ခရီးသွားကုန်သည်တွေရဲ့ နောင်တ

တစ်ခါတုန်းက ကုန်သည်တစ်စုဟာ မြင်းကိုယ်စီနဲ့ ခရီးအတူထွက်ကြသတဲ့..။ တစ်ညမှာတော့ သူတို့ဟာ ရေမရှိတဲ့ စမ်းချောင်းစတ်ခုဆီကို ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်မှောင်သွားသတဲ့။ ကုန်သည်တွေလည်း မမြင်မစမ်းနဲ့ စမ်းချောင်းကို ဖြတ်ကြတာပေါ့..။ ရေမရှိပေမယ့် ချောင်းရဲ့ ကြမ်းပြင်က ကျောက်စရစ်ခဲတွေကတကြောင်း၊ ပတ်ဝန်းကျင်မှာ မှောင်နေတာကကြောင်း သူတို့ဟာ သတိထားပြီး ခပ်ဖြည်းဖြည်းပဲသွားကြတယ်။ ချောင်းလည်လည်းရောက်ရော ကျောချမ်းဖွယ်အသံကြီးတစ်ခုထွက်လာတယ်။ ” မင်းတို့အားလုံး မြင်းပေါ်ကဆင်းကြစမ်း “ကြောက်ကြောက်နဲ့ မြင်းပေါ်ကဆင်းလိုက်ကြတယ်။ “မင်းတို့အောက်မှာ စမ်းမိတာတွေကို မင်းတို့ အိတ်ထဲထည့်ကြစမ်း”ကုန်သည်တွေဟာ အောက်စမ်းကြည့်တော့ ချောင်းကြမ်းပြင်က ကျောက်စရစ်ခဲလိုလို ကျောက်ခဲတွေစမ်းမိတာနဲ့ အိတ်ထဲကောက်ထည့်လိုက်ကြတယ့်။ အသံနက်ကြီးထွက်လာပြန်တယ်..” သွားကြတော့”ကုန်သည်တစ်စုဟာ မြင်းပေါ်စွေ့ကနဲခုန်တက်ပြီး ခြေဦး တည့်ရာ ဒုန်းစိုင်းပြေးကြပါတော့တယ်။

ဒီလိုနဲ့ ပြေးကြရင်း မနက်လင်းလည်းလင်း သူတို့တတွေလည်း ခြေကုန်လက်ပမ်းကျမောပမ်းလာကြတဲ့အတွက် နားလိုက်ကြပါတယ်။အ မောပြေသွာတဲ့အခါ သူတို့အိတ်ထဲကို ဘာတွေထည့်လာမိတယ်ဆိုတာ သံသယနဲ့ အိတ်ကိုဖွင့်ကြည့်လိုက်ကြတယ်။သူတို့တွေ့လိုက်ရတာက အဖိုးမဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေပေါ့။ဒီနေရာမှာဖြတ်ပြီး စာဖတ်သူတို့ကိုမေးချင်တယ်..အဲဒီမြင်းကုန်သည်တွေဟာ ဘယ်လိုခံစားရလိမ့်မယ်လို့ထင်ပါသလဲ.?အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားကြမလား.?မဟုတ်ပါဘူး..သူတို့တွေ စိတ်ဆင်းရဲသွားကြသတဲ့။ ဘာလို့လဲဆိုတော့ ခုလိုရတနာတွေမှန်းသိရင် ဒီထက်ပိုကောက်ခဲ့မိမှာ၊ ခုတော့ အရနည်းလေခြင်းဆိုပြီး ဝမ်းနည်းပူဆွေးသွားကြသတဲ့..။ လောဘ ကြီးလေ သောကကြီးလေပေါ့..။ လောဘမရှိရင် ဘယ်ချမ်းသာပါ့မလဲ လို့လည်း စောဒက မတက်ကြပါနဲ့ဦး။ချမ်းသာဖို့များ လောဘကြီးစရာမလိုပါဘူး။ကိုယ်လုပ်တဲ့ အလုပ်ကိုသာ စေတနာထားပြီးလုပ်ပါ။ကိုယ့်အလုပ်က သူတပါးအတွက် ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတာသာစဉ်းစားပါ။အဲဒီအခါ ကျွဲကူးရေပါဆိုသလို ချမ်းသာသုခတွေဟာလည်း အလိုလို ရောက်လာပါလိမ့်မယ်။

Credit – ဆရာနန္ဒာသိန်းဇံ

[zawgyi]

တစ္ခါတုန္းက ကုန္သည္တစ္စုဟာ ျမင္းကိုယ္စီနဲ႔ ခရီးအတူထြက္ၾကသတဲ့..။ တစ္ညမွာေတာ့ သူတို႔ဟာ ေရမရွိတဲ့ စမ္းေခ်ာင္းစတ္ခုဆီကို ေရာက္လာၾကတယ္။ အဲဒီအခ်ိန္မွာပဲ ပတ္ဝန္းက်င္တစ္ခုလုံး ပိတ္ေမွာင္သြားသတဲ့။ ကုန္သည္ေတြလည္း မျမင္မစမ္းနဲ႔ စမ္းေခ်ာင္းကို ျဖတ္ၾကတာေပါ့..။ ေရမရွိေပမယ့္ ေခ်ာင္းရဲ႕ ၾကမ္းျပင္က ေက်ာက္စရစ္ခဲေတြကတေၾကာင္း၊ ပတ္ဝန္းက်င္မွာ ေမွာင္ေနတာကေၾကာင္း သူတို႔ဟာ သတိထားၿပီး ခပ္ျဖည္းျဖည္းပဲသြားၾကတယ္။ ေခ်ာင္းလည္လည္းေရာက္ေရာ ေက်ာခ်မ္းဖြယ္အသံႀကီးတစ္ခုထြက္လာတယ္။ ” မင္းတို႔အားလုံး ျမင္းေပၚကဆင္းၾကစမ္း “ေၾကာက္ေၾကာက္နဲ႔ ျမင္းေပၚကဆင္းလိုက္ၾကတယ္။ “မင္းတို႔ေအာက္မွာ စမ္းမိတာေတြကို မင္းတို႔ အိတ္ထဲထည့္ၾကစမ္း”ကုန္သည္ေတြဟာ ေအာက္စမ္းၾကည့္ေတာ့ ေခ်ာင္းၾကမ္းျပင္က ေက်ာက္စရစ္ခဲလိုလို ေက်ာက္ခဲေတြစမ္းမိတာနဲ႔ အိတ္ထဲေကာက္ထည့္လိုက္ၾကတယ့္။ အသံနက္ႀကီးထြက္လာျပန္တယ္..” သြားၾကေတာ့”ကုန္သည္တစ္စုဟာ ျမင္းေပၚေစြ႕ကနဲခုန္တက္ၿပီး ေျခဦး တည့္ရာ ဒုန္းစိုင္းေျပးၾကပါေတာ့တယ္။ဒီလိုနဲ႔ ေျပးၾကရင္း မနက္လင္းလည္းလင္း သူတို႔တေတြလည္း ေျခကုန္လက္ပမ္းက်ေမာပမ္းလာၾကတဲ့အတြက္ နားလိုက္ၾကပါတယ္။အ ေမာေျပသြာတဲ့အခါ သူတို႔အိတ္ထဲကို ဘာေတြထည့္လာမိတယ္ဆိုတာ သံသယနဲ႔ အိတ္ကိုဖြင့္ၾကည့္လိုက္ၾကတယ္။သူတို႔ေတြ႕လိုက္ရတာက အဖိုးမျဖတ္ႏိုင္တဲ့ ေက်ာက္မ်က္ရတနာေတြေပါ့။ဒီေနရာမွာျဖတ္ၿပီး စာဖတ္သူတို႔ကိုေမးခ်င္တယ္..အဲဒီျမင္းကုန္သည္ေတြဟာ ဘယ္လိုခံစားရလိမ့္မယ္လို႔ထင္ပါသလဲ.?အတိုင္းမသိ ဝမ္းသာေပ်ာ္႐ႊင္သြားၾကမလား.?မဟုတ္ပါဘူး..သူတို႔ေတြ စိတ္ဆင္းရဲသြားၾကသတဲ့။ ဘာလို႔လဲဆိုေတာ့ ခုလိုရတနာေတြမွန္းသိရင္ ဒီထက္ပိုေကာက္ခဲ့မိမွာ၊ ခုေတာ့ အရနည္းေလျခင္းဆိုၿပီး ဝမ္းနည္းပူေဆြးသြားၾကသတဲ့..။ ေလာဘ ႀကီးေလ ေသာကႀကီးေလေပါ့..။ ေလာဘမရွိရင္ ဘယ္ခ်မ္းသာပါ့မလဲ လို႔လည္း ေစာဒက မတက္ၾကပါနဲ႔ဦး။ခ်မ္းသာဖို႔မ်ား ေလာဘႀကီးစရာမလိုပါဘူး။ကိုယ္လုပ္တဲ့ အလုပ္ကိုသာ ေစတနာထားၿပီးလုပ္ပါ။ကိုယ့္အလုပ္က သူတပါးအတြက္ ဘယ္လိုအက်ိဳးျပဳႏိုင္မလဲ ဆိုတာသာစဥ္းစားပါ။အဲဒီအခါ ကြၽဲကူးေရပါဆိုသလို ခ်မ္းသာသုခေတြဟာလည္း အလိုလို ေရာက္လာပါလိမ့္မယ္။