အရေးပေါ် ဖုန်းအားသွင်းလို့ရအောင် ပြုလုပ်နည်း

မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။တောထဲတောင်ထဲ ခရီးထွက် တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်းဟာအလွန်အရေးပါတဲ့အရာတစ်ခုပါ ။Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ ဖုန်းရော ပါဝါဘန့်ရော အားကုန် သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။AA ဓါတ်ခဲလေးတွေဟာ ကျောပိုးအိတ်ထဲအလွယ်တကူထည့်ယူသွားလို့ရတဲ့ဓါတ်ခဲလေးတွေပါ။ ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေးဘယ်လိုပြုလုပ်သွားရမလဲဆိုတာကိုပြောပြပါမယ်။

USB ကြိုးတစ်ချောင်းကို ဖြတ်[လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီ နဲ့ အနက် ကြိုးလေးချောင်းတွေ့ပါမယ် ။ ထို့နောက် AA ဓါတ်ခဲလေးလုံးကို ဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီ နဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ဆက်သွယ်ပါ။ပြီးရင်တော့ ဓါတ်ခဲတွေက ကြိုးနဲ့ USB က ကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။ အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာ အားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကိုတွေ့ရပါလိမ့်မယ်။သာမန်အားသွင်းကြိုးနဲ့သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက်အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။

Credit : – Min Thu (Daily Hot News)

[zawgyi]

မိုဘိုင္းဖုန္း ဆိုတာ ဒီေန႔ေခတ္မွာမရွိမျဖစ္အရာေတြျဖစ္လာပါၿပီ ။ေတာထဲေတာင္ထဲ ခရီးထြက္ တဲ့အခါမ်ိဳးမွာ GPS စနစ္အသုံးျပဳဖို႔အတြက္ မိုဘိုင္းဖုန္းဟာအလြန္အေရးပါတဲ့အရာတစ္ခုပါ ။Power Bank ေတြရွိတယ္ဆိုေပမယ့္ မီးလုံးဝမရတဲ့ေနရာမ်ိဳးမွာ ဖုန္းေရာ ပါဝါဘန႔္ေရာ အားကုန္ သြားတဲ့အခါ ဘယ္လိုေျဖရွင္းၾကမလဲ။AA ဓါတ္ခဲေလးေတြဟာ ေက်ာပိုးအိတ္ထဲအလြယ္တကူထည့္ယူသြားလို႔ရတဲ့ဓါတ္ခဲေလးေတြပါ။ ဒီ AA ဓါတ္ခဲေလးေတြကိုသုံးၿပီး အေရးေပၚ Power Bank ေလးဘယ္လိုျပဳလုပ္သြားရမလဲဆိုတာကိုေျပာျပပါမယ္။USB ႀကိဳးတစ္ေခ်ာင္းကို ျဖတ္[လိုက္မယ္ဆိုရင္ အစိမ္း ၊ အျဖဴ ၊ အနီ နဲ႔ အနက္ ႀကိဳးေလးေခ်ာင္းေတြ႕ပါမယ္ ။ ထို႔ေနာက္ AA ဓါတ္ခဲေလးလုံးကို ဆက္ပါ ။ အေပါင္းဘက္ကို ႀကိဳးအနီ နဲ႔ အႏုတ္ဘက္ကိုႀကိဳးအမဲနဲ႔ဆက္သြယ္ပါ။ၿပီးရင္ေတာ့ ဓါတ္ခဲေတြက ႀကိဳးနဲ႔ USB က ႀကိဳးေတြကို အေရာင္တူခ်င္းဆက္ေပးပါ ။ အစိမ္းေရာင္နဲ႔ အျဖဴေရာင္ႀကိဳးကေတာ့ သုံးဖို႔မလိုအပ္ပါဘူး။ အားလုံးခ်ိတ္ဆက္ၿပီးတဲ့အခါ ဖုန္းမွာ အားသြင္းႀကိဳးထိုးလိုက္ပါ ။ မီးအားဝင္ေနတာကိုေတြ႕ရပါလိမ့္မယ္။သာမန္အားသြင္းႀကိဳးနဲ႔သြင္းတာထက္ ၄ ဆေလာက္ၾကာႏိုင္ေပမယ့္ အေရးေပၚအေျခအေနမ်ိဳးအတြက္အေကာင္းဆုံး နည္းလမ္းေလးတစ္ခုပါပဲ။