အဖိုးအို၊ မြင်းတစ်ကောင်နဲ့ ဝေဖန်စကားများ

ရွာတစ်ရွာ မှာ အဖိုးအို တစ်ဦး ရှိတယ်။ ဆင်းဆင်း ရဲရဲ ပဲ ထင်းခွေ၊ ဈေးရောင်းနဲ့ အသက်မွေး ရတယ် လို့ ဆိုတယ်။ အဲ့ ဆင်းရဲသား အဖိုးအို မှာ ဆင်းရဲ ချို့တဲ့ နေတာ က လွဲရင် ဘုရင် ဧကရာဇ် တွေကတောင် မနာလို ဖြစ်ရတဲ့ အကြောင်း တစ်ခု ရှိတယ်။ အဲ့ဒါက သူ့မှာ အင်မတန် လှပ တဲ့ မြင်းဖြူကြီး တစ်ကောင် ရှိနေတယ် ဆိုတာပဲ။ အဲ့လို မြင်းဖြူ ဖောင်းကြွမျိုး ဟာ အရင် တုန်းက တစ်ခါမှ မရှိခဲ့ဖူး တဲ့ မြင်းကောင်း မြင်းလှကြီး။ သန်နှုန်းရော မြန်နှုန်းရော ဝင့်ကြွားနေတဲ့အလှအပရော ဘယ်စစ်သည်မြင်း၊ ဘယ် ဘုရင်မြင်းနဲ့မှ မတူ သာ လွန်နေ တယ်။ အဲ့သည် ခေတ် အခါ နဲ့ ဆိုရင် မြင်းတွေဟာ ခုခေတ် ဇိမ်ခံကားတွေ လိုမျိုး ဖြစ်ပါတယ်။ မျိုးကောင်း မျိုးသန့်၊ ထောင်ထောင် မောင်းမောင်း မြင်းတွေ ဟာ တန်ဖိုး ကြီးမား တဲ့ ဥစ္စာ ရတနာ တစ်မျိုး လို့ သတ်မှတ်ကြတဲ့ ခေတ်ပဲ။ ဧကရာဇ် မင်း တွေ က အဲ့သည် မြင်းကောင်း မြင်းလှကြီး ကို မြင်တော့ အပြိုင်အဆိုင် လိုချင်ကြတယ်။ အဘိုးအို ကို ရွှေငွေ ဥစ္စာတွေ ပုံပေးပြီး သူ့ ထက် ငါ အလု အယက် ဝယ်ယူ ချင်ကြ တယ်။ ဒီ မြင်း ကို ရောင်းလိုက် တာနဲ့ ဒီ ဆင်းရဲသား အဖိုးအို နေ့ချင်း ညချင်း လိုလေးသေး မရှိ ကျိကျိ တက် ချမ်းသာ သွားမှာပဲ။ ဒါပေမယ့် အဖိုး အိုက လာဝယ်တဲ့ ဘုရင်ဧကရာဇ် တိုင်း ကို ငြင်းပစ်တယ်။ မြင်းရောင်းပါ လို့ လာပြော တိုင်း သူ က ဒီလို ပြန်လျောက်ရင်း ပြောတယ် ။ “အရှင် မင်းကြီး တို့၊ သူဟာ မြင်း တစ်ကောင် ဆိုပေမယ့်၊ ဘုရား ကျွန်တော်မျိုး အတွက် မြင်းတစ်ကောင် မဟုတ် ပါဘူး။ သူဟာ ကျွန် တော်မျိုး ကြီး အတွက် လူ တစ်ယောက် သာ ဖြစ်ပါတယ်။ လူ တစ်ယောက် ကို လူ တစ်ယောက် က ဘယ် အဖိုးအခ နဲ့ ရောင်းချ ပါ့မလဲ အရှင်။ စင်စစ် သူဟာ ကျွန်တော်မျိုး ရဲ့ မိတ်ဆွေ သာ ဖြစ်ပါတယ်။ ကျွန်တော်မျိုး ပိုင်ဆိုင် တဲ့ အရာဝတ္ထု တစ်ခု မဟုတ်ပါ။ ရှင်မင်းကြီး အနေနဲ့ မိမိ မိတ်ဆွေ တစ်ဦး ကို ဘယ်လို ငွေကြေးနဲ့ ရောင်းချပါမည်လဲ။ ဘယ် အကြောင်း နဲ့မှ မဖြစ်နိုင်ပါဘူး အရှင်”ဒီလိုနဲ့ အဘိုးအို ဟာ ဆင်းရဲ မြဲ ဆင်းရဲလျက်ပဲ။ သူ့မြင်းဖြူကြီးကို ဘယ်မှ မရောင်းချဘဲ နေထိုင်လာခဲ့တယ်။တစ်နေ့ မနက် တော့ မြင်းဇောင်း မှာ မြင်းဖြူကြီး ရုတ်တရက် ပျောက် သွားတယ်။ အဖိုးအို လည်း အတတ်နိုင်ဆုံး လိုက်ရှာ တယ်။ ဒါပေမယ့် မတွေ့ဘူး ရယ်။ မြင်းဖြူကြီး ပျောက်သွားတယ် ဆိုတာ ကြားတော့ ရွာသူ ရွာသား တွေ စုဝေးပြီး ရောက်တယ်။ အဘိုးအို ကို ဝိုင်း ပြော ကြ တယ်။ “ခင်ဗျား က တကယ့် ရူးနေ တဲ့ အဘိုးကြီး။ ကျုပ်တို့ ဒါကို အစောကြီးကတည်းက ကြိုမြင်တာပေါ့။ တစ်နေ့နေ့မှာ ဒီမြင်း ဟာ အခိုးခံရမယ်၊ အခုတော့ သွားပြီ ခင်ဗျား ဘာ ဖြစ်သေးလဲ။ မွဲမြဲ မွဲ၊ ဆင်းရဲ မြဲ ဆင်းရဲ နေတာပဲ မဟုတ်လား။ ဒီလောက် တန်ဖိုး ကြီး တဲ့ အရာကို ခင်ဗျား အနေနဲ့ ဘယ်လိုလုပ် ထိန်းသိမ်း ထားနိုင် မှာ တဲ့လဲ။ ရတောင့် ရခဲ ရွှေငွေ တွေ ပုံပေး တုန်းက မယူ ခဲ့တဲ့ ခင်ဗျား အခုတော့ အကုန် ဆုံးပြီ။ မြင်းလည်း မရှိ၊ ငွေလည်း မရ။ ခင်ဗျား ဘဝက ဘယ် ဝဋ်ဒုက္ခ ခံဖို့များ ဖြစ်လာ သလဲဗျာ။ အင်မတန် ကံဆိုး တဲ့ လူ”အဲ့လို ဝိုင်းပြော တော့ အဘိုးအိုက ငြင်းပယ် ပါတယ်။ “ခင်ဗျားတို့ ပြောတာ များလွန်းနေပြီ။ သိပ် ရှည်ရှည် ဝေးဝေး မယူလိုက် ကြပါ နဲ့။ အခု မြင်းဇောင်း ထဲမှာ မြင်း မရှိတော့ဘူး။ ဒါပဲ မဟုတ်လား ။ ဒါဆို ဒါပဲ ပြောပါ။ မြင်းဇောင်းထဲမှာ မြင်းမရှိဘူး ဆိုတဲ့ အချက် က လွဲ ရင် ကျန်တာ ဟာ ခင်ဗျား တို့ အတွေးနဲ့ ခင်ဗျားတို့ ဆုံးဖြတ် ပြောဆို နေတာသာ ဖြစ်ပါတယ်။ အခု ဖြစ်တာကို ကံဆိုးတယ် ၊ အခုဖြစ် တာ ကို ကံကောင်းတယ် လို့ ခင်ဗျားတို့ ဘယ်လို သိပြီး ဘယ်လို ဆုံးဖြတ် မှာတဲ့လဲ။ ခင်ဗျား တို့ ဘယ်နည်း ဘယ်လမ်းနဲ့ အပ်ကျမတ်ကျ ဘယ်လို ဝေဖန် ကြရတာ တဲ့လဲ”ရွာသား တွေက “ကျုပ် တို့ကို အရူး မလုပ်စမ်းပါနဲ့ အဘိုးကြီးရာ။ ခင်ဗျား ပြောတာတွေကို ဖြေရအောင် ကျုပ်တို့က ပညာရှိတွေ၊ ဘုန်းကြီး တွေ မဟုတ်ဘူး။ အခု ဖြစ်တာ ကို တွေးကြည့်ဖို့ ဘာများ ထွေထွေ ထူးထူး တွေးခေါ်ဖို့ လိုနေ သေးလဲ။ ခင်ဗျား ငွေတွေ အများကြီး ရ ဖို့ ရှိတာ ရှောင်လွှဲ ခဲ့တယ်။ အခု အဲ့ဒီ ငွေပေါက်ကြီး ပျောက်သွားပြီ။ ခင်ဗျား ကိုက အသုံးမကျတာ မဟုတ်လို့ ဘာ ဖြစ်ရဦး မှာ လဲ။ ခင်ဗျား လို အသုံးမကျတာ မျိုး ဘယ်သူ ရှိမလဲ”အဘိုးအို က “ကျနော် ရိုးရိုး ပဲ ပြောပါမယ်။ မြင်းဇောင်း ထဲမှာ မြင်းမရှိဘူး၊ ဒါပဲ။ ဒါကလွဲရင် အခြား ကျနော် မသိဘူး။ ကံကောင်း တာ လား၊ ကံဆိုး တာလား ကျနော် ဝေဖန် နေစရာ မလိုဘူး။ အခု ဖြစ်တာဟာ ဖြစ်ရပ်လေး တစ်ခုပဲ။ အဲ့ဒီနောက်မှာ ဘာတွေ ဖြစ်မယ် ဘယ်လိုတွေ ဖြစ်မယ် ဘယ်သူ ဘယ်နည်း နဲ့ သိမလဲ၊ ကဲ ပြောကြပါ”လူတွေ က ခေါင်း တစ်ခါခါ၊ လည် တစ်ခါခါ ရယ်မော ကြ၊ လှောင်ပြောင်သွား ကြတယ်။ ဒီအဘိုးကြီးကို အရူးပဲ လို့ တွေးထား လိုက်ကြ တယ်။ ဒါ ဟာ လူတွေ တွေးနေကျ ထုံးစံ လိုလို ဖြစ်နေပြီရယ်။ သူ့မှာ မြင်း တစ်ကောင် ရောင်း လိုက်ရုံနဲ့ ချမ်းသာနေပြီ ကို၊ သူမို့ ငြင်းဆန် ခဲ့တယ်။ အဲ့ အချိန် ကတည်းက သူ တော်တော် မိုက်မဲ နေပြီ လို့ သတ်မှတ် ပါတယ်။ အခု မြင်း လည်း မရှိတော့ဘူး မြွေပါ လည်း ဆုံး ၊ သား လည်း ဆုံး၊ ပိုက်ဆံ လည်း မရ၊ မြင်းလည်း ဆုံး။ သူ့လောက် မိုက်မဲသူ၊ သူ့လောက် ရူးသွပ်သူ ဘယ်သူမှ မရှိနိုင် ဘူး။ ဒါက လူတွေ ရဲ့ အထင်၊ အမြင် ဆုံးဖြတ် ချက် ဖြစ်ပါတယ်။အဘိုးအို ကတော့ သူ့ ရဲ့ ပုံမှန် နိစ္စဓူဝ အလုပ်တွေ ပုံမှန် လုပ်နေဆဲ။ ထင်းခွေတယ်။ တောဝင်တယ်။ အဘိုးအို အရွယ် ပင်ပင် ပန်းပန်း ပေ မယ့် ထမ်းပြု လှုပ်ရှား လုပ်ကိုင် နေတယ်။ ရသမျှ ထင်းစည်း ဈေးမှာ သွားရောင်းတယ်။ သူ့ ဘဝ ဟာ လက်လှုပ်မှ ပါးစပ် စား၊ ထမင်း ဝ ရတဲ့ ဆင်း ရဲသား ဘဝ သာ ဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးအို အတွက် အဝေဖန်စကား ဆိုနေစရာ မဟုတ်ဘူး ။ သူ ဖြစ်ရပ် ကို ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့တယ် လို့သာ မြင်တယ်။ သူ ပုံမှန် အလုပ်လုပ် နေဆဲ၊ သူ့ အတွင်း သန္တာန် မှာ သူ့ နားလည်မှု နဲ့ သူ ချမ်းမြေ့နေ ဆဲ။လဝက် လောက်ကြာတဲ့ နေ့ ညနေခင်း အရောက်မှာ မြင်းဖြူကြီး ရုတ်တရက် ပြန်ရောက် လာခဲ့တယ်။ စင်စစ် ဒီမြင်းက အခိုး ခံရတာ မဟုတ်ဘူး။ တောထဲ ဝင်သွား ခဲ့တာ သက်သက်။ အခု သူ ပြန်လာတော့ သူတစ်ကောင် တည်း မဟုတ်ဘူး။ သူနဲ့ အတူ မြင်းပေါင်း တစ် ဒါဇင် လောက် ပါလာတယ်။ ဒီအခါ ရွာသားတွေလည်း ပြန် စုဝေးလာပြီး “အဘိုးကြီး၊ ခင်ဗျား မှန်ပါတယ်။ ကျုပ် တို့ မှားသွား တယ်။ တကယ်က ဒါဟာ ကံဆိုး တာ မ ဟုတ်ဘူး။ ခင်ဗျား အတွက် ကံကောင်းတာ ပါပဲ။ ကျုပ်တို့ ဝေဖန်မိ ပြောမိ တာ တောင်းပန် ပါတယ်။”အဲ့အခါ အဘိုးအို က “ခင်ဗျားတို့ ပြောတာ များလွန်း နေပြီ။ သိပ် ရှည်ရှည် ဝေးဝေး မယူ လိုက် ကြပါနဲ့။ အခု မြင်း ပြန်ရောက် လာတယ် မလား ပြန်လာတယ် ပဲ ပြောကြပါ။ သူနဲ့ အတူ မြင်းဆယ့်နှစ်ကောင် ပါလာတယ် ဒါဆို ပါလာတယ် ပဲ ပြောကြပါ။ ဒါဟာ ကံကောင်း တာလား ဒါမှမဟုတ် ကံဆိုးတာလား ဘယ်သူ ဝေဖန် နိုင်မှာ တဲ့လဲ ။ ဘယ်သူ သိနိုင်မှာ တဲ့လဲ။ အခု အရာဟာ ကြုံဆုံ ရတဲ့ ဖြစ်ရပ် လေး တစ်ခု သာ ဖြစ်ပါတယ်။ ရှေ့လျောက် ဘာဖြစ်မယ် လို့ ဘယ်သူ အတိအကျ ပြောနိုင် ပါသလဲ။ ခင်ဗျားတို့ စာအုပ် တစ်အုပ် ဖတ် တယ် ဆိုပါစို့။ စာအုပ်တ စ်အုပ် လုံးမှဖြင့် မသိသေးဘဲ တစ်မျက်နှာလောက် ဖတ်ပြီး ဘယ်လို သိမလဲ။ ခင်ဗျားတို့ အခု မြင် ရတာဟာ တစ်အုပ်လုံးထဲက တစ်မျက်နှာ၊ တစ်မျက်နှာထဲကမှ စာတစ်ကြောင်းသာ ဖြစ်တယ်။ ဒီစာတစ်ကြောင်းကို ကြည့်ပြီး တစ်ခုလုံးကို ခင်ဗျားတို့ ဘယ်လို ဝေဖန် မလဲ။ တကယ်တော့ အခု အဖြစ်ဟာ စာတစ်ကြောင်းစာ၊ စကားတစ်လုံးစာ တောင် ရှိမနေဘူး ရယ်။ ဘဝဆိုတာ ပြင်ကျယ်ကြီး တစ်ခုပါ။ ဒါကို အစိတ်အပိုင်းလေး ပဲ ကြည့်ပြီး ဝေဖန်မယ် ချက်ချင်း ဆုံးဖြတ် မယ် ဆိုရင် ဘယ်သူ အမှား ဖြစ်မလဲ။ ဒါ့ကြောင့် ကံကောင်းတယ် လို့လည်း မသုံး ပါနဲ့။

ဒါဟာ ကောင်းလား ဆိုးလား ဘယ်သူမှ မသိနိုင်ဘူးရယ်။ ကျနော် ဘာမှ မဝေဖန်ဘူး ကိုယ့်လူတို့ ရလာတဲ့ အတိုင်း လက်ခံထားတာ သက် သက်။ ဒါဟာ ကျနော့်ရဲ့ ကြည်လင်နေတဲ့ အဖြစ် သက်သက်။ အခြား ဝေဖန် တဲ့ အတွေးတွေနဲ့ ခင်ဗျားတို့ တွေလည်း စိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့။”ဒီတစ်ကြိမ်မှာတော့ ရွာသားတွေလည်း ဘာမှ ခွန်းတုံ့ စကား ဆိုမနေ ကြတော့ဘူးရယ်။ အဘိုးအိုရဲ့ စကားဟာ အမှန် ကို ပြော တာ ဖြစ် ကောင်း ဖြစ် မယ် ဒါပေမယ့် စိတ် ထဲမှာ သိပ်လက်မခံ ဘူး။ ဘာလို့ဆိုအခု မြင်းကြီး ပြန်ရောက် လာတယ် အခြား မြင်းတွေ လည်း ပါလာ တယ်။ ဒီထဲက နည်းနည်း ဖြစ်ဖြစ်ပဲ ခွဲဝေ ရောင်းလိုက်ဦး ငွေစ ကြေးစ ရွှင်မယ်။ တင့်တောင်း တင့်တယ် နေနိုင်မှာပဲ ဒါဟာ ကံကောင်းတာ မဟုတ် လို့ ဘာလဲ။ သူတို့ အတွေး ထဲမှာ ထင်ချင်သလို တွေးချင်သလို တွေးယူ ပြီး ဘာမှ မပြောဘဲ ပြန် သွားကြ တယ်။အဘိုးအို မှာ သားငယ် တစ်ယောက် ရှိတယ်။သူ့ရဲ့ တစ်ဦးတည်းသော သားလေး ဖြစ်ပါတယ်။ အဲ့ သားငယ်လေး က ပါလာ တဲ့ မြင်းတွေ ကို ထိန်းကျောင်း ပေး ရတယ်။ ရက်သတ္တတစ်ပါတ် အကြာမှာတော့ ကောင်လေး က မြင်းကျောင်း ရင်း မြင်းတစ်ကောင် ပေါ် က ပြုတ် ကျတယ်။ ခြေကျိုးသွား တယ်။ ကုသ မရတော့ဘဲ ဒုက္ခိတ ဘဝ ဖြစ်သွား ရတော့တယ်။ ဒီ တစ်ကြိမ် လည်း ရွာသားတွေ ပြန်စု လာပြန် တယ်။ ဟိုနား ဒီနားက လာသမျှ လူတွေ က ဒီ ဖြစ်ရပ် ကို ကြည့်ပြီး ထုံးစံ အတိုင်း ဝေဖန် ကြပြန်တယ်။ “အဘိုးကြီးရေ ခင်ဗျား မှန်တယ် ဗျို့။ ဒါဟာ ကံကောင်း တာ လည်း မဟုတ်ဘူးဗျ ခင်ဗျား အတွက် ကံဆိုးတာ။ အခု ဘယ့်နှယ် ဒီသားလေး တစ်ဦးတည်း ရှိတာ ဒီမြင်း တွေ ကြောင့် ဒုက္ခိတ ဖြစ်ရပြီ။ ခင်ဗျား ဒီ အသက် အရွယ် အိုကြီး အိုမ နဲ့ အားကိုးစရာ၊ ချစ်စရာက ဒီသား မဟုတ်လား။ အခုတော့ ခင်ဗျား အားကိုးရ လောက်တဲ့ သားက ဒုက္ခိတ ဖြစ်သွားပြီ ခင်ဗျား လောက် ကံဆိုး တဲ့ သူ ဘယ်သူ ရှိဦး မလဲ။”အဲ့တော့ အဘိုးအို လည်း “ခင်ဗျား တို့ ဝေဖန်ပြီး ရင်းကို ဝေဖန် နေကြပါလား။ ကိစ္စလေး တစ်ခု ကြည့်ပြီး ချက်ချင်း လိုလို ဆုံးဖြတ်ပြီး ရင်း ဆုံးဖြတ် နေကြတာပါလား။ ခင်ဗျား တို့ ပြောတာ များလွန်းနေပြီ ကိုယ့်လူတို့။ သိပ် ရှည်ရှည် ဝေးဝေး မယူလိုက် ကြပါနဲ့။ အခု ကျုပ် သား ခြေထောက်ကျိုးသွားတယ်။ ဟုတ်တယ်ဟုတ် ? ဒါဆို ကျိုးသွားတယ် ပဲ ပြောပါ။ ဒါဟာ ဖြစ်ရပ် တစ်ခုပါ။ ကံကောင်း လား ကံဆိုး လား ဘယ်သူ ဆုံးဖြတ် နိုင်မှာ တဲ့လဲ။”နောက် တစ်နှစ် လောက် ကြာ တဲ့ အခါ အဘိုးအို နေတဲ့ တိုင်းပြည် ဟာ အိမ်နီးချင်း နိုင်ငံ တစ်ခု နဲ့ စစ်ဖြစ်တယ်။ တိုင်းပြည် မြို့ရွာ အနှံ့ က အရွယ် ရောက်ပြီးသူ လူငယ် လူရွယ် တွေ အားလုံး မဝင် မနေရ အမိန့်နဲ့ စစ်တပ်ဖွဲ့၊ စစ်သားတွေ စုဆောင်း ကြတယ်။ အဲ့ အထဲ မှာ အဘိုးအိုရဲ့ သား က တော့ ဒုက္ခိတ မို့ စာရင်းထဲက ဖယ်ပြီး ကျန်ရစ် ခဲ့တယ်။ အဲ့အချိန် မှာ ရွာသူရွာသားတွေ စုဝေးပြီး ငိုကြွေး ပြော ဆို ကြပြန်တယ်။ ဘာလို့ဆို သူတို့ရဲ့ သားငယ်တွေ အားလုံး စစ်ထဲ ပါသွားကြရတယ်။ စစ်ပွဲ အခြေအနေ ကို ကြည့်ရင် လည်း တစ်ဘက် နိုင်ငံ ရဲ့ အင်အားနဲ့ လက်ရှိ အခြေအနေ အရ အရှုံး သာ ရှိတယ်။ သေဖို့ပဲ ရှိတယ်။ သေလမ်းကို သိသိနဲ့ ဘုရင့် အမိန့်ကြောင့် သာ မရှောင်မလွှဲသာ ထည့်လိုက်ရတာမို့ – မိဘတွေ ဖြစ်သူ ဒီရွာသားတွေ ဝမ်းပန်းတနည်း ဖြစ်ကြရတယ်။ ဒါ့ကြောင့် ငိုကြွေး မြည်တမ်း ရင်း အဖိုးအိုကို ပြောကြပြန်တယ်။ “အဘိုးကြီး ဒီတစ်ခါလည်း ခင်ဗျား မှန်ပြန်ပြီ။ အမှန်ပါပဲ။ ခင်ဗျားဟာ ဘုရားသခင်လား တောင် မှတ်ရပါရဲ့။ အခု ခင်ဗျားသား ဒုက္ခိတ ဒါပေမယ့် ခင်ဗျား အနား မှာ ရှိနေနိုင်တယ်။ ကျုပ်တို့ရဲ့ သားတွေ ကတော့ သွားကြရရှာပြီ။ သေဖို့ များတဲ့ လမ်းကို သွားကြရပြီ။ ခင်ဗျား ရဲ့ သားဟာ ဒုက္ခိတ မို့ ဆိုပေမယ့် ခင်ဗျားရဲ့ ရင်နှစ်သည်းချာ ရှင်သန်နေရက်သား ခင်ဗျား ဘေးမှာ ထွေးပွေ့ နေနိုင်တယ်။ ကံကောင်း ရင် တဖြည်းဖြည်း ကုသ နိုင်လို့ လျောက်ရင်း လှမ်းရင်းပြန်ကောင်းရင် ကောင်းလာနိုင်တယ်။ ခင်ဗျား အဖို့ ကံကောင်း ပါတယ် လေ။ ကျုပ်တို့ သားတွေ က တော့ “အဖိုးအို လည်း ရွာသားတွေ အပေါ် ကြည်လင်တဲ့ အကြည့်နဲ့ ဂရုဏာ သက်သက် ကြည့်လိုက်ရင်း “ခင်ဗျား တို့တွေ နဲ့ ကျုပ် ဘယ်လို စကားပြောရမလဲ။ အခု ကြည့်ပါ တစ်ခုပြီး တစ်ခု ဆက်ကာ ဆက်ကာ ခင်ဗျား တို့ ဝေဖန် ပြောကြတယ်။ ခုတစ်မျိုး ဖြစ်ရင်း တော်ကြာ တစ်မျိုး ဖြစ်သွားရပြန်တယ်။ အခု ဖြစ်တဲ့ အရာဟာ ဖြစ်ရပ်လေး တစ်ခုပါ။ ခင်ဗျား တို့ ပြော တာ များလွန်း နေပြီ ကိုယ့်လူတို့။ သိပ်ရှည်ရှည် ဝေးဝေး မယူလိုက်ကြပါနဲ့။ ဖြစ်ရပ်တစ်ခုဟာ ကောင်းတယ် ဆိုး တယ် ခင်ဗျား တို့ ဘယ် ပညာနဲ့ ဝေဖန် ကြသလဲ။ ဖြစ်ရပ်က ဖြစ်နေပါတယ်။ ဖြစ်ခဲ့ပါတယ်။ ဖြစ်လာပါလိမ့် ဦးမယ်။ ခင်ဗျားတို့ ဘယ် အသိ စိတ်၊ ဘယ် ဉာဏ် နဲ့ ဝေဖန်ကြပါသလဲ။”

credit – original

[zawgyi]

႐ြာတစ္႐ြာ မွာ အဖိုးအို တစ္ဦး ရွိတယ္။ ဆင္းဆင္း ရဲရဲ ပဲ ထင္းေခြ၊ ေဈးေရာင္းနဲ႔ အသက္ေမြး ရတယ္ လို႔ ဆိုတယ္။ အဲ့ ဆင္းရဲသား အဖိုးအို မွာ ဆင္းရဲ ခ်ိဳ႕တဲ့ ေနတာ က လြဲရင္ ဘုရင္ ဧကရာဇ္ ေတြကေတာင္ မနာလို ျဖစ္ရတဲ့ အေၾကာင္း တစ္ခု ရွိတယ္။ အဲ့ဒါက သူ႔မွာ အင္မတန္ လွပ တဲ့ ျမင္းျဖဴႀကီး တစ္ေကာင္ ရွိေနတယ္ ဆိုတာပဲ။ အဲ့လို ျမင္းျဖဴ ေဖာင္းႂကြမ်ိဳး ဟာ အရင္ တုန္းက တစ္ခါမွ မရွိခဲ့ဖူး တဲ့ ျမင္းေကာင္း ျမင္းလွႀကီး။ သန္ႏႈန္းေရာ ျမန္ႏႈန္းေရာ ဝင့္ႂကြားေနတဲ့အလွအပေရာ ဘယ္စစ္သည္ျမင္း၊ ဘယ္ ဘုရင္ျမင္းနဲ႔မွ မတူ သာ လြန္ေန တယ္။ အဲ့သည္ ေခတ္ အခါ နဲ႔ ဆိုရင္ ျမင္းေတြဟာ ခုေခတ္ ဇိမ္ခံကားေတြ လိုမ်ိဳး ျဖစ္ပါတယ္။ မ်ိဳးေကာင္း မ်ိဳးသန႔္၊ ေထာင္ေထာင္ ေမာင္းေမာင္း ျမင္းေတြ ဟာ တန္ဖိုး ႀကီးမား တဲ့ ဥစၥာ ရတနာ တစ္မ်ိဳး လို႔ သတ္မွတ္ၾကတဲ့ ေခတ္ပဲ။ ဧကရာဇ္ မင္း ေတြ က အဲ့သည္ ျမင္းေကာင္း ျမင္းလွႀကီး ကို ျမင္ေတာ့ အၿပိဳင္အဆိုင္ လိုခ်င္ၾကတယ္။ အဘိုးအို ကို ေ႐ႊေငြ ဥစၥာေတြ ပုံေပးၿပီး သူ႔ ထက္ ငါ အလု အယက္ ဝယ္ယူ ခ်င္ၾက တယ္။ ဒီ ျမင္း ကို ေရာင္းလိုက္ တာနဲ႔ ဒီ ဆင္းရဲသား အဖိုးအို ေန႔ခ်င္း ညခ်င္း လိုေလးေသး မရွိ က်ိက်ိ တက္ ခ်မ္းသာ သြားမွာပဲ။ ဒါေပမယ့္ အဖိုး အိုက လာဝယ္တဲ့ ဘုရင္ဧကရာဇ္ တိုင္း ကို ျငင္းပစ္တယ္။ ျမင္းေရာင္းပါ လို႔ လာေျပာ တိုင္း သူ က ဒီလို ျပန္ေလ်ာက္ရင္း ေျပာတယ္ ။ “အရွင္ မင္းႀကီး တို႔၊ သူဟာ ျမင္း တစ္ေကာင္ ဆိုေပမယ့္၊ ဘုရား ကြၽန္ေတာ္မ်ိဳး အတြက္ ျမင္းတစ္ေကာင္ မဟုတ္ ပါဘူး။ သူဟာ ကြၽန္ ေတာ္မ်ိဳး ႀကီး အတြက္ လူ တစ္ေယာက္ သာ ျဖစ္ပါတယ္။ လူ တစ္ေယာက္ ကို လူ တစ္ေယာက္ က ဘယ္ အဖိုးအခ နဲ႔ ေရာင္းခ် ပါ့မလဲ အရွင္။ စင္စစ္ သူဟာ ကြၽန္ေတာ္မ်ိဳး ရဲ႕ မိတ္ေဆြ သာ ျဖစ္ပါတယ္။ ကြၽန္ေတာ္မ်ိဳး ပိုင္ဆိုင္ တဲ့ အရာဝတၳဳ တစ္ခု မဟုတ္ပါ။ ရွင္မင္းႀကီး အေနနဲ႔ မိမိ မိတ္ေဆြ တစ္ဦး ကို ဘယ္လို ေငြေၾကးနဲ႔ ေရာင္းခ်ပါမည္လဲ။ ဘယ္ အေၾကာင္း နဲ႔မွ မျဖစ္ႏိုင္ပါဘူး အရွင္”ဒီလိုနဲ႔ အဘိုးအို ဟာ ဆင္းရဲ ၿမဲ ဆင္းရဲလ်က္ပဲ။ သူ႔ျမင္းျဖဴႀကီးကို ဘယ္မွ မေရာင္းခ်ဘဲ ေနထိုင္လာခဲ့တယ္။တစ္ေန႔ မနက္ ေတာ့ ျမင္းေဇာင္း မွာ ျမင္းျဖဴႀကီး ႐ုတ္တရက္ ေပ်ာက္ သြားတယ္။ အဖိုးအို လည္း အတတ္ႏိုင္ဆုံး လိုက္ရွာ တယ္။ ဒါေပမယ့္ မေတြ႕ဘူး ရယ္။ ျမင္းျဖဴႀကီး ေပ်ာက္သြားတယ္ ဆိုတာ ၾကားေတာ့ ႐ြာသူ ႐ြာသား ေတြ စုေဝးၿပီး ေရာက္တယ္။ အဘိုးအို ကို ဝိုင္း ေျပာ ၾက တယ္။ “ခင္ဗ်ား က တကယ့္ ႐ူးေန တဲ့ အဘိုးႀကီး။ က်ဳပ္တို႔ ဒါကို အေစာႀကီးကတည္းက ႀကိဳျမင္တာေပါ့။ တစ္ေန႔ေန႔မွာ ဒီျမင္း ဟာ အခိုးခံရမယ္၊ အခုေတာ့ သြားၿပီ ခင္ဗ်ား ဘာ ျဖစ္ေသးလဲ။ မြဲၿမဲ မြဲ၊ ဆင္းရဲ ၿမဲ ဆင္းရဲ ေနတာပဲ မဟုတ္လား။ ဒီေလာက္ တန္ဖိုး ႀကီး တဲ့ အရာကို ခင္ဗ်ား အေနနဲ႔ ဘယ္လိုလုပ္ ထိန္းသိမ္း ထားႏိုင္ မွာ တဲ့လဲ။ ရေတာင့္ ရခဲ ေ႐ႊေငြ ေတြ ပုံေပး တုန္းက မယူ ခဲ့တဲ့ ခင္ဗ်ား အခုေတာ့ အကုန္ ဆုံးၿပီ။ ျမင္းလည္း မရွိ၊ ေငြလည္း မရ။ ခင္ဗ်ား ဘဝက ဘယ္ ဝဋ္ဒုကၡ ခံဖို႔မ်ား ျဖစ္လာ သလဲဗ်ာ။ အင္မတန္ ကံဆိုး တဲ့ လူ”အဲ့လို ဝိုင္းေျပာ ေတာ့ အဘိုးအိုက ျငင္းပယ္ ပါတယ္။ “ခင္ဗ်ားတို႔ ေျပာတာ မ်ားလြန္းေနၿပီ။ သိပ္ ရွည္ရွည္ ေဝးေဝး မယူလိုက္ ၾကပါ နဲ႔။ အခု ျမင္းေဇာင္း ထဲမွာ ျမင္း မရွိေတာ့ဘူး။ ဒါပဲ မဟုတ္လား ။ ဒါဆို ဒါပဲ ေျပာပါ။ ျမင္းေဇာင္းထဲမွာ ျမင္းမရွိဘူး ဆိုတဲ့ အခ်က္ က လြဲ ရင္ က်န္တာ ဟာ ခင္ဗ်ား တို႔ အေတြးနဲ႔ ခင္ဗ်ားတို႔ ဆုံးျဖတ္ ေျပာဆို ေနတာသာ ျဖစ္ပါတယ္။ အခု ျဖစ္တာကို ကံဆိုးတယ္ ၊ အခုျဖစ္ တာ ကို ကံေကာင္းတယ္ လို႔ ခင္ဗ်ားတို႔ ဘယ္လို သိၿပီး ဘယ္လို ဆုံးျဖတ္ မွာတဲ့လဲ။ ခင္ဗ်ား တို႔ ဘယ္နည္း ဘယ္လမ္းနဲ႔ အပ္က်မတ္က် ဘယ္လို ေဝဖန္ ၾကရတာ တဲ့လဲ”႐ြာသား ေတြက “က်ဳပ္ တို႔ကို အ႐ူး မလုပ္စမ္းပါနဲ႔ အဘိုးႀကီးရာ။ ခင္ဗ်ား ေျပာတာေတြကို ေျဖရေအာင္ က်ဳပ္တို႔က ပညာရွိေတြ၊ ဘုန္းႀကီး ေတြ မဟုတ္ဘူး။ အခု ျဖစ္တာ ကို ေတြးၾကည့္ဖို႔ ဘာမ်ား ေထြေထြ ထူးထူး ေတြးေခၚဖို႔ လိုေန ေသးလဲ။ ခင္ဗ်ား ေငြေတြ အမ်ားႀကီး ရ ဖို႔ ရွိတာ ေရွာင္လႊဲ ခဲ့တယ္။ အခု အဲ့ဒီ ေငြေပါက္ႀကီး ေပ်ာက္သြားၿပီ။ ခင္ဗ်ား ကိုက အသုံးမက်တာ မဟုတ္လို႔ ဘာ ျဖစ္ရဦး မွာ လဲ။ ခင္ဗ်ား လို အသုံးမက်တာ မ်ိဳး ဘယ္သူ ရွိမလဲ”အဘိုးအို က “က်ေနာ္ ႐ိုး႐ိုး ပဲ ေျပာပါမယ္။ ျမင္းေဇာင္း ထဲမွာ ျမင္းမရွိဘူး၊ ဒါပဲ။ ဒါကလြဲရင္ အျခား က်ေနာ္ မသိဘူး။ ကံေကာင္း တာ လား၊ ကံဆိုး တာလား က်ေနာ္ ေဝဖန္ ေနစရာ မလိုဘူး။ အခု ျဖစ္တာဟာ ျဖစ္ရပ္ေလး တစ္ခုပဲ။ အဲ့ဒီေနာက္မွာ ဘာေတြ ျဖစ္မယ္ ဘယ္လိုေတြ ျဖစ္မယ္ ဘယ္သူ ဘယ္နည္း နဲ႔ သိမလဲ၊ ကဲ ေျပာၾကပါ”လူေတြ က ေခါင္း တစ္ခါခါ၊ လည္ တစ္ခါခါ ရယ္ေမာ ၾက၊ ေလွာင္ေျပာင္သြား ၾကတယ္။ ဒီအဘိုးႀကီးကို အ႐ူးပဲ လို႔ ေတြးထား လိုက္ၾက တယ္။ ဒါ ဟာ လူေတြ ေတြးေနက် ထုံးစံ လိုလို ျဖစ္ေနၿပီရယ္။ သူ႔မွာ ျမင္း တစ္ေကာင္ ေရာင္း လိုက္႐ုံနဲ႔ ခ်မ္းသာေနၿပီ ကို၊ သူမို႔ ျငင္းဆန္ ခဲ့တယ္။ အဲ့ အခ်ိန္ ကတည္းက သူ ေတာ္ေတာ္ မိုက္မဲ ေနၿပီ လို႔ သတ္မွတ္ ပါတယ္။ အခု ျမင္း လည္း မရွိေတာ့ဘူး ေႁမြပါ လည္း ဆုံး ၊ သား လည္း ဆုံး၊ ပိုက္ဆံ လည္း မရ၊ ျမင္းလည္း ဆုံး။ သူ႔ေလာက္ မိုက္မဲသူ၊ သူ႔ေလာက္ ႐ူးသြပ္သူ ဘယ္သူမွ မရွိႏိုင္ ဘူး။ ဒါက လူေတြ ရဲ႕ အထင္၊ အျမင္ ဆုံးျဖတ္ ခ်က္ ျဖစ္ပါတယ္။အဘိုးအို ကေတာ့ သူ႔ ရဲ႕ ပုံမွန္ နိစၥဓူဝ အလုပ္ေတြ ပုံမွန္ လုပ္ေနဆဲ။ ထင္းေခြတယ္။ ေတာဝင္တယ္။ အဘိုးအို အ႐ြယ္ ပင္ပင္ ပန္းပန္း ေပ မယ့္ ထမ္းျပဳ လႈပ္ရွား လုပ္ကိုင္ ေနတယ္။ ရသမွ် ထင္းစည္း ေဈးမွာ သြားေရာင္းတယ္။ သူ႔ ဘဝ ဟာ လက္လႈပ္မွ ပါးစပ္ စား၊ ထမင္း ဝ ရတဲ့ ဆင္း ရဲသား ဘဝ သာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဘိုးအို အတြက္ အေဝဖန္စကား ဆိုေနစရာ မဟုတ္ဘူး ။ သူ ျဖစ္ရပ္ ကို ျဖစ္ရပ္ တစ္ခု ျဖစ္ခဲ့တယ္ လို႔သာ ျမင္တယ္။ သူ ပုံမွန္ အလုပ္လုပ္ ေနဆဲ၊ သူ႔ အတြင္း သႏၲာန္ မွာ သူ႔ နားလည္မႈ နဲ႔ သူ ခ်မ္းေျမ့ေန ဆဲ။လဝက္ ေလာက္ၾကာတဲ့ ေန႔ ညေနခင္း အေရာက္မွာ ျမင္းျဖဴႀကီး ႐ုတ္တရက္ ျပန္ေရာက္ လာခဲ့တယ္။ စင္စစ္ ဒီျမင္းက အခိုး ခံရတာ မဟုတ္ဘူး။ ေတာထဲ ဝင္သြား ခဲ့တာ သက္သက္။ အခု သူ ျပန္လာေတာ့ သူတစ္ေကာင္ တည္း မဟုတ္ဘူး။ သူနဲ႔ အတူ ျမင္းေပါင္း တစ္ ဒါဇင္ ေလာက္ ပါလာတယ္။ ဒီအခါ ႐ြာသားေတြလည္း ျပန္ စုေဝးလာၿပီး “အဘိုးႀကီး၊ ခင္ဗ်ား မွန္ပါတယ္။ က်ဳပ္ တို႔ မွားသြား တယ္။ တကယ္က ဒါဟာ ကံဆိုး တာ မ ဟုတ္ဘူး။ ခင္ဗ်ား အတြက္ ကံေကာင္းတာ ပါပဲ။ က်ဳပ္တို႔ ေဝဖန္မိ ေျပာမိ တာ ေတာင္းပန္ ပါတယ္။”အဲ့အခါ အဘိုးအို က “ခင္ဗ်ားတို႔ ေျပာတာ မ်ားလြန္း ေနၿပီ။ သိပ္ ရွည္ရွည္ ေဝးေဝး မယူ လိုက္ ၾကပါနဲ႔။ အခု ျမင္း ျပန္ေရာက္ လာတယ္ မလား ျပန္လာတယ္ ပဲ ေျပာၾကပါ။ သူနဲ႔ အတူ ျမင္းဆယ့္ႏွစ္ေကာင္ ပါလာတယ္ ဒါဆို ပါလာတယ္ ပဲ ေျပာၾကပါ။ ဒါဟာ ကံေကာင္း တာလား ဒါမွမဟုတ္ ကံဆိုးတာလား ဘယ္သူ ေဝဖန္ ႏိုင္မွာ တဲ့လဲ ။ ဘယ္သူ သိႏိုင္မွာ တဲ့လဲ။ အခု အရာဟာ ႀကဳံဆုံ ရတဲ့ ျဖစ္ရပ္ ေလး တစ္ခု သာ ျဖစ္ပါတယ္။ ေရွ႕ေလ်ာက္ ဘာျဖစ္မယ္ လို႔ ဘယ္သူ အတိအက် ေျပာႏိုင္ ပါသလဲ။ ခင္ဗ်ားတို႔ စာအုပ္ တစ္အုပ္ ဖတ္ တယ္ ဆိုပါစို႔။ စာအုပ္တ စ္အုပ္ လုံးမွျဖင့္ မသိေသးဘဲ တစ္မ်က္ႏွာေလာက္ ဖတ္ၿပီး ဘယ္လို သိမလဲ။ ခင္ဗ်ားတို႔ အခု ျမင္ ရတာဟာ တစ္အုပ္လုံးထဲက တစ္မ်က္ႏွာ၊ တစ္မ်က္ႏွာထဲကမွ စာတစ္ေၾကာင္းသာ ျဖစ္တယ္။ ဒီစာတစ္ေၾကာင္းကို ၾကည့္ၿပီး တစ္ခုလုံးကို ခင္ဗ်ားတို႔ ဘယ္လို ေဝဖန္ မလဲ။ တကယ္ေတာ့ အခု အျဖစ္ဟာ စာတစ္ေၾကာင္းစာ၊ စကားတစ္လုံးစာ ေတာင္ ရွိမေနဘူး ရယ္။ ဘဝဆိုတာ ျပင္က်ယ္ႀကီး တစ္ခုပါ။ ဒါကို အစိတ္အပိုင္းေလး ပဲ ၾကည့္ၿပီး ေဝဖန္မယ္ ခ်က္ခ်င္း ဆုံးျဖတ္ မယ္ ဆိုရင္ ဘယ္သူ အမွား ျဖစ္မလဲ။ ဒါ့ေၾကာင့္ ကံေကာင္းတယ္ လို႔လည္း မသုံး ပါနဲ႔။ဒါဟာ ေကာင္းလား ဆိုးလား ဘယ္သူမွ မသိႏိုင္ဘူးရယ္။ က်ေနာ္ ဘာမွ မေဝဖန္ဘူး ကိုယ့္လူတို႔ ရလာတဲ့ အတိုင္း လက္ခံထားတာ သက္ သက္။ ဒါဟာ က်ေနာ့္ရဲ႕ ၾကည္လင္ေနတဲ့ အျဖစ္ သက္သက္။ အျခား ေဝဖန္ တဲ့ အေတြးေတြနဲ႔ ခင္ဗ်ားတို႔ ေတြလည္း စိတ္အေႏွာင့္အယွက္ မျဖစ္ၾကပါနဲ႔။”ဒီတစ္ႀကိမ္မွာေတာ့ ႐ြာသားေတြလည္း ဘာမွ ခြန္းတုံ႔ စကား ဆိုမေန ၾကေတာ့ဘူးရယ္။ အဘိုးအိုရဲ႕ စကားဟာ အမွန္ ကို ေျပာ တာ ျဖစ္ ေကာင္း ျဖစ္ မယ္ ဒါေပမယ့္ စိတ္ ထဲမွာ သိပ္လက္မခံ ဘူး။ ဘာလို႔ဆိုအခု ျမင္းႀကီး ျပန္ေရာက္ လာတယ္ အျခား ျမင္းေတြ လည္း ပါလာ တယ္။ ဒီထဲက နည္းနည္း ျဖစ္ျဖစ္ပဲ ခြဲေဝ ေရာင္းလိုက္ဦး ေငြစ ေၾကးစ ႐ႊင္မယ္။ တင့္ေတာင္း တင့္တယ္ ေနႏိုင္မွာပဲ ဒါဟာ ကံေကာင္းတာ မဟုတ္ လို႔ ဘာလဲ။ သူတို႔ အေတြး ထဲမွာ ထင္ခ်င္သလို ေတြးခ်င္သလို ေတြးယူ ၿပီး ဘာမွ မေျပာဘဲ ျပန္ သြားၾက တယ္။အဘိုးအို မွာ သားငယ္ တစ္ေယာက္ ရွိတယ္။သူ႔ရဲ႕ တစ္ဦးတည္းေသာ သားေလး ျဖစ္ပါတယ္။ အဲ့ သားငယ္ေလး က ပါလာ တဲ့ ျမင္းေတြ ကို ထိန္းေက်ာင္း ေပး ရတယ္။ ရက္သတၱတစ္ပါတ္ အၾကာမွာေတာ့ ေကာင္ေလး က ျမင္းေက်ာင္း ရင္း ျမင္းတစ္ေကာင္ ေပၚ က ျပဳတ္ က်တယ္။ ေျခက်ိဳးသြား တယ္။ ကုသ မရေတာ့ဘဲ ဒုကၡိတ ဘဝ ျဖစ္သြား ရေတာ့တယ္။ ဒီ တစ္ႀကိမ္ လည္း ႐ြာသားေတြ ျပန္စု လာျပန္ တယ္။ ဟိုနား ဒီနားက လာသမွ် လူေတြ က ဒီ ျဖစ္ရပ္ ကို ၾကည့္ၿပီး ထုံးစံ အတိုင္း ေဝဖန္ ၾကျပန္တယ္။ “အဘိုးႀကီးေရ ခင္ဗ်ား မွန္တယ္ ဗ်ိဳ႕။ ဒါဟာ ကံေကာင္း တာ လည္း မဟုတ္ဘူးဗ် ခင္ဗ်ား အတြက္ ကံဆိုးတာ။ အခု ဘယ့္ႏွယ္ ဒီသားေလး တစ္ဦးတည္း ရွိတာ ဒီျမင္း ေတြ ေၾကာင့္ ဒုကၡိတ ျဖစ္ရၿပီ။ ခင္ဗ်ား ဒီ အသက္ အ႐ြယ္ အိုႀကီး အိုမ နဲ႔ အားကိုးစရာ၊ ခ်စ္စရာက ဒီသား မဟုတ္လား။ အခုေတာ့ ခင္ဗ်ား အားကိုးရ ေလာက္တဲ့ သားက ဒုကၡိတ ျဖစ္သြားၿပီ ခင္ဗ်ား ေလာက္ ကံဆိုး တဲ့ သူ ဘယ္သူ ရွိဦး မလဲ။”အဲ့ေတာ့ အဘိုးအို လည္း “ခင္ဗ်ား တို႔ ေဝဖန္ၿပီး ရင္းကို ေဝဖန္ ေနၾကပါလား။ ကိစၥေလး တစ္ခု ၾကည့္ၿပီး ခ်က္ခ်င္း လိုလို ဆုံးျဖတ္ၿပီး ရင္း ဆုံးျဖတ္ ေနၾကတာပါလား။ ခင္ဗ်ား တို႔ ေျပာတာ မ်ားလြန္းေနၿပီ ကိုယ့္လူတို႔။ သိပ္ ရွည္ရွည္ ေဝးေဝး မယူလိုက္ ၾကပါနဲ႔။ အခု က်ဳပ္ သား ေျခေထာက္က်ိဳးသြားတယ္။ ဟုတ္တယ္ဟုတ္ ? ဒါဆို က်ိဳးသြားတယ္ ပဲ ေျပာပါ။ ဒါဟာ ျဖစ္ရပ္ တစ္ခုပါ။ ကံေကာင္း လား ကံဆိုး လား ဘယ္သူ ဆုံးျဖတ္ ႏိုင္မွာ တဲ့လဲ။”ေနာက္ တစ္ႏွစ္ ေလာက္ ၾကာ တဲ့ အခါ အဘိုးအို ေနတဲ့ တိုင္းျပည္ ဟာ အိမ္နီးခ်င္း ႏိုင္ငံ တစ္ခု နဲ႔ စစ္ျဖစ္တယ္။ တိုင္းျပည္ ၿမိဳ႕႐ြာ အႏွံ႔ က အ႐ြယ္ ေရာက္ၿပီးသူ လူငယ္ လူ႐ြယ္ ေတြ အားလုံး မဝင္ မေနရ အမိန႔္နဲ႔ စစ္တပ္ဖြဲ႕၊ စစ္သားေတြ စုေဆာင္း ၾကတယ္။ အဲ့ အထဲ မွာ အဘိုးအိုရဲ႕ သား က ေတာ့ ဒုကၡိတ မို႔ စာရင္းထဲက ဖယ္ၿပီး က်န္ရစ္ ခဲ့တယ္။ အဲ့အခ်ိန္ မွာ ႐ြာသူ႐ြာသားေတြ စုေဝးၿပီး ငိုေႂကြး ေျပာ ဆို ၾကျပန္တယ္။ ဘာလို႔ဆို သူတို႔ရဲ႕ သားငယ္ေတြ အားလုံး စစ္ထဲ ပါသြားၾကရတယ္။ စစ္ပြဲ အေျခအေန ကို ၾကည့္ရင္ လည္း တစ္ဘက္ ႏိုင္ငံ ရဲ႕ အင္အားနဲ႔ လက္ရွိ အေျခအေန အရ အရႈံး သာ ရွိတယ္။ ေသဖို႔ပဲ ရွိတယ္။ ေသလမ္းကို သိသိနဲ႔ ဘုရင့္ အမိန႔္ေၾကာင့္ သာ မေရွာင္မလႊဲသာ ထည့္လိုက္ရတာမို႔ – မိဘေတြ ျဖစ္သူ ဒီ႐ြာသားေတြ ဝမ္းပန္းတနည္း ျဖစ္ၾကရတယ္။ ဒါ့ေၾကာင့္ ငိုေႂကြး ျမည္တမ္း ရင္း အဖိုးအိုကို ေျပာၾကျပန္တယ္။ “အဘိုးႀကီး ဒီတစ္ခါလည္း ခင္ဗ်ား မွန္ျပန္ၿပီ။ အမွန္ပါပဲ။ ခင္ဗ်ားဟာ ဘုရားသခင္လား ေတာင္ မွတ္ရပါရဲ႕။ အခု ခင္ဗ်ားသား ဒုကၡိတ ဒါေပမယ့္ ခင္ဗ်ား အနား မွာ ရွိေနႏိုင္တယ္။ က်ဳပ္တို႔ရဲ႕ သားေတြ ကေတာ့ သြားၾကရရွာၿပီ။ ေသဖို႔ မ်ားတဲ့ လမ္းကို သြားၾကရၿပီ။ ခင္ဗ်ား ရဲ႕ သားဟာ ဒုကၡိတ မို႔ ဆိုေပမယ့္ ခင္ဗ်ားရဲ႕ ရင္ႏွစ္သည္းခ်ာ ရွင္သန္ေနရက္သား ခင္ဗ်ား ေဘးမွာ ေထြးေပြ႕ ေနႏိုင္တယ္။ ကံေကာင္း ရင္ တျဖည္းျဖည္း ကုသ ႏိုင္လို႔ ေလ်ာက္ရင္း လွမ္းရင္းျပန္ေကာင္းရင္ ေကာင္းလာႏိုင္တယ္။ ခင္ဗ်ား အဖို႔ ကံေကာင္း ပါတယ္ ေလ။ က်ဳပ္တို႔ သားေတြ က ေတာ့ “အဖိုးအို လည္း ႐ြာသားေတြ အေပၚ ၾကည္လင္တဲ့ အၾကည့္နဲ႔ ဂ႐ုဏာ သက္သက္ ၾကည့္လိုက္ရင္း “ခင္ဗ်ား တို႔ေတြ နဲ႔ က်ဳပ္ ဘယ္လို စကားေျပာရမလဲ။ အခု ၾကည့္ပါ တစ္ခုၿပီး တစ္ခု ဆက္ကာ ဆက္ကာ ခင္ဗ်ား တို႔ ေဝဖန္ ေျပာၾကတယ္။ ခုတစ္မ်ိဳး ျဖစ္ရင္း ေတာ္ၾကာ တစ္မ်ိဳး ျဖစ္သြားရျပန္တယ္။ အခု ျဖစ္တဲ့ အရာဟာ ျဖစ္ရပ္ေလး တစ္ခုပါ။ ခင္ဗ်ား တို႔ ေျပာ တာ မ်ားလြန္း ေနၿပီ ကိုယ့္လူတို႔။ သိပ္ရွည္ရွည္ ေဝးေဝး မယူလိုက္ၾကပါနဲ႔။ ျဖစ္ရပ္တစ္ခုဟာ ေကာင္းတယ္ ဆိုး တယ္ ခင္ဗ်ား တို႔ ဘယ္ ပညာနဲ႔ ေဝဖန္ ၾကသလဲ။ ျဖစ္ရပ္က ျဖစ္ေနပါတယ္။ ျဖစ္ခဲ့ပါတယ္။ ျဖစ္လာပါလိမ့္ ဦးမယ္။ ခင္ဗ်ားတို႔ ဘယ္ အသိ စိတ္၊ ဘယ္ ဉာဏ္ နဲ႔ ေဝဖန္ၾကပါသလဲ။”