အရှုံးပေးသင့်ရင် ပေးလိုက်ပါ

စစ်သူကြီး တစ်ယောက်ဟာ စစ်တုရင် ကစားတာအရမ်းတော်ပါတယ် ။ဘယ်သူကမှ နိုင်အောင် မကစားနိုင်ပါဘူး ။တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့သူ့ကိုအတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့..အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ ..“ တစ်နိုင်ငံလုံးရဲ့ စစ်တုရင် ကစားရာမှာ နံပါတ်တစ် ” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ ကြတယ်။စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်..“ ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက် သွားတော့တယ် ။မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ် ။

ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ်ကြတယ်။ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ် ။စစ်သူကြီး အရမ်းအံသြသွားတယ် ။အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း ပေါ့ ။အိမ်ပိုင်ရှင်ကပြောပြတာက ..“ အရင် အခေါက်တုန်းက အသင် စစ်သူကြီးမှာ စစ်ထွက်တိုက်ရမယ့် တာဝန်ကြီး ရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင် စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။ ဒီတစ်ခေါက်အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိူထားစရာမလိုတော့ဘူးပေါ့ ” တဲ့ ။တကယ်တော်တဲ့သူ ဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်းရှိအောင်စိတ်သဘောထား ကြီးတဲ့သူပါပဲ။ လက်တွေ့ ဘဝမှာလည်း အတူတူပါပဲ ။သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး ။မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး ။

Credit: Lwin Pyin

[zawgyi]

စစ္သူႀကီး တစ္ေယာက္ဟာ စစ္တုရင္ ကစားတာအရမ္းေတာ္ပါတယ္ ။ဘယ္သူကမွ ႏိုင္ေအာင္ မကစားႏိုင္ပါဘူး ။တစ္ေန႔ မွာ စစ္သူႀကီးဟာ သူ႔ရဲ႕စစ္တပ္နဲ႔သူ႔ကိုအတူစစ္တိုက္ထြက္လာရင္း ႐ြာေလးတစ္႐ြာကို ျဖတ္ေက်ာ္လာၾကေတာ့..အဲ့႐ြာက အိမ္ေသးေသးေလးတစ္လုံးမွာ ..“ တစ္ႏိုင္ငံလုံးရဲ႕ စစ္တုရင္ ကစားရာမွာ နံပါတ္တစ္ ” ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ ၾကတယ္။စစ္သူႀကီးဟာ မယုံတဲ့အတြက္ အိမ္ရွင္ကို သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစားၾကတာ အိမ္ရွင္က ၃ႀကိမ္လုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီးေျပာတယ္..“ ဟားဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီးျဖဳတ္ပစ္လိုက္ေတာ့ ” ဆိုၿပီး စိတ္ေက်နပ္စြာနဲ႔ စစ္တိုက္ထြက္ သြားေတာ့တယ္ ။မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္ႏိုင္လို႔တိုင္းျပည္ကိုျပန္လာၾကရာ အဲ့႐ြာကို ျပန္ေရာက္ေတာ့ ဆိုင္းဘုတ္ကို အရင္ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္ ။ဒါနဲ႔ အိမ္ရွင္ကို ထပ္သြားေတြ႕ေတာ့ ေနာက္ထပ္စိန္ေခၚစကား ေျပာၾကရင္း ထပ္ကစားျဖစ္ၾကတယ္။ဒီတစ္ခါက်ေတာ့ စစ္သူႀကီးက ၃ ပြဲ လုံး ဆက္တိုက္ရႈံးသြားတယ္ ။စစ္သူႀကီး အရမ္းအံၾသသြားတယ္ ။အဲ့ဒါနဲ႔ အိမ္ရွင္ကိုေမးတာ ဘာေၾကာင့္လည္း ေပါ့ ။အိမ္ပိုင္ရွင္ကေျပာျပတာက ..“ အရင္ အေခါက္တုန္းက အသင္ စစ္သူႀကီးမွာ စစ္ထြက္တိုက္ရမယ့္ တာဝန္ႀကီး ရွိေနတယ္။ ကြၽန္ေတာ္မ်ိဳးအေနနဲ႔ အသင္ စစ္သူႀကီးကို စိတ္ဓါတ္က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔မသင့္ဘူး။ ဒီတစ္ေခါက္အသင္စစ္သူႀကီးက စစ္ေအာင္ႏိုင္ၿပီး ျပန္လာၿပီဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိဴထားစရာမလိုေတာ့ဘူးေပါ့ ” တဲ့ ။တကယ္ေတာ္တဲ့သူ ဆိုတာ အႏိုင္ရႏိုင္ပါရဲ႕သားနဲ႔ မလိုအပ္ဘဲ အႏိုင္မယူ ခြင့္လႊတ္ႏိုင္စြမ္းရွိေအာင္စိတ္သေဘာထား ႀကီးတဲ့သူပါပဲ။ လက္ေတြ႕ ဘဝမွာလည္း အတူတူပါပဲ ။သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး ။မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး ။