ကားဘက်ထရီအိုး ဖြုတ်နည်း တပ်နည်း အမှန်

ဘက်ထရီအိုးက ကားရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာများအတွက် ပါဝါထုတ်ပေးတဲ့ အရင်းအမြစ်တခုဖြစ်ပါတယ်။ တခါတလေမှာ လျှပ်စစ်ပိုင်းဆိုင်ရာတွေပြုပြင်တာဘဲဖြစ်ဖြစ်၊ ဘက်ထရီအိုး ဖြုတ်ဖို့လိုအပ်တဲ့အခါဖြစ်ဖြစ် ဘက်ထရီအိုးဖြုတ်ရပြီးဆိုရင် သိထားသင့်အချက်လေးတွေကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။ကားက ပါဝါဝင်ဒိုးပါတဲ့ကားဆိုရင် မှန်တွေကို အကုန်ချပြီးမှ ပြီး ဘက်ရီအိုးကြိုးတွေကို ဖြုတ်သင့်ပါတယ်။ ကားသော့ကိုလည်း ကားထဲမှာမထားသင့်ဘဲ ကိုယ်နဲ့မကွာတပါတည်းယူထားသင့်ပါတယ်။ ဘက်ထရီဖြုတ်လိုက်တာနဲ့ ပါဝါဝင်ဒိုးတွေလော့ကျသွားတတ်ပါတယ်။ ဘက်ထရီပြန်တပ်ပေမယ့်လည်း လော့က ပြန်ပွင့်မှာမဟုတ်ပါဘူး။ဒါကြောင့် မှန်တွေအားလုံးကိုချထားပြီး ကားသော့ကို ယူထားပါ။ ဘက်ထရီအိုးရဲ့ ကြိုးတွေဖြုတ်တဲ့အခါမှာလည်း အဖို (+) အနီ ကို အရင်ဖြုတ်သင့်သလား (သို့) အမ (-) အနက် ကိုဖြုတ်သင့်သလားဆိုတာလဲ လိုအပ်လာပါတယ်။

ဘက်ထရီအိုးရဲ့ ကြိုးတွေကိုဖြုတ်တဲ့အခါ အမ (-) အနက်ကြိုးကို အရင်ဖြုတ်သင့်ပါတယ်။ ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။ လျှပ်စစ်ဖြတ်သန်းစီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေလျှပ်စစ် ပြန်ဝင်ပါတယ်။ ဒီတော့ အဖိုကြိုးကို အရင်သွားဖြုတ်မိရင် အမကနေထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။ အဲ့ဒီအချိန်ကားကိုသွားထိမိရင် အကြောအချင်တွေပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် သေပါသေနိူင်ပါတယ်။ ဒါကြောင့်မို့ အမကြိုးကိုသာအရင်စဖြုတ်ပါ။ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ်ရပါတယ်။ ကြိုး ၂ ကြိုးလုံးကို သေချာစွာပြန်တပ်ပြီးလျှင် အပေါ်ကစွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။ ဘက်ထရီမကောင်းရင် အမြန်လဲပါ။ ဘက်ထရီမကောင်းလို့ တွန်းနိူးရတယ်ဆိုတာ ၁ ခါ ၂ ခါ ပဲကောင်းပါတယ်။ အကြိမ်ရေများလာရင် Timing Belt ချော်သွားတတ်ပါတယ်။ စရိတ်နည်းနည်း ကုန်ရမယ့်နေရာမှာ များများမကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။

Credit – မူရင်း

[zawgyi]

ဘက္ထရီအိုးက ကားရဲ႕ လွ်ပ္စစ္ပိုင္းဆိုင္ရာမ်ားအတြက္ ပါဝါထုတ္ေပးတဲ့ အရင္းအျမစ္တခုျဖစ္ပါတယ္။ တခါတေလမွာ လွ်ပ္စစ္ပိုင္းဆိုင္ရာေတြျပဳျပင္တာဘဲျဖစ္ျဖစ္၊ ဘက္ထရီအိုး ျဖဳတ္ဖို႔လိုအပ္တဲ့အခါျဖစ္ျဖစ္ ဘက္ထရီအိုးျဖဳတ္ရၿပီးဆိုရင္ သိထားသင့္အခ်က္ေလးေတြကို ဗဟုသုတအျဖစ္ မွ်ေဝခ်င္ပါတယ္။ကားက ပါဝါဝင္ဒိုးပါတဲ့ကားဆိုရင္ မွန္ေတြကို အကုန္ခ်ၿပီးမွ ၿပီး ဘက္ရီအိုးႀကိဳးေတြကို ျဖဳတ္သင့္ပါတယ္။ ကားေသာ့ကိုလည္း ကားထဲမွာမထားသင့္ဘဲ ကိုယ္နဲ႔မကြာတပါတည္းယူထားသင့္ပါတယ္။ ဘက္ထရီျဖဳတ္လိုက္တာနဲ႔ ပါဝါဝင္ဒိုးေတြေလာ့က်သြားတတ္ပါတယ္။ ဘက္ထရီျပန္တပ္ေပမယ့္လည္း ေလာ့က ျပန္ပြင့္မွာမဟုတ္ပါဘူး။ဒါေၾကာင့္ မွန္ေတြအားလုံးကိုခ်ထားၿပီး ကားေသာ့ကို ယူထားပါ။ ဘက္ထရီအိုးရဲ႕ ႀကိဳးေတြျဖဳတ္တဲ့အခါမွာလည္း အဖို (+) အနီ ကို အရင္ျဖဳတ္သင့္သလား (သို႔) အမ (-) အနက္ ကိုျဖဳတ္သင့္သလားဆိုတာလဲ လိုအပ္လာပါတယ္။ဘက္ထရီအိုးရဲ႕ ႀကိဳးေတြကိုျဖဳတ္တဲ့အခါ အမ (-) အနက္ႀကိဳးကို အရင္ျဖဳတ္သင့္ပါတယ္။ ဘက္ထရီထဲက လွ်ပ္စစ္ေတြက စထြက္ေတာ့ အမေခါင္းကေန စတင္ပါတယ္။ လွ်ပ္စစ္ျဖတ္သန္းစီးဆင္းၿပီးတဲ့ အခါမွာေတာ့ အဖိုေခါင္းကေနလွ်ပ္စစ္ ျပန္ဝင္ပါတယ္။ ဒီေတာ့ အဖိုႀကိဳးကို အရင္သြားျဖဳတ္မိရင္ အမကေနထြက္ေနတဲ့ လွ်ပ္စီးေတြဟာ ျပန္ဝင္ဖို႔ လမ္းမရွိေတာ့ပဲ ကားကိုယ္ထည္ထဲမွာ ရွိေနပါလိမ့္မယ္။ အဲ့ဒီအခ်ိန္ကားကိုသြားထိမိရင္ အေၾကာအခ်င္ေတြေျပသြားပါလိမ့္မယ္၊ အခန႔္မသင္ရင္ ေသပါေသႏိူင္ပါတယ္။ ဒါေၾကာင့္မို႔ အမႀကိဳးကိုသာအရင္စျဖဳတ္ပါ။ျပန္တပ္ရင္ေတာ့ အဖိုႀကိဳးကို အရင္ျပန္တပ္ရပါတယ္။ ႀကိဳး ၂ ႀကိဳးလုံးကို ေသခ်ာစြာျပန္တပ္ၿပီးလွ်င္ အေပၚကစြပ္ထားတဲ့ အဖုံးေတြကို ေသခ်ာစြာ ျပန္ဖုံးေပးပါ။ ဘက္ထရီမေကာင္းရင္ အျမန္လဲပါ။ ဘက္ထရီမေကာင္းလို႔ တြန္းႏိူးရတယ္ဆိုတာ ၁ ခါ ၂ ခါ ပဲေကာင္းပါတယ္။ အႀကိမ္ေရမ်ားလာရင္ Timing Belt ေခ်ာ္သြားတတ္ပါတယ္။ စရိတ္နည္းနည္း ကုန္ရမယ့္ေနရာမွာ မ်ားမ်ားမကုန္ရေလေအာင္ သင့္ကားဘက္ထရီကို ဂ႐ုစိုက္ပါ။