ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံး သိပ္ပံပညာရှင်တစ်ဦး

ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင် မက္ခရာမင်းသားကြီးဟာ ဘိုးတော်ဘုရား(ဗဒုံမင်း)နဲ့ ဒုတိယ မြောက်နန်းတော်မိဖုရား သီရီမဟာ ရတနာဒေဝီတို့ရဲ့ သားတော်ဖြစ်တယ်။ငယ်နာမည်မောင်ဖြိုး ၁၁၅၃ခုနတ်တော်လ္ဆန်း၁၅ ရက်နေ့မှာ ဖွားမြင်တော်မူတယ်။၁၁၅၃ ခုနှစ်မှာ မင်းရဲကျော်စွာ၊၁၁၆၄ ခုနှစ်မှာသတိုးမင်းလှကျော်စွာ၊၁၁၆၈ခုနှစ်မှာ မဟာသီရိဓမ္မရာဇာ ဘွဲ့တွေ ခမည်းတော်ကပေးပါတယ်။ညီတော် လှိုင်မင်းသားညီမတော် ကျောက်ဆည်မြို့၊မြစ်သားမြို့စားမင်းသမီး(ရွှေနန်းမြင့်)မွေးချင်းသုံးယောက်အနက် ပထမသားတော် ဖြစ်ပါတယ်။မက္ခရာမြို့အပြင် ဗန့်ကျီတိုက်ကိုလည်း ကံကျွေးခံရပေမဲ့ မက္ခရာမင်းသားလို့ပဲ အမည်တွင်တယ်၊။အလောင်းမင်းတရားကြီးနှင့်လည်းရုပ်ချင်းဆင်တယ်လို့ ဆိုကြပါတယ်။ငယ်စဉ်က ခမည်းတော်(ဗဒုံမင်း)နဲ့ နောင်တော် အိမ်ရှေမင်းသားတို့ ယိုးဒယား၊ရခိုင်၊မဏိပူရ၊အာသံစတဲ့နယ်ချဲတိုက်ပွဲများ အောင်ပွဲဆင်နေတဲ့အခါမှာ သူကတော့ စစ်ရေးကိုစိတ်မဝင်စား၊ပညာရေးကိုသာ အရေးထားခဲ့ပြီး လောကီ လောကုတ္တရာဗဟုသုတ၊စာပေရေးသားရာကိုသာလိုက်စားခဲ့တယ်။ဆေးကျမ်း၊ဓာတ်ကျမ်း၊ဗေဒင်ကျမ်းနဲ့ ပါဠိသက္ကတဘာသာတွေကိုလည်းလေ့လာတယ်။အဲဒီဘာသာရပ် ကျမ်းပေါင်း(၂၃၄)ကျမ်းလောက်ကို အရပ်ရပ်ကစုဆောင်းယူလာစေပြီးမြန်မာဘာသာကို ပြန်ဆိုပါတယ်။မက္ခရာမင်းသား မောင်ဖြိုးဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးအရ သွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီးအခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်ပါသည်။ သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။ ထိုခေတ်က မြန်မာတို့သည် အနောက် တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။ ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree’s Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။

ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို A မှ Zအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အ ကြောင်းအရာများကို မြန်မာများသိရှိစေလိုသော စေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။ သို့သော်ကျမ်း ကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။ နောက် ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂ လိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၎င်းတို့၏မှတ် တမ်းများအရ သိရှိရပါသည်။ မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။ မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထဝီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူး ဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။ အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှသည်။ ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။ သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။

Credit – မူရင်း

[zawgyi]

ကမာၻမွ အသိအမွတ္ျပဳခဲ့ေသာ ျမန္မာ့ပထမဆုံးသိပၸံပညာရွင္ မကၡရာမင္းသားႀကီးဟာ ဘိုးေတာ္ဘုရား(ဗဒုံမင္း)နဲ႔ ဒုတိယ ေျမာက္နန္းေတာ္မိဖုရား သီရီမဟာ ရတနာေဒဝီတို႔ရဲ႕ သားေတာ္ျဖစ္တယ္။ငယ္နာမည္ေမာင္ၿဖိဳး ၁၁၅၃ခုနတ္ေတာ္လၦန္း၁၅ ရက္ေန႔မွာ ဖြားျမင္ေတာ္မူတယ္။၁၁၅၃ ခုႏွစ္မွာ မင္းရဲေက်ာ္စြာ၊၁၁၆၄ ခုႏွစ္မွာသတိုးမင္းလွေက်ာ္စြာ၊၁၁၆၈ခုႏွစ္မွာ မဟာသီရိဓမၼရာဇာ ဘြဲ႕ေတြ ခမည္းေတာ္ကေပးပါတယ္။ညီေတာ္ လႈိင္မင္းသားညီမေတာ္ ေက်ာက္ဆည္ၿမိဳ႕၊ျမစ္သားၿမိဳ႕စားမင္းသမီး(ေ႐ႊနန္းျမင့္)ေမြးခ်င္းသုံးေယာက္အနက္ ပထမသားေတာ္ ျဖစ္ပါတယ္။မကၡရာၿမိဳ႕အျပင္ ဗန႔္က်ီတိုက္ကိုလည္း ကံေကြၽးခံရေပမဲ့ မကၡရာမင္းသားလို႔ပဲ အမည္တြင္တယ္၊။အေလာင္းမင္းတရားႀကီးႏွင့္လည္း႐ုပ္ခ်င္းဆင္တယ္လို႔ ဆိုၾကပါတယ္။ငယ္စဥ္က ခမည္းေတာ္(ဗဒုံမင္း)နဲ႔ ေနာင္ေတာ္ အိမ္ေရွမင္းသားတို႔ ယိုးဒယား၊ရခိုင္၊မဏိပူရ၊အာသံစတဲ့နယ္ခ်ဲတိုက္ပြဲမ်ား ေအာင္ပြဲဆင္ေနတဲ့အခါမွာ သူကေတာ့ စစ္ေရးကိုစိတ္မဝင္စား၊ပညာေရးကိုသာ အေရးထားခဲ့ၿပီး ေလာကီ ေလာကုတၱရာဗဟုသုတ၊စာေပေရးသားရာကိုသာလိုက္စားခဲ့တယ္။ေဆးက်မ္း၊ဓာတ္က်မ္း၊ေဗဒင္က်မ္းနဲ႔ ပါဠိသကၠတဘာသာေတြကိုလည္းေလ့လာတယ္။အဲဒီဘာသာရပ္ က်မ္းေပါင္း(၂၃၄)က်မ္းေလာက္ကို အရပ္ရပ္ကစုေဆာင္းယူလာေစၿပီးျမန္မာဘာသာကို ျပန္ဆိုပါတယ္။မကၡရာမင္းသား ေမာင္ၿဖိဳးဟာ ငယ္စဥ္ကတည္းက က်န္းမာေရးအရ သြက္ခ်ာပါဒေလငန္းေရာဂါရွိသူျဖစ္ၿပီးအျခားမင္းသားမ်ားကဲ့သို႔ နန္းတြင္းေရးကို စိတ္မဝင္စားခဲ့ဘဲ ႏိုင္ငံႏွင့္လူမ်ိဳးအတြက္ ႏွလုံးရည္ႏွင့္အလုပ္အေကြၽးျပဳရန္ ပညာေရးနယ္ပယ္တြင္ သူ႔ဘဝကို ျမဳပ္ႏွံခဲ့သူျဖစ္ပါသည္။ သူသည္ ေဆးက်မ္း၊ ဓာတ္က်မ္း၊ ေဗဒင္က်မ္း၊ ပါ႒ိသကၠတဘာသာရပ္က်မ္း (၂၃၄)က်မ္းခန႔္ စုေဆာင္းကာ ျမန္မာဘာသာသို႔ ျပန္ဆိုခဲ့သည္။ေနာက္ပိုင္း အေနာက္တိုင္းသားမ်ား နန္းတြင္းသို႔ဝင္ထြက္လာၾကေသာအခါ ထိုသူတို႔ႏွင့္ ေတြ႕ဆုံႏွီးေႏွာၿပီး အဂၤလိပ္စာသင္ယူရာမွတဆင့္ သိပၸံပညာကို စိတ္ဝင္စားလာသည္။ သခ်ၤာဘာသာရပ္ကိုကား အထူးဝါသနာပါသည္။ ထိုေခတ္က ျမန္မာတို႔သည္ အေနာက္ တိုင္းဝိဇၨာ၊သိပၸံပညာရပ္မ်ားကို မတတ္ေျမာက္ၾကေသး၊ ေခတ္မမီၾကေသးေပ။ထို႔ေၾကာင့္ မင္းသားႀကီးသည္ ျမန္မာမ်ားေခတ္မီေစေရးအတြက္ ေျမႇာ္ေတြးကာ အစြမ္းကုန္ႀကိဳးပမ္းရန္ စိတ္ပိုင္းျဖတ္ခဲ့ဟန္တူပါသည္။ ထို႔ေနာက္သူသည္ အဂၤလိပ္ကုန္သည္ ခ်ားလိန္းထံမွ (Ree’s Encyclopedia) စြယ္စုံက်မ္းႀကီးကို ဝယ္ယူရရွိခဲ့ရာ အထူးတလည္ေလ့လာဆည္းပူးခဲ့သည္။ထိုက်မ္းႀကီးသည္ အေနာက္တိုင္းေခတ္သစ္အတတ္ပညာ၊ စာေပ၊ ဗဟုသုတမ်ားကို A မွ Zအထိ စုေပါင္းျပဳစုထားေသားက်မ္းႀကီးျဖစ္ရာ မင္းသားႀကီးသည္ ထိုက်မ္းႀကီး၏ အက်ိဳးအာနိသင္မ်ားကို သိျမင္လာၿပီး ျမန္မာမ်ား ေခတ္ႏွင့္ရင္ေပါင္တန္းႏိုင္ေစရန္ ထိုက်မ္းႀကီးမွ အ ေၾကာင္းအရာမ်ားကို ျမန္မာမ်ားသိရွိေစလိုေသာ ေစတနာျဖင့္ ခ်ားလိန္း၏အကူအညီယူကာ စတင္ဘာသာျပန္ဆိုပါသည္။ သို႔ေသာ္က်မ္း ႀကီးမွာ အုပ္ေရ၄၅အုပ္အထိရွိေသာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာဘာသာျပန္ဆိုမွ ၿပီးစီးမည္ျဖစ္ေၾကာင္းတြက္ဆမိၿပီး သူဘာသာျပန္ဆိုေနစဥ္အေတာအတြင္း ျမန္မာမ်ားအဂၤလိပ္စာ ေလ့လာႏိုင္ေစရန္ အႀကံထုတ္ဟန္တူပါသည္။ထို႔ေၾကာင့္ မင္းသားႀကီးသည္ သူ႔အားေဆးကုသေပးေသာ ေဒါက္တာပ႐ိုက္၏အကူအညီႏွင့္ ေဒါက္တာဂ်ပ္ဆင္ဆိုသူ ျပဳစုခဲ့ေသာ အဂၤလိပ္အဘိဓာန္ကို စတင္ဘာသာျပန္ဆိုပါသည္။ ေနာက္ ပိုင္း ေဒါက္တာပ႐ိုက္ျပန္သြားေသာအခါ ခ်ားလိန္းႏွင့္ ပူးေပါင္းၿပီး ဘာသာျပန္ဆိုရန္အားထုတ္ခဲ့ရာ ေနာက္ဆုံးတြင္ ပထမဆုံးေသာ အဂၤ လိပ္-ျမန္မာအဘိဓာန္ျဖစ္ေသာ လိန္း-မကၡရာအဘိဓာန္ ထြက္ေပၚလာခဲ့ပါသည္။ျမန္မာႏိုင္ငံကို ယခုမွေရာက္ဖူးသည့္ စာေပပညာရွင္မဟုတ္ေသာ အဂၤလိပ္ကုန္သည္တစ္ဦးႏွင့္ အဂၤလိပ္စာႏွင့္အဘိဓာန္ကို ယခုမွ ျမင္ဖူးေသာ ျမန္မာမင္းသားတစ္ပါးတို႔သည္ မူလျပဳစုသူ ေဒါက္တာဂ်ပ္ဆင္က ရွစ္ႏွစ္ၾကာျပဳစုခဲ့ရေသာ အဘိဓာန္ကို ငါးႏွစ္ႏွင့္ ဘာသာျပန္ဆိုႏိုင္ခဲ့သည္မွာ အံ့ခ်ီးဖြယ္ရာပင္ျဖစ္ပါသည္။ထိုေခတ္အခါက အင္းဝေနျပည္ေတာ္ေရာက္ အေနာက္တိုင္းသားမ်ား အေလးစားဆုံးပုဂၢိဳလ္မွာ မကၡရာမင္းသားႀကီးျဖစ္ေၾကာင္း ၎တို႔၏မွတ္ တမ္းမ်ားအရ သိရွိရပါသည္။ မင္းသားႀကီး၏စာၾကည့္ေဆာင္၌ အပူအေအးတိုင္းေသာ သာမိုမီတာႏွင့္ ေလဖိအားတိုင္းေသာ ဘာ႐ိုမီတာတို႔ပင္ ရွိပါသည္။ မင္းသားႀကီးသည္ ကမာၻလုံးသည္ဟူေသာ အယူအဆကို လက္ခံသူလည္းျဖစ္ပါသည္။မင္းသားႀကီးသည္ ေလာဂရစ္သမ္ဂဏာန္းသခ်ၤာကိုလည္း ေကာင္းစြာတတ္ေျမာက္ၿပီး အေနာက္တိုင္းနကၡတၱေဗဒႏွင့္ ပထဝီဝင္ကိုလည္း ေလ့လာလိုက္စားခဲ့ပါသည္။ေနာက္ဆုံးကံေတာ္ကုန္ခ်ိန္အထိ အေနာက္တိုင္းေခတ္သစ္သိပၸံပညာရပ္အမ်ားအျပားကို ေလ့လာလိုက္စားခဲ့သူလည္းျဖစ္ပါသည္။ထို႔ျပင္ ထိုေခတ္အခါက အာရွတိုက္မွ ဒိပ္ဒိပ္ႀကဲပညာရွင္သုေတသီမ်ားသာ အသင္းဝင္ခြင့္ျပဳေသာ ဘဂၤလားအာရွဆိုင္ရာဝိဇၨာသိပၸံသုေတသနအသင္းႀကီးမွ ဂုဏ္ထူး ေဆာင္အသင္းသားသိပၸံပညာရွင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူလည္း ျဖစ္ပါသည္။မင္းသားႀကီးသည္ မင္းတုန္းမင္းနန္းမတက္ခင္ အသက္၅၇ႏွစ္အ႐ြယ္၌ ကံေတာ္ကုန္ခဲ့ပါသည္။ အသက္၅၇ႏွစ္ဆိုသည္မွာ အသက္ႀကီးၿပီဟုမဆိုႏိုင္ေသာေၾကာင့္ ႏွေျမာစရာေကာင္းလွသည္။ ကေနာင္မင္းသားႀကီးႏွင့္လက္တြဲအလုပ္မလုပ္ႏိုင္ခဲ့သည္က ပိုၿပီးႏွေျမာဖို႔ေကာင္းပါသည္။ သူျပဳစုခဲ့ေသာ အဘိဓာန္စာအုပ္မွာ ယခုထိ မပ်က္စီးဘဲ က်န္ေနသည္မွာ ႏွစ္အုပ္သာရွိေၾကာင္း ဆိုပါသည္။