ကားဘက်ထရီ ခေါင်းဖြုတ်မိသောအခါ သေချာပေါက်ကြုံကျရမယ့် ကားမှန်အတင်အချ ပြသာနာအတွက် ကိုယ်တိုင်ဖြေရှင်းနည်း

ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ်။ ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ကျနော်တို့အခေါ် အဝေါ် ဆက်တင်ပြန်ချိန်ရမယ်တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ။ ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်ပျော်ကြီး ပေးမှာလေ။ ဘယ်လိုလုပ်ရမလဲ..?ကားစက်နိုးထားပါ၊ ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍မှန်ကို အဆုံးထိတင်ပါ။

အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၃ စက္ကန့် လောက် ဆက် ‘ မ ‘ ထားပေးပါ..ပြီးနောက် မှန်ကို အဆုံးထိချပါ။ အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၅ စက္ကန့် လောက် ဆက် ‘ ဖိ ‘ ထားပေးပါ..။ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။(မသေချာမှာ စိုးလို့)ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..။ ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ်။ ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။မရသေး သော တံခါးပေါက် ကျန်ရှိနေပါက အထက်ပါ နည်းအတိုင်း ပြန်လည်ပြုလုပ်ပေးပါ ..ရသွားပါလိမ့်မယ်။သတိပေးချက်။ ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာများ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ …လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ..။

Credit _ ကားချစ်သူ

[zawgyi]

ကား ဘက္ထရီ ေခါင္းျဖဳတ္မိေသာအခါ၊ ယာဥ္ေမာင္းသူ တံခါးေပါက္ရွိ ပါဝါဝင္းဒိုး မိန္း ခလုတ္မွ ယာဥ္ေမာင္းဘက္ တံခါးမွန္မွလြဲ၍ က်န္ တံခါးေပါက္ ၃ခုမွ မွန္မ်ားအား ယာဥ္ေမာင္းသူမွ အတင္အခ် ျပဳလုပ္၍ မရေတာ့ပါ။က်န္ တံခါးေပါက္ ၁ခုခ်င္းဆီမွသာ အတင္အခ် ျပဳလုပ္ႏိုင္ေတာ့ျခင္း မ်ိဳးျဖစ္တတ္ပါသည္။ဒီအခ်ိန္မွာ မွန္ အတင္အခ် ခလုတ္မွာ ပါေသာ မီးအစိမ္းေလးမွာ မွိတ္တုတ္မွိတ္တုတ္ သာ လင္းေနပါမယ္။ ခုလိုျဖစ္ေနရင္ ဝါယာရိန္းဆိုင္ သို႔ ေျပးစရာ မလိုဘဲ ကိုယ္တိုင္ အလြယ္တကူ ေျဖရွင္းႏိုင္ပါတယ္။ က်ေနာ္တို႔အေခၚ အေဝၚ ဆက္တင္ျပန္ခ်ိန္ရမယ္တို႔ .. ေဆာ့ဝဲလ္ သြင္း ရမယ္ ဆိုပီး လူရွိန္ေအာင္ ေျပာရတာ ေပါ့ဗ်ာ။ ဒါမွ ပိုက္ဆံ ေပးရမယ္သူလည္း ေပ်ာ္ေပ်ာ္ႀကီး ေပးမွာေလ။ ဘယ္လိုလုပ္ရမလဲ..?ကားစက္ႏိုးထားပါ၊ ယာဥ္ေမာင္းသူမွ မွန္အတင္အခ် ျပဳလုပ္မရေသာ တံခါးေပါက္ ၁ခုမွ မွန္အတင္အခ်ခလုတ္ကို နိပ္၍မွန္ကို အဆုံးထိတင္ပါ။အဆုံးထိ ေရာက္သြားပါက ခလုတ္ကို မလႊတ္ေသးဘဲ ၃ စကၠန႔္ ေလာက္ ဆက္ ‘ မ ‘ ထားေပးပါ..ၿပီးေနာက္ မွန္ကို အဆုံးထိခ်ပါ။ အဆုံးထိ ေရာက္သြားပါက ခလုတ္ကို မလႊတ္ေသးဘဲ ၅ စကၠန႔္ ေလာက္ ဆက္ ‘ ဖိ ‘ ထားေပးပါ..။ထိုသို႔ အတင္အခ် ၃ႀကိမ္ ျပဳလုပ္ပါ ။(မေသခ်ာမွာ စိုးလို႔)က်န္တံခါးေပါက္အသီးသီးကိုလည္း အထက္ပါ နည္း အတိုင္း တံခါး၁ေပါက္ခ်င္း ျပဳလုပ္ေပးပါ ..။ ျပဳလုပ္မူ ေအာင္ျမင္ရင္ ခလုတ္မွ မီးအစိမ္းေလးမွာ မွိတ္တုတ္မွိတ္တုတ္ မျဖစ္ေတာ့ဘဲ ၿငိမ္ သြားပါတယ္။ ယာဥ္ေမာင္းသူဘက္ မိန္းခလုတ္မွ အေပါက္တိုင္းမွ မွန္မ်ားကို အတင္အခ် လုပ္ၾကည့္ပါ ။မရေသး ေသာ တံခါးေပါက္ က်န္ရွိေနပါက အထက္ပါ နည္းအတိုင္း ျပန္လည္ျပဳလုပ္ေပးပါ ..ရသြားပါလိမ့္မယ္။သတိေပးခ်က္။ ဘက္ထရီ ေခါင္း ျဖဳတ္ျခင္းေၾကာင့္ အျခား ျပသာနာမ်ား (ဥပမာ tv မွ ဘက္ကင္မရာ ေပ်ာက္ျခင္း map ေခြ ေတာင္းျခင္း code ေတာင္းျခင္း အျခား error မ်ား) ျဖစ္တတ္ပါသျဖင့္ ဘက္ထရီေခါင္းကို မျဖဳတ္ၾကပါနဲ႔ …လိုအပ္လို႔ျဖဳတ္မယ္ဆိုရင္လည္း OBD 2 ေပါက္မွ ဘက္ထရီ ေကြၽး ျဖဳတ္ပါရန္ အႀကံျပဳပါရေစ..။