ကုန်းအဆင်းတွေမှာ ဘရိတ်မှေးသင့်သလား.?

ကားမောင်းနှင်တဲ့အခါ ကားအဆင်းတွေမှာ တော်တော်များများက ဘရိတ်ကို အချိန်အကြာကြီးမှေးပြီးဆင်းကြပါတယ်။ အဲ့ဒီလိုမှေးဆင်းရင် ကားဘရိတ်ပေါက်ပြီး ကားချောက်ထဲထိုးကျတာတွေကို စိတ်မကောင်းစွာနဲ့ ကြားနေရပါတယ်။ကားဘရိတ်ပေါက်တယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ။ ကုန်းအဆင်းတွေမှာ လိုအပ်ပါက ဘရိတ်မှေးသင့်ရင် မှေးလို့ရပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ဘရိတ်မှေးပြီး ကုန်းဆင်းတာကတော့ တော်တော်လေး အန္တရာယ်များပါတယ်။တကယ်ဆိုရင် ကုန်းအဆင်းတွေမှာ ဂီယာကြီးတွေဖြစ်တဲ့ နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ ဂီယာတွေနဲ့ ဆင်းလို့ရပါတယ်။ အော်တိုဂီယာမှာဆိုရင်လည်း 1, 2, 3, B, S (သို့) L နဲ့ ဆင်းလို့ရပါတယ်။

ဂီယာကြီးနဲ့ ဆင်းတဲ့အတွက် ဘရိတ်လည်းမှေးစရာမလိုပါဘူး။ဘရိတ်ကို ကြာရှည်စွာ မှေးထားပါက ဘရိတ်ရူး (Brake Shoe) တွေ၊ ဘရိတ်ပတ် (Brake Pad) တွေ ပိုစားတဲ့အပြင် ဘရိတ်လည်းပူပါတယ်။ ဘရိတ်ပူတဲ့အခါ ဘရိတ်ရှောခြင်း၊ ဘရိတ်ပျောက်ခြင်းတွေဖြစ်ကာ ဘရိတ်မမိတော့ဘဲ ဘရိတ်ပေါက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။အကယ်၍ ကုန်းအဆင်းမှာ ခြေနင်းဘရိတ်ပျော့ပြီး ဘရိတ်ပျောက်သလိုဖြစ်သွားခဲ့ရင် ဂီယာကြီးတွေနဲ့ ထိန်းဆင်းပြီး ရပ်နားလို့ရတဲ့နေရာမှာ 45 ~ 60 မိနစ်ခန့်ရပ်နားပေးပါက ဘရိတ်ရဲ့ အပူချိန်ကျသွားပြီး ဘရိတ်ပြန်မိပါလိမ့်မယ်။

Credit – ဇော်မျိုး (BFBM)

[zawgyi]

ကားေမာင္းႏွင္တဲ့အခါ ကားအဆင္းေတြမွာ ေတာ္ေတာ္မ်ားမ်ားက ဘရိတ္ကို အခ်ိန္အၾကာႀကီးေမွးၿပီးဆင္းၾကပါတယ္။ အဲ့ဒီလိုေမွးဆင္းရင္ ကားဘရိတ္ေပါက္ၿပီး ကားေခ်ာက္ထဲထိုးက်တာေတြကို စိတ္မေကာင္းစြာနဲ႔ ၾကားေနရပါတယ္။ကားဘရိတ္ေပါက္တယ္ဆိုတာက ျဖစ္ေတာင့္ျဖစ္ခဲကိစၥပါ။ ကုန္းအဆင္းေတြမွာ လိုအပ္ပါက ဘရိတ္ေမွးသင့္ရင္ ေမွးလို႔ရပါတယ္။ ဒါေပမယ့္ အခ်ိန္အၾကာႀကီး ဘရိတ္ေမွးၿပီး ကုန္းဆင္းတာကေတာ့ ေတာ္ေတာ္ေလး အႏၲရာယ္မ်ားပါတယ္။တကယ္ဆိုရင္ ကုန္းအဆင္းေတြမွာ ဂီယာႀကီးေတြျဖစ္တဲ့ နံပါတ္ ၁၊ နံပါတ္ ၂၊ နံပါတ္ ၃ ဂီယာေတြနဲ႔ ဆင္းလို႔ရပါတယ္။ ေအာ္တိုဂီယာမွာဆိုရင္လည္း 1, 2, 3, B, S (သို႔) L နဲ႔ ဆင္းလို႔ရပါတယ္။ဂီယာႀကီးနဲ႔ ဆင္းတဲ့အတြက္ ဘရိတ္လည္းေမွးစရာမလိုပါဘူး။ဘရိတ္ကို ၾကာရွည္စြာ ေမွးထားပါက ဘရိတ္႐ူး (Brake Shoe) ေတြ၊ ဘရိတ္ပတ္ (Brake Pad) ေတြ ပိုစားတဲ့အျပင္ ဘရိတ္လည္းပူပါတယ္။ ဘရိတ္ပူတဲ့အခါ ဘရိတ္ေရွာျခင္း၊ ဘရိတ္ေပ်ာက္ျခင္းေတြျဖစ္ကာ ဘရိတ္မမိေတာ့ဘဲ ဘရိတ္ေပါက္ျခင္းကို ျဖစ္ေပၚေစပါတယ္။အကယ္၍ ကုန္းအဆင္းမွာ ေျခနင္းဘရိတ္ေပ်ာ့ၿပီး ဘရိတ္ေပ်ာက္သလိုျဖစ္သြားခဲ့ရင္ ဂီယာႀကီးေတြနဲ႔ ထိန္းဆင္းၿပီး ရပ္နားလို႔ရတဲ့ေနရာမွာ 45 ~ 60 မိနစ္ခန္႔ရပ္နားေပးပါက ဘရိတ္ရဲ႕ အပူခ်ိန္က်သြားၿပီး ဘရိတ္ျပန္မိပါလိမ့္မယ္။