ကိုယ့်ကိုကိုယ် အထင်မကြီးပါနဲ့…

တစ်ခါတုန်းက တစ်နိုင်ငံလုံးမှာ မြားပစ်ချန်ပီယံဆု ရလာတဲ့ လူငယ်တစ်ယောက်ဟာ သူ့ဇာတိရွာလေးကို ခဏပြန်လာတယ်။ ရွာမှာ အရင်က မြားပစ်ချန်ပီယံဖြစ်ခဲ့ပြီး အခုတော့ တရားထိုင်တာပဲ လုပ်နေတဲ့ အဖိုးကြီးကို သူက မြားပစ်ပြိုင်ဖို့ စိမ်ခေါ်လိုက်တယ်။ အဖိုးကြီးက သိပ်စိတ်မပါပေမယ့် လူငယ်ရဲ့ စိမ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။ရွာအပြင်နားက ကွင်းပြင်တစ်ခုမှာ ပြိုင်ပွဲစလုပ်တယ်။ လူငယ်က အရင်စပြီး မြားပစ်တယ်။ သူ့ရဲ့ ပထမဆုံး မြားဟာ ခပ်လှမ်းလှမ်းမှာ ထောင်ထားတဲ့ မြားပစ်စက်ကွင်းရဲ့ အလယ်ခေါင် ဗဟိုချက်မတည့်တည့်မှာ သွား စိုက်တယ်။ လူငယ်ဟာ နောက်ထပ် မြားတစ်စင်းကို ထပ်ပြီး ပစ်လွှတ်လိုက်ပြန်တယ်။ ဒုတိယမြားဟာ ပထမမြားတံကို နှစ်ခြမ်းဖြစ်သွားအောင်ခွဲပြီး စက်ကွင်းဗဟိုချက်မမှာ သွားစိုက်ဝင်ပြန်တယ်။ လူငယ်က အဖိုးကြီးကို ဘယ်လိုလဲဆိုတဲ့ မထိတထိ ပြုံးပြရင်း “ခင်ဗျားရဲ့ အလှည့်ရောက်ပြီ” လို့ ပြောလိုက်တယ်။ အဖိုးကြီးဟာ မြားမပစ်သေးဘဲ လူငယ်ကို သူ့နောက်ကို လိုက်ခဲ့လို့ ပြောလိုက်တယ်။ လူငယ်လည်း ဘုမသိ ဘမသိနဲ့ ရှေ့ကသွားတဲ့ အဖိုးကြီးနောက်က လိုက်သွားတယ်။

သူတို့ဟာ တောအုပ်ထဲက ချောက်အနက်ကြီးတစ်ခုရဲ့ အစွန်ဖျားကို ရောက်သွားကြတယ်။ အဖိုးကြီးက ချောက်နက်ကို ခွပြီး တံတားအဖြစ်ခင်းထားတဲ့ သစ်တုံးကြီးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။ သစ်တုံးအလယ်လောက်မှာ အဖိုးကြီးဟာ ရပ်လိုက်ပြီး လူငယ်ကို ပြောလိုက်တယ်။ ခတ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်မှာ ပေါ်နေတဲ့ အဝိုင်းကွက်ကို ပစ်မှတ်ထားပြီး ပြိုင်မယ်လို့ ပြောလိုက်တယ်။ လူငယ်ကလည်း သဘောတူတယ်။ အဖိုးကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ မြားတံတစ်ချောင်းကို မြားအိမ်ထဲက ထုတ်ယူပြီး ပစ်လွှတ်လိုက်တယ်။ မြားဟာ ပစ်မှတ်အဖြစ်ထားတဲ့ သစ်ပင်အဝိုင်းရဲ့ အလယ်ခေါင်တည့်တည့်မှာ စိုက်ဝင်သွားတယ်။ အဖိုးကြီးက လူငယ့်အလှည့်လို့ ပြောပြီး သစ်တုံးပေါ်က ဆင်းပေးလိုက်တယ်။လူငယ်ဟာ သစ်တုံးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။ အောက်မှာလည်း ချောက်က အနက်ကြီး။ အောက်ကို ပြုတ်ကျရင် သေမှာ သေချာတယ်။ လူငယ်ဟာ ကြောက်နေတယ်။ ဒါပေမဲ့ သူဟာ သူ့ကိုယ်ကို သစ်တုံးပေါ်မှာ တည့်မတ်အောင် ကြိုးစားထိန်းရင်း မြားတစ်စင်းကို ပစ်လွှတ်လိုက်တယ်။ မြားဟာ ပစ်မှတ်အဝိုင်းနဲ့ အဝေးကြီးကို လွဲချော်သွားတယ်။ အဖိုးကြီးက လူငယ်ကို ခုလို ပြောလိုက်တယ်။ “မင်းဟာ မြားပစ်ရာမှာ အလွန်ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အာရုံစူးစိုက်မှုက အားနည်းတယ်” တဲ့။

Credit – ဗန်းမော်သိန်းဖေ

[zawgyi]

တစ္ခါတုန္းက တစ္ႏိုင္ငံလုံးမွာ ျမားပစ္ခ်န္ပီယံဆု ရလာတဲ့ လူငယ္တစ္ေယာက္ဟာ သူ႔ဇာတိ႐ြာေလးကို ခဏျပန္လာတယ္။ ႐ြာမွာ အရင္က ျမားပစ္ခ်န္ပီယံျဖစ္ခဲ့ၿပီး အခုေတာ့ တရားထိုင္တာပဲ လုပ္ေနတဲ့ အဖိုးႀကီးကို သူက ျမားပစ္ၿပိဳင္ဖို႔ စိမ္ေခၚလိုက္တယ္။ အဖိုးႀကီးက သိပ္စိတ္မပါေပမယ့္ လူငယ္ရဲ႕ စိမ္ေခၚမႈကို လက္ခံလိုက္ပါတယ္။႐ြာအျပင္နားက ကြင္းျပင္တစ္ခုမွာ ၿပိဳင္ပြဲစလုပ္တယ္။ လူငယ္က အရင္စၿပီး ျမားပစ္တယ္။ သူ႔ရဲ႕ ပထမဆုံး ျမားဟာ ခပ္လွမ္းလွမ္းမွာ ေထာင္ထားတဲ့ ျမားပစ္စက္ကြင္းရဲ႕ အလယ္ေခါင္ ဗဟိုခ်က္မတည့္တည့္မွာ သြား စိုက္တယ္။ လူငယ္ဟာ ေနာက္ထပ္ ျမားတစ္စင္းကို ထပ္ၿပီး ပစ္လႊတ္လိုက္ျပန္တယ္။ ဒုတိယျမားဟာ ပထမျမားတံကို ႏွစ္ျခမ္းျဖစ္သြားေအာင္ခြဲၿပီး စက္ကြင္းဗဟိုခ်က္မမွာ သြားစိုက္ဝင္ျပန္တယ္။ လူငယ္က အဖိုးႀကီးကို ဘယ္လိုလဲဆိုတဲ့ မထိတထိ ၿပဳံးျပရင္း “ခင္ဗ်ားရဲ႕ အလွည့္ေရာက္ၿပီ” လို႔ ေျပာလိုက္တယ္။ အဖိုးႀကီးဟာ ျမားမပစ္ေသးဘဲ လူငယ္ကို သူ႔ေနာက္ကို လိုက္ခဲ့လို႔ ေျပာလိုက္တယ္။ လူငယ္လည္း ဘုမသိ ဘမသိနဲ႔ ေရွ႕ကသြားတဲ့ အဖိုးႀကီးေနာက္က လိုက္သြားတယ္။သူတို႔ဟာ ေတာအုပ္ထဲက ေခ်ာက္အနက္ႀကီးတစ္ခုရဲ႕ အစြန္ဖ်ားကို ေရာက္သြားၾကတယ္။ အဖိုးႀကီးက ေခ်ာက္နက္ကို ခြၿပီး တံတားအျဖစ္ခင္းထားတဲ့ သစ္တုံးႀကီးေပၚကို ေလွ်ာက္သြားတယ္။ သစ္တုံးဟာ လႈပ္ေနတယ္။ သစ္တုံးအလယ္ေလာက္မွာ အဖိုးႀကီးဟာ ရပ္လိုက္ၿပီး လူငယ္ကို ေျပာလိုက္တယ္။ ခတ္လွမ္းလွမ္းက သစ္ပင္ႀကီးတစ္ပင္ရဲ႕ ပင္စည္မွာ ေပၚေနတဲ့ အဝိုင္းကြက္ကို ပစ္မွတ္ထားၿပီး ၿပိဳင္မယ္လို႔ ေျပာလိုက္တယ္။ လူငယ္ကလည္း သေဘာတူတယ္။ အဖိုးႀကီးဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျမားတံတစ္ေခ်ာင္းကို ျမားအိမ္ထဲက ထုတ္ယူၿပီး ပစ္လႊတ္လိုက္တယ္။ ျမားဟာ ပစ္မွတ္အျဖစ္ထားတဲ့ သစ္ပင္အဝိုင္းရဲ႕ အလယ္ေခါင္တည့္တည့္မွာ စိုက္ဝင္သြားတယ္။ အဖိုးႀကီးက လူငယ့္အလွည့္လို႔ ေျပာၿပီး သစ္တုံးေပၚက ဆင္းေပးလိုက္တယ္။လူငယ္ဟာ သစ္တုံးေပၚကို ေလွ်ာက္သြားတယ္။ သစ္တုံးဟာ လႈပ္ေနတယ္။ ေအာက္မွာလည္း ေခ်ာက္က အနက္ႀကီး။ ေအာက္ကို ျပဳတ္က်ရင္ ေသမွာ ေသခ်ာတယ္။ လူငယ္ဟာ ေၾကာက္ေနတယ္။ ဒါေပမဲ့ သူဟာ သူ႔ကိုယ္ကို သစ္တုံးေပၚမွာ တည့္မတ္ေအာင္ ႀကိဳးစားထိန္းရင္း ျမားတစ္စင္းကို ပစ္လႊတ္လိုက္တယ္။ ျမားဟာ ပစ္မွတ္အဝိုင္းနဲ႔ အေဝးႀကီးကို လြဲေခ်ာ္သြားတယ္။ အဖိုးႀကီးက လူငယ္ကို ခုလို ေျပာလိုက္တယ္။ “မင္းဟာ ျမားပစ္ရာမွာ အလြန္ကြၽမ္းက်င္ပါတယ္။ ဒါေပမဲ့ မင္းရဲ႕ အာ႐ုံစူးစိုက္မႈက အားနည္းတယ္” တဲ့။