အိမ်သာတက်ရင်း ဖုန်းသုံးတက်သူများ သတိပြုစရာ

ဘယ်သူမှ ရောဂါ တစ်မျိုးမျိုးကို ဖြစ်ချင်ပါတယ်လို့ တောင့်တကြမှာ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အနာရောဂါ ကင်းကင်း နဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်ကြ မှာပါ။မလွှဲမရှောင်သာ တဲ့ အခြေအနေမှ သာဒီခန္ဓာကိုယ်ကြီး က ရောဂါတွေ ကို လက်ခံရတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မလွှဲမသွေ ဆိုရင်တောင် လုံးဝ မဖြစ်ချင်ကြ တဲ့ ရောဂါတွေ ရှိပါတယ်။တစ်ချို့က လိင်ပိုင်း ဆိုင်ရာ ကူးစက်ရောဂါတွေ ကြောက်ကြပါတယ်။ တစ်ချို့က ကင်ဆာ လို ရောဂါဆိုးတွေ ကိုလန့်ကြတယ်။ အဲဒီလို ရောဂါမျိုးတွေ ထဲမှာ လိပ်ခေါင်းရောဂါ ကလည်း တစ်ခုအပါအဝင် ဖြစ်မှာ ပါ။ လိပ်ခေါင်းရောဂါ ကို အင်္ဂလိပ်လို Haemorrhoids ခေါ်ပြီး Piles လို့လည်း လူသိများ ပါတယ်။စအိုကနေ အဖုအကျိတ်တွေ ထွက်လာ တဲ့ ရောဂါပါ။ အူမကြီးရဲ့ ဖိအား သက်ရောက်မှု အလွန်များ တဲ့ အခြေအနေ ကနေ အပြင်ဘက် ကိုကျွံလာတဲ့ သ ဘောမျိုး ဖြစ်ပါတယ်။ အထိုင်များတဲ့သူတွေ အထူး သတိထားသင့်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်။အိမ်သာတက် တိုင်း ဖုန်းသုံးလေ့ ရှိသူတွေလည်း သတိထားသင့် ပါတယ်။

တစ်ချို့က အိမ်သာတက်ရင်း ဖုန်းနဲ့ အချိန်ကုန်မှန်း မသိ ဖြစ်တတ် ပါတယ်။ဒီလို လူတွေဟာ လိပ်ခေါင်းနဲ့ တစ်ခြား ကျန်းမာရေး ဆိုးကျိုးတွေခံစားရလိမ့်မယ် လို့ သတိပေး ပါရစေ ။ YouGov ကနေ ကောက်ယူ ခဲ့တဲ့ စစ်တမ်းမှာ ဗြိတိန်လူမျိုး (၅၇)% ဟာ အိမ်သာတက် ရင်း ဖုန်းသုံးလေ့ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီအထဲမှာ (၈)% က အိမ်သာတက်ရင်း ဖုန်းနဲ့ အချိန်ဖြုန်းရတာ ကို အမြဲတမ်းလုပ်ဖြစ်တယ် လို့ ပြောကြပါတယ်။ဒေါက်တာ Sarah Jarvis က ဝမ်းချုပ်ခြင်းနဲ့ အိမ်သာတက်တဲ့ အခါတိုင်း အားစိုက်ပြီး အလွန်ညှစ်ခြင်းတွေ ဟာ လိပ်ခေါင်း ရောဂါရဲ့ ကနဦး အစတွေ လို့ ဆိုပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ခြင်း၊ အသည်းအသန် ချောင်းဆိုးခြင်းနဲ့ အသက်ကြီးလာခြင်း ကလည်းလိပ်ခေါင်းရောဂါ ရဲ့ ဇစ်မြစ်တွေ ဖြစ်လာနိုင် ပါတယ်။တစ်ချိန်က စာအုပ်ဖတ်ရင်း နဲ့ အိမ်သာတက် တဲ့ အလေ့အကျင့်အစား ဖုန်း နဲ့ အိမ်သာတက်တဲ့ အလေ့အကျင့် ပြောင်းလဲလာ ပါတယ်။ဒါပေမယ့် အိမ်သာထဲမှာ ဘယ်လိုနည်းနဲ့ အချိန်ဖြုန်းတာ ပဲဖြစ်ဖြစ် လိပ်ခေါင်း ရောဂါ ကို ကြောက်ရွံ့တယ် ဆိုရင် ရှောင်ရှားသင့် တယ် လို့ ဒေါက်တာတွေက အကြံပေးထား ပါတယ်။

Credit မူရင်း

[zawgyi]

ဘယ္သူမွ ေရာဂါ တစ္မ်ိဳးမ်ိဳးကို ျဖစ္ခ်င္ပါတယ္လို႔ ေတာင့္တၾကမွာ မဟုတ္ပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ အနာေရာဂါ ကင္းကင္း နဲ႔ ဘဝမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနခ်င္ၾက မွာပါ။မလႊဲမေရွာင္သာ တဲ့ အေျခအေနမွ သာဒီခႏၶာကိုယ္ႀကီး က ေရာဂါေတြ ကို လက္ခံရတာ ျဖစ္ပါတယ္။ ဒီအထဲမွာ မလႊဲမေသြ ဆိုရင္ေတာင္ လုံးဝ မျဖစ္ခ်င္ၾက တဲ့ ေရာဂါေတြ ရွိပါတယ္။တစ္ခ်ိဳ႕က လိင္ပိုင္း ဆိုင္ရာ ကူးစက္ေရာဂါေတြ ေၾကာက္ၾကပါတယ္။ တစ္ခ်ိဳ႕က ကင္ဆာ လို ေရာဂါဆိုးေတြ ကိုလန႔္ၾကတယ္။ အဲဒီလို ေရာဂါမ်ိဳးေတြ ထဲမွာ လိပ္ေခါင္းေရာဂါ ကလည္း တစ္ခုအပါအဝင္ ျဖစ္မွာ ပါ။ လိပ္ေခါင္းေရာဂါ ကို အဂၤလိပ္လို Haemorrhoids ေခၚၿပီး Piles လို႔လည္း လူသိမ်ား ပါတယ္။စအိုကေန အဖုအက်ိတ္ေတြ ထြက္လာ တဲ့ ေရာဂါပါ။ အူမႀကီးရဲ႕ ဖိအား သက္ေရာက္မႈ အလြန္မ်ား တဲ့ အေျခအေန ကေန အျပင္ဘက္ ကိုကြၽံလာတဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။ အထိုင္မ်ားတဲ့သူေတြ အထူး သတိထားသင့္တဲ့ ေရာဂါမ်ိဳး ျဖစ္ပါတယ္။အိမ္သာတက္ တိုင္း ဖုန္းသုံးေလ့ ရွိသူေတြလည္း သတိထားသင့္ ပါတယ္။တစ္ခ်ိဳ႕က အိမ္သာတက္ရင္း ဖုန္းနဲ႔ အခ်ိန္ကုန္မွန္း မသိ ျဖစ္တတ္ ပါတယ္။ဒီလို လူေတြဟာ လိပ္ေခါင္းနဲ႔ တစ္ျခား က်န္းမာေရး ဆိုးက်ိဳးေတြခံစားရလိမ့္မယ္ လို႔ သတိေပး ပါရေစ ။ YouGov ကေန ေကာက္ယူ ခဲ့တဲ့ စစ္တမ္းမွာ ၿဗိတိန္လူမ်ိဳး (၅၇)% ဟာ အိမ္သာတက္ ရင္း ဖုန္းသုံးေလ့ ရွိတယ္လို႔ ဆိုၾကပါတယ္။ ဒီအထဲမွာ (၈)% က အိမ္သာတက္ရင္း ဖုန္းနဲ႔ အခ်ိန္ျဖဳန္းရတာ ကို အၿမဲတမ္းလုပ္ျဖစ္တယ္ လို႔ ေျပာၾကပါတယ္။ေဒါက္တာ Sarah Jarvis က ဝမ္းခ်ဳပ္ျခင္းနဲ႔ အိမ္သာတက္တဲ့ အခါတိုင္း အားစိုက္ၿပီး အလြန္ညႇစ္ျခင္းေတြ ဟာ လိပ္ေခါင္း ေရာဂါရဲ႕ ကနဦး အစေတြ လို႔ ဆိုပါတယ္။ ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ျခင္း၊ အသည္းအသန္ ေခ်ာင္းဆိုးျခင္းနဲ႔ အသက္ႀကီးလာျခင္း ကလည္းလိပ္ေခါင္းေရာဂါ ရဲ႕ ဇစ္ျမစ္ေတြ ျဖစ္လာႏိုင္ ပါတယ္။တစ္ခ်ိန္က စာအုပ္ဖတ္ရင္း နဲ႔ အိမ္သာတက္ တဲ့ အေလ့အက်င့္အစား ဖုန္း နဲ႔ အိမ္သာတက္တဲ့ အေလ့အက်င့္ ေျပာင္းလဲလာ ပါတယ္။ဒါေပမယ့္ အိမ္သာထဲမွာ ဘယ္လိုနည္းနဲ႔ အခ်ိန္ျဖဳန္းတာ ပဲျဖစ္ျဖစ္ လိပ္ေခါင္းေရာဂါ ကို ေၾကာက္႐ြံ႕တယ္ ဆိုရင္ ေရွာင္ရွားသင့္ တယ္ လို႔ ေဒါက္တာေတြက အႀကံေပးထား ပါတယ္။