ခင်တယ်ဆိုတိုင်းလည်း စကား အကုန်မပြောလိုက်ပါနဲ့..လူရင်းထိုးတဲ့ဓားက ပိုနက်တယ်..

လူရင်းထိုးတဲ့ဓားက ပိုနက်တယ်။ ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့။ မင်းကတော့ ယုံကြည်လွန်းလို့..မင်းမိသားစုအကြောင်းတွေမင်းအလုပ်အကြောင်းတွေမင်းရဲ့ပြဿနာတွေ မင်းရဲ့ထင်မြင်ယူဆချက်တွေဘာရယ်မဟုတ်ဘူး လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့ ပြောဆိုရင်ဖွင့်လိုက်တာပဲ..ဒါပေမယ့်.. သူတို့ကမင်းဆီကနေ ပွင့်လင်းမှုတွေခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း..သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာဒါကိုမင်းမသိလိုက်ဘူး။ မင်းရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို မင်းမသိလိုက်ဘူး။ မင်းကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်..တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ သူတို့စိတ်အမြင်မှာ မင်းဟာ တံဆိပ်တစ်ခုကပ်ထားတဲ့ လူသားတစ်ယောက်ဖြစ်လာတယ်။ အဲဒီတံဆိပ်က..မင်းဟာ အရည်အချင်းထင်သလောက်မရှိဘူး။မင်းဟာ ငွေမက်တယ်။ မင်းဟာ ထင်သလောက်စိတ်ထားမကောင်းဘူး။

မင်းဟာ စိတ်မမှန်ဘူး။ မင်းက ငပေါတစ်ယောက်ဖြစ်တယ်။ မင်းက အရူးတစ်ယောက်ဖြစ်တယ်။ မင်းက သိပ်အထင်ကြီးစရာမကောင်းဘူး။ မင်းဟာ တရားမရှိဘူး။ မင်းဟာ ပါးစပ်မလုံဘူး။ စသည်..စသည်ဖြင့်..သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။ နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး။ မင်းကိုသူတို့ကရာသက်ပန်အဲဒီအတိုင်း ဆက်ဆံသွားကြတော့တယ်..မင်းကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ တန်းမြင်ကြတော့တာပါ။ အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့..ရင်တွေအကုန်ဖွင့်ခဲ့မိလို့..”လူရင်းလုပ်ပြီး “ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီးအရာရာကို ဖွင့်ပြောခဲ့လို့ဟုတ်ကဲ့”လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်..”ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့မင်းကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး။ ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး။ လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာ သတိထားစေလိုပါတယ်။

Credit – မူရင်း

[zawgyi]

လူရင္းထိုးတဲ့ဓားက ပိုနက္တယ္။ ဘယ္သူ႔ကိုမွ စကားအကုန္မေျပာပါနဲ႔။ မင္းကေတာ့ ယုံၾကည္လြန္းလို႔..မင္းမိသားစုအေၾကာင္းေတြမင္းအလုပ္အေၾကာင္းေတြမင္းရဲ႕ျပႆနာေတြ မင္းရဲ႕ထင္ျမင္ယူဆခ်က္ေတြဘာရယ္မဟုတ္ဘူး လြတ္လပ္စြာ ရင္းႏွီးစြာ ပြင့္လင္းစြာနဲ႔ ေျပာဆိုရင္ဖြင့္လိုက္တာပဲ..ဒါေပမယ့္.. သူတို႔ကမင္းဆီကေန ပြင့္လင္းမႈေတြခံယူခ်က္ေတြ အျမင္ေတြကိုနားေထာင္ရင္း..သူတို႔စိတ္ထဲမွာမင္းကို တေျဖးေျဖးပုံေဖာ္လာၾကတာဒါကိုမင္းမသိလိုက္ဘူး။ မင္းရဲ႕ေအာက္ဖဲေတြကို တေျဖးေျဖးရိပ္မိလာၾကတာကို မင္းမသိလိုက္ဘူး။ မင္းကေတာ့ ပုံမွန္ပဲ ဆက္ေျပာေနတယ္..တစ္ေန႔ၿပီးတစ္ေန႔ တစ္ရက္ၿပီးတစ္ရက္ တစ္ႏွစ္ၿပီးတစ္ႏွစ္ၾကာလာတဲ့အခါ သူတို႔စိတ္အျမင္မွာ မင္းဟာ တံဆိပ္တစ္ခုကပ္ထားတဲ့ လူသားတစ္ေယာက္ျဖစ္လာတယ္။ အဲဒီတံဆိပ္က..မင္းဟာ အရည္အခ်င္းထင္သေလာက္မရွိဘူး။မင္းဟာ ေငြမက္တယ္။ မင္းဟာ ထင္သေလာက္စိတ္ထားမေကာင္းဘူး။မင္းဟာ စိတ္မမွန္ဘူး။ မင္းက ငေပါတစ္ေယာက္ျဖစ္တယ္။ မင္းက အ႐ူးတစ္ေယာက္ျဖစ္တယ္။ မင္းက သိပ္အထင္ႀကီးစရာမေကာင္းဘူး။ မင္းဟာ တရားမရွိဘူး။ မင္းဟာ ပါးစပ္မလုံဘူး။ စသည္..စသည္ျဖင့္..သူတို႔ထင္ရာ ျမင္ရာ ေတြးမိရာ တံဆိပ္တစ္ခုကို ကပ္လိုက္ၾကတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ကပ္ထားတဲ့အဲဒီတံဆိပ္ကိုၾကည့္ၿပီး။ မင္းကိုသူတို႔ကရာသက္ပန္အဲဒီအတိုင္း ဆက္ဆံသြားၾကေတာ့တယ္..မင္းကိုျမင္တာနဲ႔ အဲဒီတံဆိပ္ကိုသူတို႔မ်က္လုံးထဲ တန္းျမင္ၾကေတာ့တာပါ။ အဲဒါဘာလဲ သိလား စကားကိုအကုန္ေျပာခဲ့လို႔..ရင္ေတြအကုန္ဖြင့္ခဲ့မိလို႔..”လူရင္းလုပ္ၿပီး “ဘာမွမျဖစ္ေလာက္ပါဘူးေလဆိုၿပီးအရာရာကို ဖြင့္ေျပာခဲ့လို႔ဟုတ္ကဲ့”လက္ေဆာင္ေလးတစ္ခုေပးလိုက္ခ်င္ပါတယ္..”ဘယ္သူ႔ကိုမွ စကားကိုအကုန္မေျပာပါနဲ႔မင္းကို ဘယ္သူကမွ ႐ိုက္မစစ္ပါဘူး။ ဘယ္သူကမွ ႀကိဳးတုပ္မေမးပါဘူး။ လူရင္းထိုးတဲ့ဓားက ပိုနက္တယ္ဆိုတာ သတိထားေစလိုပါတယ္။