အမှတ်တမဲ့ပြုလုပ်နေတဲ့ သင့်ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့ အကြောင်းများ

အခု ဖော်ပြချင်တာကတော့ သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်တဲ့၊အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမူအကျင့်တွေပါ။(၁) Source တွေကို မစူးစမ်းမဆင်ခြင်ပဲ ဝင်ရောက်ခြင်း – အခုတလောမှာ iPhone ဖုန်းပေါက်တယ်ဆိုတဲ့သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။တကယ်က အဲဒါဟာ ဟက်ကာတွေကနေတီထွင်ထားတဲ့ လှည့်စားမှုဆိုတာ လူတိုင်း အသိနည်းပါတယ်။ဒီတော့ မခိုင်မာတဲ့ Source တွေ၊ Recommended ပေးမထားတဲ့App တွေကို လုံးဝမသုံးသင့်ပါဘူး။ဗိုင်းရပ်စ်တွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။(၂) အပူလွန်တဲ့နေရာမှာ ထားရှိခြင်း -ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုရင် ဖြစ်တန်သမျှကိုယ်နဲ့နီးနီးကပ်ကပ် ဆောင်ထားသင့်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နေရောင်ခြည်တိုက်ရိုက်ရောက်တဲ့နေရာတွေမှာ ဖုန်းတစ်လုံးကို ထားမိပြီဆိုကိုယ့်ဖုန်းကို ကိုယ်တိုင်ဖျက်ဆီးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ဖုန်းအတွင်းပိုင်းမှာပါတဲ့ ချပ်စ်အပြားတချို့ဟာသာမန်အပူချိန်ထက် ပိုပြီး ခံနိုင်ရည် မရှိပါဘူး။(၃) အားသွင်းတဲ့အခါ – တချို့က ကိုယ့်ဖုန်းရဲ့အားသွင်း အဒက်ပတာမဟုတ်ပါဘဲသူများဖုန်းရဲ့ အဒက်ပတာတွေကို အလွယ်တကူ သုံးတတ်ပါတယ်။မကောင်းတဲ့ အကျင့်ပါ။တချို့က အိပ်ရာဝင်ပြီဆို ညလုံးပေါက်အားသွင်းကြိုးတန်းလန်းနဲ့ ထားရှိတတ်ပါတယ်။ဒါဟာ ဖုန်းဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီး၊မတော်တဆ ပေါက်ကွဲမီးလောင်မှုလည်း ဖြစ်စေနိုင်ပါတယ်။(၄) ဘေလ်ကုန်မှာ ကြောက်သူများ – ဖုန်းတွေဟာ အချိန်တန်ရင် သူတို့ရဲ့ အတွင်းပိုင်းပြင်ဆင်မှုနဲ့ Software တွေFirmware တွေအတွက် Update တောင်းတတ်ပါတယ်။ဒါကို ဘေလ်ကုန်မှာစိုးပြီး Update မလုပ်ချင်ကြပါဘူး။အကျိုးဆက်အနေနဲ့ အဆင့်မြင့်တင်လိုက်တဲ့ Software တွေ သုံးမရတာ၊Firmware ကျပြီး သုံးမရတော့တာဖြစ်တတ်ပါတယ်။ဒီကြားထဲမှာ သုံးရရင်တောင် အသစ်ထွက်ရှိတဲ့Feature တွေကို လက်လွှတ်ရမှာပါ။

(၅) ဘက်ထရီ လဲလှယ်ခြင်း – ဖုန်းဘက်ထရီ စွမ်းဆောင်ရည် ကျသွားတဲ့အခါအော်ရီဂျင်နယ်ဘက်ထရီထက် လမ်းဘေးမှာ လွယ်လင့်တကူရောင်းတဲ့အဖိုးနည်းအိုးကွဲ ဘက်ထရီ၊အမျိုးအစားတူသော်လည်း အခြားဖုန်းထဲကဘက်ထရီကို ဖြုတ်ထည့်တာတွေ မလုပ်သင့်ပါဘူး။တက်ကျွမ်းနားလည်တဲ့ ဖုန်းဆရာတွေနဲ့ သူတို့ အကြံပေးတဲ့ ဘက်ထရီမျိုးကိုသာ သုံးသင့်ပါတယ်။(၆) ဈေးသက်သာတာကို မမက်ပါနဲ့ – ငွေကြေး တက်နိုင်ရင် ဖုန်းဆို ပစ္စည်းကောင်းပဲ ကိုင်သင့်ပါတယ်။တချို့က ပြန်ပြင်ထားတဲ့ဖုန်းတွေ၊ ကလုံးတွေကို အဟုတ်လုပ်ပြီး ကိုင်တတ်ပါတယ်။တချို့ဆို အားသွင်းအဒက်ပတာနဲ့ နားကြပ်ကအစ ဈေးခပ်ပေါပေါကို သီးခြားဝယ်သုံးကြပါတယ်။ဒီတော့ ဘာဖြစ်သလဲဆို ကြာရှည်ခံနိုင်မှု၊ အဆင့်မီတဲ့ဝန်ဆာင်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူုး။(၇) အချိန်လွန်အောင် ဂိမ်းကစားတာ – ဂိမ်းသမားတွေကတော့ ဖုန်းဝယ်ရင် Ram ဘယ်လောက်ဆိုတာကို ကြည့်ဝယ်ကြပါတယ်။တချို့က Ram မြင့်လေ ပိုပြီး ကြာကြာကစားနိုင်လေလို့ ထင်ကြပါတယ်။တကယ်က Ram ဟာ ဖုန်းရဲ့အတွင်းပိုင်း လုပ်ဆောင်မှုတွေကို သွက်အောင်မြန်အောင် လုပ်ပေးတာသာရှိပါတယ်။ဖုန်းရဲ့ အပူချိန်ကို မလျှော့နိုင်ပါဘူး။ တချို့က အားသွင်းရင်းတန်းလန်း ဂိမ်းကစားတာမျိုးတောင် ရှိပါတယ်။ ရှောင်သင့်ပါတယ်။(၈) မလိုအပ်တဲ့ဖိုင်တွေ App တွေကို ရှင်းမပစ်တာ – မလိုအပ်တဲ့ဖိုင်တွေ၊ App တွေကို စက်အလေးခံပြီး ထားရှိဖို့ မသင့်ပါဘူး။ဖုန်းရဲ့စွမ်းဆောင်ရည်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး၊ ဖုန်းရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။မလိုအပ်တဲ့ဓာတ်ပုံတွေ ဗွီဒီယိုတွေဆိုရင် ဖျက်ပစ်ပါ။ဒါမှမဟုတ် မန်မိုရီကတ်ထဲကို ရွှေ့ပြောင်းပြီး၊ လုံခြုံရာမှာ သိမ်းထားလိုကသိမ်းထားသင့်ပါတယ်။စက်ကို ပေါ့ပေါ့ပါးပါလေး သုံးလေ ဖုန်းရဲ့စွမ်းဆောင်ရည်က ကောင်းလေပါ။(၉) ပေါ့တီးပေါ့ဆ ကိုင်တွယ်တာ – ဖုန်းကို ပေါ့တီးပေါ့ဆ ကိုင်တွယ်တယ်ဆိုတာ မှန်ကွဲနေလည်း အသစ်မလဲတာတို့၊အားသွင်းပေါက်တွေ၊ နားကြပ်ပေါက်တွေထဲမှာ ရွှံ့တွေသဲတွေ ဝင်နေလည်း မရှင်းတာတို့ပါဝင်ပါတယ်။နောက် မလိုအပ်တဲ့ဖိုင်တွေကို မရှင်းတာတွေ၊ Source ခိုင်မာမှုမရှိတဲ့ Link တွေထဲကိုဝင်တာတွေကလည်း ဖုန်းကို ဆိုးရွားစေပါတယ်။ဖုန်းကောင်းကောင်း ကိုင်ချင်ရင် ကိုယ်တိုင်က ဂရုစိုက်ရမှာပါ။

Credit – လင်းဇော်ကို

[zawgyi]

အခု ေဖာ္ျပခ်င္တာကေတာ့ သင့္ရဲ႕ဖုန္းကို ပ်က္စီးေစႏိုင္တဲ့၊အမွတ္တမဲ့ ျပဳလုပ္ေနမိၾကတဲ့ အမူအက်င့္ေတြပါ။(၁) Source ေတြကို မစူးစမ္းမဆင္ျခင္ပဲ ဝင္ေရာက္ျခင္း – အခုတေလာမွာ iPhone ဖုန္းေပါက္တယ္ဆိုတဲ့သတင္းေတြ မၾကာခဏ ၾကားရေလ့ရွိပါတယ္။တကယ္က အဲဒါဟာ ဟက္ကာေတြကေနတီထြင္ထားတဲ့ လွည့္စားမႈဆိုတာ လူတိုင္း အသိနည္းပါတယ္။ဒီေတာ့ မခိုင္မာတဲ့ Source ေတြ၊ Recommended ေပးမထားတဲ့App ေတြကို လုံးဝမသုံးသင့္ပါဘူး။ဗိုင္းရပ္စ္ေတြလည္း အလြယ္တကူ ဝင္ေရာက္ႏိုင္ပါတယ္။(၂) အပူလြန္တဲ့ေနရာမွာ ထားရွိျခင္း -ဖုန္းတစ္လုံးကို ဝယ္လိုက္ၿပီဆိုရင္ ျဖစ္တန္သမွ်ကိုယ္နဲ႔နီးနီးကပ္ကပ္ ေဆာင္ထားသင့္ပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ေနေရာင္ျခည္တိုက္႐ိုက္ေရာက္တဲ့ေနရာေတြမွာ ဖုန္းတစ္လုံးကို ထားမိၿပီဆိုကိုယ့္ဖုန္းကို ကိုယ္တိုင္ဖ်က္ဆီးတာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ဖုန္းအတြင္းပိုင္းမွာပါတဲ့ ခ်ပ္စ္အျပားတခ်ိဳ႕ဟာသာမန္အပူခ်ိန္ထက္ ပိုၿပီး ခံႏိုင္ရည္ မရွိပါဘူး။(၃) အားသြင္းတဲ့အခါ – တခ်ိဳ႕က ကိုယ့္ဖုန္းရဲ႕အားသြင္း အဒက္ပတာမဟုတ္ပါဘဲသူမ်ားဖုန္းရဲ႕ အဒက္ပတာေတြကို အလြယ္တကူ သုံးတတ္ပါတယ္။မေကာင္းတဲ့ အက်င့္ပါ။တခ်ိဳ႕က အိပ္ရာဝင္ၿပီဆို ညလုံးေပါက္အားသြင္းႀကိဳးတန္းလန္းနဲ႔ ထားရွိတတ္ပါတယ္။ဒါဟာ ဖုန္းဘက္ထရီရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစႏိုင္ၿပီး၊မေတာ္တဆ ေပါက္ကြဲမီးေလာင္မႈလည္း ျဖစ္ေစႏိုင္ပါတယ္။(၄) ေဘလ္ကုန္မွာ ေၾကာက္သူမ်ား – ဖုန္းေတြဟာ အခ်ိန္တန္ရင္ သူတို႔ရဲ႕ အတြင္းပိုင္းျပင္ဆင္မႈနဲ႔ Software ေတြFirmware ေတြအတြက္ Update ေတာင္းတတ္ပါတယ္။ဒါကို ေဘလ္ကုန္မွာစိုးၿပီး Update မလုပ္ခ်င္ၾကပါဘူး။အက်ိဳးဆက္အေနနဲ႔ အဆင့္ျမင့္တင္လိုက္တဲ့ Software ေတြ သုံးမရတာ၊Firmware က်ၿပီး သုံးမရေတာ့တာျဖစ္တတ္ပါတယ္။ဒီၾကားထဲမွာ သုံးရရင္ေတာင္ အသစ္ထြက္ရွိတဲ့Feature ေတြကို လက္လႊတ္ရမွာပါ။(၅) ဘက္ထရီ လဲလွယ္ျခင္း – ဖုန္းဘက္ထရီ စြမ္းေဆာင္ရည္ က်သြားတဲ့အခါေအာ္ရီဂ်င္နယ္ဘက္ထရီထက္ လမ္းေဘးမွာ လြယ္လင့္တကူေရာင္းတဲ့အဖိုးနည္းအိုးကြဲ ဘက္ထရီ၊အမ်ိဳးအစားတူေသာ္လည္း အျခားဖုန္းထဲကဘက္ထရီကို ျဖဳတ္ထည့္တာေတြ မလုပ္သင့္ပါဘူး။တက္ကြၽမ္းနားလည္တဲ့ ဖုန္းဆရာေတြနဲ႔ သူတို႔ အႀကံေပးတဲ့ ဘက္ထရီမ်ိဳးကိုသာ သုံးသင့္ပါတယ္။(၆) ေဈးသက္သာတာကို မမက္ပါနဲ႔ – ေငြေၾကး တက္ႏိုင္ရင္ ဖုန္းဆို ပစၥည္းေကာင္းပဲ ကိုင္သင့္ပါတယ္။တခ်ိဳ႕က ျပန္ျပင္ထားတဲ့ဖုန္းေတြ၊ ကလုံးေတြကို အဟုတ္လုပ္ၿပီး ကိုင္တတ္ပါတယ္။တခ်ိဳ႕ဆို အားသြင္းအဒက္ပတာနဲ႔ နားၾကပ္ကအစ ေဈးခပ္ေပါေပါကို သီးျခားဝယ္သုံးၾကပါတယ္။ဒီေတာ့ ဘာျဖစ္သလဲဆို ၾကာရွည္ခံႏိုင္မႈ၊ အဆင့္မီတဲ့ဝန္ဆာင္မႈေတြကို ခံစားရမွာ မဟုတ္ပါဘူုး။(၇) အခ်ိန္လြန္ေအာင္ ဂိမ္းကစားတာ – ဂိမ္းသမားေတြကေတာ့ ဖုန္းဝယ္ရင္ Ram ဘယ္ေလာက္ဆိုတာကို ၾကည့္ဝယ္ၾကပါတယ္။တခ်ိဳ႕က Ram ျမင့္ေလ ပိုၿပီး ၾကာၾကာကစားႏိုင္ေလလို႔ ထင္ၾကပါတယ္။တကယ္က Ram ဟာ ဖုန္းရဲ႕အတြင္းပိုင္း လုပ္ေဆာင္မႈေတြကို သြက္ေအာင္ျမန္ေအာင္ လုပ္ေပးတာသာရွိပါတယ္။ဖုန္းရဲ႕ အပူခ်ိန္ကို မေလွ်ာ့ႏိုင္ပါဘူး။ တခ်ိဳ႕က အားသြင္းရင္းတန္းလန္း ဂိမ္းကစားတာမ်ိဳးေတာင္ ရွိပါတယ္။ ေရွာင္သင့္ပါတယ္။(၈) မလိုအပ္တဲ့ဖိုင္ေတြ App ေတြကို ရွင္းမပစ္တာ – မလိုအပ္တဲ့ဖိုင္ေတြ၊ App ေတြကို စက္အေလးခံၿပီး ထားရွိဖို႔ မသင့္ပါဘူး။ဖုန္းရဲ႕စြမ္းေဆာင္ရည္ကို တိုက္႐ိုက္ထိခိုက္ေစႏိုင္ၿပီး၊ ဖုန္းရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။မလိုအပ္တဲ့ဓာတ္ပုံေတြ ဗြီဒီယိုေတြဆိုရင္ ဖ်က္ပစ္ပါ။ဒါမွမဟုတ္ မန္မိုရီကတ္ထဲကို ေ႐ႊ႕ေျပာင္းၿပီး၊ လုံၿခဳံရာမွာ သိမ္းထားလိုကသိမ္းထားသင့္ပါတယ္။စက္ကို ေပါ့ေပါ့ပါးပါေလး သုံးေလ ဖုန္းရဲ႕စြမ္းေဆာင္ရည္က ေကာင္းေလပါ။(၉) ေပါ့တီးေပါ့ဆ ကိုင္တြယ္တာ – ဖုန္းကို ေပါ့တီးေပါ့ဆ ကိုင္တြယ္တယ္ဆိုတာ မွန္ကြဲေနလည္း အသစ္မလဲတာတို႔၊အားသြင္းေပါက္ေတြ၊ နားၾကပ္ေပါက္ေတြထဲမွာ ႐ႊံ႕ေတြသဲေတြ ဝင္ေနလည္း မရွင္းတာတို႔ပါဝင္ပါတယ္။ေနာက္ မလိုအပ္တဲ့ဖိုင္ေတြကို မရွင္းတာေတြ၊ Source ခိုင္မာမႈမရွိတဲ့ Link ေတြထဲကိုဝင္တာေတြကလည္း ဖုန္းကို ဆိုး႐ြားေစပါတယ္။ဖုန္းေကာင္းေကာင္း ကိုင္ခ်င္ရင္ ကိုယ္တိုင္က ဂ႐ုစိုက္ရမွာပါ။