ကျိုက်ဒေးဝိ ဆံတော်ရှင် ရဲ့ ထူးခြားတဲ့နတ်ကျားအစောင့် နဲ့ ဘုရားလေးဆူမီခဲ့သောပတ္တမြား

တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံစိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။အထူးသဖြင့် မမြင်အပ်တဲ့ပုဂ္ဂိုလ် တွေနဲ့ဆက် စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ် ။သုဝဏ္ဏ အားကစား ရုံတည်ဆောက်နေစဉ်ကာလနိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာစိုက်ပျိုးမယ့် မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကိုထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကိုတွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ် ။ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်ကကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကိုသဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာအသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ် ။စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီးစုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက …တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်းထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကိုသေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ် ။(ကျိုက်ဒေးဝိ သမိုင်း)-ကျိုက်ထီးရိုးဘိုးဘိုးကြီး – သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ် ။စေတီတော်ကိုကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါဦးသိန်းမောင်ရဲ့လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိကျောက်တစ်လုံးကိုတွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါငါ့ကိုပေးတာဖြစ်မယ်လို့ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ် ။အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက် ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ ( ထိုခေတ်က ) ရှစ်ကျပ်ပေးပါတယ် ။မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ် ။ ကျောက်ကိုသေချာစစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ် ။တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးကဒါ မင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာဘုရားတည်နေတယ် လပြည့်နေ့ နေ့လည်တစ်နာရီအရောက်သွား အဲသည်ဘုရားမှာဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ် ။ကျိုက်ဒေးဝိ ဆံတော်ရှင် ရဲ့ ထူးခြားတဲ့နတ်ကျားအစောင့် နဲ့ ဘုရားလေးဆူမီခဲ့သောပတ္တမြား။ပတ္တမြားကြီးလာပြီ..ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာအထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကိုနာခံပြီးကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး တည်နေတဲ့အချိန်ဖြစ်ပါတယ် ။ စေတီတော်တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာထီးတော်တင်မင်္ဂလာနဲ့ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်းကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက…ဘုရားလေးဆူကိုမီခဲ့တဲ့ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ် ။

အမေကြည်ရဲ့ပြောကြားချက်ကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုသူတွေလည်းရှိပါတယ် ။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ဟာဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေတင်ထားပီးပါပြီ။ ပတ္တမြားကြီးရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့် ကျပ် နေပါတယ် ။တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီးတစ်ခုကျင်းပနေရာက ဌာပနာတော်သွင်းမင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာကျန်ပါတော့တယ် ။လူတွေအားလုံးဟာဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကိုတစ်လှည့် ကြည့်ပီးသို့လော သို့လောနဲ့စောင့်ဆိုင်းနေကြပါတယ်။အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ပတ္တမြားကြီးရောက်လာမယ့်လမ်းကို စောင့်နေရာက ဟော လာပီ ပတ္တမြားကြီးရောက် လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ် ။ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာထည့်သွင်းဖို့လပြည့် နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ် ။ ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့လူတွေကိုဖြတ်ကျော်ပီး လက်ထဲကညိုမွဲမွဲ ၉၀ တန် ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ် ။အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့တရိုတသေလှမ်းယူလိုက်ပီး နေရောင်မှာကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲကကျောက်ကိုစုပြုံကြည့်ရင်း သာမန်ကျောက်ခဲလိုဘာမှလည်းမထူးခြားပဲ အထင်နဲ့အမြင်တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ် ။အမေကြည်ကအပြုံးမပျက်ပဲ ကျောက်ကိုဂွမ်းဆိုင်ပေါ်တင်လိုက်တဲ့အချိန်မှာတော့ …အရောင်အဆင်းမရှိတဲ့ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့အရောင်တွေတဖိတ်ဖိတ် တလက်လက်ယှက်ဖြာလာရင်းဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ် ။ ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့အချိန်မှာပြိုးပြိုးပြက်ပြက်အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။အောင်ပြီပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအား လုံးအောင်ပြီ … အောင်ပြီ … အောင်ပြီ … ဆိုပြီးတခဲနက်ကြွေးကြော်လိုက်ကြပါတော့တယ်။ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။ တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ် ။တစ်ခါ တစ်ခေါက် လာရောက်ဖူးမြော်ပါလို့တိုက်တွန်းလိုက်ပါရစေ … ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့မည်သူ့ကိုမျှမတိုက်တွန်းပါ..။

Credit – မကြာဖြူ

[zawgyi]

တခ်ိဳ႕ေသာအျဖစ္အပ်က္ေတြဟာ တစ္ခါတစ္ရံစိတ္ကူးယဥ္တာထက္ ဆန္းၾကယ္ေနပါတယ္။အထူးသျဖင့္ မျမင္အပ္တဲ့ပုဂၢိဳလ္ ေတြနဲ႔ဆက္စပ္တဲ့အခါမ်ိဳးမွာ သာမန္အေတြးနဲ႔ယုံၾကည္လက္ခံဖို႔ အေတာ္ခဲယဥ္းေနတတ္ပါတယ္ ။သုဝဏၰ အားကစား ႐ုံတည္ေဆာက္ေနစဥ္ကာလႏိုင္ငံျခားပညာရွင္ေတြဟာ အားကစားဝင္းမွာစိုက္ပ်ိဳးမယ့္ ျမက္အမ်ိဳးအစားရွာေဖြဖို႔ ပဲခူးဘက္ကိုထြက္လာခဲ့ရာက အင္းတိုင္လမ္းဆုံမေရာက္ခင္ ပုံသဏၭာန္ထူးျခားတဲ့ ေစတီေတာ္တစ္ဆူကိုေတြ႕တာနဲ႔ ဝင္ေရာက္ဖူးေျမာ္ၾကပါတယ္ ။ရင္ျပင္ေတာ္ကို လွည့္ပတ္ၾကည့္ရာက တနလာေဒၤါင့္ကက်ားႏွစ္ေကာင္ကိုေတြ႕တဲ့ခါ တစ္ေကာင္နဲ႔တစ္ေကာင္ ႏႈတ္ခမ္းေမႊးကစ ခြဲျခားမရေအာင္လက္ရာတူညီေနတာကိုသေဘာက်ပီး ပညာရွင္ကို လုပ္ငန္းမွာအသုံးျပဳဖို႔ ေဂါပကအဖြဲ႕ထံ သြားေရာက္စုံစမ္းၾကပါတယ္ ။စကားျပန္ကတဆင့္ အက်ိဳးအေၾကာင္းေျပာပီးစုံစမ္းတဲ့အခါမွာ ေဂါပက အဖြဲ႕ဝင္ေတြက …တနလၤာေဒါင့္မွာ က်ားတစ္ေကာင္တည္းထုလုပ္ထားတာပါလို႔ ရွင္းျပေပမယ့္ ေသခ်ာၾကည့္ပီးစစ္ေဆးခဲ့တဲ့ ႏိုင္ငံျခားသား အဖြဲ႕ကလည္း က်ားႏွစ္ေကာင္ကိုေသခ်ာျမင္ခဲ့တဲ့အေၾကာင္း ျငင္းခုံၾကရင္း ေဂါပကအဖြဲ႕နဲ႔အတူ တနလာေဒၤါင့္ကို ထပ္မံသြားၾကည့္တဲ့အခါမွာေတာ့ အမွန္တကယ္ က်ားတစ္ေကာင္ထဲသာရွိေနတာကို ျမင္ပီး ႏိုင္ငံျခားသားေတြ အံ့ၾသတုံလႈပ္ကုန္ၾကပါတယ္ ။(က်ိဳက္ေဒးဝိ သမိုင္း)-က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီး – သကၤန္းကြၽန္းၿမိဳ႕နယ္မွာေနထိုင္တဲ့ ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ တစ္ေန႔မွာ က်ိဳက္ထီး႐ိုးေစတီ သြားေရာက္ဖူးေျမာ္ၾကပါတယ္ ။ေစတီေတာ္ကိုကန္ေတာ့ပီး လက္အုပ္ကို ျပန္ႂကြလိုက္တဲ့အခါဦးသိန္းေမာင္ရဲ႕လက္အုပ္ထဲမွာ ခိုးလို႔ခုလုနဲ႔ မာေက်ာေက်ာအရာတစ္ခု ပါလာပါတယ္။ အညိဳေရာင္ခပ္မြဲမြဲနဲ႔ ကြမ္းသီးလုံးခန႔္ရွိေက်ာက္တစ္လုံးကိုေတြ႕တာနဲ႔ သူ႔စိတ္ထဲမွာ ဒါငါ့ကိုေပးတာျဖစ္မယ္လို႔ယူဆပီး ေက်ာက္ကို အိမ္အျပန္ယူလာခဲ့ပါတယ္ ။အမွတ္မဲ့ေနရာက တစ္ေန႔မွာေတာ့ သိမ္းထားတဲ့ေက်ာက္ကို မဂိုလမ္းသြားျပၾကည့္တဲ့ခါ ( ထိုေခတ္က ) ရွစ္က်ပ္ေပးပါတယ္ ။မေက်နပ္လို႔ထပ္ပီး ဗိုလ္ခ်ဳပ္ေဈး ေက်ာက္ပြဲစားတန္းကို သြားျပျပန္ပါတယ္ ။ ေက်ာက္ကိုေသခ်ာစစ္ေဆးပီး ၉၀ က်ပ္တန္ဖိုးျဖတ္တာနဲ႔မေရာင္းပဲ ျပန္သိမ္းထားလိုက္ပါတယ္ ။တစ္ညမွာေတာ့ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးကဒါ မင္းပစၥည္းမဟုတ္ဘူး အင္းတိုင္လမ္းဆုံနားမွာဘုရားတည္ေနတယ္ လျပည့္ေန႔ ေန႔လည္တစ္နာရီအေရာက္သြား အဲသည္ဘုရားမွာဌာပနာထည့္လိုက္လို႔ အိပ္မက္ေပးပါတယ္ ။က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ ရဲ႕ ထူးျခားတဲ့နတ္က်ားအေစာင့္ နဲ႔ ဘုရားေလးဆူမီခဲ့ေသာပတၱျမား။ပတၱျမားႀကီးလာၿပီ..ထိုအခ်ိန္က ပါရမီရွင္ အေမၾကည္ဆိုသူဟာအထက္ပုဂၢိဳလ္ေတြရဲ႕ ဓါတ္မိန႔္ကိုနာခံၿပီးက်ိဳက္ေဒးဝိေစတီေတာ္ကို ဦးစီးပီး တည္ေနတဲ့အခ်ိန္ျဖစ္ပါတယ္ ။ ေစတီေတာ္တည္ေဆာက္ၿပီးစီးလို႔ လျပည့္ေန႔မွာထီးေတာ္တင္မဂၤလာနဲ႔ဌာပနာေတာ္သြင္းမဂၤလာ တၿပိဳင္တည္းက်င္းပမွာျဖစ္ပီး အထက္ပုဂၢိဳလ္ႀကီးမ်ားက…ဘုရားေလးဆူကိုမီခဲ့တဲ့ပတၱျမားႀကီး ေရာက္လာလိမ့္မယ္လို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္ ။အေမၾကည္ရဲ႕ေျပာၾကားခ်က္ကို မယုံတစ္ဝက္ယုံတစ္ဝက္နဲ႔ ဟုတ္မွဟုတ္ပါ့မလားဆိုသူေတြလည္းရွိပါတယ္ ။ ဘယ္လိုပဲထင္ထင္ အထက္ပုဂၢိဳလ္ေတြရဲ႕အမိန႔္ဟာဘယ္ခါမွ မလြဲမွားတဲ့အတြက္ အေမၾကည္က ပတၱျမားႀကီးတင္ဖို႔ကလာပ္တစ္ခုေပၚမွာ ဆြတ္ဆြတ္ျဖဴတဲ့ ဂြမ္းေတြတင္ထားပီးပါၿပီ။ ပတၱျမားႀကီးေရာက္လာမွာတဲ့ဆိုပီး တစ္ဆင့္စကား တစ္ဆင့္နားနဲ႔လာၾကတဲ့သူေတြကလည္း တိုးမေပါက္ေအာင္ျပည့္က်ပ္ေနပါတယ္ ။တေျဖးေျဖးနဲ႔ အစီအစဥ္ေတြ တစ္ခုပီးတစ္ခုက်င္းပေနရာက ဌာပနာေတာ္သြင္းမဂၤလာခ်ိန္ေရာက္ဖို႔ မိနစ္အနည္းငယ္သာက်န္ပါေတာ့တယ္ ။လူေတြအားလုံးဟာဂြမ္းဆိုင္ပုံႀကီးကိုတစ္လွည့္ အေမၾကည္ကိုတစ္လွည့္ ၾကည့္ပီးသို႔ေလာ သို႔ေလာနဲ႔ေစာင့္ဆိုင္းေနၾကပါတယ္။အေမၾကည္ကေတာ့ ယုံၾကည္ခ်က္အျပည့္နဲ႔ပတၱျမားႀကီးေရာက္လာမယ့္လမ္းကို ေစာင့္ေနရာက ေဟာ လာပီ ပတၱျမားႀကီးေရာက္လာပါၿပီလို႔ ေႂကြးေၾကာ္လိုက္ပါတယ္ ။ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးအိပ္မက္အရ ဌာပနာထည့္သြင္းဖို႔လျပည့္ေန႔မွာ ေက်ာက္ကို ယူေဆာင္လာခဲ့ပါတယ္ ။ ၾကက္ပ်ံမက် ႀကိတ္ႀကိတ္တိုးေနတဲ့လူေတြကိုျဖတ္ေက်ာ္ပီး လက္ထဲကညိဳမြဲမြဲ ၉၀တန္ေက်ာက္ကို အေမၾကည့္လက္ထဲ အခ်ိန္မီေပးအပ္လိုက္ပါတယ္ ။အေမၾကည္က ေက်ာက္ကို လက္ႏွစ္ဘက္နဲ႔တ႐ိုတေသလွမ္းယူလိုက္ပီး ေနေရာင္မွာကိုင္ေျမႇာက္ျပလိုက္တဲ့ခါ လူေတြအားလုံး အေမ့လက္ထဲကေက်ာက္ကိုစုၿပဳံၾကည့္ရင္း သာမန္ေက်ာက္ခဲလိုဘာမွလည္းမထူးျခားပဲ အထင္နဲ႔အျမင္တက္တက္စင္လြဲေနတာမို႔ စိတ္ပ်က္သြားၾကပါတယ္ ။အေမၾကည္ကအၿပဳံးမပ်က္ပဲ ေက်ာက္ကိုဂြမ္းဆိုင္ေပၚတင္လိုက္တဲ့အခ်ိန္မွာေတာ့ …အေရာင္အဆင္းမရွိတဲ့ေက်ာက္ခဲဟာ မ်က္လွည့္ျပလိုက္သလို ေနေရာင္ေအာက္မွာ႐ႊန္းစိုလာပီး တေျဖးေျဖး နီရဲေနတဲ့အေရာင္ေတြတဖိတ္ဖိတ္ တလက္လက္ယွက္ျဖာလာရင္းဂြမ္းဆိုင္ထုတစ္ခုလုံး အနီေရာင္ေတြကူးစက္သြားပီး ပတၱျမားရည္ေတြ စီးက်ေနသလိုခ်င္းခ်င္း နီရဲသြားပါတယ္ ။ ပတၱျမားႀကီးရဲ႕အေရာင္ေတြဟာ ေနေရာင္ခတဲ့အခ်ိန္မွာၿပိဳးၿပိဳးျပက္ျပက္အလင္းတန္းေတြျဖာပီး လူေတြဆီပါ အေရာင္ေတြဟပ္ေနပါေတာ့တယ္။ေအာင္ၿပီပတၱျမားႀကီးကို ဌာပနာသြင္းပီးခ်ိန္မွာေတာ့အေမၾကည္နဲ႔အတူ ပရိတ္သတ္ႀကီးအားလုံးေအာင္ၿပီ … ေအာင္ၿပီ … ေအာင္ၿပီ … ဆိုၿပီးတခဲနက္ေႂကြးေၾကာ္လိုက္ၾကပါေတာ့တယ္။ဘုရားရဲ႕ဘြဲ႕ေတာ္က က်ိဳက္ေဒးဝိ ျဖစ္ပါတယ္။ ေတာ္႐ုံသမာဓိနဲ႔ အဓိဌာန္မဝင္သင့္တဲ့ေနရာပါကုကၠိဳသစ္ကြင္းပင္တစ္ပင္ရွိပီး နတ္က်ားတစ္ေကာင္ ေစာင့္ေရွာက္ေနပါတယ္ ။တစ္ခါတစ္ေခါက္ လာေရာက္ဖူးေျမာ္ပါလို႔တိုက္တြန္းလိုက္ပါရေစ … ။ မုခ္ဦးအဝင္မွာ ကိုယ္တိုင္ က်ားဟိန္းသံၾကားခဲ့ဖူးပါတယ္။ ယုံၾကည္ဖို႔မည္သူ႔ကိုမွ်မတိုက္တြန္းပါ..။