ကံ ကံ၏အကျိူး

တစ်ခါတုန်းက…လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံးတွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး ဖျက်ဆီးခဲ့တယ်တဲ့။ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကိုရောက်တဲ့အခါမှာ ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။ဒီလိုနဲ့ ခရီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်း တွေ့ရောမောမောနဲ့ ရေသောက်ဖို့လုပ်တယ်။ဖြစ်ချင်တော့…ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီးရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။အဲဒီလိုနဲ့ ခရီးဆက်သွားရင်းညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်သွားပါတယ်။ အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။လူ မိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။ထိုနည်းတူစွာပဲ…လူကောင်းတစ်ယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကိုပြုပြင်တယ်။လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့အခါမှာ…ဟင်…တံတားက ပျက်ဆီးနေပါလား။ငါဒီအတိုင်းထားခဲ့လိုက်ရင် ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီးတံတားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာလူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ ရေအိုးအသစ် တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာလူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်းရောက်ရောမောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲသစ်ပင်ပေါ်ကနေညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာပေါင်ကျိုးသွားခဲ့ပါတယ်။

အဲဒီတော့…လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေလုပ်နေရက်သားနဲ့ဘာဖြစ်လို့များ ကံဆိုးမိုးမှောင်ကျရတာလဲ လို့ လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့အချိန်မှာပဲသိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။ ပထမလာတဲ့ လူမိုက်သည်…အရင်ဘဝကကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။ဒါပေမဲ့…သူသည် အခုလက်ရှိဘဝမှာ မကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။အသင်ဟာ အရင်ဘဝက…အကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။ဒါပေမဲ့…သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့် အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်..အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။ဒါကြောင့် သူတော်ကောင်းတို့လည်း…ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲဖြစ်နေတယ်လို့ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာ မကောင်းကျိုးတွေ ခံစားနေရတယ်လို့လည်းမမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်နောင်လာမယ့်အနာဂတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာအသေအချာပါပဲ..။

credit – မူရင်း

[zawgyi]

တစ္ခါတုန္းက…လူမိုက္တစ္ေယာက္ဟာ ခရီးတစ္ခုကို ထြက္ခဲ့ပါတယ္။လမ္းခရီးတစ္ေလွ်ာက္လုံးေတြ႕သမွ် အရာအားလုံးကို ျပႆနာရွာၿပီး ဖ်က္ဆီးခဲ့တယ္တဲ့။ေခ်ာင္းကိုျဖတ္ၿပီးထိုးထားတဲ့ တံတားတစ္ခုနားကိုေရာက္တဲ့အခါမွာ ေခ်ာင္းကိုကူးၿပီးေတာ့ တံတားကို ဖ်က္ဆီးခဲ့တယ္။ဒီလိုနဲ႔ ခရီးဆက္ခဲ့တာေရအိုးစင္တစ္ခုကိုလည္း ေတြ႕ေရာေမာေမာနဲ႔ ေရေသာက္ဖို႔လုပ္တယ္။ျဖစ္ခ်င္ေတာ့…ေရအိုးထဲမွာ ေရက မရွိဘူးတဲ့။အဲဒါနဲ႔ လူမိုက္က အရမ္းေဒါသထြက္ၿပီးေရအိုးကို ႐ိုက္ခြဲလိုက္ျပန္တယ္။အဲဒီလိုနဲ႔ ခရီးဆက္သြားရင္းေညာင္ပင္ႀကီးတစ္ပင္ေအာက္ကိုေရာက္သြားပါတယ္။ အရိပ္ကေကာင္းေတာ့ ခဏနားမယ္ဆိုၿပီးအနားယူေနတဲ့ အခ်ိန္မွာပဲေ႐ႊအိုးတစ္လုံးကို ေတြ႕ရွိသြားခဲ့တယ္ေလ။လူ မိုက္ဟာ အရမ္းကို ေပ်ာ္႐ႊင္ၿပီးေတာ့ဝမ္းသာအားရ ျဖစ္သြားပါေတာ့တယ္။ထိုနည္းတူစြာပဲ…လူေကာင္းတစ္ေယာက္ကလည္းလူမိုက္ထြက္ခဲ့တဲ့ လမ္းခရီးအတိုင္း သြားခဲ့ပါတယ္။ လမ္းခရီးတစ္ေလွ်ာက္လုံး ပ်က္ဆီးသမွ်ေတြကိုျပဳျပင္တယ္။လူမိုက္ဖ်က္ဆီးခဲ့တဲ့ တံတားနားကိုေရာက္တဲ့အခါမွာ…ဟင္…တံတားက ပ်က္ဆီးေနပါလား။ငါဒီအတိုင္းထားခဲ့လိုက္ရင္ ခရီးသြားျပည္သူေတြ ဒုကၡေရာက္မယ္ ဆိုၿပီးတံတားကိုျပန္ျပဳျပင္ေပးခဲ့လိုက္ပါတယ္။လူေကာင္းလည္း ခရီးဆက္ထြက္ခဲ့ရာလူမိုက္႐ိုက္ခြဲခဲ့တဲ့ ေရအိုးစင္နားကို ေရာက္ေတာ့ ေရအိုးအသစ္ တစ္လုံးဝယ္ၿပီး ေရျဖည့္ေပးခဲ့ျပန္တယ္။အဲဒီလိုနဲ႔ ခရီးထြက္လာလိုက္တာလူမိုက္ေရာက္ရွိခဲ့တဲ့ ေညာင္ပင္ႀကီးေအာက္လည္းေရာက္ေရာေမာလိုက္တာ ဆိုၿပီး ထိုင္ခ်လိုက္တဲ့အခ်ိန္မွာပဲသစ္ပင္ေပၚကေနေညာင္ကိုင္းဟာ က်ိဳးက်ၿပီး ေပါင္ေပၚကိုက်ကာေပါင္က်ိဳးသြားခဲ့ပါတယ္။အဲဒီေတာ့…လူေကာင္းက…ငါဒီေလာက္ ေကာင္းမႈကုသိုလ္ေတြလုပ္ေနရက္သားနဲ႔ဘာျဖစ္လို႔မ်ား ကံဆိုးမိုးေမွာင္က်ရတာလဲ လို႔ ေလာကႀကီးကို စိတ္ပ်က္ၿပီး ၿငီးတြားေနတဲ့အခ်ိန္မွာပဲသိၾကားမင္းက ေရာက္လာၿပီးေတာ့ ရွင္းျပပါတယ္။ ပထမလာတဲ့ လူမိုက္သည္…အရင္ဘဝကေကာင္းမႈကုသိုလ္ေတြ အမ်ားႀကီးလုပ္ခဲ့တဲ့အတြက္ေၾကာင့္ဒီေညာင္ပင္ႀကီးေအာက္ကို ေရာက္တဲ့အခါမွာေ႐ႊအိုး ေလးလုံးရမွာ ျဖစ္တယ္။ဒါေပမဲ့…သူသည္ အခုလက္ရွိဘဝမွာ မေကာင္းမႈေတြလုပ္တာမ်ားတဲ့အတြက္ေၾကာင့္ေ႐ႊအနည္းငယ္နဲ႔သာ ေက်နပ္လိုက္ရျခင္း ျဖစ္တယ္။အသင္ဟာ အရင္ဘဝက…အကုသိုလ္ေတြ အမ်ားႀကီးလုပ္ခဲ့တဲ့အတြက္ဒီေညာင္ပင္ႀကီး ေအာက္ကို ေရာက္တဲ့အခ်ိန္မွာေညာင္ကိုင္းပိၿပီး ေသရမွာ ျဖစ္တယ္။ဒါေပမဲ့…သင္သည္ အခုလက္ရွိဘဝမွာ ေကာင္းမႈကုသိုလ္ေတြအမ်ားႀကီးလုပ္ခဲ့တဲ့အတြက္ေၾကာင့္ အသက္မေသပဲ ေပါင္က်ိဳး႐ုံေလာက္ပဲ က်ိဳးခဲ့ျခင္းျဖစ္တယ္..အသင္လူသား ဆိုၿပီး ရွင္းျပခဲ့ပါတယ္။ဒါေၾကာင့္ သူေတာ္ေကာင္းတို႔လည္း…ငါ ေကာင္းတာေတြ လုပ္ေနရဲ႕သားနဲ႔ မေကာင္းတာေတြပဲျဖစ္ေနတယ္လို႔ကိုယ့္ကိုယ္ကို စိတ္ပ်က္ အားငယ္မေနပါနဲ႔။ေရွးဘဝက မေကာင္းခဲ့တဲ့ အကုသိုလ္ကံေတြေၾကာင့္အခုလက္ရွိဘဝမွာ မေကာင္းက်ိဳးေတြ ခံစားေနရတယ္လို႔လည္းမျမင္ရတဲ့ အတိတ္ဘဝကို အျပစ္ပုံခ် မေနပါနဲ႔။အခု လက္ရွိပစၥဳပၸန္မွာ ေကာင္းတာလုပ္ရင္ေနာင္လာမယ့္အနာဂတ္မွာ ေကာင္းက်ိဳးေတြခံစားရမယ္ဆိုတာအေသအခ်ာပါပဲ..။