ကြာကြာပေါင်းမှ အကြောင်းသိမယ်

ပြုံးပြတိုင်းမနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်နေတဲ့နှလုံးသား ကိုအပေါ်ယံအပြံုးနဲ့အလှဆင် ထား သူတွေ ရှိ တယ်။စကားချိုတိုင်းသဘောကောင်းတယ်မထင်နဲ့ ခါးသက်သက်စိတ်ဓာတ်ကို သ ကာလောင်းလို့ ဟန်ဆောင် ကောင်းနေ သူတွေရှိတယ်။ အပြောကောင်းတိုင်းမယုံမိစေနဲ့ လိမ်ညာ မယ့်သူတွေကယုံ ရလောက်အောင်ကို အပြောကောင်းသူတွေဖြစ်တယ်။ စိတ်ချရ တယ် အထင်နဲ့ လျှို့ဝှက်သင့်တာကိုရင်မဖွင့်မိစေနဲ့ နှစ်သိမ့်စကား ရဲ့ နောက်ကွယ်မှာ အတင်းဖွဖို့သယ်ဆောင် သွားတတ် သူတွေရှိတယ်။လူ့ပါးစပ် တစ်ပေါက်ကပိတ်ဖို့မ လွယ် ဘူးလေ။ ချီးမွမ်း တိုင်းမုဒိတာပွားတယ်မထင်နဲ့ ရင်ထဲကမ ပါတဲ့စကားလုံးတွေ နဲ့မြှောက်ပင့်ပေး လို့၊အ တွင်း ကြိတ်ပြီး မနာ လိုဖြစ်တတ်သူတွေရှိတယ်။

အပေါင်းအသင်းများတိုင်းမိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေ စဉ်ကူချင် သူများပေ မယ့်၊ ဒုက္ခကြံုချိန်ထူမမယ့် သူရှား သွားနိုင် တယ်။လူကောင်း တစ်ယောက်ဖြစ်ရုံနဲ့ရိုးသားတယ်လို့စိတ်မချလိုက်နဲ့ စစ်မှန်တဲ့ရိုး သားမှု ဆို တာအခွင့် ကောင်းတွေကစမ်းသပ်လိုက်မှပေါ်လာတတ်တယ်။ ပညာတတ်တိုင်းပညာရှိ တယ်မထင်လိုက်နဲ့ မှားမှန်ခွဲခြားဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်း လို့ဘွဲ့ရပြီးပညာတတ်မဆန်သူတွေရှိတယ်။ သတိထားပါသစ်ပင်ကောက်တာမြင်ရပေမယ့်လူကောက်တာကိုမမြင်နိုင်ဘူး။မြစ်ချောင်းတွေ ထက်လူတွေ ကပို ကွေ့ကောက်တတ်တယ်။အပေါ်ယံချိုမြိန်မှုတွေကကြာကြာဝါးမှခါးမှန်းသိလာသလိုလူတစ်ယောက် ရဲ့စိတ် ဓာတ်အမှန်ကိုကြာကြာပေါင်းမှအကြောင်းသိလာလိမ့်မယ်။

Credit – ပိုးကြည်ဖြူခင်

[zawgyi]

ၿပဳံးျပတိုင္းမေနာလွတယ္မထင္လိုက္နဲ႔ အတြင္းပုပ္ေနတဲ့ႏွလုံးသား ကိုအေပၚယံအၿပံဳးနဲ႔အလွဆင္ ထား သူေတြ ရွိ တယ္။စကားခ်ိဳတိုင္းသေဘာေကာင္းတယ္မထင္နဲ႔ ခါးသက္သက္စိတ္ဓာတ္ကို သ ကာေလာင္းလို႔ ဟန္ေဆာင္ ေကာင္းေန သူေတြရွိတယ္။ အေျပာေကာင္းတိုင္းမယုံမိေစနဲ႔ လိမ္ညာ မယ့္သူေတြကယုံ ရေလာက္ေအာင္ကို အေျပာေကာင္းသူေတြျဖစ္တယ္။ စိတ္ခ်ရ တယ္ အထင္နဲ႔ လွ်ိဳ႕ဝွက္သင့္တာကိုရင္မဖြင့္မိေစနဲ႔ ႏွစ္သိမ့္စကား ရဲ႕ ေနာက္ကြယ္မွာ အတင္းဖြဖို႔သယ္ေဆာင္ သြားတတ္ သူေတြရွိတယ္။လူ႔ပါးစပ္ တစ္ေပါက္ကပိတ္ဖို႔မ လြယ္ ဘူးေလ။ ခ်ီးမြမ္း တိုင္းမုဒိတာပြားတယ္မထင္နဲ႔ ရင္ထဲကမ ပါတဲ့စကားလုံးေတြ နဲ႔ေျမႇာက္ပင့္ေပး လို႔၊အ တြင္း ႀကိတ္ၿပီး မနာ လိုျဖစ္တတ္သူေတြရွိတယ္။အေပါင္းအသင္းမ်ားတိုင္းမိတ္ေဆြစစ္လို႔မထင္လိုက္နဲ႔ အဆင္ေျပ စဥ္ကူခ်င္ သူမ်ားေပ မယ့္၊ ဒုကၡႀကံဳခ်ိန္ထူမမယ့္ သူရွား သြားႏိုင္ တယ္။လူေကာင္း တစ္ေယာက္ျဖစ္႐ုံနဲ႔႐ိုးသားတယ္လို႔စိတ္မခ်လိုက္နဲ႔ စစ္မွန္တဲ့႐ိုး သားမႈ ဆို တာအခြင့္ ေကာင္းေတြကစမ္းသပ္လိုက္မွေပၚလာတတ္တယ္။ ပညာတတ္တိုင္းပညာရွိ တယ္မထင္လိုက္နဲ႔ မွားမွန္ခြဲျခားေဝဖန္ပိုင္းျဖတ္ႏိုင္စြမ္းအားနည္း လို႔ဘြဲ႕ရၿပီးပညာတတ္မဆန္သူေတြရွိတယ္။ သတိထားပါသစ္ပင္ေကာက္တာျမင္ရေပမယ့္လူေကာက္တာကိုမျမင္ႏိုင္ဘူး။ျမစ္ေခ်ာင္းေတြ ထက္လူေတြ ကပို ေကြ႕ေကာက္တတ္တယ္အေပၚယံခ်ိဳၿမိန္မႈေတြကၾကာၾကာဝါးမွခါးမွန္းသိလာသလိုလူတစ္ေယာက္ ရဲ႕စိတ္ ဓာတ္အမွန္ကိုၾကာၾကာေပါင္းမွအေၾကာင္းသိလာလိမ့္မယ္။