ကင်မြီးကောက်လို လူမျိူးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိနေနိုင်ပါတယ်..သတိထားဆင်ခြင်နိုင်ကြပါစေ..

တစ်ခါတုန်းက ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်းရုတ်တရက်မြစ်ရေစပ်မှာစိမ်နေတဲ့ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။”ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ””ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်ငါရေနစ်သေသွားမှာပေါ့ “ကင်းမြီးကောက်၊ “ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ..။နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ”ဖားလည်းစဉ်းစားတယ်။ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။ ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။

မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။”ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။အခုငါ့မှာအဆိပ်တက်နေပြီ။ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား “ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့”ခင်ဗျားသေရင် ကျနော်လည်းရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကေါင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ”နောက်ဆုံးတော့ ဖားရော ကင်းမြီး ကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။သနားလို့ကူညီပေမဲ့လည်းအဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာလေးပါ။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက ကင္းၿမီးေကာက္တေကာင္ဟာ သူေနတဲ့ကြၽန္းကေလးတခုကေန ျမစ္တဖက္ကမ္းမွာရွိတဲ့ေနာက္ကြၽန္းတခုကိုသြားခ်င္တယ္။ ဒါေပမဲ့ ကင္မီးေကာက္ဟာေရမကူးတတ္လို႔ ျမစ္ကိုျဖတ္ဖို႔ရာအခက္အခဲျဖစ္ေနတယ္။ျမစ္ကမ္းေဘးမွာေလွ်က္သြားရင္း ဒီျမစ္ကိုဘယ္လိုကူးရပါ့လို႔အႀကံထုတ္ေနတုန္း႐ုတ္တရက္ျမစ္ေရစပ္မွာစိမ္ေနတဲ့ဖားတစ္ေကာင္ကိုေတြ႕လိုက္လို႔သြားစကားေျပာတယ္။”ကိုေ႐ႊဖါးေရ က်ေနာ့္ကို ခင္ဗ်ားရဲ႕ေက်ာေပၚတင္ၿပီးဟိုဖက္ကမ္းကိုပို႔ေပးပါလား။ ေက်းဇူးမေမ့ပါဘူးဗ်ာ””ဟာဘယ္ျဖစ္မလဲ မင္းကိုေက်ာပိုးသြားရင္းနဲ႔ ငါ့ကိုမင္းရဲ႕အဆိပ္ရွိတဲ့အစြယ္နဲ႔ထိုးလိုက္ရင္ငါေရနစ္ေသသြားမွာေပါ့ “ကင္းၿမီးေကာက္၊ “ကိုေ႐ႊဖါးရယ္ ခင္ဗ်ားကိုက်ေနာ္အစြယ္နဲ႔ထိုးပါ့မလားဗ်ာ။က်ေနာ့္ကို ဟိုဖက္ကမ္းပို႔ေပးတဲ့ေက်းဇူးရွင္ကိုလုပ္ရက္ပါ့မလားဗ်ာ..။ေနာက္ၿပီး ခင္ဗ်ားကိုအစြယ္နဲ႔ထိုးလိုက္လို႔ ခင္ဗ်ားေရနစ္ရင္ က်ေနာ္လည္းေရနစ္ေသမွာပဲေလ။က်ေနာ္ေရမကူးတတ္ဖူးဆိုတာ ခင္ဗ်ားသိပါတယ္ဗ်ာ”ဖားလည္းစဥ္းစားတယ္။ကင္းၿမီးေကာက္ေျပာတာလဲဟုတ္သားပဲ။သူ႔ကိုယ္သူေရနစ္အေသခံၿပီး ငါ့ကိုအစြယ္နဲ႔ထိုးစရာအေၾကာင္းမရွိဘူးေလ။အဲဒီေတာ့ ဖားလည္း ဟိုဖက္ကမ္းကိုပို႔ေပးမယ္လို႔သေဘာတူလိုက္တယ္။ ဒါနဲ႔ ဖားဟာ ကင္းၿမီးေကာက္ကို ေက်ာေပၚတင္လို႔ေရစီးသန္တဲ့ျမစ္မွာ သူ႔ကိုယ္ကိုေရအေပၚ ေပၚေအာင္ႀကိဳးစားၿပီး ျမစ္ကိုျဖတ္ကူးပါေတာ့တယ္။ျမစ္လယ္ေရာက္ေတာ့ ဖားဟာ သူ႔ေက်ာမွာစူးခနဲ တခ်က္ခံစားလိုက္ရတယ္။ေနာက္ကိုအသာလွည့္ၾကည့္လိုက္ေတာ့ ကင္းၿမီးေကာက္ဟာ အစြယ္ကို သူ႔ရဲ႕ေနာက္ေက်ာကေနဆြဲႏူတ္လိုက္တာေတြ႕ရတယ္။ဖားလည္း နာက်င္ေဝဒနာခံစားရင္းေျပာလိုက္တယ္။”ဟာ..မင္း.ဘယ္လိုလုပ္လိုက္တာလဲ။မင္းပဲ ေစာေစာကေျပာတယ္ေလ။ ငါ့ကိုအစြယ္နဲ႔မထိုးဘူးလို႔။အခုငါ့မွာအဆိပ္တက္ေနၿပီ။ငါေရနစ္ၿပီးေသရင္ မင္းလည္းေရနစ္ေသမွာ မေၾကာက္ဖူးလား “ကင္းၿမီေကာက္ကဘာျပန္ေျပာသလဲဆိုေတာ့”ခင္ဗ်ားေသရင္ က်ေနာ္လည္းေရနစ္ေသမွာသိပါတယ္။ ဒါေပမဲ့ တျခားသတၱဝါတစ္ေကါင္ကိုေတြ႕ရင္ အစြယ္နဲ႔ထိုးတတ္တဲ့က်ေနာ့္ရဲ႕ဗီဇကိုေဖ်ာက္မရလို႔ပါဗ်ာ”ေနာက္ဆုံးေတာ့ ဖားေရာ ကင္းၿမီးေကာက္ေရာ ၂ေကာင္စလုံးဟာ ျမစ္ေရထဲနစ္ျမဳပ္ေသဆုံးသြားၾကပါေတာ့တယ္။ဒီပုံျပင္ေလးဟာ ႏိုင္ငံျခားမွာ အလြန္နာမည္ႀကီးတဲ့ပုံျပင္ေလးပါ။ကေလးပုံျပင္မဟုတ္ပါဘူး။ လူေတြရဲ႕အက်င့္စာရိတၱနဲ႔ပတ္သက္တဲ့ လူႀကီးေတြကို အသိပညာေပးတဲ့ပုံျပင္ပါ။သနားလို႔ကူညီေပမဲ့လည္းအဲဒီလိုဗီဇမေဖ်ာက္ႏိုင္တဲ့လူနဲ႔ေတြ႕ရင္ကူညီသူပါဒုကၡရာက္တတ္တယ္ဆိုတဲ့သတိေပးသင္ခန္းစာေလးပါ။