ကိုယ့်ဘက်က ပေးသလောက်ပဲပြန်ရမှာ

တခါတုန်းက ရွာတစ်ရွာမှာ မုန့်ဖုတ်သမားကြီးတစ်ဦးရှိသတဲ့။ မုန့်ဖုတ်သမားကြီးဆီကို နေ့စဉ်နေ့တိုင်း ထောပတ်ရောင်းတဲ့ လယ်သမား တစ်ဦးရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ မုန့်ဖုတ်သမားဟာ လယ်သမားကြီးဆီကနေ ထောပတ်ကို ဝယ်လာခဲ့တယ်။ မုန့်ဖုတ်သမားဟာ သူဝယ်လာတဲ့ ထောပတ်ကို ချိန်ကြည့်လိုက်တဲ့အခါမှာ အချိန်လျော့နေတာကို သိလိုက်ရပါတယ်။ သူဟာ စိတ်တိုသွားပြီး လယ်သမားကို တရားစွဲဖို့ တ ရားခွင်သို့ ခေါ်သွားလိုက်ပါတယ်။ တရားသူကြီးက လယ်သမားကို ဘယ်အချိန်အတွယ်ယူနစ်ကို သုံးလဲ လို့ မေးမြန်းပါတယ်။ ဒီတော့ လယ် သမားက “တရားသူကြီးမင်းခင်ဗျာ ကျွန်တော်မျိုးဟာ စာမတတ်သူတစ်ယောက်ဖြစ်လို့ အချိန်အတွယ်ယူနစ်တွေကို မသိပါဘူး… ဒါပေမယ့် ကျွန်တော်မျိုး မှာ ထောပတ်ရောင်းတိုင်း စံထားချိန်တွယ်တဲ့ အလေးတော့ရှိပါတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။ ဒါနဲ့ တရားသူကြီးက မေးလိုက်တယ်..။

“ဟုတ်ပြီ…ဒါဆို မောင်မင်း ထောပတ်ကို ဘယ်လို ချိန်လဲ…” လယ်သမားက ဒီလိုပြန်ဖြေလိုက်ပါတယ်။ “တရားသူကြီးမင်းခင်ဗျာ ဒီမုန့်ဖုတ်သမားဦးလေးကြီးက ကျွန်တော့ဆီမှာ ထောပတ်မဝယ်ခင်ကတည်းက ကျွန်တော်ဟာ သူ့ဆီကနေ ပေါင်မုန့်တစ်ပေါင် နေ့တိုင်းဝယ်နေကျပါ။ မနက်တိုင်း သူဟာ ကျွန်တော့ကို ပေါင်မုန့်ယူလာပေးပါတယ်။ ကျွန်တော်က သူ့ဆီက ပေါင်မုန့်ကို ချိန်ခွင်ပေါ်တင်ပြီး တူညီတဲ့ ထော ပတ် ပမာဏအတိုင်း ပြန်ပေးလေ့ရှိပါတယ်။ ဒီတော့ ထောပတ်က အလေးမပြည့်ဘူးဆိုရင် မုန့်ဖုတ်သမားကိုပဲ မေးသင့်ပါတယ်။”လယ် သ မားကြီးက အဲလိုပြောာလိုက်တာနဲ့ မုန့်ဖုတ်သမားကြီးက သူ့ရဲ့မရိုးသားမှုတွေ ပေါ်သွားလို့ မုန့်ဖုတ်သမားကြီးဟာ အရှက်ရသွားပါတယ်။ ရိုးသားတဲ့လယ်သမားကတော့ အမှုက လွတ်မြောက်သွားပြီး မုန့်ဖုတ်သမားကြီးကတော့ သူ့ရဲ့လိမ်လည်မှုအတွက် ဒဏ်ရိုက်ခံလိုက်ရပါတယ်။ ဒီအကြောင်းအရာလေးက – ဘယ်အရာမဆို ကိုယ့်ဘက်က ပေးသလောက်ပဲ ပြန်ရမှာပါ။ အလုပ်တစ်ခုလုပ်တိုင်း “ကိုယ်ရတဲ့အ ဖိုးအခ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ အဖိုးအခနဲ့တူတဲ့ လုံ့လဝီရိယ စိုက်ထုတ်မှုရှိနေခဲ့သလား”လို့ ဆိုတဲ့အချက်ကို စဉ်းစားသင့်ပါတယ်။

မူရင်း Credit

[zawgyi]

တခါတုန္းက ႐ြာတစ္႐ြာမွာ မုန႔္ဖုတ္သမားႀကီးတစ္ဦးရွိသတဲ့။ မုန႔္ဖုတ္သမားႀကီးဆီကို ေန႔စဥ္ေန႔တိုင္း ေထာပတ္ေရာင္းတဲ့ လယ္သမား တစ္ဦးရွိခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ မုန႔္ဖုတ္သမားဟာ လယ္သမားႀကီးဆီကေန ေထာပတ္ကို ဝယ္လာခဲ့တယ္။ မုန႔္ဖုတ္သမားဟာ သူဝယ္လာတဲ့ ေထာပတ္ကို ခ်ိန္ၾကည့္လိုက္တဲ့အခါမွာ အခ်ိန္ေလ်ာ့ေနတာကို သိလိုက္ရပါတယ္။ သူဟာ စိတ္တိုသြားၿပီး လယ္သမားကို တရားစြဲဖို႔ တ ရားခြင္သို႔ ေခၚသြားလိုက္ပါတယ္။ တရားသူႀကီးက လယ္သမားကို ဘယ္အခ်ိန္အတြယ္ယူနစ္ကို သုံးလဲ လို႔ ေမးျမန္းပါတယ္။ ဒီေတာ့ လယ္ သမားက “တရားသူႀကီးမင္းခင္ဗ်ာ ကြၽန္ေတာ္မ်ိဳးဟာ စာမတတ္သူတစ္ေယာက္ျဖစ္လို႔ အခ်ိန္အတြယ္ယူနစ္ေတြကို မသိပါဘူး… ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳး မွာ ေထာပတ္ေရာင္းတိုင္း စံထားခ်ိန္တြယ္တဲ့ အေလးေတာ့ရွိပါတယ္” လို႔ ျပန္ေျဖလိုက္ပါတယ္။ ဒါနဲ႔ တရားသူႀကီးက ေမးလိုက္တယ္..။“ဟုတ္ၿပီ…ဒါဆို ေမာင္မင္း ေထာပတ္ကို ဘယ္လို ခ်ိန္လဲ…” လယ္သမားက ဒီလိုျပန္ေျဖလိုက္ပါတယ္။ “တရားသူႀကီးမင္းခင္ဗ်ာ ဒီမုန႔္ဖုတ္သမားဦးေလးႀကီးက ကြၽန္ေတာ့ဆီမွာ ေထာပတ္မဝယ္ခင္ကတည္းက ကြၽန္ေတာ္ဟာ သူ႔ဆီကေန ေပါင္မုန႔္တစ္ေပါင္ ေန႔တိုင္းဝယ္ေနက်ပါ။ မနက္တိုင္း သူဟာ ကြၽန္ေတာ့ကို ေပါင္မုန႔္ယူလာေပးပါတယ္။ ကြၽန္ေတာ္က သူ႔ဆီက ေပါင္မုန႔္ကို ခ်ိန္ခြင္ေပၚတင္ၿပီး တူညီတဲ့ ေထာ ပတ္ ပမာဏအတိုင္း ျပန္ေပးေလ့ရွိပါတယ္။ ဒီေတာ့ ေထာပတ္က အေလးမျပည့္ဘူးဆိုရင္ မုန႔္ဖုတ္သမားကိုပဲ ေမးသင့္ပါတယ္။”လယ္ သ မားႀကီးက အဲလိုေျပာာလိုက္တာနဲ႔ မုန႔္ဖုတ္သမားႀကီးက သူ႔ရဲ႕မ႐ိုးသားမႈေတြ ေပၚသြားလို႔ မုန႔္ဖုတ္သမားႀကီးဟာ အရွက္ရသြားပါတယ္။ ႐ိုးသားတဲ့လယ္သမားကေတာ့ အမႈက လြတ္ေျမာက္သြားၿပီး မုန႔္ဖုတ္သမားႀကီးကေတာ့ သူ႔ရဲ႕လိမ္လည္မႈအတြက္ ဒဏ္႐ိုက္ခံလိုက္ရပါတယ္။ ဒီအေၾကာင္းအရာေလးက – ဘယ္အရာမဆို ကိုယ့္ဘက္က ေပးသေလာက္ပဲ ျပန္ရမွာပါ။ အလုပ္တစ္ခုလုပ္တိုင္း “ကိုယ္ရတဲ့အ ဖိုးအခ ဒါမွမဟုတ္ ကိုယ္လိုခ်င္တဲ့ အဖိုးအခနဲ႔တူတဲ့ လုံ႔လဝီရိယ စိုက္ထုတ္မႈရွိေနခဲ့သလား”လို႔ ဆိုတဲ့အခ်က္ကို စဥ္းစားသင့္ပါတယ္။