တစ်ခါသော် မြွေပါတစ်စုနှင့် ကြွက်တစ်အုပ်တို့သည် တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားကာ တိုက်ခိုက်ကြ၏။ တိုက်ခိုက်သည့် အခါတိုင်းလည်း ကြွက်တို့သည် အရေးနိမ့်ကြ၏။ သူတို့သည် ကြိမ်ဖန်များစွာပင် မြွေပါတို့၏ ဖမ်းဆီး စားသောက်ခြင်းကို ခံကြရ၏။ထို့ကြောင့် တစ်နေ့တွင် သူတို့သည် အစည်းအဝေး ခေါ်ကြ၏။ မြွေပါတို့၏ ရန်ကို မည်သို့ တွန်းလှန် တိုက်ခိုက်မည်ကို ဆွေးနွေးတိုင်ပင်ကြ၏။ ဤတွင် ကြွက် အိုကြီးတစ်ကောင်သည် နေရာမှထလျက် အချင်းတို့ ငါတို့ စစ်ရေးနိမ်းရခြင်းမှာ ငါတို့၌ အုပ်ချုပ်မည့် ခေါင်းဆောင်များ မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ခေါင်ဆောင်များထားရှိကာ အစီအစဥ်ပြု၍ ချီတက်တိုက်ခိုက်မည်ဆိုပါက မုချ အနိုင်ရပေမည်ဟု အကြံပေးပြောဆို၏။သူ၏အကြံကို ကြွက်အားလုံးပင် သဘောတူကြ၏။ ထို့ကြောင့် သူတို့သည် ခွန်အားအကြီးဆုံးဖြစ်သော ကြွက်များကို ရွေးချယ်ပြီးလျှင် ခေါင်းဆောင်များအဖြစ် ခန့်ထားကြ၏။
ထိုကြွက်များလည်း ဦးစီခေါင်းဆောင်နှင့် လျော်ညီစွာ တံဆိပ်များ လက်နက်များကို ဆင်မြန်းကိုင်ဆောင်ကြ၏။မကြာမီပင် ကြွက်အပေါင်း သည် ခေါင်းဆောင်ကြွက်များကို ရှေ့၌ထားကာ စိတ်အားထက်သန်စွာဖြင့် ချီတက်ကြ၏။ သို့သော် မြွေပါတို့နှင့် တွေ့ဆုံတိုက်ခိုက်ကြသော အခါ၌ကား ယခင်ကအတိုင်းပင် စစ်ရေးနိမ့်ကြပြန်၏။သူတို့သည် အရေးနိမ့်သည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ထွက်ပြေးပြီးလျှင် တွင်းများထဲသို့ ဝင်ရောက် ပုန်းအောင်းကြ၏။ ဤသို့ ထွက်ပြေးပုန်းအောင်းကြရာ၌ အခြားကြွက်များအဖို့ ဘေးရန်မှ လွတ်မြောက်သည်ကား မှန်၏။ သို့သော် ခေါင်းဆောင် ကြွက်များက မကင်းလွတ်ရှာ။ လေးလံသောတံဆိပ်နှင့် လက်နက်များကြောင့် သူတို့သည် ကောင်းစွာလည်း ထွက်မပြေးနိုင် တွင်းထဲသို့လည်းမဝင်နိုင်နှင့် နောက်ဆုံး၌ မြွေပါတို့၏ ဖမ်းဆီးကိုက်သတ် ဝါးမြိုခြင်းကို ခံကြရလေ၏။
Credit – Original
[zawgyi]
တစ္ခါေသာ္ ေႁမြပါတစ္စုႏွင့္ ႂကြက္တစ္အုပ္တို႔သည္ တစ္ဖက္ႏွင့္တစ္ဖက္ ခိုက္ရန္ျဖစ္ပြားကာ တိုက္ခိုက္ၾက၏။ တိုက္ခိုက္သည့္ အခါတိုင္းလည္း ႂကြက္တို႔သည္ အေရးနိမ့္ၾက၏။ သူတို႔သည္ ႀကိမ္ဖန္မ်ားစြာပင္ ေႁမြပါတို႔၏ ဖမ္းဆီး စားေသာက္ျခင္းကို ခံၾကရ၏။ထို႔ေၾကာင့္ တစ္ေန႔တြင္ သူတို႔သည္ အစည္းအေဝး ေခၚၾက၏။ ေႁမြပါတို႔၏ ရန္ကို မည္သို႔ တြန္းလွန္ တိုက္ခိုက္မည္ကို ေဆြးေႏြးတိုင္ပင္ၾက၏။ ဤတြင္ ႂကြက္ အိုႀကီးတစ္ေကာင္သည္ ေနရာမွထလ်က္ အခ်င္းတို႔ ငါတို႔ စစ္ေရးနိမ္းရျခင္းမွာ ငါတို႔၌ အုပ္ခ်ဳပ္မည့္ ေခါင္းေဆာင္မ်ား မရွိေသာေၾကာင့္ ျဖစ္သည္။ အကယ္၍ ေခါင္ေဆာင္မ်ားထားရွိကာ အစီအစဥ္ျပဳ၍ ခ်ီတက္တိုက္ခိုက္မည္ဆိုပါက မုခ် အႏိုင္ရေပမည္ဟု အႀကံေပးေျပာဆို၏။သူ၏အႀကံကို ႂကြက္အားလုံးပင္ သေဘာတူၾက၏။ ထို႔ေၾကာင့္ သူတို႔သည္ ခြန္အားအႀကီးဆုံးျဖစ္ေသာ ႂကြက္မ်ားကို ေ႐ြးခ်ယ္ၿပီးလွ်င္ ေခါင္းေဆာင္မ်ားအျဖစ္ ခန္႔ထားၾက၏။ထိုႂကြက္မ်ားလည္း ဦးစီေခါင္းေဆာင္ႏွင့္ ေလ်ာ္ညီစြာ တံဆိပ္မ်ား လက္နက္မ်ားကို ဆင္ျမန္းကိုင္ေဆာင္ၾက၏။မၾကာမီပင္ ႂကြက္အေပါင္း သည္ ေခါင္းေဆာင္ႂကြက္မ်ားကို ေရွ႕၌ထားကာ စိတ္အားထက္သန္စြာျဖင့္ ခ်ီတက္ၾက၏။ သို႔ေသာ္ ေႁမြပါတို႔ႏွင့္ ေတြ႕ဆုံတိုက္ခိုက္ၾကေသာ အခါ၌ကား ယခင္ကအတိုင္းပင္ စစ္ေရးနိမ့္ၾကျပန္၏။သူတို႔သည္ အေရးနိမ့္သည္ႏွင့္တစ္ၿပိဳင္နက္ လ်င္ျမန္စြာ ထြက္ေျပးၿပီးလွ်င္ တြင္းမ်ားထဲသို႔ ဝင္ေရာက္ ပုန္းေအာင္းၾက၏။ ဤသို႔ ထြက္ေျပးပုန္းေအာင္းၾကရာ၌ အျခားႂကြက္မ်ားအဖို႔ ေဘးရန္မွ လြတ္ေျမာက္သည္ကား မွန္၏။ သို႔ေသာ္ ေခါင္းေဆာင္ ႂကြက္မ်ားက မကင္းလြတ္ရွာ။ ေလးလံေသာတံဆိပ္ႏွင့္ လက္နက္မ်ားေၾကာင့္ သူတို႔သည္ ေကာင္းစြာလည္း ထြက္မေျပးႏိုင္ တြင္းထဲသို႔လည္းမဝင္ႏိုင္ႏွင့္ ေနာက္ဆုံး၌ ေႁမြပါတို႔၏ ဖမ္းဆီးကိုက္သတ္ ဝါးၿမိဳျခင္းကို ခံၾကရေလ၏။