ကားသော့ ဘတ္ထရီလဲလှယ်ရာတွင် သိရှိထားရမည့် ပြုလုပ်ပုံအဆင့်ဆင့်

ကားသော့အတွက် ဘက်ထရီ လဲလှယ်တာနဲ့ပတ်သက်ပြီး သိရမဲ့ အချက်လေးတွေကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတယ်။ (၁) သော့ခေါင်းအတွင်း မှ ဘတ်ထရီကို လဲလှယ်တဲ့အခါ အသစ်ထဲမဲ့ ဘက်ထရီသည် သတ်မှတ်ထားတဲ့ ဘက်ထရီ ဖြစ်ရပါမယ်။(၂) အစိတ်အပိုင်းများကို ကိုင်တွယ်ရာတွင် တစ်စစီ ပြုတ်မထွက်အောင် ဂရုတစိုက် ကိုင်တွယ်ရပါမယ်။(၃) ဘက်ထရီအဟောင်းကိုလည်း ဂရုတစိုက် လွှတ်ပစ်ရမှာ ဖြစ်ပါတယ်။(၄) ဘက်ထရီ အသစ်ထည့်တဲ့အခါ အဖိုနဲ့ အမ ငုတ်ကို ဘက်မှန်အောင် ထည့်ရပါမယ်။(၅) ဘက်ထရီ နဲ့ ထိတွေ့တဲ့ ငုတ်ပြား မကောက်ကွေးအောင် ညင်သာစွာ လုပ်ကိုင်ပါ။

(၆) သော့ခေါင်းနှစ်ခြမ်းကို ပြန်လည် တပ်ဆင် ပြီးသော အခါ မြဲမြံစွာဖြင့် အံ့ဝင်ခွင်ကျနေပါစေ။သော့ဖုံးကို ဖွင့်ရန် အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။(၇) ဝက်အူလှည့်ခေါင်းပြားကို ဆဲလိုတိပ် တစ်လွာကပ်ပြီး ဖုံးကားကာ သော့ခေါင်းရှိ စပ်ကြောင်းကို ထိုးပြီး ဟပါ။(၈) သော့အတွင်းမှ မော်ကျူးကို ထုတ်ယူပါ။(၉) မော်ဂျူးမှ ဘတ်ထရီ အဖုံးကို လှပ်ပါ။(၁၀) အားကုန်နေတဲ့ ဘတ်ထရီကို ထုတ်ယူပါ။(၁၁) ဘတ်ထရီ အသစ်ကို + အပေါ်ဖက်ထားပြီး နေရာတကျ ထည့်ပါ။(၁၂) မော်ဂျူးမှ ဘတ်ထရီးအဖုံးကို နေသားတကျ ပြန်ဖုံးပါ။(၁၃) သော့ခေါင်းကို နှစ်ခြမ်းပြန်ဆက်ပါ။(၁၄)သော့ အလုပ်လုပ်ကြောင်း စမ်းသပ်ပါ။

Credit – မူရင်း

[zawgyi]
