ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ

တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ယောကျ်ားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ဒါနဲ့တစ်နေ့တော့ သူ့ယောကျာ်းကို ရှင်ဥပုသ်လေး ဘာလေးစောင့်ပြီး တရားလေးဘာလေးလုပ်ပါဦးလား။ရွာထိပ်ကဘုန်းကြီးကျောင်း သွားပေါ့ဆိုပြီးလွတ်လိုက်တယ်။အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန် တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက်တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီးပေးလိုက်တဲ့တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” တဲ့။ ဒါအတိုဆုံး တရားပဲတဲ့။ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။ အရှင် ဘု ရား တပည့်တော်ဟာ ဒီမုဆိုး အလုပ်ကိုကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုးဘဝနဲ့ ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့်ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတော့ဘယ်နှယ့်များ လုပ်ရပါ့လို့ လျှောက်တော့.. ဆရာတော်က ဒီနားလာခဲ့လို့ခေါပြီး သူ့ကိုအပ်နဲ့ထိုးလိုက်တယ်။

ဒီတော့ မုဆိုး က “ အား ” လို့ထအော်တာပေ့ါ။ အဲဒီမှာ ဆရာတော်ကမေးတယ်။မင်းကို အပ်နဲ့ထိုးတာကြိုက်လားတဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ ဘယ်ကြိုက်ပါ့မလဲ ဘုရား။တပည့်တော်က အပ်နဲ့မပြောပါနဲ့၊ မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို့ပြောသတဲ့။ဒီ မှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ့ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ့ပစ်၊ မြှားနဲ့ပစ်ပြီးအသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ။ လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျမကြိုက်ဘူး။ သူများအသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။ဒါကြောင့် ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။”ဆိုတဲ့ တရားလေးဟာ ပညာပါပြီးထိရောက်လှပါတယ်။ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော မိတ်ဆွေအပေါင်းတို့လည်း နေ့စဉ်ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့အကောင်းကံများကိုသာ ဖန်တီးနိုင်ကြပြီး ကောင်း ကျိုးတွေရရှိခံစားနိုင်ကြပါစေ..။

Credit – မူရင်း

[zawgyi]

တစ္ခါက မုဆိုးလင္မယား ႏွစ္ေယာက္ရွိတယ္။ မိန္းမျဖစ္သူက မုဆိုး အလုပ္လုပ္ေနတဲ့ေယာက်္ားျဖစ္သူကို ဒီအလုပ္လုပ္တာ မႀကိဳက္ရွာဘူး။ဒါနဲ႔တစ္ေန႔ေတာ့ သူ႔ေယာက်ာ္းကို ရွင္ဥပုသ္ေလး ဘာေလးေစာင့္ၿပီး တရားေလးဘာေလးလုပ္ပါဦးလား။႐ြာထိပ္ကဘုန္းႀကီးေက်ာင္း သြားေပါ့ဆိုၿပီးလြတ္လိုက္တယ္။အဲဒီမွာ မုဆိုးႀကီးကလည္း စိတ္လိုလက္ရ သြားရွာတယ္။ဘုန္းႀကီးေက်ာင္း ေရာက္လို႔ ဘုန္းႀကီးကို ကန္ ေတာ့ၿပီး တပည့္ေတာ္ကို တရားတစ္ပုဒ္ ေလာက္တိုတိုတုပ္တုပ္ေလးေဟာေပးပါဘုရားလို႔ တရားေတာင္းတယ္ေလ။ ဒီေတာ့ ဘုန္းႀကီးေပးလိုက္တဲ့တရားေလး က “ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ ” တဲ့။ ဒါအတိုဆုံး တရားပဲတဲ့။ဒီေတာ့ မုဆိုးႀကီးက အံ့ၾသသြားတယ္။ အရွင္ ဘု ရား တပည့္ေတာ္ဟာ ဒီမုဆိုး အလုပ္ကိုႀကိဳက္ႏွစ္သက္လို႔ပဲ ေတာလိုက္မုဆိုးဘဝနဲ႔ ရပ္တည္လာတာ(၅၅)ႏွစ္ေတာင္ ရွိပါၿပီ။ ဒါေပမယ့္ခုခ်ိန္ထိ ဘာတိုးတက္မႈမွ မရပါလားဘုရား။ ခုလည္းဘုန္းဘုန္းက ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ဆိုေတာ့ဘယ္ႏွယ့္မ်ား လုပ္ရပါ့လို႔ ေလွ်ာက္ေတာ့.. ဆရာေတာ္က ဒီနားလာခဲ့လို႔ေခါၿပီး သူ႔ကိုအပ္နဲ႔ထိုးလိုက္တယ္။ဒီေတာ့ မုဆိုး က “ အား ” လို႔ထေအာ္တာေပ့ါ။ အဲဒီမွာ ဆရာေတာ္ကေမးတယ္။မင္းကို အပ္နဲ႔ထိုးတာႀကိဳက္လားတဲ့။ ဒီေတာ့ မုဆိုးက ျပန္ေျဖတယ္။ ဘယ္ႀကိဳက္ပါ့မလဲ ဘုရား။တပည့္ေတာ္က အပ္နဲ႔မေျပာပါနဲ႔၊ မ်က္ေစာင္းထိုးရင္ေတာင္ ႀကိဳက္တာမဟုတ္ဘူးလို႔ေျပာသတဲ့။ဒီ မွာပဲ ဆရာေတာ္က ဒါဆို မင္းကိုအပ္နဲ႔ထိုးတာေတာင္ မႀကိဳက္ဘူးဆိုရင္ ေလးနဲ႔ပစ္၊ ျမႇားနဲ႔ပစ္ၿပီးအသက္ကို သတ္ျဖတ္ေနတာဟာ ကိုယ္ မႀကိဳက္တဲ့ အလုပ္ကို သူမ်ားကို သြားလုပ္ေနတာပဲေပ့ါ။ လူေတာ္ေတာ္ မ်ားမ်ားဟာလည္း ဒီအတိုင္းပါပဲ။ ကိုယ့္ကို သတ္မွာက်မႀကိဳက္ဘူး။ သူမ်ားအသက္က်သတ္တယ္။ ကိုယ့္ကို ညာေျပာတာက် မႀကိဳက္ဘူး။ သူမ်ားက်ေတာ့ ညာေျပာျပန္တယ္။တကယ္ေတာ့ ကိုယ္မႀကိဳက္ဘူးဆိုတဲ့ အလုပ္ေတြတိုင္းကို သူမ်ားအေပၚမွာလုပ္ေနတတ္တယ္ေလ။ဒါေၾကာင့္ ဆရာေတာ္ေဟာတဲ့ “ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ။”ဆိုတဲ့ တရားေလးဟာ ပညာပါၿပီးထိေရာက္လွပါတယ္။ဒီတရားေလးကို သိခြင့္ရသြားၾကကုန္ေသာ မိတ္ေဆြအေပါင္းတို႔လည္း ေန႔စဥ္ကိုယ္ႀကိဳက္ ေသာအရာမ်ားကိုသာ သူတစ္ပါးအား ျပဳမူေျပာဆို ဆက္ဆံ လုပ္ကိုင္ႏိုင္ၾကလို႔အေကာင္းကံမ်ားကိုသာ ဖန္တီးႏိုင္ၾကၿပီး ေကာင္း က်ိဳးေတြရရွိခံစားႏိုင္ၾကပါေစ..။