အိမ်စောင့်နတ် နှင့် ပဋ္ဌာန်း ရွတ်ခြင်း

အရှင်ဘုရား..တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့အတွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။ ဒါပေမယ့် လူကြီးတချို့က “အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မနေနိုင်ဘဲ ထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်” လို့ပြောကြပါတယ်ဘုရား။ အိမ်မှာပဋ္ဌာန်းရွတ်သင့် ၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊ မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုးအောင်၊ စမ်းချောင်းမြို့နယ်။) ဒကာဇော်မျိုးအောင်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဒကာတစ်ယောက်ကို ချက်ချင်း သတိရလိုက်မိပါတယ်။ လူငယ်တစ်ယောက်ပါပဲ။အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလို့ သူကရွှေတိဂုံဘုရားပေါ်တက်ပြီးပဋ္ဌာန်းရွတ်တယ်တဲ့။နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လောက်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ်တော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ် ရတော့တာပေါ့။ ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင် နေ့စဉ်နဲ့ အမျှပဋ္ဌာန်းရွတ်တဲ့ ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့ကုသိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာ နတ်ပရိသတ်အတွက် ဟောထားတဲ့တရားကို နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာ ရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက် နာယူမှာသေချာပါတယ်။ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝ မကျပါဘူး။တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်ဖြစ်နေမှာပါ။သူနာချင်တဲ့ ပဋ္ဌာန်း ရွတ်ပေးတဲ့အတွက် ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက်တောင် ကူညီ စောင့်ရှောက်ကြဦးမှာပါ။တကယ်လို့ … ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲ့ဒီအိမ်စောင့်နတ်ဟာ သူတော်ကောင်းစိတ် မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။အဲ့ဒီလို နတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။မနေနိုင်လို့ထွက်ပြေးသွားလည်း ဘမှလွမ်းနေစရာမလိုပါဘူး။ အဲ့ဒီလိုနတ်မျိုး ‘အိမ်ပြင်’ မှာ နေလည်း အလကား ‘အိမ်တွင်း’ မှာနေလည်း အလကားပါပဲ။ပဋ္ဌာန်းတရားအပါအဝင် အဘိဓမ္မာတရားတော်တွေကို တာဝတိံသာနတ်ပြည်မှာမြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ “အင်္ကုရ” ဆိုတဲ့နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။အင်္ကုရနတ်သားဟာ တရားပွဲကို အစောဆုံးရောက်လာပြီး ရှေ့ဆုံးကနေရာဦးထားတာပါ။မြတ်စွာဘုရားရဲ့ လက်ဝဲဘက်နေရာမှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမယ့် သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်းရောက်လာတိုင်း နောက်ဆုတ် နောက်ဆုတ်ပြီး နေရာဖယ်ပေးရတဲ့အတွက် နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့ နေရာကပဲ တရားနာခွင့်ရပါတော့တယ်။

နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေးရတာပေါ့။ လူ့လောကမှာလည်း ဒီလိုပါပဲ။ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊မျက်နှာကြီးတဲ့လူတွေက ရှေ့ဆုံးကနေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ် တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေ တရားနာ ကြွရောက်လာကြပါတယ်။အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ) နေရာဖယ် နောက်ဆုတ်ပေးရတဲ့ အတွက် အဝေးရောက်သွားနိုင်ပါတယ်။အင်္ကုရနတ်သားဟာ အဝေးရောက်သွားပေမယ့် မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေတရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဌာန်းရွတ်ပွားသူကိုစိတ်မဆိုးဘဲ ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲမဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာနေရမှာပဲလေ။ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာ ကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့် ရသွားပြီပေါ့။ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ် ခမ်းနားလာမှာ သေချာပါတယ်။ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်းအိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်ကျိုးချမ်းသာအဖြာဖြာနဲ့ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။ တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေ ဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့‘တရားမကြိုက် နတ်ငမိုက်’ တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ဝမ်းနည်းစရာ မဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရားလာနာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါတယ်။ အပ္ပမာဒေန သမ္ပာဒေထ။

Credit:[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)]

[zawgyi]

အရွင္ဘုရား..တပည့္ေတာ္က ပ႒ာန္းတရားေတာ္ႀကီးကို သိပ္ၾကည္ညိဳတဲ့အတြက္ အိမ္မွာ ေန႔စဥ္ ႐ြတ္ဖတ္ပါတယ္ဘုရား။ ဒါေပမယ့္ လူႀကီးတခ်ိဳ႕က “အိမ္မွာ ပ႒ာန္းမ႐ြတ္ေကာင္းဘူး၊ ႐ြတ္ရင္ အိမ္ေစာင့္နတ္မေနႏိုင္ဘဲ ထြက္ေျပးတတ္တယ္။ ႐ြတ္တဲ့လူ ဒုကၡေရာက္တတ္တယ္” လို႔ေျပာၾကပါတယ္ဘုရား။ အိမ္မွာပ႒ာန္း႐ြတ္သင့္ ၊မ႐ြတ္သင့္၊ ႐ြတ္ရင္ ဒုကၡေရာက္၊ မေရာက္ ေျဖၾကားေပးေတာ္မူပါဘုရား။ (ေမာင္ေဇာ္မ်ိဳးေအာင္၊ စမ္းေခ်ာင္းၿမိဳ႕နယ္။) ဒကာေဇာ္မ်ိဳးေအာင္ရဲ႕ေမးခြန္းကို ဖတ္ရေတာ့ ဦးပၪၥင္းနဲ႔ ခင္မင္ရင္းႏွီးတဲ့ ဒကာတစ္ေယာက္ကို ခ်က္ခ်င္း သတိရလိုက္မိပါတယ္။ လူငယ္တစ္ေယာက္ပါပဲ။အိမ္မွာပ႒ာန္း႐ြတ္ရင္ ခိုက္တတ္တယ္ဆိုလို႔ သူကေ႐ႊတိဂုံဘုရားေပၚတက္ၿပီးပ႒ာန္း႐ြတ္တယ္တဲ့။ေန႔တိုင္းလည္း ဘုရား မတက္ႏိုင္ေတာ့ တစ္ပတ္ တစ္ခါေမြးေန႔ေလာက္ပဲ တက္ၿပီး ႐ြတ္ျဖစ္တယ္တဲ့။တစ္ပတ္မွာတစ္ရက္ပဲ ဘုရားေပၚတက္ျဖစ္ေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ပဲ ပ႒ာန္း႐ြတ္တဲ့ကုသိုလ္ ရေတာ့တာေပါ့။ ဘုရားေပၚမွာမွ မဟုတ္ဘဲ အိမ္မွာလည္း ပ႒ာန္း႐ြတ္မယ္ဆိုရင္ ေန႔စဥ္နဲ႔ အမွ်ပ႒ာန္း႐ြတ္တဲ့ ကုသိုလ္တိုးပြားေနမွာ အမွန္ပါပဲ။အခုေတာ့ အယူအဆအမွားကို လက္ခံယုံၾကည္ၿပီး လိုက္နာက်င့္သုံးမိတဲ့ အတြက္ ရသင့္ရထိုက္တဲ့ကုသိုလ္တရားေတြအမ်ားႀကီး လက္လြတ္ဆုံးရႈံးခဲ့ရပါတယ္။တကယ္ေတာ့ ပ႒ာန္းတရားဟာ နတ္ပရိသတ္ေတြအတြက္ အဓိကထားၿပီး ျမတ္စြာဘုရား ေဟာၾကားခဲ့တာပါ။ ေဟာတာကိုက နတ္ျပည္မွာေလ။ နတ္ျပည္မွာ နတ္ပရိသတ္အတြက္ ေဟာထားတဲ့တရားကို နတ္ေတြက မႏွစ္သက္ဘဲရွိပါ့မလား။သူေတာ္ေကာင္းနတ္မွန္ရင္ ပ႒ာန္းတရားကို ဘယ္သူဘယ္ေနရာမွာ ႐ြတ္႐ြတ္ ႏွစ္သက္ျမတ္ႏိုးစြာ လာေရာက္ နာယူမွာေသခ်ာပါတယ္။ပ႒ာန္း႐ြတ္လို႔ အိမ္ေစာင့္နတ္ မေနႏိုင္ဘဲ ထြက္ေျပးရတယ္ဆိုတာ သဘာဝ မက်ပါဘူး။တကယ္ဆို ကိုယ္႐ြတ္ေပးလို႔ သူနာရေပတယ္ဆိုၿပီး ကိုယ့္အိမ္ကေတာင္ မခြာႏိုင္ျဖစ္ေနမွာပါ။သူနာခ်င္တဲ့ ပ႒ာန္း ႐ြတ္ေပးတဲ့အတြက္ ကိုယ့္ကို ေက်းဇူးေတြတင္ၿပီး ခါတိုင္းထက္ေတာင္ ကူညီ ေစာင့္ေရွာက္ၾကဦးမွာပါ။တကယ္လို႔ … ပ႒ာန္းသံၾကားတာနဲ႔ ထြက္ေျပးတဲ့ အိမ္ေစာင့္နတ္ ရွိခဲ့တယ္ဆိုရင္လည္း အဲ့ဒီအိမ္ေစာင့္နတ္ဟာ သူေတာ္ေကာင္းစိတ္ မရွိတဲ့နတ္၊ သူယုတ္မာနတ္ပဲ ျဖစ္ပါလိမ့္မယ္။အဲ့ဒီလို နတ္မ်ိဳး ကိုယ့္အိမ္မွာ လာေစာင့္ေနလို႔လည္း ကိုယ့္အတြက္ ဘာအက်ိဳးမွရွိမွာမဟုတ္ပါဘူး။မေနႏိုင္လို႔ထြက္ေျပးသြားလည္း ဘမွလြမ္းေနစရာမလိုပါဘူး။ အဲ့ဒီလိုနတ္မ်ိဳး ‘အိမ္ျပင္’ မွာ ေနလည္း အလကား ‘အိမ္တြင္း’ မွာေနလည္း အလကားပါပဲ။ပ႒ာန္းတရားအပါအဝင္ အဘိဓမၼာတရားေတာ္ေတြကို တာဝတႎသာနတ္ျပည္မွာျမတ္စြာဘုရား ေဟာၾကားေတာ္မူစဥ္တုန္းက တရားနာပရိသတ္ထဲမွာ “အကၤုရ” ဆိုတဲ့နတ္သားတစ္ေယာက္လည္း ပါဝင္ခဲ့ပါတယ္။အကၤုရနတ္သားဟာ တရားပြဲကို အေစာဆုံးေရာက္လာၿပီး ေရွ႕ဆုံးကေနရာဦးထားတာပါ။ျမတ္စြာဘုရားရဲ႕ လက္ဝဲဘက္ေနရာမွာ အနားကပ္ၿပီး ေနရာဦးထားပါတယ္။ ဒါေပမယ့္ သူ႔ထက္ဘုန္းတန္ခိုးႀကီးတဲ့ နတ္ေတြ၊ျဗဟၼာေတြ ေရာက္လာတိုင္းေရာက္လာတိုင္း ေနာက္ဆုတ္ ေနာက္ဆုတ္ၿပီး ေနရာဖယ္ေပးရတဲ့အတြက္ ေနာက္ဆုံးေတာ့ ျမတ္စြာဘုရားရွင္နဲ႔ ဆယ့္ႏွစ္ယူဇနာေဝးတဲ့ ေနရာကပဲ တရားနာခြင့္ရပါေတာ့တယ္။နတ္ႀကီးလာေတာ့ နတ္ငယ္ေနရာဖယ္ေပးရတာေပါ့။ လူ႔ေလာကမွာလည္း ဒီလိုပါပဲ။ပြဲလမ္းသဘင္တစ္ခု၊ အခမ္းအနားတစ္ခု က်င္းပၿပီဆိုရင္ ဂုဏ္ႀကီးတဲ့လူ၊မ်က္ႏွာႀကီးတဲ့လူေတြက ေရွ႕ဆုံးကေနရာယူရၿပီး ဂုဏ္ငယ္တဲ့လူ၊ မ်က္ႏွာငယ္တဲ့လူေတြက ေနာက္ဆုံးကေန ေနရာယူရပါတယ္။ ဂုဏ္ငယ္ေလ ေနာက္ေရာက္ေလပါပဲ။အိမ္မွာပဲျဖစ္ျဖစ္၊ ဘုရားမွာပဲျဖစ္ျဖစ္၊ ေနရာဌာနတစ္ခုခုမွာ ပုဂၢိဳလ္ တစ္ေယာက္ေယာက္က ပ႒ာန္းတရား႐ြတ္ပြားၿပီဆိုရင္ ဘုန္းတန္ခိုးႀကီးမားတဲ့ နတ္ေတြ၊ ျဗဟၼာေတြ တရားနာ ႂကြေရာက္လာၾကပါတယ္။အိမ္ေစာင့္နတ္အပါအဝင္ နဂိုကရွိႏွင့္ၿပီးသားနတ္ေတြက ဘုန္းတန္ခိုးနည္းပါးတယ္ဆိုရင္ ဘုန္းတန္ခိုးႀကီးမားတဲ့ နတ္ျဗဟၼာေတြအတြက္ (အကၤုရ နတ္သားလိုပဲ) ေနရာဖယ္ ေနာက္ဆုတ္ေပးရတဲ့ အတြက္ အေဝးေရာက္သြားႏိုင္ပါတယ္။အကၤုရနတ္သားဟာ အေဝးေရာက္သြားေပမယ့္ ျမတ္စြာဘုရားရွင္ကို စိတ္မဆိုးဘဲ အေဝးကေနတရားနာယူသလို အေဝးေရာက္သြားတဲ့ အိမ္ေစာင့္နတ္ဟာလည္း ပဌာန္း႐ြတ္ပြားသူကိုစိတ္မဆိုးဘဲ ကိုယ့္ကံကိုယ္နားလည္စြာနဲ႔ အေဝးတစ္ေနရာကေန ပ႒ာန္းတရား နာၾကားေနမွာပါ။လူပဲျဖစ္ျဖစ္၊ နတ္ပဲျဖစ္ျဖစ္ ကိုယ္နဲ႔ထိုက္တန္တဲ့ေနရာကို ကိုယ္ရစၿမဲမဟုတ္လား။ ကိုယ့္ကံက ေပးတဲ့ေနရာမွာ ကိုယ္ေက်နပ္စြာေနရမွာပဲေလ။ပ႒ာန္းတရားနာၾကားၿပီး ကိုယ့္ထက္ဘုန္းတန္ခိုးႀကီးတဲ့ နတ္ေတြ၊ ျဗဟၼာေတြ ကိုယ့္ေနရာ ကိုယ္ျပန္သြားတဲ့အခါ အိမ္ေစာင့္နတ္လည္း အိမ္မွာ ေနၿမဲအတိုင္း ျပန္ေနခြင့္ ရသြားၿပီေပါ့။ပ႒ာန္းတန္ခိုးေၾကာင့္သူ႔ရဲ႕ဘုံဗိမာန္ စည္းစိမ္ခ်မ္းသာေတြေတာင္ နဂိုကထက္ ႀကီးက်ယ္ ခမ္းနားလာမွာ ေသခ်ာပါတယ္။ဒါဆိုရင္ ပ႒ာန္း႐ြတ္လို႔ အိမ္ေစာင့္နတ္မွာ အက်ိဳးမယုတ္တဲ့အတြက္ ပ႒ာန္း႐ြတ္သူကိုလည္းအိမ္ေစာင့္နတ္က ဘာမွ ဒုကၡေပးမွာ မဟုတ္ပါဘူး။ ဒုကၡမေပးတဲ့အျပင္ ေကာင္က်ိဳးခ်မ္းသာအျဖာျဖာနဲ႔ျပည့္စုံေအာင္ေတာင္ အကူအညီေပးပါလိမ့္ဦးမယ္။ တကယ္လို႔ ကိုယ့္အိမ္ထဲမွာရွိတဲ့ အိမ္တြင္းနတ္ေတြ၊ အိမ္ျပင္နတ္ေတြက နတ္လို႔နာမည္ခံထားတဲ့ မေကာင္းဆိုးဝါးေတြ၊ အစိမ္းသရဲေတြ၊ ဖုတ္ ၿပိတၱာေတြ၊ နတ္မိစာၦေတြ ျဖစ္ေနခဲ့မယ္ ဆိုရင္ေတာ့ ပ႒ာန္းတရားကို နားခါးၿပီး ထြက္ေျပးခ်င္ေျပးပါလိမ့္မယ္။သူယုတ္မာနဲ႔ သူေတာ္ေကာင္းတရား မအပ္စပ္လို႔ ေၾကာက္႐ြံ႕ထိတ္လန႔္စြာ ထြက္ေျပးသြားၾကတဲ့‘တရားမႀကိဳက္ နတ္ငမိုက္’ ေတြ ကိုယ့္အိမ္မွာ မရွိေတာ့တာ ပိုေတာင္ ေကာင္းပါေသးတယ္။ဝမ္းနည္းစရာ မဟုတ္ပါဘူး၊ ဝမ္းသာစရာပါ။ေဝသာလီျပည္မွာ ကပ္ေဘးႀကီးေတြ ဆိုက္ေရာက္ခဲ့စဥ္တုန္းက ျမတ္စြာဘုရားရွင္နဲ႔ရဟန္းသံဃာေတာ္ေတြ ရတနသုတ္ လွည့္လည္႐ြတ္ဆိုၾကေတာ့ ဘုန္းတန္ခိုးႀကီးမားတဲ့ နတ္ျဗဟၼာေတြ တရားလာနာၾကတဲ့အတြက္ မေကာင္းဆိုးဝါးေတြ၊ နတ္မိစာၦေတြ ၿမိဳ႕တြင္းမွာ မေနႏိုင္ေတာ့ဘဲ အိုးနင္းခြက္နင္း ထြက္ေျပးသြားၾကပါတယ္။ ေဝသာလီျပည္လည္း ကပ္ေဘးႀကီးေတြက လြတ္ေျမာက္ၿပီး ခ်မ္းသာရာရခဲ့ပါတယ္။ အပၸမာေဒန သမၸာေဒထ။