ကြိုးစားအားထုတ်မှုရဲ့ ရလာဒ်

ဘုရင်ကြီး တစ်ပါးဟာ သူ့တိုင်းပြည်က လူတွေကို စမ်းသပ်ချင်တာနဲ့ ညလူခြေတိတ်ချိန်မှာ ကျောက်တုံးကြီး တစ်တုံးကို မြို့အဝင် လမ်းမ မှာထားလိုက်တယ်။သူက ကျောက်တုံးကို မြင်ရတဲ့ နေရာလောက်က ပုန်းပြီး စောင့်ကြည့်နေတယ်။ လမ်းမမှာ ပိတ်နေတဲ့ ဒီကျောက်တုံးကို ဘယ်လိုလူကများ ဖယ်မလဲလို့ စောင့်ကြည့်နေတာလေ။ မနက်လင်းလာတဲ့ အချိန်မှာ သူတို့ တိုင်းပြည်ရဲ့ အချမ်းသာဆုံး ကုန်သည် ကြီးတွေဟာ မြို့ထဲကနေ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ထွက်လာကြတယ်။ ကျောက်တုံးကြီး လမ်းမှာ ပိတ်နေတာ မြင်တော့ ဖယ်ဖို့မလုပ်ပဲ ဘယ်လိုကောင်က ဒါကို လမ်းပေါ်ရောက်အောင် လုပ်ထားတာလဲ။ ငါတို့ ဘုရင်ကလည်း အခွန်တွေသာ ယူထားတာ ဒါကို ဖယ်ဖို့ မလုပ်ဘူး ဆိုပြီး ဝေဖန် ပစ်တင်ကြတယ်တဲ့။ ပြီးတော့ ကျောက်တုံးကို ဖယ်ဖို့ မလုပ်ပဲ လာလမ်းအတိုင်း ပြန်သွားကြတယ်။ခဏနေတော့ လယ်သမား တစ်ယောက်ဟာ ဟင်းသီးဟင်းရွက် လှည်းကြီးနဲ့ အဲဒီနားကို ရောက်လာပါတယ်။ သူဟာ ခဏစဉ်းစားလိုက်ပြီး ကျောက်တုံးကြီးကို အားစိုက်တွန်းဖယ်ပါတယ်တဲ့။ သူဘယ်လို ကျိုးစားကျိုးစား ကျောက်တုံးက တုတ်တုတ် တောင် မလှုပ်ပါဘူးတဲ့။

ဒါပေမယ့် သူက အားမလျော့ပဲ နည်းမျိုးစုံ သုံးပီး ကျောက်တုံးကို လမ်းပေါ်က ဖယ်ထုတ်ပါတယ်တဲ့။ အဲလိုနဲ့ နာရီ အတော်ကြာ ကျိုးစားပြီးတဲ့ အချိန်မှာတော့ ကျောက်တုံးဟာ လမ်းဘေးကို လိမ့်ကျသွားပါတယ်တဲ့။ သူလည်း မောမောနဲ့ ခြေပစ် လက်ပစ် ထိုင်ချလိုက်တဲ့ အချိန်မှာ ကျောက်တုံးရှိခဲ့တဲ့နေရာအောက်မှာ အိတ်တစ်လုံး တွေ့ပါတယ်။ အဲဒီ အိတ်ကို ဖွင့်လိုက်တဲ့ အချိန်မှာ အိတ်ထဲမှာ စာတစ်စောင်နဲ့ ရွှေဒင်္ဂါးတွေ များစွာတွေ့ရပါတယ်။စာထဲမှာက ဒီ ရွှေဒင်္ဂါးတွေဟာ ကျောက်တုံး ဖယ်တဲ့သူ အတွက်ပါတဲ့ အောက်မှာ ဘုရင်ကြီးရဲ့ တံဆိပ်တုန်းလည်း ထုထားပါတယ်။ အခက်အခဲ အတားအဆီး တိုင်းမှာ အခွင့်အလမ်းတွေ ရှိနေပါတက်ပါတယ်။ အခက်အခဲ ကြုံရင် မကြောက်ပါနဲ့ ရဲရဲ ရင်ဆိုင်လိုက်ပါတဲ့။ အဲဒီ အခက်အခဲ ရဲ့နောက်မှာ အခွင့်အလမ်းတွေကလည်း ကိုယ့်ကိုကြိုဆိုဖို့ စောင့်နေပါတယ်။

မူရင်း Credit

[zawgyi]

ဘုရင္ႀကီး တစ္ပါးဟာ သူ႔တိုင္းျပည္က လူေတြကို စမ္းသပ္ခ်င္တာနဲ႔ ညလူေျခတိတ္ခ်ိန္မွာ ေက်ာက္တုံးႀကီး တစ္တုံးကို ၿမိဳ႕အဝင္ လမ္းမ မွာထားလိုက္တယ္။သူက ေက်ာက္တုံးကို ျမင္ရတဲ့ ေနရာေလာက္က ပုန္းၿပီး ေစာင့္ၾကည့္ေနတယ္။ လမ္းမမွာ ပိတ္ေနတဲ့ ဒီေက်ာက္တုံးကို ဘယ္လိုလူကမ်ား ဖယ္မလဲလို႔ ေစာင့္ၾကည့္ေနတာေလ။ မနက္လင္းလာတဲ့ အခ်ိန္မွာ သူတို႔ တိုင္းျပည္ရဲ႕ အခ်မ္းသာဆုံး ကုန္သည္ ႀကီးေတြဟာ ၿမိဳ႕ထဲကေန ကုန္ေရာင္းကုန္ဝယ္လုပ္ဖို႔ ထြက္လာၾကတယ္။ ေက်ာက္တုံးႀကီး လမ္းမွာ ပိတ္ေနတာ ျမင္ေတာ့ ဖယ္ဖို႔မလုပ္ပဲ ဘယ္လိုေကာင္က ဒါကို လမ္းေပၚေရာက္ေအာင္ လုပ္ထားတာလဲ။ ငါတို႔ ဘုရင္ကလည္း အခြန္ေတြသာ ယူထားတာ ဒါကို ဖယ္ဖို႔ မလုပ္ဘူး ဆိုၿပီး ေဝဖန္ ပစ္တင္ၾကတယ္တဲ့။ ၿပီးေတာ့ ေက်ာက္တုံးကို ဖယ္ဖို႔ မလုပ္ပဲ လာလမ္းအတိုင္း ျပန္သြားၾကတယ္။ခဏေနေတာ့ လယ္သမား တစ္ေယာက္ဟာ ဟင္းသီးဟင္း႐ြက္ လွည္းႀကီးနဲ႔ အဲဒီနားကို ေရာက္လာပါတယ္။ သူဟာ ခဏစဥ္းစားလိုက္ၿပီး ေက်ာက္တုံးႀကီးကို အားစိုက္တြန္းဖယ္ပါတယ္တဲ့။ သူဘယ္လို က်ိဳးစားက်ိဳးစား ေက်ာက္တုံးက တုတ္တုတ္ ေတာင္ မလႈပ္ပါဘူးတဲ့။ဒါေပမယ့္ သူက အားမေလ်ာ့ပဲ နည္းမ်ိဳးစုံ သုံးပီး ေက်ာက္တုံးကို လမ္းေပၚက ဖယ္ထုတ္ပါတယ္တဲ့။ အဲလိုနဲ႔ နာရီ အေတာ္ၾကာ က်ိဳးစားၿပီးတဲ့ အခ်ိန္မွာေတာ့ ေက်ာက္တုံးဟာ လမ္းေဘးကို လိမ့္က်သြားပါတယ္တဲ့။ သူလည္း ေမာေမာနဲ႔ ေျခပစ္ လက္ပစ္ ထိုင္ခ်လိုက္တဲ့ အခ်ိန္မွာ ေက်ာက္တုံးရွိခဲ့တဲ့ေနရာေအာက္မွာ အိတ္တစ္လုံး ေတြ႕ပါတယ္။ အဲဒီ အိတ္ကို ဖြင့္လိုက္တဲ့ အခ်ိန္မွာ အိတ္ထဲမွာ စာတစ္ေစာင္နဲ႔ ေ႐ႊဒဂၤါးေတြ မ်ားစြာေတြ႕ရပါတယ္။စာထဲမွာက ဒီ ေ႐ႊဒဂၤါးေတြဟာ ေက်ာက္တုံး ဖယ္တဲ့သူ အတြက္ပါတဲ့ ေအာက္မွာ ဘုရင္ႀကီးရဲ႕ တံဆိပ္တုန္းလည္း ထုထားပါတယ္။ အခက္အခဲ အတားအဆီး တိုင္းမွာ အခြင့္အလမ္းေတြ ရွိေနပါတက္ပါတယ္။ အခက္အခဲ ႀကဳံရင္ မေၾကာက္ပါနဲ႔ ရဲရဲ ရင္ဆိုင္လိုက္ပါတဲ့။ အဲဒီ အခက္အခဲ ရဲ႕ေနာက္မွာ အခြင့္အလမ္းေတြကလည္း ကိုယ့္ကိုႀကိဳဆိုဖို႔ ေစာင့္ေနပါတယ္။