အဝတ်လျှော်စက် တစ်လုံးဝယ်တော့မယ် ဆိုရင် ဘယ်လိုရွေးကြမလဲ

အဝတ်လျှော်စက်ဝယ်တော့မယ် ဆိုရင်ဘယ်လိုBrand ပဲဖြစ်ဖြစ်အဓိက ၁။ fully auto ( တစ်ကန် ) နဲ့ ၂။ semi auto ( နှစ်ကန် ) ဆိုပြီး ၂ မျိုး လာပါတယ်။ဟုတ်ကဲ့ fully auto ဆိုတာက တစ်ကန် ပါ။ လျှော်တာရော ညှစ်တာပါ တစ်ကန်တည်းနဲ့ အလုပ်လုပ်တာပါ။semiauto ကတော့ နှစ်ကန် ပါ။ လျှော်တာက တစ်ကန် ညှစ်တာက တစ်ကန် ခွဲထားတာပါ။အလွယ် ပြောရင်တော့ တစ်ကန်က fully auto ဖြစ်တဲ့ အတွက် ပိုကောင်းတယ်လို့ ယူဆ ရပါမယ် ။ ဒါဆို နှစ်ကန်က မကောင်းဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး။ တစ်ကန် ပဲဖြစ်ဖြစ် နှစ်ကန် ပဲဖြစ်ဖြစ် အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။အဲတော့ တစ်ခုချင်းစီရဲ့ အားသာချက် အားနည်းချက် တွေကို အသေးစိတ် သိရှိနိုင်ဘို့ ခွဲပြီး ရေးပြ ပေးပါမယ်။၁။ Fully auto ( တစ်ကန် ) – Fully auto ကတော့ အားလုံး auto ပါ။ လူက ဘာဆို ဘာမှ လုပ်ပေးစရာ မလိုဘူးဗျ။ ရေထည့်ဘို့ အတွက် ဘုံဘိုင်ခေါင်းမှာ ရေပိုက်အပြီး တပ်ထား ပေးရမှာပါ။ ဘုံဘိုင်ခေါင်း ကိုလည်း အမြဲဖွင့်ထား ပေးရမှာပါ။ ရေအထွက်ပိုက်လည်း အဆင်သင့် တပ်ပေး ထားရပါမယ်။ အဲတာတွေကလည်း ပိုက်သမား တစ်ယောက် ခေါ်လုပ်လို့ ရပါတယ်။ ရေအဝင်ပိုက် အထွက်ပိုက် join ပြီးသွားတာနဲ့ အဝတ်လျှော်စက် စ သုံးလို့ ရပါပြီ။ သုံးတော့မယ် ဆိုရင်လည်း လွယ်ပါတယ်။အဝတ်ထည့် ဆပ်ပြာထည့် power ခလုတ်နှိပ် ပြီး start ခလုတ်နှိပ် လိုက်ရုံပါပဲ။ ဘုံဘိုင် အသေဖွင့်ထားပြီး မို့လို့ ရေလည်း auto ဝင်မှာပါ။ ထည့်ထားတဲ့ အဝတ်အနည်း အများပေါ်မူတည်ပြီး ရေလိုသလောက် auto ဖြည့်ပေးမှာပါ။ လျှော်တာရော ညှစ်တာပါ အားလုံး လုပ်သွားမှာပါ။ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ပြီးဆုံးကြောင်း alarm မြည်ပြီး ပါဝါအားလုံး ပိတ်သွား မှာပါ။ အဲတော့မှ အဝတ်ထုတ် လှန်းရုံပါပဲ။ လူအရမ်း သက်သာပါတယ်။အားနည်းချက်။ ။ Fully auto အဝတ်လျှော်စက် တစ်လုံး အသုံးပြု တော့မယ် ဆိုရင် သူ့အတွက် နေရာတစ်ခု အသေ သတ်မှတ်ပြီး ရေဝင်ဘို့ ရေထုတ်ဘို့ စီစဉ်ပေးထားရပါမယ်။ အဝင် ရေအား ကောင်းဘို့တော့ လိုပါတယ်။ ရေဝင်အား ကောင်းအောင် ရေစည် တစ်ခုကို အနည်းအဆုံး ၁၀ပေခန့့် အမြင့်မှာ တင်ထားပေးရပါမယ်။ ရန်ကုန်တိုက်ခန်းတွေလို ရေချိးခန်းပေါ် တင်ထားတဲ့ ရေစည် အမြင့်မျိုး နဲ့ဆိုရင် လျှော်စက်ထဲ ရေဝင်နိုင်မှာ မဟုတ်ပါဘူး။အဲအတွက် pressure pump ဆင်ပေးရပါမယ်။ အဲ pressure pump အတွက်ပဲ တပ်ဆင်ခ အပါ ၅၀၀၀၀၊ ၆၀၀၀၀ လောက် ထပ်ကုန်ပါမယ်။ အဓိက ပြောချင်တာကတော့ တစ်ကန် အဝတ်လျှော်စက်တွေဟာ စက်တန်ဘိုး စျေးကြီးသလို အသုံးမပြုခင် သူ့ရဲ့ လိုအပ်ချက်တွေ ပြည့်စုံအောင် ဖန်တီး ပေးရတာပါ။Japanကလာတဲ့110V fully auto အဝတ်လျှော်စက် တွေမှာတော့ ရေတိုင်ကီ အမြင့် ရှိစရာမလို ရေအဝင် အား မကောင်းလည်း pressure pump ဝယ်သုံးစရာ မလိုအောင် အဝတ်လျှော်စက်ထဲမှာ pump ထည့်ပေး ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။အဝတ်လျှော်စက်က ပိုက်ကို ဘေးက ရေတိုင်ကီတစ်ခုခု သိို့မဟုတ် ရေပုံးတစ်ခုခုထဲ နှစ်ထားရုံနဲ့ auto ရေစုပ်ယူပြီး အစအဆုံး လျှော်ပေးသွားမှာပါ။ အဲလို ဆိုရင်တော့ pump ဆင်ရတဲ့ ကုန်ကျစရိတ်တွေ၊ အလုပ်ရှုပ်တာတွေ အများကြီး သက်သာ သွားမှာပါ။အားသာချက် ။ ။ သူ့ရဲ့ လိုအပ်ချက်တွေ အားလုံး ပြည့်စုံအောင် ဖန်တီး ပေးပြီးရင်တော့ အရမ်းကို လွယ်ကူ အဆင်ပြေ သွားပါတယ်။ ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ရေထည့်တာ လျှော်တာ ရေထုတ်တာ ညှစ်တာ အားလုံး လူက ဘာဆိုဘာမှ လုပ်ပေးစရာ မလိုပဲ အစ အဆုံး ပြီးမြောက်စေပါတယ်။အားနည်းချက် ။ ။ နောက်ထပ် အားနည်းချက်က ရေမသန့်ရင် ရေဝင် valve ခဏခဏ ဆိုသလို လဲ ရတတ်ပါတယ်။ မီးအား အတက် အကျများရင် ( သို့ ) circuit ထဲ ရေဝင်တာမျိုး ဖြစ်ရင် control circuit တွေ ပျက်လေ့ပျက်ထ ရှိပါတယ်။ fully auto ဖြစ်လို့ control တွေ sensor တွေ နဲ့ တစ်ခြား အစိတ်အပိုင်း တွေ မြောက်များစွာ ပါရှိတဲ့ အတွက် ပျက်မယ်ဆိုရင် ပျက်စရာ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။နောက်တစ်ခုက အသုံးပြုပုံ instruction ပါပေမယ့် မဖတ်ဖြစ်ကြတဲ့အတွက် လူတိုင်းလိုလို ချက်ချင်း အကျွမ်းတစ်ဝင် အသုံ မပြုတတ် ကြပါဘူး။ တစ်ချို့ ဆိုရင် နှစ် အတော်ကြာကြာ သုံးလာတာတောင် လျှော်ရုံပဲလျှော်ရင် ဘယ်လိုနှိပ် ရမလဲ၊ ညှစ်ရုံပဲ ညှစ်ရင် ဘယ်လိုနှိပ် ရမလဲ၊ မသိကြပါဘူး။အားသာချက် ။ ။ နောက်ထပ် အားသာချက် တစ်ခုကတော့ မော်တာနဲ့ ဂီယာအုံ တော်တော်နဲ့ မပျက်တဲ့ အတွက် control ပိုင်း လုံးဝပြင်လို့ မရတော့ဘူး ဆိုရင်တောင် တိုင်မာ တစ်လုံး ခလုတ် တစ်ခု ထည့်ပြီး semi auto အဖြစ် ပြောင်းသုံးလို့ ရပါတယ်။ ကျွန်တော် ပြောင်းပေး ဘူးတဲ့ အလုံး တော်တော်များများကတော့ ထပ်ကို မပျက်တော့ဘူးဗျ။ မပျက်ဆို ပျက်စရာလည်း ဘာမှ မရှိတော့ဘူးလေ။

၂။ Semi auto ( နှစ်ကန် ) ( Manual ) – semi auto ကတော့ manual အမျိုးအစားပါ။ လျှော်ကန် နဲ့ ညှစ်ကန်် ၂ကန် ပါ ပါတယ်။ အလုပ် လုပ်ပုံက ရှင်းပါတယ်။ အားလုံး လိုလို လူကိုယ်တိုင် လုပ်ပေး ရပါတယ်။ အရင်ဆုံး အဝတ်ထည့် ဆပ်ပြာထည့် ရေထည့် ပေးရတယ်။ ရေပေါ်မှာ အဝတ်တွေ ပေါ်လာပြီ ဆိုရင် လျှော်လို့ ရပါပြီ။ ရေ မနည်း မများဘို့ ဂရုစိုက်ပေးရပါမယ်။လျှော်မယ်ဆို လျှော် timer လှည့်ပေးရပါမယ်။ လျှော်ချိန် ပြည့်သွားရင် ရေထုတ်ဗား လှည့်ပြီး ရေထုတ် ပေးရပါမယ်။အဲပုံစံ အတိုင်း ဆပ်ပြာမထည့်ပဲ နောက်တစ်ခါ ထပ်လျှော်ပေး ရပါမယ်။ ပထမ လျှော်ထားတဲ့ ဆပ်ပြာရေ ကို ဆေးတဲ့ သဘောပါ။ပြီးရင်တော့ လျှော်ထားတဲ့ အဝတ်တွေကို ညှစ်ကန်ဘက် ပြောင်းထည့်ပေးရပါမယ်။ ညှစ် timer လှည့်ပြီး ရေညှစ်ပေးပါ။ ပြီးရင်တော့ အဝတ်တွေထုတ် နေလှန်းနိုင်ပါပြီ။ ခြောက်လုနီးပါး အထိ ညှစ်ပေးတာ မို့လို့ လေသလပ် ခံပေးရုံနဲ့တင် ခြောက်နိုင်ပါတယ်။ ဒါပေမယ့် အစအဆုံး လူ လိုက်လုပ် ပေးနေရတော့ အလုပ်တော့ နဲနဲ ရှုပ်မယ်ဗျ။အားနည်းချက်။ ။ Semi auto သုံးစွဲသူတွေဟာ လျှော်ကန်ထဲကို ရေ ထည့်ပေးရမယ်။ လျှော်ဘို့ လျှော်တိုင်မာလှည့် ပေးရမယ်။ ရေထုတ် ခလုတ် လှည့်ပြီး ရေထုတ် ပေးရမယ်။ လျှော်ပြီးသား အဝတ်တွေကို ညှစ်ကန်ဘက် ပြောင်းထည့်ပြီး ညှစ်တိုင်မာလှည့် ပေးရမယ်။ အဲဒီလို သုံးစွဲသူ ကိုယ်တိုင် တစ်ဝက်တစ်ပျက် ပါဝင် ကူညီ ပေးနေရတာဟာ နှစ်ကန်တွေရဲ့ အဓိက အားနည်းချက်ပါ။အားသာချက် ။ ။ Semi auto ( နှစ်ကန် ) တွေရဲ့ အဓိက အားသာချက်ကတော့ တပ်ဆင်ရလွယ်ကူတာပဲ ဖြစ်ပါတယ်။ နေရာ အသေထားစရာ မလိုဘူး။ ရေစင် အမြင့် ရှိဘို့ မလိုဘူး။ ရေအား ကောင်းဘို့ မလိုဘူး။ pressure pump မလိုဘူး။ ပိုက်သမား ခေါ်ဆင်ဘို့ မလိုဘူး။ ကြိုက်တဲ့ နေရာမှာ ကြိုက်သလိုထား။ ရေကို ပုံးနဲ့ ခပ်ထည့်လည်း ရတယ်။ ဘုံဘိုင်နဲ့ ဆက်ပြီး ထည့်လည်း ရတယ်။အားနည်းချက်။ ။ Semi auto တွေမှာ လျှော်ကန်ထဲက အဝတ်တွေကို ညှစ်ကန်ထဲကို ပြောင်းထည့်တဲ့ အခါ အဝတ်တွေကို ညှစ်ကန်ရဲ့ အလယ်တည့်တည့်မှာ ဖိထည့် ပေးမှ အဆင်ပြေမှာပါ။အဲလိုမဟုတ်ဘဲ အဝတ်တွေ တစ်ဘက်ကပ် နေတာမျိုး ဆိိုရင် ညှစ်ကန် လည်တဲ့အခါမှာ unbalance ဖြစ်ပြီး မလည်နိုင်ဘဲ ဘေးရမ်းပြီး ဒုန်းဒုန်း ဒုန်းဒုန်း အသံဆူနေ ပါလိမ့်မယ်။ အဲဒါဆိုရင် အဖုံးလှန်ပြီး အဝတ်တွေ သေချာပြန်ထည့် ပေးရပါတယ်။ ဒါကတော့ နှစ်ကန်တွေရဲ့ မပြောပလောက်တဲ့ အားနည်းချက် ပေါ့နော်။အားသာချက် ။ ။ Semi auto ( နှစ်ကန် ) တွေဟာ လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင်တယ်။ ခလုတ် မနှိပ်တတ်စရာမရှိဘူး။ ခလုတ်တိုင်းရဲ့ အလုပ်လုပ်ပုံ ကို လူတိုင်းနားလည် လွယ်တယ်။ ပါဝင် ဆက်စပ် ပစ္စည်း အနည်းငယ်သာ ရှိတဲ့ အတွက် fully auto ထက်စာရင် ပျက်ခဲတယ်၊ပျက်ရင် ပြင်ရ လွယ်တယ်။ အပိုပစ္စည်း ပေါတယ်။အားနည်းချက်။ ။ ပျက်ခဲတယ်၊ ပျက်ရင် ပြင်ရ လွယ်တယ်၊ ဆိုပေမယ့် မော်တာနဲ့ ဂီယာအုံ မှာတော့ fully auto လောက် မခံဘူးဗျ။ ဒါလည်း အားနည်းချက်ပဲလေ။အားသာချက် ။ ။ Semi auto မှာ fully auto ထက်သာတဲ့ အရည်းအချင်း ကတော့ တပြိုင်တည်း အလုပ်နှစ်ခု ခိုင်းနိုင်တာပဲ ခင်ဗျ။ တစ်ဖက်မှာ လျှော်နေတုန်း တစ်ဖက်မှာ ညှစ်ထားလို့ ရတယ် ခင်ဗျ။ကဲ . . . အဝတ်လျှော်စက် အမျိုးအစား တွေရော အသုံးပြုပုံံ တွေရော နားလည်လွယ်အောင် တတ်နိုင်သလောက် ကြိုးစား ရှင်းပြ ပေးထားပါတယ် ခင်ဗျာ။ မိမိအိမ်နဲ့ ဘယ်လို အမျိုးအစားမျိုး ဝယ်သုံးရင် အဆင်ပြေမလဲ ဆိုတာ ဆုံးဖြတ်ဘို့ လွယ်သွားလောက်ပါပြီ။နောက်ထပ် အားနည်းတာ အားသာတာလေးတွေ တွေ့ရင်လည်း ထပ်ဖြည့် ပေးပါဦးမယ် ခင်ဗျာ။မသိသေးသူများအတွက် အနည်းငယ်မျှ အထောက်အကူ ဖြစ်စေဘို့ ကိုယ်သိသလောက် မျှဝေ ပေးတာပါခင်ဗျာ။အဲဒီ အားသာချက် အားနည်းချက် တွေကို နှိုင်းယှဉ်ပြီး ကိုယ့်အိမ်မှာ ဘာသုံး ရင် သင့်တော်မလဲ ဆိုတာ ဆုံးဖြတ်လို့ ရနိုင်ပါပြီ ခင်ဗျား။ ။မှတ်ချက်။ ။ နေ့စဉ် ကိုယ်လျှော်ရမယ့် အဝတ်ပမာဏ ပေါ်မူတည်ပြီး kg အနည်းအများ ရွေးဝယ်ဘို့တော့ လိုအပ်ပါတယ်။တစ်ချို့က စောင်တွေ ခြင်ထောင်တွေပါ တစ်ခါတည်း လျှော်လို့ရအောင်ဆိုပြီး kg ကြီးကြီး လိုချင်တတ်ကြပါတယ်။ kg ကြီးတိုင်းလည်း မကောင်းပါဘူး ခင်ဗျ။ အိမ်မှာ လူ နှစ်ယောက် သုံးယောက်ပဲ ရှိတယ်။ တစ်နေ့ကို အဝတ် ၁၀ထည် ၁၅ထည်လောက်ပဲ လျှော်မယ်ဆိုရင် 5.5 kg, 6kg လောက်ဆို အဖိုးနည်းဝန်ပါ လုံလောက်ပါပြီ ခင်ဗျ။kg ကြီးရင် ပိုက်ဆံ ပိုကုန်၊ ရေလည်း ပိုကုန်သလို မီးလည်း ပိုကုန်ပါတယ်။ အရွယ်အစားကြီးလို့ နေရာလည်း ပိုယူသလို ရွှေ့ရ ပြောင်းရလည်း ခက်ခဲ ပါမယ်။ တစ်ကယ် လိုအပ်မှသာ kg အကြီး ဝယ်သင့်ပါတယ် ခင်ဗျာ။အိမ်သုံးဆိုရင် 4.5 kg ကနေ 8 kg အထိ ရှိိပါတယ်။ ကိုယ်ဝယ်မယ့် အဝတ်လျှော်စက် ဘယ်လောက် kg ရှိလည်း ဆိုတာကတော့ စက်ရဲ့ မော်ဒယ် နံပါတ်ကို ကြည့်ပြီး သိနိုင်ပါတယ်။ဥပမာ ။ ။ SANYO မော်ဒယ်နံပါတ် ASW- 70A ( W ) ဆိုရင် 70 ပါတဲ့အတွက် 7.0 kg။SANYO မော်ဒယ်နံပါတ် ASW- 60A ( W ) ဆိိုရင် 60 ပါတဲ့အတွက် 6.0 kg ဆိုပြီး အလွယ် သတ်မှတ်နိုင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာ စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေ။

Credit – ကိုထိုက် ( မေတ္တာအိမ် )

[zawgyi]

အဝတ္ေလွ်ာ္စက္ဝယ္ေတာ့မယ္ ဆိုရင္ဘယ္လိုBrand ပဲျဖစ္ျဖစ္အဓိက ၁။ fully auto ( တစ္ကန္ ) နဲ႔ ၂။ semi auto ( ႏွစ္ကန္ ) ဆိုၿပီး ၂ မ်ိဳး လာပါတယ္။ဟုတ္ကဲ့ fully auto ဆိုတာက တစ္ကန္ ပါ။ ေလွ်ာ္တာေရာ ညႇစ္တာပါ တစ္ကန္တည္းနဲ႔ အလုပ္လုပ္တာပါ။semiauto ကေတာ့ ႏွစ္ကန္ ပါ။ ေလွ်ာ္တာက တစ္ကန္ ညႇစ္တာက တစ္ကန္ ခြဲထားတာပါ။အလြယ္ ေျပာရင္ေတာ့ တစ္ကန္က fully auto ျဖစ္တဲ့ အတြက္ ပိုေကာင္းတယ္လို႔ ယူဆ ရပါမယ္ ။ ဒါဆို ႏွစ္ကန္က မေကာင္းဘူးလား ဆိုေတာ့လည္း မဟုတ္ပါဘူး။ တစ္ကန္ ပဲျဖစ္ျဖစ္ ႏွစ္ကန္ ပဲျဖစ္ျဖစ္ အားသာခ်က္ အားနည္းခ်က္ ကိုယ္စီ ရွိၾကပါတယ္။အဲေတာ့ တစ္ခုခ်င္းစီရဲ႕ အားသာခ်က္ အားနည္းခ်က္ ေတြကို အေသးစိတ္ သိရွိႏိုင္ဘို႔ ခြဲၿပီး ေရးျပ ေပးပါမယ္။၁။ Fully auto ( တစ္ကန္ ) – Fully auto ကေတာ့ အားလုံး auto ပါ။ လူက ဘာဆို ဘာမွ လုပ္ေပးစရာ မလိုဘူးဗ်။ ေရထည့္ဘို႔ အတြက္ ဘုံဘိုင္ေခါင္းမွာ ေရပိုက္အၿပီး တပ္ထား ေပးရမွာပါ။ ဘုံဘိုင္ေခါင္း ကိုလည္း အၿမဲဖြင့္ထား ေပးရမွာပါ။ ေရအထြက္ပိုက္လည္း အဆင္သင့္ တပ္ေပး ထားရပါမယ္။ အဲတာေတြကလည္း ပိုက္သမား တစ္ေယာက္ ေခၚလုပ္လို႔ ရပါတယ္။ ေရအဝင္ပိုက္ အထြက္ပိုက္ join ၿပီးသြားတာနဲ႔ အဝတ္ေလွ်ာ္စက္ စ သုံးလို႔ ရပါၿပီ။ သုံးေတာ့မယ္ ဆိုရင္လည္း လြယ္ပါတယ္။အဝတ္ထည့္ ဆပ္ျပာထည့္ power ခလုတ္ႏွိပ္ ၿပီး start ခလုတ္ႏွိပ္ လိုက္႐ုံပါပဲ။ ဘုံဘိုင္ အေသဖြင့္ထားၿပီး မို႔လို႔ ေရလည္း auto ဝင္မွာပါ။ ထည့္ထားတဲ့ အဝတ္အနည္း အမ်ားေပၚမူတည္ၿပီး ေရလိုသေလာက္ auto ျဖည့္ေပးမွာပါ။ ေလွ်ာ္တာေရာ ညႇစ္တာပါ အားလုံး လုပ္သြားမွာပါ။ အားလုံး ၿပီးသြားၿပီ ဆိုရင္ေတာ့ ၿပီးဆုံးေၾကာင္း alarm ျမည္ၿပီး ပါဝါအားလုံး ပိတ္သြား မွာပါ။ အဲေတာ့မွ အဝတ္ထုတ္ လွန္း႐ုံပါပဲ။ လူအရမ္း သက္သာပါတယ္။အားနည္းခ်က္။ ။ Fully auto အဝတ္ေလွ်ာ္စက္ တစ္လုံး အသုံးျပဳ ေတာ့မယ္ ဆိုရင္ သူ႔အတြက္ ေနရာတစ္ခု အေသ သတ္မွတ္ၿပီး ေရဝင္ဘို႔ ေရထုတ္ဘို႔ စီစဥ္ေပးထားရပါမယ္။ အဝင္ ေရအား ေကာင္းဘို႔ေတာ့ လိုပါတယ္။ ေရဝင္အား ေကာင္းေအာင္ ေရစည္ တစ္ခုကို အနည္းအဆုံး ၁၀ေပခန႔့္ အျမင့္မွာ တင္ထားေပးရပါမယ္။ ရန္ကုန္တိုက္ခန္းေတြလို ေရခ်ိးခန္းေပၚ တင္ထားတဲ့ ေရစည္ အျမင့္မ်ိဳး နဲ႔ဆိုရင္ ေလွ်ာ္စက္ထဲ ေရဝင္ႏိုင္မွာ မဟုတ္ပါဘူး။အဲအတြက္ pressure pump ဆင္ေပးရပါမယ္။ အဲ pressure pump အတြက္ပဲ တပ္ဆင္ခ အပါ ၅၀၀၀၀၊ ၆၀၀၀၀ ေလာက္ ထပ္ကုန္ပါမယ္။ အဓိက ေျပာခ်င္တာကေတာ့ တစ္ကန္ အဝတ္ေလွ်ာ္စက္ေတြဟာ စက္တန္ဘိုး ေစ်းႀကီးသလို အသုံးမျပဳခင္ သူ႔ရဲ႕ လိုအပ္ခ်က္ေတြ ျပည့္စုံေအာင္ ဖန္တီး ေပးရတာပါ။Japanကလာတဲ့110V fully auto အဝတ္ေလွ်ာ္စက္ ေတြမွာေတာ့ ေရတိုင္ကီ အျမင့္ ရွိစရာမလို ေရအဝင္ အား မေကာင္းလည္း pressure pump ဝယ္သုံးစရာ မလိုေအာင္ အဝတ္ေလွ်ာ္စက္ထဲမွာ pump ထည့္ေပး ထားတဲ့ အမ်ိဳးအစားေတြ ရွိပါတယ္။အဝတ္ေလွ်ာ္စက္က ပိုက္ကို ေဘးက ေရတိုင္ကီတစ္ခုခု သိို႔မဟုတ္ ေရပုံးတစ္ခုခုထဲ ႏွစ္ထား႐ုံနဲ႔ auto ေရစုပ္ယူၿပီး အစအဆုံး ေလွ်ာ္ေပးသြားမွာပါ။ အဲလို ဆိုရင္ေတာ့ pump ဆင္ရတဲ့ ကုန္က်စရိတ္ေတြ၊ အလုပ္ရႈပ္တာေတြ အမ်ားႀကီး သက္သာ သြားမွာပါ။အားသာခ်က္ ။ ။ သူ႔ရဲ႕ လိုအပ္ခ်က္ေတြ အားလုံး ျပည့္စုံေအာင္ ဖန္တီး ေပးၿပီးရင္ေတာ့ အရမ္းကို လြယ္ကူ အဆင္ေျပ သြားပါတယ္။ ခလုတ္တစ္ခ်က္ ႏွိပ္႐ုံနဲ႔ ေရထည့္တာ ေလွ်ာ္တာ ေရထုတ္တာ ညႇစ္တာ အားလုံး လူက ဘာဆိုဘာမွ လုပ္ေပးစရာ မလိုပဲ အစ အဆုံး ၿပီးေျမာက္ေစပါတယ္။အားနည္းခ်က္ ။ ။ ေနာက္ထပ္ အားနည္းခ်က္က ေရမသန႔္ရင္ ေရဝင္ valve ခဏခဏ ဆိုသလို လဲ ရတတ္ပါတယ္။ မီးအား အတက္ အက်မ်ားရင္ ( သို႔ ) circuit ထဲ ေရဝင္တာမ်ိဳး ျဖစ္ရင္ control circuit ေတြ ပ်က္ေလ့ပ်က္ထ ရွိပါတယ္။ fully auto ျဖစ္လို႔ control ေတြ sensor ေတြ နဲ႔ တစ္ျခား အစိတ္အပိုင္း ေတြ ေျမာက္မ်ားစြာ ပါရွိတဲ့ အတြက္ ပ်က္မယ္ဆိုရင္ ပ်က္စရာ အစိတ္အပိုင္းေတြ အမ်ားႀကီး ရွိပါတယ္။ေနာက္တစ္ခုက အသုံးျပဳပုံ instruction ပါေပမယ့္ မဖတ္ျဖစ္ၾကတဲ့အတြက္ လူတိုင္းလိုလို ခ်က္ခ်င္း အကြၽမ္းတစ္ဝင္ အသုံ မျပဳတတ္ ၾကပါဘူး။ တစ္ခ်ိဳ႕ ဆိုရင္ ႏွစ္ အေတာ္ၾကာၾကာ သုံးလာတာေတာင္ ေလွ်ာ္႐ုံပဲေလွ်ာ္ရင္ ဘယ္လိုႏွိပ္ ရမလဲ၊ ညႇစ္႐ုံပဲ ညႇစ္ရင္ ဘယ္လိုႏွိပ္ ရမလဲ၊ မသိၾကပါဘူး။အားသာခ်က္ ။ ။ ေနာက္ထပ္ အားသာခ်က္ တစ္ခုကေတာ့ ေမာ္တာနဲ႔ ဂီယာအုံ ေတာ္ေတာ္နဲ႔ မပ်က္တဲ့ အတြက္ control ပိုင္း လုံးဝျပင္လို႔ မရေတာ့ဘူး ဆိုရင္ေတာင္ တိုင္မာ တစ္လုံး ခလုတ္ တစ္ခု ထည့္ၿပီး semi auto အျဖစ္ ေျပာင္းသုံးလို႔ ရပါတယ္။ ကြၽန္ေတာ္ ေျပာင္းေပး ဘူးတဲ့ အလုံး ေတာ္ေတာ္မ်ားမ်ားကေတာ့ ထပ္ကို မပ်က္ေတာ့ဘူးဗ်။ မပ်က္ဆို ပ်က္စရာလည္း ဘာမွ မရွိေတာ့ဘူးေလ။၂။ Semi auto ( ႏွစ္ကန္ ) ( Manual ) – semi auto ကေတာ့ manual အမ်ိဳးအစားပါ။ ေလွ်ာ္ကန္ နဲ႔ ညႇစ္ကန္္ ၂ကန္ ပါ ပါတယ္။ အလုပ္ လုပ္ပုံက ရွင္းပါတယ္။ အားလုံး လိုလို လူကိုယ္တိုင္ လုပ္ေပး ရပါတယ္။ အရင္ဆုံး အဝတ္ထည့္ ဆပ္ျပာထည့္ ေရထည့္ ေပးရတယ္။ ေရေပၚမွာ အဝတ္ေတြ ေပၚလာၿပီ ဆိုရင္ ေလွ်ာ္လို႔ ရပါၿပီ။ ေရ မနည္း မမ်ားဘို႔ ဂ႐ုစိုက္ေပးရပါမယ္။ေလွ်ာ္မယ္ဆို ေလွ်ာ္ timer လွည့္ေပးရပါမယ္။ ေလွ်ာ္ခ်ိန္ ျပည့္သြားရင္ ေရထုတ္ဗား လွည့္ၿပီး ေရထုတ္ ေပးရပါမယ္။အဲပုံစံ အတိုင္း ဆပ္ျပာမထည့္ပဲ ေနာက္တစ္ခါ ထပ္ေလွ်ာ္ေပး ရပါမယ္။ ပထမ ေလွ်ာ္ထားတဲ့ ဆပ္ျပာေရ ကို ေဆးတဲ့ သေဘာပါ။ၿပီးရင္ေတာ့ ေလွ်ာ္ထားတဲ့ အဝတ္ေတြကို ညႇစ္ကန္ဘက္ ေျပာင္းထည့္ေပးရပါမယ္။ ညႇစ္ timer လွည့္ၿပီး ေရညႇစ္ေပးပါ။ ၿပီးရင္ေတာ့ အဝတ္ေတြထုတ္ ေနလွန္းႏိုင္ပါၿပီ။ ေျခာက္လုနီးပါး အထိ ညႇစ္ေပးတာ မို႔လို႔ ေလသလပ္ ခံေပး႐ုံနဲ႔တင္ ေျခာက္ႏိုင္ပါတယ္။ ဒါေပမယ့္ အစအဆုံး လူ လိုက္လုပ္ ေပးေနရေတာ့ အလုပ္ေတာ့ နဲနဲ ရႈပ္မယ္ဗ်။အားနည္းခ်က္။ ။ Semi auto သုံးစြဲသူေတြဟာ ေလွ်ာ္ကန္ထဲကို ေရ ထည့္ေပးရမယ္။ ေလွ်ာ္ဘို႔ ေလွ်ာ္တိုင္မာလွည့္ ေပးရမယ္။ ေရထုတ္ ခလုတ္ လွည့္ၿပီး ေရထုတ္ ေပးရမယ္။ ေလွ်ာ္ၿပီးသား အဝတ္ေတြကို ညႇစ္ကန္ဘက္ ေျပာင္းထည့္ၿပီး ညႇစ္တိုင္မာလွည့္ ေပးရမယ္။ အဲဒီလို သုံးစြဲသူ ကိုယ္တိုင္ တစ္ဝက္တစ္ပ်က္ ပါဝင္ ကူညီ ေပးေနရတာဟာ ႏွစ္ကန္ေတြရဲ႕ အဓိက အားနည္းခ်က္ပါ။အားသာခ်က္ ။ ။ Semi auto ( ႏွစ္ကန္ ) ေတြရဲ႕ အဓိက အားသာခ်က္ကေတာ့ တပ္ဆင္ရလြယ္ကူတာပဲ ျဖစ္ပါတယ္။ ေနရာ အေသထားစရာ မလိုဘူး။ ေရစင္ အျမင့္ ရွိဘို႔ မလိုဘူး။ ေရအား ေကာင္းဘို႔ မလိုဘူး။ pressure pump မလိုဘူး။ ပိုက္သမား ေခၚဆင္ဘို႔ မလိုဘူး။ ႀကိဳက္တဲ့ ေနရာမွာ ႀကိဳက္သလိုထား။ ေရကို ပုံးနဲ႔ ခပ္ထည့္လည္း ရတယ္။ ဘုံဘိုင္နဲ႔ ဆက္ၿပီး ထည့္လည္း ရတယ္။အားနည္းခ်က္။ ။ Semi auto ေတြမွာ ေလွ်ာ္ကန္ထဲက အဝတ္ေတြကို ညႇစ္ကန္ထဲကို ေျပာင္းထည့္တဲ့ အခါ အဝတ္ေတြကို ညႇစ္ကန္ရဲ႕ အလယ္တည့္တည့္မွာ ဖိထည့္ ေပးမွ အဆင္ေျပမွာပါ။အဲလိုမဟုတ္ဘဲ အဝတ္ေတြ တစ္ဘက္ကပ္ ေနတာမ်ိဳး ဆိိုရင္ ညႇစ္ကန္ လည္တဲ့အခါမွာ unbalance ျဖစ္ၿပီး မလည္ႏိုင္ဘဲ ေဘးရမ္းၿပီး ဒုန္းဒုန္း ဒုန္းဒုန္း အသံဆူေန ပါလိမ့္မယ္။ အဲဒါဆိုရင္ အဖုံးလွန္ၿပီး အဝတ္ေတြ ေသခ်ာျပန္ထည့္ ေပးရပါတယ္။ ဒါကေတာ့ ႏွစ္ကန္ေတြရဲ႕ မေျပာပေလာက္တဲ့ အားနည္းခ်က္ ေပါ့ေနာ္။အားသာခ်က္ ။ ။ Semi auto ( ႏွစ္ကန္ ) ေတြဟာ လူတိုင္း လြယ္ကူစြာ အသုံးျပဳႏိုင္တယ္။ ခလုတ္ မႏွိပ္တတ္စရာမရွိဘူး။ ခလုတ္တိုင္းရဲ႕ အလုပ္လုပ္ပုံ ကို လူတိုင္းနားလည္ လြယ္တယ္။ ပါဝင္ ဆက္စပ္ ပစၥည္း အနည္းငယ္သာ ရွိတဲ့ အတြက္ fully auto ထက္စာရင္ ပ်က္ခဲတယ္၊ပ်က္ရင္ ျပင္ရ လြယ္တယ္။ အပိုပစၥည္း ေပါတယ္။အားနည္းခ်က္။ ။ ပ်က္ခဲတယ္၊ ပ်က္ရင္ ျပင္ရ လြယ္တယ္၊ ဆိုေပမယ့္ ေမာ္တာနဲ႔ ဂီယာအုံ မွာေတာ့ fully auto ေလာက္ မခံဘူးဗ်။ ဒါလည္း အားနည္းခ်က္ပဲေလ။အားသာခ်က္ ။ ။ Semi auto မွာ fully auto ထက္သာတဲ့ အရည္းအခ်င္း ကေတာ့ တၿပိဳင္တည္း အလုပ္ႏွစ္ခု ခိုင္းႏိုင္တာပဲ ခင္ဗ်။ တစ္ဖက္မွာ ေလွ်ာ္ေနတုန္း တစ္ဖက္မွာ ညႇစ္ထားလို႔ ရတယ္ ခင္ဗ်။ကဲ . . . အဝတ္ေလွ်ာ္စက္ အမ်ိဳးအစား ေတြေရာ အသုံးျပဳပုံံ ေတြေရာ နားလည္လြယ္ေအာင္ တတ္ႏိုင္သေလာက္ ႀကိဳးစား ရွင္းျပ ေပးထားပါတယ္ ခင္ဗ်ာ။ မိမိအိမ္နဲ႔ ဘယ္လို အမ်ိဳးအစားမ်ိဳး ဝယ္သုံးရင္ အဆင္ေျပမလဲ ဆိုတာ ဆုံးျဖတ္ဘို႔ လြယ္သြားေလာက္ပါၿပီ။ေနာက္ထပ္ အားနည္းတာ အားသာတာေလးေတြ ေတြ႕ရင္လည္း ထပ္ျဖည့္ ေပးပါဦးမယ္ ခင္ဗ်ာ။မသိေသးသူမ်ားအတြက္ အနည္းငယ္မွ် အေထာက္အကူ ျဖစ္ေစဘို႔ ကိုယ္သိသေလာက္ မွ်ေဝ ေပးတာပါခင္ဗ်ာ။အဲဒီ အားသာခ်က္ အားနည္းခ်က္ ေတြကို ႏႈိင္းယွဥ္ၿပီး ကိုယ့္အိမ္မွာ ဘာသုံး ရင္ သင့္ေတာ္မလဲ ဆိုတာ ဆုံးျဖတ္လို႔ ရႏိုင္ပါၿပီ ခင္ဗ်ား။ ။မွတ္ခ်က္။ ။ ေန႔စဥ္ ကိုယ္ေလွ်ာ္ရမယ့္ အဝတ္ပမာဏ ေပၚမူတည္ၿပီး kg အနည္းအမ်ား ေ႐ြးဝယ္ဘို႔ေတာ့ လိုအပ္ပါတယ္။တစ္ခ်ိဳ႕က ေစာင္ေတြ ျခင္ေထာင္ေတြပါ တစ္ခါတည္း ေလွ်ာ္လို႔ရေအာင္ဆိုၿပီး kg ႀကီးႀကီး လိုခ်င္တတ္ၾကပါတယ္။ kg ႀကီးတိုင္းလည္း မေကာင္းပါဘူး ခင္ဗ်။ အိမ္မွာ လူ ႏွစ္ေယာက္ သုံးေယာက္ပဲ ရွိတယ္။ တစ္ေန႔ကို အဝတ္ ၁၀ထည္ ၁၅ထည္ေလာက္ပဲ ေလွ်ာ္မယ္ဆိုရင္ 5.5 kg, 6kg ေလာက္ဆို အဖိုးနည္းဝန္ပါ လုံေလာက္ပါၿပီ ခင္ဗ်။kg ႀကီးရင္ ပိုက္ဆံ ပိုကုန္၊ ေရလည္း ပိုကုန္သလို မီးလည္း ပိုကုန္ပါတယ္။ အ႐ြယ္အစားႀကီးလို႔ ေနရာလည္း ပိုယူသလို ေ႐ႊ႕ရ ေျပာင္းရလည္း ခက္ခဲ ပါမယ္။ တစ္ကယ္ လိုအပ္မွသာ kg အႀကီး ဝယ္သင့္ပါတယ္ ခင္ဗ်ာ။အိမ္သုံးဆိုရင္ 4.5 kg ကေန 8 kg အထိ ရွိိပါတယ္။ ကိုယ္ဝယ္မယ့္ အဝတ္ေလွ်ာ္စက္ ဘယ္ေလာက္ kg ရွိလည္း ဆိုတာကေတာ့ စက္ရဲ႕ ေမာ္ဒယ္ နံပါတ္ကို ၾကည့္ၿပီး သိႏိုင္ပါတယ္။ဥပမာ ။ ။ SANYO ေမာ္ဒယ္နံပါတ္ ASW- 70A ( W ) ဆိုရင္ 70 ပါတဲ့အတြက္ 7.0 kg။SANYO ေမာ္ဒယ္နံပါတ္ ASW- 60A ( W ) ဆိိုရင္ 60 ပါတဲ့အတြက္ 6.0 kg ဆိုၿပီး အလြယ္ သတ္မွတ္ႏိုင္ပါတယ္။ အားလုံး က်န္းမာ ခ်မ္းသာ စိတ္ခ်မ္းေျမ့ ေပ်ာ္႐ႊင္ၾကပါေစ။