီးက စိတ်ကူးယဉ်နေတယ်။ ပြီးရင် မြို့သားတွေရဲ့ စတိုင်အတိုင်း ဆယ်လူလာဖုန်း တလုံး ခါးမှာ ချိတ်ပြီး မြို့ထဲ လျှောက်လည်ရင်း နာရီရှာဝယ်မယ်လို့ ဝက်ဝံကြီးက တွေးလိုက်တယ်။သူလိုချင်တဲ့ နာရီက ဒိုင်ခွက် အချိန်ပြ ဂဏန်းတွေ နေရာမှာ စိန်ပွင့် သေးသေးလေးတွေ မြှုပ်ထားပြီး ပတ်ပတ်လည်မှာ သလင်းကျောက်တွေ စီထားတဲ့ ဒီဇိုင်မျိုး၊ ပုံစံလှလှပေါ့။ နာရီက ရွှေရောင် ဖြစ်ရမယ်။ ကြိုးက သားရေကြိုးပျော့ အနက်ရောင် ဖြစ်ရမယ်။နှစ်ပေါင်းတရာမှာ စက္ကန့်ပိုင်းလောက်ပဲ အချိန် အတိမ်းအစောင်း အလွဲအမှား ရှိရမယ် လို့ ကြော်ငြာထားတဲ့ ရိုးလက်စ် နာရီကို ဝက်ဝံကြီးက သိပ်စိတ်ဝင်စားတယ်။ ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် လို့ ဝက်ဝံကြီးက သူ့ဘာသာသူ တယောက်တည်း ပြောလိုက်တယ်။ ဒီစကားဟာ ဝက်ဝံကြီး တသက်လုံး ပြောပြောလာခဲ့တဲ့ သူ့ရဲ့ ခံယူချက်လည်း ဖြစ်တယ်ဆိုပဲ။ဒီလိုနဲ့ ဝက်ဝံကြီးဟာ တရွေ့ရွေ့လျှောက်ရင်း တောအုပ်ကြီးရဲ့ အပြင်ဘက်ကို ရောက်လာပါလေရော။ တောအုပ်က ထွက်ပြီ ဆိုတော့ ရွာနဲ့ နီးလာတာပေါ့။ ရွာနားရောက်တော့ ရွာခြံစည်းရိုး အပြင်ဘက်မှာ ပြောင်းခင်းကြီး တခင်းကို တွေ့ရတယ်။ ပြောင်းခင်းကြီးက အကျယ်ကြီး၊ မိုးကုပ်စက်ဝိုင်းထိအောင် ကျယ်သလား မှတ်ရတယ်၊ မျက်စိတဆုံးပဲ။

ပြောင်းဖူးတွေကလည်း စားချင်စဖွယ်၊ ပြွတ်သိပ်လို့။ အင်း၊ ပြောင်းဖူးတွေက အင်မတန်အရသာ ရှိမယ့်ပုံပဲ။ ငါသွားရမယ့် ခရီးကလည်း ဝေး သေးတယ်။ အဲဒီတော့ လမ်းမှာ စားဖို့ နည်းနည်းပါးပါး ခူးသွားဦးမှပဲ။ ဒါနဲ့ပဲ ဝက်ဝံကြီးဟာ ပြောင်းခင်းထဲကို တိုးဝင်သွားတယ်။ ပြီးတော့ အကြီးဆုံး အကောင်းဆိုးလို့ ထင်ရတဲ့ ပြောင်းဖူး နှစ်ဖူးကို ရှာပြီး ခူးလိုက်တယ်။ဒါပေမယ့် ရှေ့မှာ အဲဒီထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ အောက်မေ့ရတဲ့ ပြောင်းဖူးတွေကလည်း တသီတသန်းကြီး ရှိနေသေးတာ။ ဒါနဲ့ ဝက်ဝံကြီးဟာ ထပ်ပြီး လိုချင်လာပြန်ရော။ ခက်တာက သူ့လက်နှစ်ဖက်မှာ ခူးပြီးသား ပြောင်းဖူးနှစ်ဖူးကို ကိုင်ထားရတော့ လက်မအားတော့ဘူး။အဲဒါနဲ့ ဝက်ဝံကြီးဟာ လက်ထဲက ပြောင်း ဖူးနှစ်ဖူးကို ချိုင်းကြားထဲမှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ ရှေ့ကို တိုးတိုးသွားရင်း တွေ့တဲ့ ပြောင်းဖူးတွေကို လက်နှစ်ဖက် ဆန့်ထုတ်ပြီး ခူးပြန်တယ်။အဲသည်လို နောက်ထပ် ပြောင်းဖူးတွေချိုးဖို့ လက်ဆန့်လိုက်တဲ့ အခါ ချိုင်းကြားထဲက ပြောင်းဖူး နှစ်ဖူးက ထွက်ကျသွားတာပေါ့။ ဝက်ဝံကြီးကတော့ မသိရှာဘူး။ ပြောင်းဖူးနှစ်ဖူးကို လှမ်းခူးပြီး ချိုင်းကြားထဲ ညှပ်ထားလိုက် နောက်ထပ် ပြောင်းဖူးတွေ ထပ်ခူးဖို့ လက်ဆန့်တဲ့ အခါ ချိုင်းကြားထဲ ပြောင်းဖူးတွေက ထွက်ကျသွားလိုက်။အဲ့ဒီလို ထွက်ကျသွားလိုက်၊ ပြောင်းဖူးခူးလိုက်၊ ချိုင်းကြားညှပ်လိုက်နဲ့ ဝက်ဝံကြီးဟာ နောက်နှစ်ပေါင်းများစွာ ကြာတော့မှ ပြောင်းခင်းကြီးထဲက ပြန်ထွက်လာခဲ့ ပါတော့တယ်။ ဒါပေမယ့် သူ့ချိုင်းကြားမှာတော့ ပြောင်းဖူးလေး နှစ်ဖူးပဲ ပါလာခဲ့ပါတယ်။ သူဟာ သိပ်ကို အိုမင်းသွားပါပြီ။ မြို့ကို သွားဖို့ အချိန်လည်း မရှိတော့ပါဘူး။ သူလိုချင်လွန်းလှတဲ့ နာရီကိုလည်း မဝယ်နိုင်တော့ပါဘူး။ ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် လို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ သူလာခဲ့ရာ တောအုပ်ဆီ တရွေ့ရွေ့ ပြန်ဝင်သွားပါတော့တယ်။ Moral – ကျွန်တော်တို့ ဘဝတွေဟာလည်း အချိန် အကန့်အသတ်နဲ့ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အချိန်တွေကို အရေးမပါတဲ့ ကိစ္စတွေအတွက်နဲ့ မဖြုန်းမိဖို့ လိုအပ်ပါတယ်။

Credit – Original

[zawgyi]

တခါတုန္းက ဝက္ဝံႀကီးတေကာင္ဟာ လက္ပတ္နာရီ လိုခ်င္တာနဲ႔ ၿမိဳ႕မွာ သြားဝယ္ဖို႔ ဆိုၿပီး ခရီးထြက္လာခဲ့ပါတယ္။ သူ လက္ပတ္နာရီ လိုခ်င္ေနတာ ၾကာၿပီ၊ ၿမိဳ႕ကို ေရာက္ဖူးခ်င္ေနတာလည္း ၾကာၿပီ။ ၿမိဳ႕ကိုေရာက္ရင္ ႀကိဳးသိုင္းေခါင္းစြပ္ ပါတဲ့ တီရွပ္တထည္ ဝယ္မယ္ေပါ့။ၿပီးရင္ ကာကီေရာင္ ေဖ်ာ့ေဖ်ာ့ ဂ်ီေယာ္ဒါႏို ေဘာင္ဘီရွည္ပါ ဝယ္ၿပီး ဝတ္ဦးမွပဲ လို႔ ဝက္ဝံႀကီးက စိတ္ကူးယဥ္ေနတယ္။ ၿပီးရင္ ၿမိဳ႕သားေတြရဲ႕ စတိုင္အတိုင္း ဆယ္လူလာဖုန္း တလုံး ခါးမွာ ခ်ိတ္ၿပီး ၿမိဳ႕ထဲ ေလွ်ာက္လည္ရင္း နာရီရွာဝယ္မယ္လို႔ ဝက္ဝံႀကီးက ေတြးလိုက္တယ္။သူလိုခ်င္တဲ့ နာရီက ဒိုင္ခြက္ အခ်ိန္ျပ ဂဏန္းေတြ ေနရာမွာ စိန္ပြင့္ ေသးေသးေလးေတြ ျမႇဳပ္ထားၿပီး ပတ္ပတ္လည္မွာ သလင္းေက်ာက္ေတြ စီထားတဲ့ ဒီဇိုင္မ်ိဳး၊ ပုံစံလွလွေပါ့။ နာရီက ေ႐ႊေရာင္ ျဖစ္ရမယ္။ ႀကိဳးက သားေရႀကိဳးေပ်ာ့ အနက္ေရာင္ ျဖစ္ရမယ္။ႏွစ္ေပါင္းတရာမွာ စကၠန႔္ပိုင္းေလာက္ပဲ အခ်ိန္ အတိမ္းအေစာင္း အလြဲအမွား ရွိရမယ္ လို႔ ေၾကာ္ျငာထားတဲ့ ႐ိုးလက္စ္ နာရီကို ဝက္ဝံႀကီးက သိပ္စိတ္ဝင္စားတယ္။ ဘဝမွာ အခ်ိန္ဆိုတာ သိပ္အေရးႀကီးတယ္ လို႔ ဝက္ဝံႀကီးက သူ႔ဘာသာသူ တေယာက္တည္း ေျပာလိုက္တယ္။ ဒီစကားဟာ ဝက္ဝံႀကီး တသက္လုံး ေျပာေျပာလာခဲ့တဲ့ သူ႔ရဲ႕ ခံယူခ်က္လည္း ျဖစ္တယ္ဆိုပဲ။ဒီလိုနဲ႔ ဝက္ဝံႀကီးဟာ တေ႐ြ႕ေ႐ြ႕ေလွ်ာက္ရင္း ေတာအုပ္ႀကီးရဲ႕ အျပင္ဘက္ကို ေရာက္လာပါေလေရာ။ ေတာအုပ္က ထြက္ၿပီ ဆိုေတာ့ ႐ြာနဲ႔ နီးလာတာေပါ့။ ႐ြာနားေရာက္ေတာ့ ႐ြာၿခံစည္း႐ိုး အျပင္ဘက္မွာ ေျပာင္းခင္းႀကီး တခင္းကို ေတြ႕ရတယ္။ ေျပာင္းခင္းႀကီးက အက်ယ္ႀကီး၊ မိုးကုပ္စက္ဝိုင္းထိေအာင္ က်ယ္သလား မွတ္ရတယ္၊ မ်က္စိတဆုံးပဲ။ေျပာင္းဖူးေတြကလည္း စားခ်င္စဖြယ္၊ ႁပြတ္သိပ္လို႔။ အင္း၊ ေျပာင္းဖူးေတြက အင္မတန္အရသာ ရွိမယ့္ပုံပဲ။ ငါသြားရမယ့္ ခရီးကလည္း ေဝး ေသးတယ္။ အဲဒီေတာ့ လမ္းမွာ စားဖို႔ နည္းနည္းပါးပါး ခူးသြားဦးမွပဲ။ ဒါနဲ႔ပဲ ဝက္ဝံႀကီးဟာ ေျပာင္းခင္းထဲကို တိုးဝင္သြားတယ္။ ၿပီးေတာ့ အႀကီးဆုံး အေကာင္းဆိုးလို႔ ထင္ရတဲ့ ေျပာင္းဖူး ႏွစ္ဖူးကို ရွာၿပီး ခူးလိုက္တယ္။ဒါေပမယ့္ ေရွ႕မွာ အဲဒီထက္ ပိုႀကီးၿပီး ပိုေကာင္းတယ္လို႔ ေအာက္ေမ့ရတဲ့ ေျပာင္းဖူးေတြကလည္း တသီတသန္းႀကီး ရွိေနေသးတာ။ ဒါနဲ႔ ဝက္ဝံႀကီးဟာ ထပ္ၿပီး လိုခ်င္လာျပန္ေရာ။ ခက္တာက သူ႔လက္ႏွစ္ဖက္မွာ ခူးၿပီးသား ေျပာင္းဖူးႏွစ္ဖူးကို ကိုင္ထားရေတာ့ လက္မအားေတာ့ဘူး။အဲဒါနဲ႔ ဝက္ဝံႀကီးဟာ လက္ထဲက ေျပာင္း ဖူးႏွစ္ဖူးကို ခ်ိဳင္းၾကားထဲမွာ ညႇပ္ထားလိုက္တယ္။ ၿပီးေတာ့ ေရွ႕ကို တိုးတိုးသြားရင္း ေတြ႕တဲ့ ေျပာင္းဖူးေတြကို လက္ႏွစ္ဖက္ ဆန႔္ထုတ္ၿပီး ခူးျပန္တယ္။အဲသည္လို ေနာက္ထပ္ ေျပာင္းဖူးေတြခ်ိဳးဖို႔ လက္ဆန႔္လိုက္တဲ့ အခါ ခ်ိဳင္းၾကားထဲက ေျပာင္းဖူး ႏွစ္ဖူးက ထြက္က်သြားတာေပါ့။ ဝက္ဝံႀကီးကေတာ့ မသိရွာဘူး။ ေျပာင္းဖူးႏွစ္ဖူးကို လွမ္းခူးၿပီး ခ်ိဳင္းၾကားထဲ ညႇပ္ထားလိုက္ ေနာက္ထပ္ ေျပာင္းဖူးေတြ ထပ္ခူးဖို႔ လက္ဆန႔္တဲ့ အခါ ခ်ိဳင္းၾကားထဲ ေျပာင္းဖူးေတြက ထြက္က်သြားလိုက္။အဲ့ဒီလို ထြက္က်သြားလိုက္၊ ေျပာင္းဖူးခူးလိုက္၊ ခ်ိဳင္းၾကားညႇပ္လိုက္နဲ႔ ဝက္ဝံႀကီးဟာ ေနာက္ႏွစ္ေပါင္းမ်ားစြာ ၾကာေတာ့မွ ေျပာင္းခင္းႀကီးထဲက ျပန္ထြက္လာခဲ့ ပါေတာ့တယ္။ ဒါေပမယ့္ သူ႔ခ်ိဳင္းၾကားမွာေတာ့ ေျပာင္းဖူးေလး ႏွစ္ဖူးပဲ ပါလာခဲ့ပါတယ္။ သူဟာ သိပ္ကို အိုမင္းသြားပါၿပီ။ ၿမိဳ႕ကို သြားဖို႔ အခ်ိန္လည္း မရွိေတာ့ပါဘူး။ သူလိုခ်င္လြန္းလွတဲ့ နာရီကိုလည္း မဝယ္ႏိုင္ေတာ့ပါဘူး။ ဘဝမွာ အခ်ိန္ဆိုတာ သိပ္အေရးႀကီးတယ္ လို႔ တတြတ္တြတ္ ေရ႐ြတ္ရင္းနဲ႔ပဲ သူလာခဲ့ရာ ေတာအုပ္ဆီ တေ႐ြ႕ေ႐ြ႕ ျပန္ဝင္သြားပါေတာ့တယ္။ Moral – ကြၽန္ေတာ္တို႔ ဘဝေတြဟာလည္း အခ်ိန္ အကန႔္အသတ္နဲ႔ ေနထိုင္ၾကရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ အခ်ိန္ေတြကို အေရးမပါတဲ့ ကိစၥေတြအတြက္နဲ႔ မျဖဳန္းမိဖို႔ လိုအပ္ပါတယ္။