အိမ်ရှင်မတွေအတွက် အလွန်အသုံးဝင်သော လျှိူ့ဝှက်နည်းလေးများ

အိမ်ရှင်မတွေအတွက် အသုံးဝင်မယ့် အရာလေးတွေကို ဗဟုသုတအဖြစ်ဖော်ပြပေးချင်ပါတယ်။ မိတ်ဆွေတို့လည်း ဒီအထဲက ဘယ်အချက်လေးကို သုံးဖူးလို့ ဘယ်လိုအဆင်ပြေခဲ့ဖူးလဲဆိုတာ ပြောပြသွားကြဦးနော်..။ (၁) ကြက်သွန်လှီးတဲ့အခါ အရမ်းမမွှန်အောင် မလှီးခင် ကြက်သွန်နီရဲ့ အမြစ်ပိုင်းတွေကို အရင်ဖြတ်ထားလိုက်ပါ။ (၂) ကြေးအိုးနဲ့ ကြေးဇွန်းတွေကို ပြောင်လက်စေဖို့ မန်ကျည်းရွက် (သို့) မန်ကျည်းမှည့်ရည်နှင့် ပွတ်ကြည့်လိုက်ပါ။ အသစ်ကဲ့သို့ ပြောင်လက်သွားပါလိမ့်မယ်။ (၃) အစားအသောက်တွေချက်ပြုတ်ဖို့ ဓါးကို အသုံးပြုတဲ့ အခါမတော်တစ်ဆထိရှသွားခဲ့ပါက သွားတိုက်ဆေးကို ဒဏ်ရာပေါ်လိမ်းပြီး တစ်ညခန့်အကြာမှာ ရေဆေးချလိုက်ပါ။ (၄) အာလူးပြုတ်တဲ့အခါမှာ အခွံနွှာရလွယ်ကူအောင် ပြုတ်ပြီးပြီးချင်အာလူးတွေကို ရေခဲရေထဲ စိမ်လိုက်ပေးလိုက်ပါ။ အခွံတွေ အလွယ်တစ်ကူကွာသွားပါလိမ့်မယ်။ (၅) ဟင်းချက်တဲ့ အခါအိုးထဲမှာ ဆီတွေဝေ့တက်နေပါက ရေခဲတုံးနှစ်တုံးလောက်ကိုအိုးထဲထည့်ပေးလိုက်ပါ။ ရေခဲတုံးကဝေ့တက်နေတဲ့ အဆီတွေကို ဖယ်ထုတ်ပေးပါလိမ့်မယ်။ (၆) ထမင်းကြော်တဲ့အခါ ဆန်လုံးလေးတွေတစ်လုံးခြင်းလှပနေစေဖို့ ချက်ပြီးသားထမင်းတွေကို ရေခဲသေတ္တာထဲမှာ တစ်ညအရင်ထည့်ထားလိုက်ပါ။ ထမင်းကြော်က ထွေးထွေးကြီးဖြစ်မနေပဲ ဆန်လုံးလေးတွေလှပနေပါလိမ့်မယ်။ (၇) ထမင်းအိုးဟင်းအိုးတွေတူးပြီး ဖင်မှာ ဂျိူးတွေကပ်နေတဲ့အခါ နွှာပြီးသား ပန်းသီးအခွံတွေကို အိုးထဲထည့်ပြုတ်လိုက်ပါ၊ ဂျိူးတွေသာမက တူးနံ့တွေပါ ကင်းစင်သွားပါလိမ့်မယ်။ (၈) အသားတွေကိုပါးပါးလှီးတာက ရေခဲသေတ္တာထဲမှာ မိနစ် (၂၀) လောက်ထားပြီးလှီးတာက လှီးရတာပိုပြီး လွယ်ကူစေပါတယ်။

(၉) အသားဟင်းတွေချက်တော့မယ်ဆိုရင် ပိုပြီးအရသာရှိနူးညံ့စေဖို့ မချက်ခင် အသားနှပ်တဲ့အခါ ကော်ဖီမှုန့်အနည်းငယ်ထည့်ပြီးနှပ်လိုက်ပါ။ (၁၀) ဂျင်းကို အခွံနွှာတဲ့အခါ ဇွန်းနဲ့ခြစ်ခွာတာက ဓါးနဲ့ခြစ်ခွာတာထက် ပိုပြီးမြန်ဆန်စေပါတယ်။ (၁၁) ရုံးပတေသီးတွေလှီးတဲ့အခါ ဓါးမှာ စေးကပ်ကပ်မဖြစ်ရအောင် မလှီးခင်ဓါးကို သံပုယိုသီးနဲ့ အရင်ပွတ်လိုက်ပါ။ (၁၂) ဒန်အိုးဒန်ခွက်တွေကို ပြောင်စင်အောင် ဆေးကြောလိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းနဲ့ ပွတ်ပေးလိုက်ပါ။ (၁၃) ခရမ်းချဉ်သီးလှီးတဲ့ အခါ ညီညီလေးနဲ့ လှနေစေဖို့ ခက်ရင်းကိုသုံးပြီး ခက်ရင်းခွလေးအတိုင်းလှီးပါ။ (၁၄) ကြက်သွန်နီမလှီးခင် ရေခဲသေတ္တာထဲခဏထည့်ပြီးမှ လှီးပါက မျက်ရည်ကျတာမျိူးမဖြစ်တော့ပါဘူး။ (၁၅) အေးခဲထားတဲ့ငါးကို မချက်ခင် နွးနို့ထဲမှာစိမ်ထားခြင်းအားဖြင့် ငါးညှီနံ့ပျောက်အောင် လုပ်ပေးနိုင်တဲ့အပြင် ဟင်းအရသာကိုလည်းပိုမိုလတ်ဆက်ကောင်းမွန်စေပါလိမ့်မယ်။ (၁၆) ပုဇွန်ကို အခွံချွတ်တဲ့အခါမှာ ခက်ရင်းကို သုံးပြီးကျောဖက်ကို ထိုးခွာချွတ်ပေးပါက ပိုမိုမြန်ဆန်စေပါတယ်။ (၁၇) အသားဟင်းတွေချက်တဲ့အခါ ကွမ်းသီးစိပ် ၂ စိပ် ၃ စိပ်ထည့်ချက်ပေးခြင်းဖြင့် အသားကို အနူးမြန်စေပါတယ်။ (၁၈) အသီးအရွက်တွေကိုပြုတ်တဲ့အခါ ရေကိုပုံမှန်ထက်ပိုပြီးဆူတာမြန်စေချင်ရင် မပြုတ်ခင်ဆားအနည်းငယ်ကို ရေထဲထည့်ပေးလိုက်ပါ။ ဆားကပိုးမွှားတွေကိုသေစေပြီး အရွက်တွေကို စိမ်းစိမ်းစိုစိုနဲ့ အရောင်မပြောင်းစေပါဘူး။ (၁၉) သရက်သီးသုပ်စားတဲ့အခါ ကြွပ်ကြွပ်ဆပ်ဆပ်လေးနဲ့ စားကောင်းနေဖို့ဆိုရင် ရေခဲသေတ္တာထဲ သရက်သီးကိုပါးပါးလှီးပြီး ၂မိနစ်လောက် အရင်ထည့်ထားလိုက်ပါ။

Credit

[zawgyi]

အိမ္ရွင္မေတြအတြက္ အသုံးဝင္မယ့္ အရာေလးေတြကို ဗဟုသုတအျဖစ္ေဖာ္ျပေပးခ်င္ပါတယ္။ မိတ္ေဆြတို႔လည္း ဒီအထဲက ဘယ္အခ်က္ေလးကို သုံးဖူးလို႔ ဘယ္လိုအဆင္ေျပခဲ့ဖူးလဲဆိုတာ ေျပာျပသြားၾကဦးေနာ္..။ (၁) ၾကက္သြန္လွီးတဲ့အခါ အရမ္းမမႊန္ေအာင္ မလွီးခင္ ၾကက္သြန္နီရဲ႕ အျမစ္ပိုင္းေတြကို အရင္ျဖတ္ထားလိုက္ပါ။ (၂) ေၾကးအိုးနဲ႔ ေၾကးဇြန္းေတြကို ေျပာင္လက္ေစဖို႔ မန္က်ည္း႐ြက္ (သို႔) မန္က်ည္းမွည့္ရည္ႏွင့္ ပြတ္ၾကည့္လိုက္ပါ။ အသစ္ကဲ့သို႔ ေျပာင္လက္သြားပါလိမ့္မယ္။ (၃) အစားအေသာက္ေတြခ်က္ျပဳတ္ဖို႔ ဓါးကို အသုံးျပဳတဲ့ အခါမေတာ္တစ္ဆထိရွသြားခဲ့ပါက သြားတိုက္ေဆးကို ဒဏ္ရာေပၚလိမ္းၿပီး တစ္ညခန႔္အၾကာမွာ ေရေဆးခ်လိုက္ပါ။ (၄) အာလူးျပဳတ္တဲ့အခါမွာ အခြံႏႊာရလြယ္ကူေအာင္ ျပဳတ္ၿပီးၿပီးခ်င္အာလူးေတြကို ေရခဲေရထဲ စိမ္လိုက္ေပးလိုက္ပါ။ အခြံေတြ အလြယ္တစ္ကူကြာသြားပါလိမ့္မယ္။ (၅) ဟင္းခ်က္တဲ့ အခါအိုးထဲမွာ ဆီေတြေဝ့တက္ေနပါက ေရခဲတုံးႏွစ္တုံးေလာက္ကိုအိုးထဲထည့္ေပးလိုက္ပါ။ ေရခဲတုံးကေဝ့တက္ေနတဲ့ အဆီေတြကို ဖယ္ထုတ္ေပးပါလိမ့္မယ္။ (၆) ထမင္းေၾကာ္တဲ့အခါ ဆန္လုံးေလးေတြတစ္လုံးျခင္းလွပေနေစဖို႔ ခ်က္ၿပီးသားထမင္းေတြကို ေရခဲေသတၱာထဲမွာ တစ္ညအရင္ထည့္ထားလိုက္ပါ။ ထမင္းေၾကာ္က ေထြးေထြးႀကီးျဖစ္မေနပဲ ဆန္လုံးေလးေတြလွပေနပါလိမ့္မယ္။ (၇) ထမင္းအိုးဟင္းအိုးေတြတူးၿပီး ဖင္မွာ ဂ်ိဴးေတြကပ္ေနတဲ့အခါ ႏႊာၿပီးသား ပန္းသီးအခြံေတြကို အိုးထဲထည့္ျပဳတ္လိုက္ပါ၊ ဂ်ိဴးေတြသာမက တူးနံ႔ေတြပါ ကင္းစင္သြားပါလိမ့္မယ္။ (၈) အသားေတြကိုပါးပါးလွီးတာက ေရခဲေသတၱာထဲမွာ မိနစ္ (၂၀) ေလာက္ထားၿပီးလွီးတာက လွီးရတာပိုၿပီး လြယ္ကူေစပါတယ္။(၉) အသားဟင္းေတြခ်က္ေတာ့မယ္ဆိုရင္ ပိုၿပီးအရသာရွိႏူးညံ့ေစဖို႔ မခ်က္ခင္ အသားႏွပ္တဲ့အခါ ေကာ္ဖီမႈန႔္အနည္းငယ္ထည့္ၿပီးႏွပ္လိုက္ပါ။ (၁၀) ဂ်င္းကို အခြံႏႊာတဲ့အခါ ဇြန္းနဲ႔ျခစ္ခြာတာက ဓါးနဲ႔ျခစ္ခြာတာထက္ ပိုၿပီးျမန္ဆန္ေစပါတယ္။ (၁၁) ႐ုံးပေတသီးေတြလွီးတဲ့အခါ ဓါးမွာ ေစးကပ္ကပ္မျဖစ္ရေအာင္ မလွီးခင္ဓါးကို သံပုယိုသီးနဲ႔ အရင္ပြတ္လိုက္ပါ။ (၁၂) ဒန္အိုးဒန္ခြက္ေတြကို ေျပာင္စင္ေအာင္ ေဆးေၾကာလိုပါက ေဂၚဖီထုတ္မွ အ႐ြက္ၾကမ္းနဲ႔ ပြတ္ေပးလိုက္ပါ။ (၁၃) ခရမ္းခ်ဥ္သီးလွီးတဲ့ အခါ ညီညီေလးနဲ႔ လွေနေစဖို႔ ခက္ရင္းကိုသုံးၿပီး ခက္ရင္းခြေလးအတိုင္းလွီးပါ။ (၁၄) ၾကက္သြန္နီမလွီးခင္ ေရခဲေသတၱာထဲခဏထည့္ၿပီးမွ လွီးပါက မ်က္ရည္က်တာမ်ိဴးမျဖစ္ေတာ့ပါဘူး။ (၁၅) ေအးခဲထားတဲ့ငါးကို မခ်က္ခင္ ႏြးႏို႔ထဲမွာစိမ္ထားျခင္းအားျဖင့္ ငါးညႇီနံ႔ေပ်ာက္ေအာင္ လုပ္ေပးႏိုင္တဲ့အျပင္ ဟင္းအရသာကိုလည္းပိုမိုလတ္ဆက္ေကာင္းမြန္ေစပါလိမ့္မယ္။ (၁၆) ပုဇြန္ကို အခြံခြၽတ္တဲ့အခါမွာ ခက္ရင္းကို သုံးၿပီးေက်ာဖက္ကို ထိုးခြာခြၽတ္ေပးပါက ပိုမိုျမန္ဆန္ေစပါတယ္။ (၁၇) အသားဟင္းေတြခ်က္တဲ့အခါ ကြမ္းသီးစိပ္ ၂ စိပ္ ၃ စိပ္ထည့္ခ်က္ေပးျခင္းျဖင့္ အသားကို အႏူးျမန္ေစပါတယ္။ (၁၈) အသီးအ႐ြက္ေတြကိုျပဳတ္တဲ့အခါ ေရကိုပုံမွန္ထက္ပိုၿပီးဆူတာျမန္ေစခ်င္ရင္ မျပဳတ္ခင္ဆားအနည္းငယ္ကို ေရထဲထည့္ေပးလိုက္ပါ။ ဆားကပိုးမႊားေတြကိုေသေစၿပီး အ႐ြက္ေတြကို စိမ္းစိမ္းစိုစိုနဲ႔ အေရာင္မေျပာင္းေစပါဘူး။ (၁၉) သရက္သီးသုပ္စားတဲ့အခါ ႂကြပ္ႂကြပ္ဆပ္ဆပ္ေလးနဲ႔ စားေကာင္းေနဖို႔ဆိုရင္ ေရခဲေသတၱာထဲ သရက္သီးကိုပါးပါးလွီးၿပီး ၂မိနစ္ေလာက္ အရင္ထည့္ထားလိုက္ပါ။