ကမ္ဘာ့နိုင်ငံအားလုံးကို လည်ပတ်ဖူးတဲ့ ပထမဆုံးမိန်းကလေး

လူတစ်ယောက်က နိုင်ငံ (၅၀) လောက်ကို ရောက်ဖူးတယ်လို့ပြောလာခဲ့ရင် ကျွန်တော်တို့ သူ့ကို အထင်ကြီးမိမှာပါ။ နိုင်ငံ (၁၀၀)လောက်ကို သွားရောက်လည်ပတ်ဖူးတယ်လို့ပြောလာရင်တော့ ပိုပြီးအားကျမိပြီပေါ့။ တစ်ကမ္ဘာလုံးမှ နိုင်ငံက (၁၉၆) နိုင်ငံပဲရှိတာကိုး။ အဲ…အဲ့ဒီ (၁၉၆) နိုင်ငံစလုံးကို ရောက်ဖူးတယ်လို့ပြောလာရင်ရော.?၂၀၁၆ မှာ Cassandra De Pecol ဆိုတဲ့ အသက် (၂၇)နှစ်အရွယ် အမေရိကန် မိန်းက လေး ဟာ နိုင်ငံပေါင်း (၁၈၁) နိုင်ငံကို သွားရောက်လည်ပတ်ပြီးသွားပါပြီ။

“တစ်ကမ္ဘာလုံးက နိုင်ငံအားလုံးကို အမြန်ဆုံးသွားရောက်လည်ပတ်ဖူးတဲ့ ပထမဦးဆုံး လူသား”အဖြစ် ဂင်းနစ်မှတ်တမ်း၀င်ဖို့ (၁၅)နိုင်ငံသာလိုပါတော့တယ်။ သူမဟာ ဒီခရီးစဉ်ကို “Expedition196” လို့အမည်ပေးထားပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက စတင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို IIPT (International Institute for Peace through Tourism) အဖွဲရဲ့ ကိုယ်စားပြု သံတမန်အဖြစ် ထွက်ခွါခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ခရီးစဉ်တစ်ခုလုံးအတွက် ဒေါ်လာ နှစ်သိန်းခန့် ကုန်ကျစရိတ်ရှိပေမဲ့ ခရီးစဉ်တစ်လျှောက် မှတ်တမ်းတင်ဓာတ်ပုံတွေရိုက်ကူးပြီး Facebook, Instagram တို့မှာ ပြန်ကြော်ငြာပေးခြင်းဖြင့် ခရီးစရိတ် စပွန်ဆာတွေ ပြန်လည်ရရှိခဲ့ပါတယ်။

Credit : Allinone

[zawgyi]

လူတစ္ေယာက္က ႏိုင္ငံ (၅၀) ေလာက္ကို ေရာက္ဖူးတယ္လို႔ေျပာလာခဲ့ရင္ ကြၽန္ေတာ္တို႔ သူ႔ကို အထင္ႀကီးမိမွာပါ။ ႏိုင္ငံ (၁၀၀)ေလာက္ကို သြားေရာက္လည္ပတ္ဖူးတယ္လို႔ေျပာလာရင္ေတာ့ ပိုၿပီးအားက်မိၿပီေပါ့။ တစ္ကမာၻလုံးမွ ႏိုင္ငံက (၁၉၆) ႏိုင္ငံပဲရွိတာကိုး။ အဲ…အဲ့ဒီ (၁၉၆) ႏိုင္ငံစလုံးကို ေရာက္ဖူးတယ္လို႔ေျပာလာရင္ေရာ.?၂၀၁၆ မွာ Cassandra De Pecol ဆိုတဲ့ အသက္ (၂၇)ႏွစ္အ႐ြယ္ အေမရိကန္ မိန္းကေလးဟာ ႏိုင္ငံေပါင္း (၁၈၁) ႏိုင္ငံကို သြားေရာက္လည္ပတ္ၿပီးသြားပါၿပီ။”တစ္ကမာၻလုံးက ႏိုင္ငံအားလုံးကို အျမန္ဆုံးသြားေရာက္လည္ပတ္ဖူးတဲ့ ပထမဦးဆုံး လူသား”အျဖစ္ ဂင္းနစ္မွတ္တမ္း၀င္ဖို႔ (၁၅)ႏိုင္ငံသာလိုပါေတာ့တယ္။ သူမဟာ ဒီခရီးစဥ္ကို “Expedition196” လို႔အမည္ေပးထားၿပီး ၂၀၁၅ ခုႏွစ္ ဇူလိုင္လက စတင္ထြက္ခြါခဲ့တာျဖစ္ပါတယ္။ ဒီခရီးစဥ္ကို IIPT (International Institute for Peace through Tourism) အဖြဲရဲ႕ ကိုယ္စားျပဳ သံတမန္အျဖစ္ ထြက္ခြါခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ခရီးစဥ္တစ္ခုလုံးအတြက္ ေဒၚလာ ႏွစ္သိန္းခန္႔ ကုန္က်စရိတ္ရွိေပမဲ့ ခရီးစဥ္တစ္ေလွ်ာက္ မွတ္တမ္းတင္ဓာတ္ပုံေတြ႐ိုက္ကူးၿပီး Facebook, Instagram တို႔မွာ ျပန္ေၾကာ္ျငာေပးျခင္းျဖင့္ ခရီးစရိတ္ စပြန္ဆာေတြ ျပန္လည္ရရွိခဲ့ပါတယ္။