ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀)ခု

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့် ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ကိုယ် ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက် အကူဖြစ်စေမှာမှာ သေချာပါတယ်။ ၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ – ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာ သူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာ တာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီး ရရှိဖို့လိုဖြေမှာမဟုတ်ပါဘူး။ တကယ့်အကြောင်းရင်းအစစ်အမှန်က သူတို့အား လုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကိုလက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာ လာခဲ့ကြတာ ဖြစ်ပါတယ်။ ၂။ သက်သာဖို့ မစဉ်းစားပါနဲ့ – ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့တွေးပြီး နားနေဖို့ အချိန် မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်ဝပြီး ဝင်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်လုပ် ဆောင်ပါ။ ဘယ် တော့မှ သက်တောင့်သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ – သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင် အောင်မြင်မှုကို အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ၄။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ – အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံ တွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင်လဲပြိုကျသွားရင်တော့ ဘာမှအဖတ်ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီးအတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာဖြစ်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ – စာဖတ်တာကို ဘယ်တော့မှမရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက် ရှေ့ရောက်နေဖို့ လိုပါတယ်။ ၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ – အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ် ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေး၀၀အိပ်စက်ပါ။ ၇။ အောင် မြင်လိုစိတ်ရှိသူတွေနဲ့ ဝန်းရံထားပါ – သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ချင်းတူညီသူတွေနဲ့ ဝန်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှအောင်မြင်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ဝန်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကိုရှောင်ပါ။၈။ ပေးကမ်းစွန့်ကြဲပါ၊ ချစ်သူခင်သူတွေကိုဂရုစိုက်ပါ – စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်းကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ – လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်းရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်ကသင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့အရေးကြီးပါတယ်။၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ – လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘဝမှာလိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှာသင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Credit – Gentleman Magazine

[zawgyi]

ကိုယ့္ထူးကိုယ္ခြၽန္ၿပီး သူေဌးတစ္ေယာက္ျဖစ္ဖို႔ကို လြယ္မယ္ထင္ပါသလား။ မလြယ္ေပမယ့္ ဒီလိုနည္းနဲ႔ သန္းႂကြယ္သူေဌးျဖစ္လာခဲ့တဲ့သူေတြ တကယ္ရွိပါတယ္။ သင္ကိုယ္တိုင္လည္း ကိုယ္ထူးကိုယ္ခြၽန္ သူေဌးတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ ဒီစည္းမ်ဥ္းေတြက ဘယ္နယ္ပယ္မွာမဆို သင့္ကိုေအာင္ျမင္ေစဖို႔ အေထာက္အကူျဖစ္ေစမွာမွာ ေသခ်ာပါတယ္။ ၁။ စိန္ေခၚၿပီး လုပ္ေဆာင္ပါ – ကိုယ့္ထူးကိုယ္ခြၽန္ၿပီး သန္းႂကြယ္သူေဌးျဖစ္လာ သူေတြကို ဘာေၾကာင့္သူတို႔ ဒီလိုေအာင္ျမင္လာ တာလဲ ေမးၾကည့္ရင္ အေျဖက ေဒၚလာသန္းခ်ီၿပီး ရရွိဖို႔လိုေျဖမွာမဟုတ္ပါဘူး။ တကယ့္အေၾကာင္းရင္းအစစ္အမွန္က သူတို႔အား လုံးက စိတ္ကူးအိပ္မက္ေတြရဲ႕ စိန္ေခၚမႈကိုလက္ခံၿပီး ႀကိဳးစားခဲ့ၾကလို႔ ေအာင္ျမင္ခ်မ္းသာ လာခဲ့ၾကတာ ျဖစ္ပါတယ္။ ၂။ သက္သာဖို႔ မစဥ္းစားပါနဲ႔ – ထိပ္ဆုံးေရာက္ေအာင္ သြားေနတဲ့ ခရီးမွာ ဒီေလာက္ဆိုရပါၿပီလို႔ေတြးၿပီး နားေနဖို႔ အခ်ိန္ မရွိပါဘူး။ ကနဦးခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ျပည့္ဝၿပီး ဝင္ေငြသန္းခ်ီေနၿပီဆိုရင္ ေနာက္ထပ္ရည္မွန္းခ်က္တစ္ခု ခ်မွတ္လုပ္ေဆာင္ပါ။ ဘယ္ ေတာ့မွ သက္ေတာင့္သက္သာျဖစ္ဖို႔ မစဥ္းစားပါနဲ႔။၃။ အားလုံးထက္ ပိုၿပီး ေလ့လာႀကိဳးစားပါ – သင့္မွာ ဘယ္ေလာက္ပဲအရည္အခ်င္းေတြရွိေနပါေစ။ အျခားသူေတြထက္ ပိုၿပီးေတာ့ ေလ့လာႀကိဳးစားခ်င္စိတ္ မရွိဘူးဆိုရင္ ေအာင္ျမင္မႈကို အျပည့္အဝခံစားရမွာမဟုတ္ပါဘူး။ သူမ်ားေတြထက္ ႀကိဳးစားတာက ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ တစ္ခုတည္းေသာနည္းလမ္းျဖစ္ပါတယ္။ ၄။ အရႈံးေတြ အမွားေတြကေန သင္ခန္းစာယူပါ – အမွားေတြ လုပ္မိၿပီး အရႈံးေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ရမွာပါ။ ဒီလို ႀကဳံေတြ႕ရတဲ့အခါမွာ ဘယ္လိုတုံ႔ျပန္သလဲဆိုတာက သင့္ရဲ႕ေအာင္ျမင္မႈကို အဆုံးအျဖတ္ေပးမွာ ျဖစ္ပါတယ္။ အၿပီးတိုင္လဲၿပိဳက်သြားရင္ေတာ့ ဘာမွအဖတ္ဆယ္လို႔ ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ က်ရႈံးမႈရဲ႕အေၾကာင္းရင္းကို ရွာေဖြၿပီးအေတြ႕အႀကဳံအျဖစ္နဲ႔ သင္ခန္းစာယူႏိုင္ရမွာျဖစ္ပါတယ္။၅။ ေန႔တိုင္းစာဖတ္ပါ – စာဖတ္တာကို ဘယ္ေတာ့မွမရပ္သင့္သလို ဖတ္စရာအေၾကာင္းအရာေတြ ရွာေဖြမႈကိုလည္း မရပ္တန႔္လိုက္ပါနဲ႔။ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္ထဲက ေနာက္ဆုံးအေၾကာင္းအရာေတြကို သတိမျပတ္ေစာင့္ၾကည့္ၿပီး အားလုံးထက္ ေရွ႕ေရာက္ေနဖို႔ လိုပါတယ္။ ၆။ စိတ္ေရာကိုယ္ပါ က်န္းမာေနပါေစ – ေအာင္ျမင္မႈလမ္းခရီးကို ေလွ်ာက္လွမ္းရာမွာ ကိုယ္ေရာစိတ္ပါ က်န္းမာႀကံ့ခိုင္ေနဖို႔က အေရးႀကီးလိုအပ္ခ်က္ တစ္ခုျဖစ္ပါတယ္။ ေန႔တိုင္းေလ့က်င့္ခန္းလုပ္ပါ။ က်န္းမာေရးနဲ႔ညီၫြတ္တာေတြ စားသုံးၿပီး အိပ္ေရး၀၀အိပ္စက္ပါ။ ၇။ ေအာင္ျမင္လိုစိတ္ရွိသူေတြနဲ႔ ဝန္းရံထားပါ – သင့္ရဲ႕ပတ္ဝန္းက်င္မွာ ရည္မွန္းခ်က္ခ်င္း၊ ဦးတည္ခ်က္ခ်င္းတူညီသူေတြနဲ႔ ဝန္းရံထားပါ။ အားလုံးကလည္း သင္နဲ႔ ထပ္တူထပ္မွ်ေအာင္ျမင္ခ်င္သူေတြ ျဖစ္ပါေစ။ ဒီလို ဝန္းရံထားမွသာ သင့္ကို စိတ္အားတက္ႂကြေစၿပီး အာ႐ုံစိုက္ႏိုင္ေအာင္ ကူညီေပးႏိုင္မွာျဖစ္ပါတယ္။ အလုပ္ကို ဂ႐ုမစိုက္တတ္ပဲ အေပ်ာ္အပါး ဦးစားေပးလြန္းသူေတြကိုေရွာင္ပါ။၈။ ေပးကမ္းစြန႔္ႀကဲပါ၊ ခ်စ္သူခင္သူေတြကိုဂ႐ုစိုက္ပါ – စိတ္ဓာတ္ေရာ ခႏၶာကိုယ္ပါ က်န္းမာေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ သင္စိတ္ဝိဉာဥ္ကိုလည္း အားျဖည့္ေပးဖို႔လိုပါတယ္။ သင့္ပတ္ဝန္းက်င္နဲ႔ အကူအညီလိုအပ္ေနသူေတြကို ကူညီေပးဖို႔ ဘယ္ေတာ့မွမေမ့ပါနဲ႔။ဒါ့အျပင္ ခ်စ္သူခင္သူေတြကို ဂ႐ုစိုက္ေပးျခင္းကလည္း ေငြေၾကးေအာင္ျမင္မႈကို ခံစားဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ ၉။ ႐ိုးသားၿပီး ပြင့္လင္းျမင္သာမႈရွိပါေစ – လိမ္ညာဟန္ေဆာင္မႈေတြက သင္ထင္သေလာက္ အရာေရာက္ေစမွာမဟုတ္ပါဘူး။ အၿမဲတမ္း႐ိုးသားၿပီး ပြင့္လင္းေနဖို႔ လိုပါတယ္။ ဒီအခ်က္ကသင့္ကို ေရရွည္ေအာင္ျမင္မႈကို ရရွိေစဖို႔အေရးႀကီးပါတယ္။၁၀။ ေရရွည္ေအာင္ျမင္ဖို႔ကို ေတြးပါ – လူအမ်ားစုက ေရတိုေအာင္ျမင္မႈေတြနဲ႔ ရည္မွန္းခ်က္ေတြကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ ေရတိုရည္မွန္းခ်က္ေတြကို အာ႐ုံအရမ္းမစိုက္ပါနဲ႔။ ဘဝမွာလိုလားေတာင့္တာဆုံးအရာအျဖစ္နဲ႔ ေရရွည္ရည္မွန္းခ်က္ကို ဦးစားေပးပါ။ ဒါမွာသင္ကိုယ္တိုင္နဲ႔ သင့္မိသားစုအတြက္ ခိုင္မာတဲ့ ဓနအင္အားကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။