အိပ်မက်ဆိုးတွေ မက်ရခြင်း အကြောင်းရင်း နှင့် ကာကွယ်ပုံနည်းလမ်းလေးများ

အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာရတာကို ဘယ်သူမှ မနှစ်သက်ပါဘူး။ ကလေးတွေမှာ အဖြစ်များပေမယ့် အရွယ်ရောက်ပြီးလူတွေရဲ့ ၂ – ၈ ရာခိုင်နှုန်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာခဲ့ရင် သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ်ခါတလေ အိမ်မွေးတိရစ္ဆာန်လေးတွေမှာတောင် အိမ်မက်ဆိုးမက်ပြီး ယောင်နေတာကို တွေ့ရတတ်ပါတယ်။အိပ်မက်ဆိုးတွေက သင့်ကို စိတ်ဖိစီးမှု အကြီးအကျယ်ဖြစ်စေပြီး အိပ်ရေးအမြဲပျက်စေတယ်ဆိုရင်တော့ အိပ်မက်ဆိုးတွေရဲ့ နောက်ကွယ်အကြောင်းရင်းကို ရှာရမှာ ဖြစ်ပါတယ်။ အကြောင်း ရင်းသိမှလည်း လျှော့ချနိုင်မှာပါ။ အိမ်မက်ဆိုးတွေရဲ့ သဘာဝကတော့ အပြင်မှာတကယ်ဖြစ်နေသလို ထင်ရှားပြတ်သားတဲ့ ရုပ်သွင်မြင်နေရတတ်ပြီး သင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ နှလုံးတုန်၊ ရင်တုန်ပြီး လန့်နိုးစေတဲ့အဖြစ် ဖြစ်စေပါတယ်။အထူးသဖြင့် မနက်အရုဏ်တက်ခါနီးမှာ မက်တတ်ပါတယ်။ အိပ်ချိန်စက်ဝန်းရဲ့ Rapid Eye Movement (REM) အချိန်မှာ အိပ် မက် တွေမက်လေ့ရှိပါတယ်။လူတစ်ဦးနဲ့တစ်ဦး မက်တဲ့ အိပ်မက်ဆိုးတွေကတော့ မတူကြပါဘူး။ ယေဘုယျအားဖြင့် တူညီတတ်တာကတော့ အန္တရာယ်တစ်ခုခုကနေ လွတ်မြောက်အောင် ထွက်မပြေးနိုင်တာ၊ အမြင့် တစ်နေရာရာကနေ ပြုတ်ကျတာတွေ မက တတ်ပါတယ်။

သင်ဟာ စိတ်လှုပ်ရှားစရာ အခြေအနေ (ဥပမာ – ကားအက်ဆီးဒင့်) ကြုံတွေ့ခဲ့ရရင်လည်း ဒီအကြောင်းနဲ့ ဆက်စပ်ပြီး အိမ်မက်ဆိုးတွေ မက်တတ်ပါတယ်။ဘာကြောင့်ဖြစ်လဲ – အိပ်ခါနီးစားမိတဲ့မုန့်တွေ၊ သောက်နေရတဲ့ဆေးတွေ (စိတ်ကျဆေး၊ မူးယစ် ဆေး) ကြောင့် အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။ အရက်ဖြတ်နေတဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။အိပ်ချိန် မပြည့်တာ၊ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း အိပ်မက်ဆိုးတွေ မက်တတ်ပါတယ်။ဘာဆိုးကျိုးတွေဖြစ်လဲ – အိပ်မက်ဆိုးတွေမက်တာက စိတ်ဖိစီးတာ၊ အိပ်ရေးပျက်တာ၊ ဝလာတာ၊ နှလုံးကိုထိခိုက်တာတွေ ဖြစ်လာစေပါတယ်။ဘယ်လိုကာကွယ်ရမလဲ – အိပ်မက်ဆိုးတွေမက်တာက သင် သောက်နေရတဲ့ ဆေးတွေကြောင့်ဆိုရင် ဆရာဝန်၊ ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆေးပမာဏ အတိုး၊ အလျှော့လုပ်တာ၊ ဆေးပြောင်းပေးတာတွေ လုပ်ရပါတယ်။အိပ်တဲ့ပုံစံမမှန်တာကြောင့်ဆိုရင်လည်း သက်သောင့်သက်သာဖြစ်အောင် အိပ်တဲ့နေရာဝန်းကျင်မှာ စိတ်ကြည်နူးစရာဖြစ်အောင် ဖန်တီးလုပ်ယူရပါမယ်။သင်ဟာ ကျန်းမာရေးလည်းကောင်းတယ်၊ သောက်နေရတဲ့ဆေးတွေကြောင့်လည်းမဟုတ်ဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့၊ သင်ရဲ့ နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ အညီပြောင်းလဲလိုက်ရင် အိပ်မက်ဆိုးတွေကနေ လွတ်မြောက်နိုင်မှာ အသေချာပါပဲ။

Credit ; ထူးဒါလီကိုကို

[zawgyi]

အိပ္မက္ဆိုးေတြမက္ၿပီး လန႔္ႏိုးလာရတာကို ဘယ္သူမွ မႏွစ္သက္ပါဘူး။ ကေလးေတြမွာ အျဖစ္မ်ားေပမယ့္ အ႐ြယ္ေရာက္ၿပီးလူေတြရဲ႕ ၂ – ၈ ရာခိုင္ႏႈန္းမွာလည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အိပ္မက္ဆိုးမက္ၿပီး လန႔္ႏိုးလာခဲ့ရင္ သင္ တစ္ေယာက္တည္းမဟုတ္ပါဘူး။ တစ္ခါတေလ အိမ္ေမြးတိရစာၦန္ေလးေတြမွာေတာင္ အိမ္မက္ဆိုးမက္ၿပီး ေယာင္ေနတာကို ေတြ႕ရတတ္ပါတယ္။အိပ္မက္ဆိုးေတြက သင့္ကို စိတ္ဖိစီးမႈ အႀကီးအက်ယ္ျဖစ္ေစၿပီး အိပ္ေရးအၿမဲပ်က္ေစတယ္ဆိုရင္ေတာ့ အိပ္မက္ဆိုးေတြရဲ႕ ေနာက္ကြယ္အေၾကာင္းရင္းကို ရွာရမွာ ျဖစ္ပါတယ္။ အေၾကာင္းရင္းသိမွလည္း ေလွ်ာ့ခ်ႏိုင္မွာပါ။ အိမ္မက္ဆိုးေတြရဲ႕ သဘာဝကေတာ့ အျပင္မွာတကယ္ျဖစ္ေနသလို ထင္ရွားျပတ္သားတဲ့ ႐ုပ္သြင္ျမင္ေနရတတ္ၿပီး သင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာကေန ႏွလုံးတုန္၊ ရင္တုန္ၿပီး လန႔္ႏိုးေစတဲ့အျဖစ္ ျဖစ္ေစပါတယ္။အထူးသျဖင့္ မနက္အ႐ုဏ္တက္ခါနီးမွာ မက္တတ္ပါတယ္။ အိပ္ခ်ိန္စက္ဝန္းရဲ႕ Rapid Eye Movement (REM) အခ်ိန္မွာ အိပ္မက္ေတြမက္ေလ့ရွိပါတယ္။လူတစ္ဦးနဲ႔တစ္ဦး မက္တဲ့ အိပ္မက္ဆိုးေတြကေတာ့ မတူၾကပါဘူး။ ေယဘုယ်အားျဖင့္ တူညီတတ္တာကေတာ့ အႏၲရာယ္တစ္ခုခုကေန လြတ္ေျမာက္ေအာင္ ထြက္မေျပးႏိုင္တာ၊ အျမင့္ တစ္ေနရာရာကေန ျပဳတ္က်တာေတြ မက တတ္ပါတယ္။သင္ဟာ စိတ္လႈပ္ရွားစရာ အေျခအေန (ဥပမာ – ကားအက္ဆီးဒင့္) ႀကဳံေတြ႕ခဲ့ရရင္လည္း ဒီအေၾကာင္းနဲ႔ ဆက္စပ္ၿပီး အိမ္မက္ဆိုးေတြ မက္တတ္ပါတယ္။ဘာေၾကာင့္ျဖစ္လဲ – အိပ္ခါနီးစားမိတဲ့မုန႔္ေတြ၊ ေသာက္ေနရတဲ့ေဆးေတြ (စိတ္က်ေဆး၊ မူးယစ္ ေဆး) ေၾကာင့္ အိပ္မက္ဆိုးေတြ မက္တတ္ပါတယ္။ အရက္ျဖတ္ေနတဲ့လူေတြမွာလည္း ျဖစ္တတ္ပါတယ္။အိပ္ခ်ိန္ မျပည့္တာ၊ စိတ္ဖိစီးမႈမ်ားတာေတြေၾကာင့္လည္း အိပ္မက္ဆိုးေတြ မက္တတ္ပါတယ္။ဘာဆိုးက်ိဳးေတြျဖစ္လဲ – အိပ္မက္ဆိုးေတြမက္တာက စိတ္ဖိစီးတာ၊ အိပ္ေရးပ်က္တာ၊ ဝလာတာ၊ ႏွလုံးကိုထိခိုက္တာေတြ ျဖစ္လာေစပါတယ္။ဘယ္လိုကာကြယ္ရမလဲ – အိပ္မက္ဆိုးေတြမက္တာက သင္ ေသာက္ေနရတဲ့ ေဆးေတြေၾကာင့္ဆိုရင္ ဆရာဝန္၊ ေဆးဝါးပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး ေဆးပမာဏ အတိုး၊ အေလွ်ာ့လုပ္တာ၊ ေဆးေျပာင္းေပးတာေတြ လုပ္ရပါတယ္။အိပ္တဲ့ပုံစံမမွန္တာေၾကာင့္ဆိုရင္လည္း သက္ေသာင့္သက္သာျဖစ္ေအာင္ အိပ္တဲ့ေနရာဝန္းက်င္မွာ စိတ္ၾကည္ႏူးစရာျဖစ္ေအာင္ ဖန္တီးလုပ္ယူရပါမယ္။သင္ဟာ က်န္းမာေရးလည္းေကာင္းတယ္၊ ေသာက္ေနရတဲ့ေဆးေတြေၾကာင့္လည္းမဟုတ္ဘူးဆိုရင္ စိတ္ဓာတ္မက်ပါနဲ႔၊ သင္ရဲ႕ ေနထိုင္မႈပုံစံကို က်န္းမာေရးနဲ႔ အညီေျပာင္းလဲလိုက္ရင္ အိပ္မက္ဆိုးေတြကေန လြတ္ေျမာက္ႏိုင္မွာ အေသခ်ာပါပဲ။