အဇာတသတ်မင်းနှင့် အရိမေတ္တယျ ဘုရားအလောင်း

ခေါင်းစဉ်ကို ဖတ်ပြီး အဇာတသတ်မင်းဟာ ဘုရားအလောင်းပဲလို့ တထစ်ချသတ်မှတ်ပြီး ကျော်မသွားပါနဲ့။ဆုံးအောင်ဖတ်မှ အပြည့်အစုံသိရပါလိမ့်မယ်…။အဇာတသတ်မင်းဟာ ဖခင် ဗိမ္ဗိသာရမင်းကြီးကို သတ်မိပြီး ကြီးစွာသောနောင်တတရားရကာ နေညအလီလီ စားမဝင်အိပ်မပျော်ဖြစ်လျက်ရှိနေပါတယ်။ဒီဝေဒနာကို သက်သာအောင် ကုပေးနိုင်တဲ့သူကို ရှာဖွေတော့ နောက်ဆုံး ဂေါတမမြတ်စွာဘုရားရှင်ကို မှူးကြီးမတ်ရာတွေ အကြံပေးချက်အရ သွားရောက်ဖူးမြော်လိုက်ပါတယ်။ထိုအချိန်က တန်ဆောင်မုန်းလပြည့်နေ့လည်းဖြစ်တော့ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလသုတ္တန်တရားတော် ဟောကြားပေးလိုက်ပါတယ်။အဇာတသတ်မင်းဟာ တရားနာပြီးပြီးချင်းမှာပဲ သံဝေဂကြီးစွာ ရသွားတယ်။မြတ်စွာဘုရားကို ကြည်ညိုလိုက်ပုံက တုနှိုင်းစရာမရှိလောက်အောင်ပါပဲ…။အရင်က ဆရာဒေဝဒတ်ရဲ့ မြှောက်ထိုးပင့်ကော် ပြုခဲ့မိတာတွေကို မြတ်စွာဘုရားထံ ဝန်ချတောင်းပန်မိတော့တယ်။မိမိကိုယ်ကိုလည်း အမှားကြီးမှားမှန်းသိပြီး ယူကြုံးမရ ဖြစ်ရတော့တယ်။ဒါကြောင့် အဇာတသတ်မင်းဟာ မြတ်စွာဘုရားထံ ရဟန်းပြုဖို့ ခွင့်တောင်းခဲ့တယ်။ ဖခင်ကိုသတ်မိတဲ့သူ ကံကြီးထိုက်သူဖြစ်နေတော့ မဟာအဝီစိငရဲကို ဧကန်မလွဲ ကျရောက်မယ့်သူပါ။သို့ပေမယ့်လည်း မြတ်စွာဘုရားဆီက သာမညဖလသုတ်ကို နာပြီးချိန်ကစပြီး မဟာအဝီစိငရဲမှာ ကျရမယ့်အစား အပြစ်ပေါ့တဲ့ လောကဟုမ္ဘိငရဲမှာပဲ ကျရောက်ခဲ့ရပါတယ်…။ဆက်လက်ပြီး အဇာတသတ်ဟာ သာသနာ့ဘောင်ထဲဝင်ဖို့ မြတ်စွာဘုရားထံ ခွင့်တောင်းခဲ့ပေမယ့် ဖခင်ကိုသတ်မိသော အကုသိုလ်ကံကြောင့် ရဟန်းဝတ်ခွင့်မပြုခဲ့ပါဘူး…။ဖခင်ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချပြီး သတ်တဲ့အချိန်မှာပဲ အဇာသတသတ်မှာ သားယောက်ျားလေး မွေးဖွားခဲ့တယ်။သားနာမည်က အဇိတ တဲ့။အဇိတမင်းသားလေးကို ဖခင်အဇာတသတ်နှင့် အမိ ကဥ္စပနဒီတို့မှ မွေးဖွားသန့်စင်ခဲ့ပါတယ်…။အဇာတသတ်ဟာ ကိုယ်တ်ုင် ရဟန်းဝတ်ခွင့်မရတော့ သားဖြစ်သူ အဇိတမင်းသားကို ၁၆ နှစ်အရွယ်ကတည်းက ဘုရားရှင်ထံမှာ သာသနာ့ဘောင်ကို သွတ်သွင်းခဲ့တယ်။

တနေ့ မြတ်စွာဘုရားဟာ နိဂြောဓာရုံကျောင်းတိုက်မှာ လက်ဝဲ လက်ယာ ရှင်သာရိပုတ္တရာ၊အာနန္ဒာ ရှင်မဟာမောဂ္ဂလာန်တို့ အပါအဝင် တရားဟောပြနေချိန်မှာ မိထွေးတော်ဂေါတမီက မြတ်စွာဘုရားထံ ရွှေသင်္ကန်းနှစ်စုံကပ်လှူပါတယ်။မြတ်စွာဘုရားဟာ ရွှေသင်္ကန်းတစ်စုံကိုသာ အလှူလက်ခံခဲ့တယ်။ကျန်တဲ့ သင်္ကန်းတစ်စုံကိုတော့ သင့်တော်တဲ့ရဟန်းကို အလှူခံစေတယ်။ရှင်သာရိပုတ္တရာ၊အာနန္ဒာ အစရှိတဲ့ ရဟန္တာတွေဟာ ကျန်တဲ့ ရွှေသင်္ကန်းတစ်စုံ ထွက်ပြီး အလှူမခံရဲကြပါဘူး။ဘာလို့လဲဆိုတော့ သင်္ကန်းအတူတူကို လက်ခံလိုက်ရင် ဘုရားနှင့်အတူတူ ဖြစ်သွားတော့မှာ မို့လို့ပဲ။အဲ့လိုပဲ ဘယ်သူမှ ထွက်ပြီး အလှူမခံရဲဖြစ်နေချိန် အဇိတရဟန်းဟာ ထွက်ပြီးတော့ ဂေါတမီရဲ့ ကျန်ရှိနေတွှဲ ရွှေသင်္ကန်းတစ်စုံကို အလှူခံလိုက်တယ်။တရားနာ ပရိတ်သတ်အားလုံးက အဇိတရဟန်းကို အပြစ်တင်ဝေဖန်ကုန်ကြတယ်။တန်မှမတန်ရာ အလှူခံရဲတယ်ပေါ့။အဲ့ဒီအခါ မြတ်စွာဘုရားက လက်ထဲက မြသပိတ်တစ်လုံးကို တစ်ခဏအတွင်း တန်ခိုးနဲ့ဖျောက်လိုက်ပြီး ခုခေတ်လိုအရဆို (၅ စက္ကန့်အတွင်း) ပြန်ရအောင် ယူစေတယ်။ဘယ်ရဟန္တာမှ မြသပိတ်ကို တခဏတွင်း ရအောင် မယူနိုင်ခဲ့ကြဘူး။ဒီအခါမှာ အဇိတရဟန်းဟာ ကိုယ်ရောင်ဖျောက်သွားပြီး စင်္ကြာဝဠာတိုက်တစ်သောင်းကြားမှာ ဝှက်ထားတဲ့ မြတ်စွာဘုရာရဲ့ မြသပိတ်ကို တခဏချင်း ယူပြနိုင်ခဲ့တယ်။တရားနာပရိတ်သတ်အားလုံးဟာ အဇိတရဟန်းကို အံ့သြကြကုန်တယ်။အားလုံးထင်ထားတာက အဇိတရဟန်းဟာ သာမညရဟန်းတပါးလို့ပဲ ထင်ခဲ့ကြတာကိုး။ဒီအချိန်မှာ မြတ်စွာဘုရားဟာ”ချစ်သားတို့ အဲ့ဒီအဇိတရဟန်းဟာ သာမညရဟန်းမဟုတ် နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားပဲ ဖြစ်တယ်” လို့ မိန့်တော်မူခဲ့တယ်။အဲ့ဒီအခါမှပဲ အဇိတရဟန်းဟာ သူ့ကိုယ်သူ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားအလောင်းမှန်းသိရတော့တာ။ပရိတ်သတ်အားလုံးကလည်း ထပ်ပြီး အံ့သြမင်သက်မိကြကုန်တယ်။ထိုအခါမှာ ရှင်သာရိပုတ္တရာဟာ “ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရား ဘဒ္ဒကမ္ဘာမှာ နောက်ဆုံးပွင့်တော်မူမယ့် အရိမေတ္တယျမြတ်စွာဘုရားရဲ့ သမိုင်းဖြစ်စဉ်ကို ဟောပြဆုံးမတော်မူပါဘုရား” လို့ လျှောက်ထားလိုက်တဲ့အခါ မြတ်စွာဘုရားရှင်က အရိမေတ္တယျဖြစ်တော်စဉ်ကို အကျယ်တဝင့်ဟောကြားတော်မူ၏…။ကဲ့ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားဟာ အဇာတသတ်မင်းရဲ့သား အဇိတမင်းသားပဲ ဖြစ်ပါတယ်။အဇာတသတ်မဟုတ်ပါဘူး။အဇာတသတ်ဆိုပြီး ပြောနေကြတာကြားမိလို့။အဇာတသတ်ရဲ့သားပါ…။ဘုရား တရား သံဃံ ဝန်တေ ဝန်တာမိပါဘုရား..။သာယာချမ်းမြေ့ကြပါစေ..။

Credit _ သုတ ဂဝေသီ (ဗန်းမော်)

[zawgyi]

ေခါင္းစဥ္ကို ဖတ္ၿပီး အဇာတသတ္မင္းဟာ ဘုရားအေလာင္းပဲလို႔ တထစ္ခ်သတ္မွတ္ၿပီး ေက်ာ္မသြားပါနဲ႔။ဆုံးေအာင္ဖတ္မွ အျပည့္အစုံသိရပါလိမ့္မယ္…။အဇာတသတ္မင္းဟာ ဖခင္ ဗိမၺိသာရမင္းႀကီးကို သတ္မိၿပီး ႀကီးစြာေသာေနာင္တတရားရကာ ေနညအလီလီ စားမဝင္အိပ္မေပ်ာ္ျဖစ္လ်က္ရွိေနပါတယ္။ဒီေဝဒနာကို သက္သာေအာင္ ကုေပးႏိုင္တဲ့သူကို ရွာေဖြေတာ့ ေနာက္ဆုံး ေဂါတမျမတ္စြာဘုရားရွင္ကို မႉးႀကီးမတ္ရာေတြ အႀကံေပးခ်က္အရ သြားေရာက္ဖူးေျမာ္လိုက္ပါတယ္။ထိုအခ်ိန္က တန္ေဆာင္မုန္းလျပည့္ေန႔လည္းျဖစ္ေတာ့ ျမတ္စြာဘုရားဟာ အဇာတသတ္မင္းကို သာမညဖလသုတၱန္တရားေတာ္ ေဟာၾကားေပးလိုက္ပါတယ္။အဇာတသတ္မင္းဟာ တရားနာၿပီးၿပီးခ်င္းမွာပဲ သံေဝဂႀကီးစြာ ရသြားတယ္။ျမတ္စြာဘုရားကို ၾကည္ညိဳလိုက္ပုံက တုႏႈိင္းစရာမရွိေလာက္ေအာင္ပါပဲ…။အရင္က ဆရာေဒဝဒတ္ရဲ႕ ေျမႇာက္ထိုးပင့္ေကာ္ ျပဳခဲ့မိတာေတြကို ျမတ္စြာဘုရားထံ ဝန္ခ်ေတာင္းပန္မိေတာ့တယ္။မိမိကိုယ္ကိုလည္း အမွားႀကီးမွားမွန္းသိၿပီး ယူႀကဳံးမရ ျဖစ္ရေတာ့တယ္။ဒါေၾကာင့္ အဇာတသတ္မင္းဟာ ျမတ္စြာဘုရားထံ ရဟန္းျပဳဖို႔ ခြင့္ေတာင္းခဲ့တယ္။ ဖခင္ကိုသတ္မိတဲ့သူ ကံႀကီးထိုက္သူျဖစ္ေနေတာ့ မဟာအဝီစိငရဲကို ဧကန္မလြဲ က်ေရာက္မယ့္သူပါ။သို႔ေပမယ့္လည္း ျမတ္စြာဘုရားဆီက သာမညဖလသုတ္ကို နာၿပီးခ်ိန္ကစၿပီး မဟာအဝီစိငရဲမွာ က်ရမယ့္အစား အျပစ္ေပါ့တဲ့ ေလာကဟုမၻိငရဲမွာပဲ က်ေရာက္ခဲ့ရပါတယ္…။ဆက္လက္ၿပီး အဇာတသတ္ဟာ သာသနာ့ေဘာင္ထဲဝင္ဖို႔ ျမတ္စြာဘုရားထံ ခြင့္ေတာင္းခဲ့ေပမယ့္ ဖခင္ကိုသတ္မိေသာ အကုသိုလ္ကံေၾကာင့္ ရဟန္းဝတ္ခြင့္မျပဳခဲ့ပါဘူး…။ဖခင္ဗိမၺိသာရမင္းႀကီးကို အက်ဥ္းခ်ၿပီး သတ္တဲ့အခ်ိန္မွာပဲ အဇာသတသတ္မွာ သားေယာက္်ားေလး ေမြးဖြားခဲ့တယ္။သားနာမည္က အဇိတ တဲ့။အဇိတမင္းသားေလးကို ဖခင္အဇာတသတ္ႏွင့္ အမိ ကၪၥပနဒီတို႔မွ ေမြးဖြားသန႔္စင္ခဲ့ပါတယ္…။အဇာတသတ္ဟာ ကိုယ္တ္ုင္ ရဟန္းဝတ္ခြင့္မရေတာ့ သားျဖစ္သူ အဇိတမင္းသားကို ၁၆ ႏွစ္အ႐ြယ္ကတည္းက ဘုရားရွင္ထံမွာ သာသနာ့ေဘာင္ကို သြတ္သြင္းခဲ့တယ္။တေန႔ ျမတ္စြာဘုရားဟာ နိေျဂာဓာ႐ုံေက်ာင္းတိုက္မွာ လက္ဝဲ လက္ယာ ရွင္သာရိပုတၱရာ၊အာနႏၵာ ရွင္မဟာေမာဂၢလာန္တို႔ အပါအဝင္ တရားေဟာျပေနခ်ိန္မွာ မိေထြးေတာ္ေဂါတမီက ျမတ္စြာဘုရားထံ ေ႐ႊသကၤန္းႏွစ္စုံကပ္လႉပါတယ္။ျမတ္စြာဘုရားဟာ ေ႐ႊသကၤန္းတစ္စုံကိုသာ အလႉလက္ခံခဲ့တယ္။က်န္တဲ့ သကၤန္းတစ္စုံကိုေတာ့ သင့္ေတာ္တဲ့ရဟန္းကို အလႉခံေစတယ္။ရွင္သာရိပုတၱရာ၊အာနႏၵာ အစရွိတဲ့ ရဟႏၲာေတြဟာ က်န္တဲ့ ေ႐ႊသကၤန္းတစ္စုံ ထြက္ၿပီး အလႉမခံရဲၾကပါဘူး။ဘာလို႔လဲဆိုေတာ့ သကၤန္းအတူတူကို လက္ခံလိုက္ရင္ ဘုရားႏွင့္အတူတူ ျဖစ္သြားေတာ့မွာ မို႔လို႔ပဲ။အဲ့လိုပဲ ဘယ္သူမွ ထြက္ၿပီး အလႉမခံရဲျဖစ္ေနခ်ိန္ အဇိတရဟန္းဟာ ထြက္ၿပီးေတာ့ ေဂါတမီရဲ႕ က်န္ရွိေနတႊဲ ေ႐ႊသကၤန္းတစ္စုံကို အလႉခံလိုက္တယ္။တရားနာ ပရိတ္သတ္အားလုံးက အဇိတရဟန္းကို အျပစ္တင္ေဝဖန္ကုန္ၾကတယ္။တန္မွမတန္ရာ အလႉခံရဲတယ္ေပါ့။အဲ့ဒီအခါ ျမတ္စြာဘုရားက လက္ထဲက ျမသပိတ္တစ္လုံးကို တစ္ခဏအတြင္း တန္ခိုးနဲ႔ေဖ်ာက္လိုက္ၿပီး ခုေခတ္လိုအရဆို (၅ စကၠန႔္အတြင္း) ျပန္ရေအာင္ ယူေစတယ္။ဘယ္ရဟႏၲာမွ ျမသပိတ္ကို တခဏတြင္း ရေအာင္ မယူႏိုင္ခဲ့ၾကဘူး။ဒီအခါမွာ အဇိတရဟန္းဟာ ကိုယ္ေရာင္ေဖ်ာက္သြားၿပီး စၾကၤာဝဠာတိုက္တစ္ေသာင္းၾကားမွာ ဝွက္ထားတဲ့ ျမတ္စြာဘုရာရဲ႕ ျမသပိတ္ကို တခဏခ်င္း ယူျပႏိုင္ခဲ့တယ္။တရားနာပရိတ္သတ္အားလုံးဟာ အဇိတရဟန္းကို အံ့ၾသၾကကုန္တယ္။အားလုံးထင္ထားတာက အဇိတရဟန္းဟာ သာမညရဟန္းတပါးလို႔ပဲ ထင္ခဲ့ၾကတာကိုး။ဒီအခ်ိန္မွာ ျမတ္စြာဘုရားဟာ”ခ်စ္သားတို႔ အဲ့ဒီအဇိတရဟန္းဟာ သာမညရဟန္းမဟုတ္ ေနာင္ပြင့္ေတာ္မူမယ့္ အရိေမတၱယ်ဘုရားပဲ ျဖစ္တယ္” လို႔ မိန႔္ေတာ္မူခဲ့တယ္။အဲ့ဒီအခါမွပဲ အဇိတရဟန္းဟာ သူ႔ကိုယ္သူ ေနာင္ပြင့္မယ့္ အရိေမတၱယ်ဘုရားအေလာင္းမွန္းသိရေတာ့တာ။ပရိတ္သတ္အားလုံးကလည္း ထပ္ၿပီး အံ့ၾသမင္သက္မိၾကကုန္တယ္။ထိုအခါမွာ ရွင္သာရိပုတၱရာဟာ “ဘုန္းေတာ္ႀကီးျမတ္လွေသာ ျမတ္စြာဘုရား ဘဒၵကမာၻမွာ ေနာက္ဆုံးပြင့္ေတာ္မူမယ့္ အရိေမတၱယ်ျမတ္စြာဘုရားရဲ႕ သမိုင္းျဖစ္စဥ္ကို ေဟာျပဆုံးမေတာ္မူပါဘုရား” လို႔ ေလွ်ာက္ထားလိုက္တဲ့အခါ ျမတ္စြာဘုရားရွင္က အရိေမတၱယ်ျဖစ္ေတာ္စဥ္ကို အက်ယ္တဝင့္ေဟာၾကားေတာ္မူ၏…။ကဲ့ ေနာင္ပြင့္ေတာ္မူမယ့္ အရိေမတၱယ်ဘုရားဟာ အဇာတသတ္မင္းရဲ႕သား အဇိတမင္းသားပဲ ျဖစ္ပါတယ္။အဇာတသတ္မဟုတ္ပါဘူး။အဇာတသတ္ဆိုၿပီး ေျပာေနၾကတာၾကားမိလို႔။အဇာတသတ္ရဲ႕သားပါ…။ဘုရား တရား သံဃံ ဝန္ေတ ဝန္တာမိပါဘုရား..။သာယာခ်မ္းေျမ့ၾကပါေစ..။