ကိုယ့်အဝတ်အစားတွေ အမြဲတမ်း အသစ်လေးလို ဖြစ်နေစေဖို့ အဝတ်လျှော်တဲ့ အခါအသုံးပြုရမယ့် နည်းလမ်း (၅) သွယ်

စျေးကြီးပေးရတဲ့အဝတ်အထည်တွေကိုဝယ်ပြီးရင် ခဏလေးနဲ့ဟောင်းမသွားအောင် ပျက်စီးမသွားအောင်လည်း ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ ပိုက်ဆံများများအကုန်ခံထားပြီး လွယ်လွယ်နဲ့အရောင်တွေကျမယ်၊ ကျယ်လာမယ်၊ ဟောင်းနွမ်းလွယ်မယ်ဆို ပိုက်ဆံကုန်ထားတာနဲ့ မတန်တော့ပါဘူး။ ဒါကြောင့် စျေးကြီးပေးဝယ်ထားရတဲ့ အဝတ်တွေကို အချိန်ကြာတဲ့အထိ အသစ်အတိုင်းဖြစ်အောင် ထိန်းသိမ်းနည်း၊ လျှော်ဖွပ်နည်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။ ၁။ အဝတ်လျှော်စက်ထဲ ရေခဲတုံးထည့်လျှော်ပါ။ အဝတ်လျှော်တဲ့အခါ အဝတ်လျှော်စက်ထဲ ရေခဲတုံးလေးတွေထည့်လျှော်ပေးတာက အဝတ်လေးတွေကိုပိုသန့်စေပါတယ်။ ၂။ အဝတ်လျှော်တဲ့အခါ ဆားထည့်ပြီးလျှော်ပါ။ ဆားကအစွန်းအကွက်တွေကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပြီး အရောင်မကျအောင်လည်း ထိန်းသိမ်းပေးပါတယ်။

၃။ အဝတ်တစ်ထည်ချင်းကို zip အိတ်လေးတွေထဲ ထည့်ပြီးလျှော်ပါ။ စျေးကြီးတဲ့အဝတ်တွေကို စက်ထဲထည့်လျှော်မယ့်အခါ တစ်ထည်ချင်း zip အိတ်လေးတွေထဲထည့်ပြီးမှ လျှော်ပေးပါ။ဒါက အဝတ်တွေအလွယ်တကူဟောင်းမသွားအောင်လည်း ထိန်းသိမ်းပေးတဲ့အပြင် အရောင်ကျွတ်တာ၊ စွန်းတာတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ၄။ ချည်ထည်တွေကျုံ့မသွားဖို့ baby shampoo ထည့်လျှော်ပေးပါ။ ချည်ထည်အကောင်းတွေဝယ်ပြီးရင် လျှော်လေကျုံ့လေ ပြဿနာကို ရင်ဆိုင်ရပါတယ်။ ဒီလိုမဖြစ်ဖို့ ချည်ထည်တွေကိုလျှော်တဲ့အခါ baby shampoo လေးထည့်လျှော်လိုက်ပါ။ ၅။ အဝတ်မှာအသီးထလာရင် razor လေးနဲ့ဖယ်ပေးပါ ။ အဝတ်တွေမှာအသီးလေးတွေထလာရင် လက်နဲ့ဆွဲတာမျိုးသွားမလုပ်ပါနဲ့ချည်စတွေထွက်လာပြီး အထည်ကိုပျက်စီးစေပါတယ်။ ဒါကြောင့် အသီးထလာရင် razor လေးနဲ့ရိတ်ပေးလိုက်ပါ။ အဝတ်လေးတွေ အသစ်လိုပဲ ပြန်သန့်သွားစေပါတယ်။

Credit – Aunty May

[zawgyi]

ေစ်းႀကီးေပးရတဲ့အဝတ္အထည္ေတြကိုဝယ္ၿပီးရင္ ခဏေလးနဲ႔ေဟာင္းမသြားေအာင္ ပ်က္စီးမသြားေအာင္လည္း ထိန္းသိမ္းတတ္ဖို႔လိုပါတယ္။ ပိုက္ဆံမ်ားမ်ားအကုန္ခံထားၿပီး လြယ္လြယ္နဲ႔အေရာင္ေတြက်မယ္၊ က်ယ္လာမယ္၊ ေဟာင္းႏြမ္းလြယ္မယ္ဆို ပိုက္ဆံကုန္ထားတာနဲ႔ မတန္ေတာ့ပါဘူး။ ဒါေၾကာင့္ ေစ်းႀကီးေပးဝယ္ထားရတဲ့ အဝတ္ေတြကို အခ်ိန္ၾကာတဲ့အထိ အသစ္အတိုင္းျဖစ္ေအာင္ ထိန္းသိမ္းနည္း၊ ေလွ်ာ္ဖြပ္နည္းေလးေတြကိုေျပာျပေပးလိုက္ပါတယ္။ ၁။ အဝတ္ေလွ်ာ္စက္ထဲ ေရခဲတုံးထည့္ေလွ်ာ္ပါ။ အဝတ္ေလွ်ာ္တဲ့အခါ အဝတ္ေလွ်ာ္စက္ထဲ ေရခဲတုံးေလးေတြထည့္ေလွ်ာ္ေပးတာက အဝတ္ေလးေတြကိုပိုသန႔္ေစပါတယ္။ ၂။ အဝတ္ေလွ်ာ္တဲ့အခါ ဆားထည့္ၿပီးေလွ်ာ္ပါ။ ဆားကအစြန္းအကြက္ေတြကိုဖယ္ရွားေပးႏိုင္တဲ့အစြမ္းရွိၿပီး အေရာင္မက်ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။၃။ အဝတ္တစ္ထည္ခ်င္းကို zip အိတ္ေလးေတြထဲ ထည့္ၿပီးေလွ်ာ္ပါ။ ေစ်းႀကီးတဲ့အဝတ္ေတြကို စက္ထဲထည့္ေလွ်ာ္မယ့္အခါ တစ္ထည္ခ်င္း zip အိတ္ေလးေတြထဲထည့္ၿပီးမွ ေလွ်ာ္ေပးပါ။ဒါက အဝတ္ေတြအလြယ္တကူေဟာင္းမသြားေအာင္လည္း ထိန္းသိမ္းေပးတဲ့အျပင္ အေရာင္ကြၽတ္တာ၊ စြန္းတာေတြမျဖစ္ေအာင္လည္း တားဆီးေပးပါတယ္။ ၄။ ခ်ည္ထည္ေတြက်ဳံ႕မသြားဖို႔ baby shampoo ထည့္ေလွ်ာ္ေပးပါ။ ခ်ည္ထည္အေကာင္းေတြဝယ္ၿပီးရင္ ေလွ်ာ္ေလက်ဳံ႕ေလ ျပႆနာကို ရင္ဆိုင္ရပါတယ္။ ဒီလိုမျဖစ္ဖို႔ ခ်ည္ထည္ေတြကိုေလွ်ာ္တဲ့အခါ baby shampoo ေလးထည့္ေလွ်ာ္လိုက္ပါ။ ၅။ အဝတ္မွာအသီးထလာရင္ razor ေလးနဲ႔ဖယ္ေပးပါ ။ အဝတ္ေတြမွာအသီးေလးေတြထလာရင္ လက္နဲ႔ဆြဲတာမ်ိဳးသြားမလုပ္ပါနဲ႔ခ်ည္စေတြထြက္လာၿပီး အထည္ကိုပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အသီးထလာရင္ razor ေလးနဲ႔ရိတ္ေပးလိုက္ပါ။ အဝတ္ေလးေတြ အသစ္လိုပဲ ျပန္သန႔္သြားေစပါတယ္။