အိမ်မှာအဲယားကွန်းတပ်ဆင်ထားသူများ သတိထားဆင်ခြင်နိုင်စေရန်

ည ၁၁နာရီ ၄မိနစ် ကျွန်တော်တို့ အိပ်ခန်းထဲက Air Conစဖွင့်ပြီး ၁မိနစ်လောက် အကြာမှာ ဖုန်းဒိုင်းဆိုတဲ့ အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသံ စကြားရပြီး မီးလောင်တော့ အခန်းထဲမှာ သမီးက တစ်ယောက်ထဲ ကလေးဆော့တဲ့ အသံမည် Laptopနဲ့ သီချင်းတွေ ဖွင့်နေတော့ AirCon ပေါက် ကွဲမီးလောင်သံကို သူ့ရဲ့laptopသီချင်းသံလို့ ထင်မိသေးတာ ကျွန်တော်က ထမင်းစားခန်းထဲမှာ ရေနွေးသောက် နေတာပါ။၅စက္ကန့် လောက်နေတော့ ကျွန်တော်ရိပ်မိလာတယ်။အသံမည်ပုံက ပုံမှန်မဟုတ်တာကို အခန်းထဲ ပြေးသွားပြီး ကြည့်တော့ AirConက မီးလောင်ပြီး မီးခိုးတွေ အင်မ တန်ထွက်နေပြီ။ သမီးက သူ့ရဲ့ကစားစရာ laptopကနေ မျက်နှာမခွာနိုင်အောင် စိတ်ဝင်စားနေတယ် မီးတောက်က သူ့ခေါင်းပေါ် မှာ သူမသိဘူး။ကျွန်တော်တို့မိသားစု ကံကောင်းတာက 5 years guarantee 2KG မီးသတ်ဆေးဘူး ဝယ်ဆောင်ထားပြီး မီးလောင်ရင် အဲဒီဆေးဘူးကို ဘယ်လို အသုံးပြုရသလဲဆိုတာ အိမ်သူ အိမ်သားအားလုံးကို ၃ ၄ခါ သင်ကြားပြသ ပေးထါးတာရယ်။အိပ်ခန်းရဲ့ မျက်နှာကျက်ကို ကျောက်ပြား AC Sheetနဲ့ မိုးထားမိတာပါ။

အိပ်ခန်းကလွဲလို့ တစ်အိမ်လုံး Ceiling Sheet installation ကို Aluminum composite ပြားတွေနဲ့ မိုးထားမိတာပါ။အိပ်ခန်းသာ AC Sheet မမိုးထားမိရင် ကျွန်တော်တို့ မိသားစု ၃ ယောက်စလုံး အိပ်ပျော်နေချိန်ကျမှ မီးလောင်ခဲ့ရင် အသက်အန္တရာယ် များလွန်းပြီး နိုးလို့ ငြိမ်းလို့ မနိုင်လို့ လူလွတ်အောင်ပြေးရရင် အိမ်ဆုံးရှုံးပြီး အိမ်ထောင်ဦးစီး ကျွန်တော် က ထောင်နန်းစံ ရမှာပါ။ဒီလို AirCon မီးမလောင်ခင် ၃ရက်လောက်က အဲကွန်းက အနံ့ဆိုးတွေ ထွက်သေးတယ်။ဒါပေမဲ့ ကျွန်တော်က gasoline generator တစ်နေကုန် နှိုးထားပြီး အလုပ်လုပ်လို့ အဲဒီဓာတ် ဆီ မီးစက်ကထွက်တဲ့ ကာဗွန်မိုနော့ဆိုက် အငွေ့အသက်တွေကို AirConရဲ့ outdoor unitက တနေကုန် စုပ်ယူထားလို့သာ indoor unitက အနံ့ဆိုးတွေ ထွက်တယ် ထင်ပြီး AirCon servicesကို ခေါ်မပြမိဘူး။ဘာရယ်မဟုတ်ဘူး ဆွေမျိုးတွေနဲ့ မိတ်ဆွေ အပေါင်းတို့ကို ကျွန် တော်တို့အိမ်ရဲ့ AirCon မီးလောင်မှုအား သင်ခန်းစာ သတိပြု ဆင်ခြင်နိုင်ပါရန် အားလုံး အကျိုးရှိစေမယ် ထင်လို့ မျှဝေပါတယ် ခင်ဗျာ။

Credit – မူရင်း

[zawgyi]

ည ၁၁နာရီ ၄မိနစ္ ကြၽန္ေတာ္တို႔ အိပ္ခန္းထဲက Air Conစဖြင့္ၿပီး ၁မိနစ္ေလာက္ အၾကာမွာ ဖုန္းဒိုင္းဆိုတဲ့ အသံအက်ယ္ႀကီးနဲ႔ ေပါက္ကြဲသံ စၾကားရၿပီး မီးေလာင္ေတာ့ အခန္းထဲမွာ သမီးက တစ္ေယာက္ထဲ ကေလးေဆာ့တဲ့ အသံမည္ Laptopနဲ႔ သီခ်င္းေတြ ဖြင့္ေနေတာ့ AirCon ေပါက္ကြဲမီးေလာင္သံကို သူ႔ရဲ႕laptopသီခ်င္းသံလို႔ ထင္မိေသးတာ ကြၽန္ေတာ္က ထမင္းစားခန္းထဲမွာ ေရေႏြးေသာက္ ေနတာပါ။၅စကၠန႔္ ေလာက္ေနေတာ့ ကြၽန္ေတာ္ရိပ္မိလာတယ္။အသံမည္ပုံက ပုံမွန္မဟုတ္တာကို အခန္းထဲ ေျပးသြားၿပီး ၾကည့္ေတာ့ AirConက မီးေလာင္ၿပီး မီးခိုးေတြ အင္မတန္ထြက္ေနၿပီ။ သမီးက သူ႔ရဲ႕ကစားစရာ laptopကေန မ်က္ႏွာမခြာႏိုင္ေအာင္ စိတ္ဝင္စားေနတယ္ မီးေတာက္က သူ႔ေခါင္းေပၚ မွာ သူမသိဘူး။ကြၽန္ေတာ္တို႔မိသားစု ကံေကာင္းတာက 5 years guarantee 2KG မီးသတ္ေဆးဘူး ဝယ္ေဆာင္ထားၿပီး မီးေလာင္ရင္ အဲဒီေဆးဘူးကို ဘယ္လို အသုံးျပဳရသလဲဆိုတာ အိမ္သူ အိမ္သားအားလုံးကို ၃ ၄ခါ သင္ၾကားျပသ ေပးထါးတာရယ္။အိပ္ခန္းရဲ႕ မ်က္ႏွာက်က္ကို ေက်ာက္ျပား AC Sheetနဲ႔ မိုးထားမိတာပါ။အိပ္ခန္းကလြဲလို႔ တစ္အိမ္လုံး Ceiling Sheet installation ကို Aluminum composite ျပားေတြနဲ႔ မိုးထားမိတာပါ။အိပ္ခန္းသာ AC Sheet မမိုးထားမိရင္ ကြၽန္ေတာ္တို႔ မိသားစု ၃ ေယာက္စလုံး အိပ္ေပ်ာ္ေနခ်ိန္က်မွ မီးေလာင္ခဲ့ရင္ အသက္အႏၲရာယ္ မ်ားလြန္းၿပီး ႏိုးလို႔ ၿငိမ္းလို႔ မႏိုင္လို႔ လူလြတ္ေအာင္ေျပးရရင္ အိမ္ဆုံးရႈံးၿပီး အိမ္ေထာင္ဦးစီး ကြၽန္ေတာ္ က ေထာင္နန္းစံ ရမွာပါ။ဒီလို AirCon မီးမေလာင္ခင္ ၃ရက္ေလာက္က အဲကြန္းက အနံ႔ဆိုးေတြ ထြက္ေသးတယ္။ဒါေပမဲ့ ကြၽန္ေတာ္က gasoline generator တစ္ေနကုန္ ႏႈိးထားၿပီး အလုပ္လုပ္လို႔ အဲဒီဓာတ္ဆီ မီးစက္ကထြက္တဲ့ ကာဗြန္မိုေနာ့ဆိုက္ အေငြ႕အသက္ေတြကို AirConရဲ႕ outdoor unitက တေနကုန္ စုပ္ယူထားလို႔သာ indoor unitက အနံ႔ဆိုးေတြ ထြက္တယ္ ထင္ၿပီး AirCon servicesကို ေခၚမျပမိဘူး။ဘာရယ္မဟုတ္ဘူး ေဆြမ်ိဳးေတြနဲ႔ မိတ္ေဆြ အေပါင္းတို႔ကို ကြၽန္ေတာ္တို႔အိမ္ရဲ႕ AirCon မီးေလာင္မႈအား သင္ခန္းစာ သတိျပဳ ဆင္ျခင္ႏိုင္ပါရန္ အားလုံး အက်ိဳးရွိေစမယ္ ထင္လို႔ မွ်ေဝပါတယ္ ခင္ဗ်ာ။