ကံရယ်၊ ဉာဏ်ရယ်၊ ဝီရိယရယ် ဘယ်အချက်က အရေးကြီးဆုံးလို့ ထင်ပါသလဲ.?

တစ်ခါတုန်းကပေါ့ ကံကို အားကိုတဲ့ ငါးရယ် ၊ ဉာဏ်ကို အားကိုးတဲ့ ငါးရယ် ၊ ဝီရိယကို အားကိုးတဲ့ ငါးလေး သုံးကောင် ရှိခဲ့တယ် ။ တစ်နေ့တော့ သူတို့သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ကို ရောက်သွားခဲ့ ပါတယ်။ကံ ကို အား ကိုးတဲ့ ငါးလေးပြောတာက – တကယ်လိုကွာ ငါသာ သေဖို့ကံ ပါမလာခဲ့ဘူး ဆိုရင် ဒီတံငါသည်ရဲ့ လက်ထဲက လွတ်မှာဘဲကွ ဟု ဆိုကာ အေးအေးဆေးဆေး အိပ်စက်နေ ခဲ့တယ်။ ဝီရိယကို အား ကိုးတဲ့ ငါးလေးကတော့ – ဟ ဒီကောင်တော့ခက်ပီ ကိုယ်တိုင်က ကြိုးစား အားထုတ်မှု မရှိရင် လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်ဘူးကွ ငါတော့ ဒီက လွတ်အောင် ကြိုးစားမယ် ဟုဆိုကာ တံငါသည် လှေထဲကနေ ဖလပ် ဖလပ် နဲ့ အကြိမ်ကြိမ် ခုန်ထွက်ဖို့ ကြိုးစားနေပါတယ်။

အကြိမ်ဖန် များစွာ ခုန်ထွက်ဖို့ ကြိုးစားနေတာကို တံငါသည် သတိပြုမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့ ရိုက်သတ်ခြင်း ခံလိုက်ရ ပါတယ်။ အဲ့ဒီအချိန်မှာ ဉာဏ်ကို အားကိုးတဲ့ ငါးလေး ကတော့ အခွင့်ခါသင့် အချိန်ကို စောင့်နေခဲ့ပါတယ်။ခဏကြာတော့ လေပြင်းတစ်ချက် တိုက် ခတ်ပြီး လှိုင်းတချက် ပုတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ ပါတယ် ။ အဲဒီအချိန် ဉာဏ်ကို အားကိုးတဲ့ ငါးလေးက ဟာ အခွင်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ် မြောက်သွားခဲ့ရပါတယ်။တံငါသည်လည်း ငါးတစ်ကောင် လွတ်သွားတာကို သတိပြုမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့ ချက်ခြင်းဘဲ ကံကို အားကိုးတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ်။ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကံ နဲ့ ဝိရိယ ရှိနေခဲ့ ရုံနဲ့ မရဘဲ ကံ ၊ ဉာဏ် ၊ ဝိရိယ သုံးခုစလုံးကို သေချာ ပိုင်နိုင်စွာ အသုံးချနိုင်မှသာလျင် လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်လို့ ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ်။

မူရင်း – Credit

[zawgyi]

တစ္ခါတုန္းကေပါ့ ကံကို အားကိုတဲ့ ငါးရယ္ ၊ ဉာဏ္ကို အားကိုးတဲ့ ငါးရယ္ ၊ ဝီရိယကို အားကိုးတဲ့ ငါးေလး သုံးေကာင္ ရွိခဲ့တယ္ ။ တစ္ေန႔ေတာ့ သူတို႔သုံးေကာင္ ပင္လယ္ထဲမွာ ေပ်ာ္ျမဴးရင္းနဲ႔ တံငါသည္ရဲ႕ ပိုက္ကြန္ထဲကို တိုးဝင္မိၿပီး တံငါရဲ႕ ေလွေပၚကို ေရာက္သြားခဲ့ ပါတယ္။ကံ ကို အားကိုးတဲ့ ငါးေလးေျပာတာက – တကယ္လိုကြာ ငါသာ ေသဖို႔ကံ ပါမလာခဲ့ဘူး ဆိုရင္ ဒီတံငါသည္ရဲ႕ လက္ထဲက လြတ္မွာဘဲကြ ဟု ဆိုကာ ေအးေအးေဆးေဆး အိပ္စက္ေန ခဲ့တယ္။ ဝီရိယကို အားကိုးတဲ့ ငါးေလးကေတာ့ – ဟ ဒီေကာင္ေတာ့ခက္ပီ ကိုယ္တိုင္က ႀကိဳးစား အားထုတ္မႈ မရွိရင္ လိုခ်င္တဲ့ ပန္းတိုင္ကို ဘယ္ေတာ့မွ မေရာက္ဘူးကြ ငါေတာ့ ဒီက လြတ္ေအာင္ ႀကိဳးစားမယ္ ဟုဆိုကာ တံငါသည္ ေလွထဲကေန ဖလပ္ ဖလပ္ နဲ႔ အႀကိမ္ႀကိမ္ ခုန္ထြက္ဖို႔ ႀကိဳးစားေနပါတယ္။အႀကိမ္ဖန္ မ်ားစြာ ခုန္ထြက္ဖို႔ ႀကိဳးစားေနတာကို တံငါသည္ သတိျပဳမိသြားေတာ့ ခ်က္ခ်င္းဘဲ ေလွာ္တက္နဲ႔ ႐ိုက္သတ္ျခင္း ခံလိုက္ရ ပါတယ္။ အဲ့ဒီအခ်ိန္မွာ ဉာဏ္ကို အားကိုးတဲ့ ငါးေလး ကေတာ့ အခြင့္ခါသင့္ အခ်ိန္ကို ေစာင့္ေနခဲ့ပါတယ္။ခဏၾကာေတာ့ ေလျပင္းတစ္ခ်က္ တိုက္ခတ္ၿပီး လႈိင္းတခ်က္ ပုတ္တာေၾကာင့္ ေလွဟာ အနည္းငယ္ ေစာင္းသြားခဲ့ ပါတယ္ ။ အဲဒီအခ်ိန္ ဉာဏ္ကို အားကိုးတဲ့ ငါးေလးက ဟာ အခြင္ေရးဘဲဆိုၿပီး တစ္ခ်က္ဘဲ ခုန္လိုက္ရၿပီး အသက္ေသေဘးမွ လြတ္ ေျမာက္သြားခဲ့ရပါတယ္။တံငါသည္လည္း ငါးတစ္ေကာင္ လြတ္သြားတာကို သတိျပဳမိၿပီး က်န္ေနတဲ့ ငါးတစ္ေကာင္လဲ လြတ္မွာ စိုးရိမ္တာမို႔ ခ်က္ျခင္းဘဲ ကံကို အားကိုးတဲ့ ငါးကို ႐ိုက္သတ္လိုက္ပါတယ္။ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ ကံ နဲ႔ ဝိရိယ ရွိေနခဲ့ ႐ုံနဲ႔ မရဘဲ ကံ ၊ ဉာဏ္ ၊ ဝိရိယ သုံးခုစလုံးကို ေသခ်ာ ပိုင္ႏိုင္စြာ အသုံးခ်ႏိုင္မွသာလ်င္ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ႏိုင္လိမ့္လို႔ ရည္ၫြန္းထားခဲ့ျခင္းျဖစ္ပါတယ္။