အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လုံးဝမပြောသင့်တဲ့ စကား (၅) ခွန်း

(၁) ဒီနေ့ချိန်းထားတာကို နောက်ရက်ရွှေ့လိုရမလား – ဖြစ်နိုင်မယ်ဆိုရင်တော့ တကယ့်အရေးပေါ်ကိစ္စလောက်ကလွဲပြီး အခုလိုမျိုး ပြန်လည်းချိန်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သင်မှမဟုတ်ပါဘူး။ အားလုံးရဲ့အချိန်တွေက တန်ဖိုးရှိပါတယ်။ ဒါကြောင့် ချိန်းဆိုထားပြီးရင် မပျက်မကွက်သွားရောက်ပါ။ အင်တာဗျူးလုပ်ဖို့ ချိန်းထားတဲ့အချိန်ထက် နောက်ကျတာ၊ နောက်ရက်ပြန်ချိန်းတာတွေဟာ သင့်အပေါ် ယုံကြည်မှုလျော့နည်းစေနိုင်ပါတယ်။ (၂)တခြားအလုပ်ရွေးစရာရှိလို့ ဘယ်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ပါ့မယ် – ဘယ်သူ့မှတော့ ကုမ္ပဏီဘက်က အကြောင်းပြန်လာတာကို စိတ်ပင်ပန်းကြီးစွာ စောင့်ဆိုင်းမနေချင်ကြပါဘူး။ ဒါပေမဲ့လို့ သင့်ဘက်က အခုလိုမျိုးပြောလိုက်လို့လည်း အလုပ်ဖြစ်မယ်မထင်ပါနဲ့။ တကယ်ပဲသင့်မှာ ရွေးချယ်စရာ အခြားအလုပ်ရှိနေခဲ့ရင်တောင် ဘယ်ဟာကသင့်အတွက် ပိုအဆင်ပြေတယ်ဆိုတာကို သိပြီးဖြစ်နေရပါမယ်။ အဲဒီလိုအချိန်မျိုးမှာ ကုမ္ပဏီဘက်ကို ဘာကြောင့် အခြားအလုပ်ကို ရွေးချယ်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရိုးရိုးသားသား ရှင်းပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။

(၃)ဘယ်အချိန်ဖြစ်ဖြစ်စနိုင်တယ်။ ဒါပေမဲ့ ဒီရက်တွေတော့မရဘူး – ကိုယ်က အလုပ်လည်း အရေးတကြီးလိုနေတယ်။ လုပ်လည်းလုပ်ချင်တယ်။ လက်ရှိလည်း အခြားအလုပ်ရှိမနေလို့ အင်တာဗျူးမှာ ဘယ်အချန်အလုပ်စဆင်းနိုင်လဲမေးတဲ့အခါ အထက်ပါအတိုင်း ပြောခဲ့ခြင်းမှရှောင်ပါ။ ကိုယ်လိုချင်တဲ့ပိတ်ရက်တွေကို သေချာရှောင်ရှားပြီးမှပဲ ကိုယ်အလုပ်စဝင်နိုင်မယ့်ရက်ကို ပြောသင့်ပါတယ်။(၄)ဒီထက်ပိုကောင်းတဲ့နေရာလိုချင်တာ၊ ဒါပေမဲ့ လောလောဆယ်တော့ ဒီအလုပ်ကို လက်ခံလိုက်ပါမယ် – တကယ်လို့သင့်ကို အလုပ်တစ်ခုက အင်တာဗျူးချိန်းတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဒီအလုပ်ကိုလက်ခံနိုင်၊ မနိုင် သေချာချင့်ချိန်ရမှာက သင့်ကိစ္စပါ။ ဘာလို့လဲဆိုတော့ ခေါ်တဲ့သူက ဒီအလုပ်နဲ့ သင်နဲ့ သင့်တော်တယ်ထင်လို့ အင်တာဗျူးချိန်းတာပါ။ ဘယ်သူမဆို အလုပ်မှာအကောင်းဆုံးဖြစ်စဉ်တွေ လိုချင်ကြသလို အလုပ်ရှင်ဘက်ကလည်း ဒီအလုပ်အပေါ် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ထားကြတာချည်းပါပဲ။ ဒါကိုမှ ရာထူးလောက်ပဲ သင့်ခေါင်းထဲရှိနေမယ်ဆိုရင်တော့ ကြာရှည်မှာ အဆင်ပြေမှာမဟုတ်လို့ သင့်ကိုသူတို့ဘက်က လက်လွှတ်ခံလိုက်မှာ ဖြစ်ပါတယ်။(၅)လက်ရှိကုမ္ပဏီက ဘယ်လိုကောင်းတာ – သင့်လက်ရှိကုမ္ပဏီနဲ့ သင့်လက်ရှိသူဌေး ဘယ်လောက်ပဲကောင်းတယ်ပြောပြော အဲဒီဟာတွေကို သင့်ရဲ့အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။ အင်တာဗျူးမှာ ဒါတွေသွားပြောနေလို့ သင့်ကိုဖြည့်ဆည်းပေးမယ် မထင်ပါနဲ့။ အဲဒီအစား သင်ရမယ့်အခွင့်အရေးတွေပဲ ဆုံးရှုံးလိုက်ရပါလိမ့်မယ်။ ဘယ်သူမှ သင့်ရဲ့စကားတွေကို ကြားချင်မှာမဟုတ်လို့ အဲဒီလိုအပြောတွေထက် သင့်ရဲ့စွမ်းဆောင်ရည်တွေကို ဘယ်လိုပြသရမယ်ဆိုတာပဲ ပြင်ဆင်ထားသင့်ပါတယ်။

မူရင်း _ Credit

[zawgyi]

(၁) ဒီေန႔ခ်ိန္းထားတာကို ေနာက္ရက္ေ႐ႊ႕လိုရမလား – ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ တကယ့္အေရးေပၚကိစၥေလာက္ကလြဲၿပီး အခုလိုမ်ိဳး ျပန္လည္းခ်ိန္ဆိုတာမ်ိဳး လုံးဝမလုပ္သင့္ပါဘူး။ သင္မွမဟုတ္ပါဘူး။ အားလုံးရဲ႕အခ်ိန္ေတြက တန္ဖိုးရွိပါတယ္။ ဒါေၾကာင့္ ခ်ိန္းဆိုထားၿပီးရင္ မပ်က္မကြက္သြားေရာက္ပါ။ အင္တာဗ်ဴးလုပ္ဖို႔ ခ်ိန္းထားတဲ့အခ်ိန္ထက္ ေနာက္က်တာ၊ ေနာက္ရက္ျပန္ခ်ိန္းတာေတြဟာ သင့္အေပၚ ယုံၾကည္မႈေလ်ာ့နည္းေစႏိုင္ပါတယ္။ (၂)တျခားအလုပ္ေ႐ြးစရာရွိလို႔ ဘယ္ေန႔ေနာက္ဆုံးထားၿပီး အေၾကာင္းျပန္ပါ့မယ္ – ဘယ္သူ႔မွေတာ့ ကုမၸဏီဘက္က အေၾကာင္းျပန္လာတာကို စိတ္ပင္ပန္းႀကီးစြာ ေစာင့္ဆိုင္းမေနခ်င္ၾကပါဘူး။ ဒါေပမဲ့လို႔ သင့္ဘက္က အခုလိုမ်ိဳးေျပာလိုက္လို႔လည္း အလုပ္ျဖစ္မယ္မထင္ပါနဲ႔။ တကယ္ပဲသင့္မွာ ေ႐ြးခ်ယ္စရာ အျခားအလုပ္ရွိေနခဲ့ရင္ေတာင္ ဘယ္ဟာကသင့္အတြက္ ပိုအဆင္ေျပတယ္ဆိုတာကို သိၿပီးျဖစ္ေနရပါမယ္။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ကုမၸဏီဘက္ကို ဘာေၾကာင့္ အျခားအလုပ္ကို ေ႐ြးခ်ယ္ျဖစ္တယ္ဆိုတဲ့ အေၾကာင္းရင္းကို ႐ိုး႐ိုးသားသား ရွင္းျပတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။(၃)ဘယ္အခ်ိန္ျဖစ္ျဖစ္စႏိုင္တယ္။ ဒါေပမဲ့ ဒီရက္ေတြေတာ့မရဘူး – ကိုယ္က အလုပ္လည္း အေရးတႀကီးလိုေနတယ္။ လုပ္လည္းလုပ္ခ်င္တယ္။ လက္ရွိလည္း အျခားအလုပ္ရွိမေနလို႔ အင္တာဗ်ဴးမွာ ဘယ္အခ်န္အလုပ္စဆင္းႏိုင္လဲေမးတဲ့အခါ အထက္ပါအတိုင္း ေျပာခဲ့ျခင္းမွေရွာင္ပါ။ ကိုယ္လိုခ်င္တဲ့ပိတ္ရက္ေတြကို ေသခ်ာေရွာင္ရွားၿပီးမွပဲ ကိုယ္အလုပ္စဝင္ႏိုင္မယ့္ရက္ကို ေျပာသင့္ပါတယ္။(၄)ဒီထက္ပိုေကာင္းတဲ့ေနရာလိုခ်င္တာ၊ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ဒီအလုပ္ကို လက္ခံလိုက္ပါမယ္ – တကယ္လို႔သင့္ကို အလုပ္တစ္ခုက အင္တာဗ်ဴးခ်ိန္းတယ္ဆိုပါစို႔။ အဲဒီအခ်ိန္မွာ ဒီအလုပ္ကိုလက္ခံႏိုင္၊ မႏိုင္ ေသခ်ာခ်င့္ခ်ိန္ရမွာက သင့္ကိစၥပါ။ ဘာလို႔လဲဆိုေတာ့ ေခၚတဲ့သူက ဒီအလုပ္နဲ႔ သင္နဲ႔ သင့္ေတာ္တယ္ထင္လို႔ အင္တာဗ်ဴးခ်ိန္းတာပါ။ ဘယ္သူမဆို အလုပ္မွာအေကာင္းဆုံးျဖစ္စဥ္ေတြ လိုခ်င္ၾကသလို အလုပ္ရွင္ဘက္ကလည္း ဒီအလုပ္အေပၚ အေကာင္းဆုံးလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားၾကတာခ်ည္းပါပဲ။ ဒါကိုမွ ရာထူးေလာက္ပဲ သင့္ေခါင္းထဲရွိေနမယ္ဆိုရင္ေတာ့ ၾကာရွည္မွာ အဆင္ေျပမွာမဟုတ္လို႔ သင့္ကိုသူတို႔ဘက္က လက္လႊတ္ခံလိုက္မွာ ျဖစ္ပါတယ္။(၅)လက္ရွိကုမၸဏီက ဘယ္လိုေကာင္းတာ – သင့္လက္ရွိကုမၸဏီနဲ႔ သင့္လက္ရွိသူေဌး ဘယ္ေလာက္ပဲေကာင္းတယ္ေျပာေျပာ အဲဒီဟာေတြကို သင့္ရဲ႕အတိတ္မွာပဲ ထားခဲ့လိုက္ပါေတာ့။ အင္တာဗ်ဴးမွာ ဒါေတြသြားေျပာေနလို႔ သင့္ကိုျဖည့္ဆည္းေပးမယ္ မထင္ပါနဲ႔။ အဲဒီအစား သင္ရမယ့္အခြင့္အေရးေတြပဲ ဆုံးရႈံးလိုက္ရပါလိမ့္မယ္။ ဘယ္သူမွ သင့္ရဲ႕စကားေတြကို ၾကားခ်င္မွာမဟုတ္လို႔ အဲဒီလိုအေျပာေတြထက္ သင့္ရဲ႕စြမ္းေဆာင္ရည္ေတြကို ဘယ္လိုျပသရမယ္ဆိုတာပဲ ျပင္ဆင္ထားသင့္ပါတယ္။