အပြစ်မရှိ အပြစ်ရှာ

သိုးငယ် တစ်ကောင်ကို မြိန်ရည်ယှက်ရည် စားပြီးတဲ့ အချိန်မှာတော့ ဝံပုလွေငစဉ်းလဲဟာ သက်ပြင်းကိုချ၊ နှုတ်ခမ်းကို သပ်ပြီးတော့..” ဒီသိုးတွေကို တစ်ကြိမ် တစ်ကောင်နှုန်းနဲ့ ငါဖမ်းစားလာခဲ့တာ ကြာနေပြီ။ နောက်ဆို အများအမြင် သင့်တော်အောင် အကြောင်းပြချက် တစ်ခုခုရှာ ပြီး ဖမ်းစားမှ ကောင်းတော့မယ် ” လို့ စဉ်းစား မိလိုက်တယ်။ရက်အတန် ကြာတဲ့အခါ ဝံပုလွေဟာ သိုးငယ် တစ်ကောင်နဲ့ မြစ်ကမ်း နဘေးတစ်ခုမှာ သွားဆုံ ကြတယ်။ဝံပုလွေက ” ဟေး.. မင်း ဒီနေရာမှာ ဘာလာ လုပ်တာလည်းကွ …ဟေ ” လို့ ပြောလိုက်တယ်။သိုးငယ်က ” ရေလာသောက်တာပါ ခင်ဗျာ ” လို့ဖြေလေတယ်။ဒီတော့ ဝံပုလွေက ” ရေလာသောက်တယ် ဟုတ်စ။ ဒီမြစ်ထဲမှာ ရေလာသောက်ရင် မြစ်ရေတွေ အားလုံး နောက်ကျိကုန်မှာ မင်း နားမလည်ဘူးလား။ ဒီနားတစ်ဝိုက်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိလူတွေရော သတ္တဝါတွေရော ဒီနောက်ကျိနေတဲ့ ရေကိုသောက်မိရင် အကုန် ရောဂါတွေရကုန်ပြီး ဒုက္ခ ရောက်ကုန် ကြလိမ့်မယ်။ ဒါတင်မကသေးဘူး။ ဒီမြစ်ထဲက မသန့် ရှင်းတဲ့ ရေတွေ ပင်လယ်ထဲ အထိ စီးဝင်သွားမယ်ဆိုရင် ကမ္ဘာလောက တစ်ခုလုံးမှာ ရှိတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံး ကိုယ် ကျိုးနည်းကုန် တော့မှာပဲ။ မင်းက စကြဝဠာကြီးတစ်ခုလုံး ပျက်စီးသွားအောင် လုပ်ချင်နေတဲ့ ကောင်ပါလား ကွ…ဟေ ” လို့ပြောလိုက်တယ်။ဒီလို ဝံပုလွေ ငစဉ်းလဲရဲ့ စွပ်စွဲတာကို ခံလိုက်ရတော့ သိုးငယ်လည်း ရုတ်တရက် အံ့သြ မင်တက် မိသွားတယ်။ ခဏကြာ စဉ်းစားပြီးတော့ သိုးငယ်က..” ကျွန်တော် တိရစ္ဆာန် ဆရာဝန်နဲ့ သေချာစစ်ဆေး ပြီးပါပြီ။ ကျွန်တော့မှာ ဘာရောဂါမှ မရှိဘူး တဲ့ဗျ “ဒီတော့ ဝံပုလွေ က မာန်ဖီဟိန်းလိုက်ပြီး ” ဘာပြောတယ်… မင်းမှာ ဘာရောဂါမှ မရှိဘူး ဟုတ်လား။ ဒါဆို မင်း မိဘတွေမှာရော မရှိနိုင်ဘူးလား၊ အိုကွာ ကုန်ကုန်ပြောရရင် မင်းမိဘမှာ မရှိတောင် မင်းဘိုးဘေးဘီဘင်တွေမှာတော့ ရောဂါရှိနေမှာ အသေအချာဘဲ။

မင်းဘယ်လောက်ဘဲ ဆရာဝန်နဲ့ ပြထား တယ်ဘဲပြောပြော ဘာမှ အသုံးမဝင် မထိရောက်ဘူး။ ဆရာဝန်ရဲ့ အနုကြည့် မှန်ပြောင်းတွေကရော ဘယ်လောက်ကောင်းတယ်လို့ တာဝန်ယူနိုင် လို့လည်း။ မင်းက ဆရာဝန်နဲ့ ပူးပေါင်းပြီး ရောဂါမရှိပါဘူးလို့ရော လိမ်မပြောနိုင်ဘူးလား ” လို့ တရဇပ် ပြောလိုက်တယ်။ဒီတော့ သိုးငယ်လည်း ဝံပုလွေငစဉ်းလဲရဲ့အကြံကို ရိပ်စားမိလာပြီး ” ကျွန်တော် ဒီမြစ်ရေတွေကို မသောက်တော့ ပါဘူးဗျာ ” လို့ပြောပြီး တစ်ချိုးထဲ ထွက်ပြေး ပါလေတော့တယ်။မြေခွေးက ” ရပ် ” လို့ အသံကုန် အော်လိုက်ပြီး သိုးငယ်ကို ခုန်အုပ် လိုက်လေတော့တယ်။ ပြီးတော့..” မင်းက ရေကို လုံး၀ မသောက်တော့ဘူးဆိုပေမယ့် မင်းခုလို ထွက်ပြေး တဲ့တော့ မင်း မိဘ၊ ဘိုးဘေးဘီဘင်တွေကနေ ကူးလာတဲ့ရောဂါပိုးတွေက ပြေးလမ်းတစ်လျှောက် လေထဲမှာ ပျံ့နှံ့ကုန်ပြီး လေထုတွေ ညစ်ညမ်းစေကုန်တော့မှာ မင်းမစိုးရိမ်ဘူးလား။ ဒီနေ့ မင်း ကို ငါမှ ဖမ်းပြီးမစားရင်တော့ မဖြစ်တော့ပါဘူး ” လို့ပြောလေတယ်။ဒီတော့ သနားစရာ သိုးငယ်လည်း ” ကျွန်တော့ အသက်ကို ချမ်းသာပေးပါဗျာ။ ခင်ဗျားသာ ကျွန်တော့ကို ဖမ်းစားမယ်ဆိုရင် ခင်ဗျားမှာ ရောဂါတွေ ကူးစက်ပြီး သေရမှာစိုးမိတယ်ဗျ ” လို့ ပြောရှာတယ်။ဝံပုလွေလည်း မာန်တစ်ချက် ဖီလိုက်ပြီး အခုလို ပြောကာ ” ငါသေရင် သေသွားပါစေ။ ကမ္ဘာကြီးမှာ နေနေကြတဲ့ သက်ရှိတွေ အားလုံး မသေစေဘို့ ငါ့အသက်ကို မငဲ့ကွက်ဘဲ မင်းကို ငါစားရလိမ့်မယ် ” လို့ပြောပြီးသိုးငယ်ကို ချမ်းသာမပေးဘဲ ဖမ်းစား လိုက ်လေတော့တယ်။Moral – အပြစ်ရှာချင်သူတွေ အတွက် ဘယ်လိုဘဲ တောင်းပန် ဖြေရှင်း ပေမယ့် ထိရောက်မှု မရှိနိုင်ပါဘူး။ ဘယ်လိုဘဲ ရှောင်ထွက်ထွက်၊ ဘယ်လိုဘဲ အကြောင်းပြချက်တွေ ပေးပေး သူတို့ စက်ကွင်းကနေ မလွတ်နိုင်ဘူး ..ဆိုတာကို သာဓကပေးထားတာဖြစ်ပါတယ်။

Credit – မြသွေးနီ

[zawgyi]

သိုးငယ္ တစ္ေကာင္ကို ၿမိန္ရည္ယွက္ရည္ စားၿပီးတဲ့ အခ်ိန္မွာေတာ့ ဝံပုေလြငစဥ္းလဲဟာ သက္ျပင္းကိုခ်၊ ႏႈတ္ခမ္းကို သပ္ၿပီးေတာ့..” ဒီသိုးေတြကို တစ္ႀကိမ္ တစ္ေကာင္ႏႈန္းနဲ႔ ငါဖမ္းစားလာခဲ့တာ ၾကာေနၿပီ။ ေနာက္ဆို အမ်ားအျမင္ သင့္ေတာ္ေအာင္ အေၾကာင္းျပခ်က္ တစ္ခုခုရွာ ၿပီး ဖမ္းစားမွ ေကာင္းေတာ့မယ္ ” လို႔ စဥ္းစား မိလိုက္တယ္။ရက္အတန္ ၾကာတဲ့အခါ ဝံပုေလြဟာ သိုးငယ္ တစ္ေကာင္နဲ႔ ျမစ္ကမ္း နေဘးတစ္ခုမွာ သြားဆုံ ၾကတယ္။ဝံပုေလြက ” ေဟး.. မင္း ဒီေနရာမွာ ဘာလာ လုပ္တာလည္းကြ …ေဟ ” လို႔ ေျပာလိုက္တယ္။သိုးငယ္က ” ေရလာေသာက္တာပါ ခင္ဗ်ာ ” လို႔ေျဖေလတယ္။ဒီေတာ့ ဝံပုေလြက ” ေရလာေသာက္တယ္ ဟုတ္စ။ ဒီျမစ္ထဲမွာ ေရလာေသာက္ရင္ ျမစ္ေရေတြ အားလုံး ေနာက္က်ိကုန္မွာ မင္း နားမလည္ဘူးလား။ ဒီနားတစ္ဝိုက္မွာ မွီတင္းေနထိုင္တဲ့ သက္ရွိလူေတြေရာ သတၱဝါေတြေရာ ဒီေနာက္က်ိေနတဲ့ ေရကိုေသာက္မိရင္ အကုန္ ေရာဂါေတြရကုန္ၿပီး ဒုကၡ ေရာက္ကုန္ ၾကလိမ့္မယ္။ ဒါတင္မကေသးဘူး။ ဒီျမစ္ထဲက မသန႔္ ရွင္းတဲ့ ေရေတြ ပင္လယ္ထဲ အထိ စီးဝင္သြားမယ္ဆိုရင္ ကမာၻေလာက တစ္ခုလုံးမွာ ရွိတဲ့ သက္ရွိသတၱဝါေတြ အကုန္လုံး ကိုယ္ က်ိဳးနည္းကုန္ ေတာ့မွာပဲ။ မင္းက စၾကဝဠာႀကီးတစ္ခုလုံး ပ်က္စီးသြားေအာင္ လုပ္ခ်င္ေနတဲ့ ေကာင္ပါလား ကြ…ေဟ ” လို႔ေျပာလိုက္တယ္။ဒီလို ဝံပုေလြ ငစဥ္းလဲရဲ႕ စြပ္စြဲတာကို ခံလိုက္ရေတာ့ သိုးငယ္လည္း ႐ုတ္တရက္ အံ့ၾသ မင္တက္ မိသြားတယ္။ ခဏၾကာ စဥ္းစားၿပီးေတာ့ သိုးငယ္က..” ကြၽန္ေတာ္ တိရစာၦန္ ဆရာဝန္နဲ႔ ေသခ်ာစစ္ေဆး ၿပီးပါၿပီ။ ကြၽန္ေတာ့မွာ ဘာေရာဂါမွ မရွိဘူး တဲ့ဗ် “ဒီေတာ့ ဝံပုေလြ က မာန္ဖီဟိန္းလိုက္ၿပီး ” ဘာေျပာတယ္… မင္းမွာ ဘာေရာဂါမွ မရွိဘူး ဟုတ္လား။ ဒါဆို မင္း မိဘေတြမွာေရာ မရွိႏိုင္ဘူးလား၊ အိုကြာ ကုန္ကုန္ေျပာရရင္ မင္းမိဘမွာ မရွိေတာင္ မင္းဘိုးေဘးဘီဘင္ေတြမွာေတာ့ ေရာဂါရွိေနမွာ အေသအခ်ာဘဲ။မင္းဘယ္ေလာက္ဘဲ ဆရာဝန္နဲ႔ ျပထား တယ္ဘဲေျပာေျပာ ဘာမွ အသုံးမဝင္ မထိေရာက္ဘူး။ ဆရာဝန္ရဲ႕ အႏုၾကည့္ မွန္ေျပာင္းေတြကေရာ ဘယ္ေလာက္ေကာင္းတယ္လို႔ တာဝန္ယူႏိုင္ လို႔လည္း။ မင္းက ဆရာဝန္နဲ႔ ပူးေပါင္းၿပီး ေရာဂါမရွိပါဘူးလို႔ေရာ လိမ္မေျပာႏိုင္ဘူးလား ” လို႔ တရဇပ္ ေျပာလိုက္တယ္။ဒီေတာ့ သိုးငယ္လည္း ဝံပုေလြငစဥ္းလဲရဲ႕အႀကံကို ရိပ္စားမိလာၿပီး ” ကြၽန္ေတာ္ ဒီျမစ္ေရေတြကို မေသာက္ေတာ့ ပါဘူးဗ်ာ ” လို႔ေျပာၿပီး တစ္ခ်ိဳးထဲ ထြက္ေျပး ပါေလေတာ့တယ္။ေျမေခြးက ” ရပ္ ” လို႔ အသံကုန္ ေအာ္လိုက္ၿပီး သိုးငယ္ကို ခုန္အုပ္ လိုက္ေလေတာ့တယ္။ ၿပီးေတာ့..” မင္းက ေရကို လုံး၀ မေသာက္ေတာ့ဘူးဆိုေပမယ့္ မင္းခုလို ထြက္ေျပး တဲ့ေတာ့ မင္း မိဘ၊ ဘိုးေဘးဘီဘင္ေတြကေန ကူးလာတဲ့ေရာဂါပိုးေတြက ေျပးလမ္းတစ္ေလွ်ာက္ ေလထဲမွာ ပ်ံ႕ႏွံ႔ကုန္ၿပီး ေလထုေတြ ညစ္ညမ္းေစကုန္ေတာ့မွာ မင္းမစိုးရိမ္ဘူးလား။ ဒီေန႔ မင္း ကို ငါမွ ဖမ္းၿပီးမစားရင္ေတာ့ မျဖစ္ေတာ့ပါဘူး ” လို႔ေျပာေလတယ္။ဒီေတာ့ သနားစရာ သိုးငယ္လည္း ” ကြၽန္ေတာ့ အသက္ကို ခ်မ္းသာေပးပါဗ်ာ။ ခင္ဗ်ားသာ ကြၽန္ေတာ့ကို ဖမ္းစားမယ္ဆိုရင္ ခင္ဗ်ားမွာ ေရာဂါေတြ ကူးစက္ၿပီး ေသရမွာစိုးမိတယ္ဗ် ” လို႔ ေျပာရွာတယ္။ဝံပုေလြလည္း မာန္တစ္ခ်က္ ဖီလိုက္ၿပီး အခုလို ေျပာကာ ” ငါေသရင္ ေသသြားပါေစ။ ကမာၻႀကီးမွာ ေနေနၾကတဲ့ သက္ရွိေတြ အားလုံး မေသေစဘို႔ ငါ့အသက္ကို မငဲ့ကြက္ဘဲ မင္းကို ငါစားရလိမ့္မယ္ ” လို႔ေျပာၿပီးသိုးငယ္ကို ခ်မ္းသာမေပးဘဲ ဖမ္းစား လိုက ္ေလေတာ့တယ္။Moral – အျပစ္ရွာခ်င္သူေတြ အတြက္ ဘယ္လိုဘဲ ေတာင္းပန္ ေျဖရွင္း ေပမယ့္ ထိေရာက္မႈ မရွိႏိုင္ပါဘူး။ ဘယ္လိုဘဲ ေရွာင္ထြက္ထြက္၊ ဘယ္လိုဘဲ အေၾကာင္းျပခ်က္ေတြ ေပးေပး သူတို႔ စက္ကြင္းကေန မလြတ္ႏိုင္ဘူး ..ဆိုတာကို သာဓကေပးထားတာျဖစ္ပါတယ္။