“ခေါင်းဆောင်ကောင်း”

တစ်ခါတုန်းက ခရီးသွားနေတဲ့ လူတစ်စုကို ဓါးပြအဖွဲ့တွေက ဖမ်းဆီးလိုက်ကြတယ်။အဲ့နောက်မှာ တပည့်တစ်ယောက်က ဓါးပြဗိုလ်ဖြစ်သူကို ပြောလိုက်တယ်။”ဆရာရေ… ကျွန်တော်တို့မိတဲ့ အထဲမှာ ရှင်ဘုရင်တစ်ဦးလည်းပါလာတယ်။ ဓါးပြခေါင်းဆောင်က ရှင်ဘုရင်ကို ပြုံးပြီးကြည့်တယ်။ “မင်းကောင်း မင်းမြတ်ကြီးပါလား…အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖြတ်ပြီးတိုင်းခန်းလှည့်လည်တယ်ထင်ပါ့”ဘုရင်ဆိုသူက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ဘုရင်နှင့်အတူမိလာသောသူများကလည်း သူတို့နဲ့ အတူအဖမ်းခံထားရသည်မှာ ဘုရင်ဆိုတော့ အံ့အားသင့်နေပုံရသည်။”ဒီဘုရင်ကကျုပ်တို့ကို ဒုက္ခပေးမယ့်ဘုရင်ပဲ။သတ်ပစ်လိုက်မလားဆရာ””အေး… သတ်တာတော့ သတ်တာပေါ့ကွာ… ဒါပေမယ့် မသတ်ခင်လေး ရှင်ဘုရင်ကဦးညွှတ်တာလေးတော့ လိုချင်မိသားကွ…အဟေးဟေး””မောင်မင်းတို့ ကျုပ်ကိုပဲ သတ်လို့ရမယ်။ဘုရင်ဆိုတဲ့နေရာကို သတ်လို့မရဘူး…ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့နေရာကိုတစ်ရောက်ရောက်က ဝင်ယူဦးမှာပဲ။အဲ့ဒိအခါကျမှ ဘုရင်ကိုတောင် သတ်တဲ့ ဓားပြရယ်လို့ မောင်မင်းတို့ကို ပိုငြှိုးကြလိမ့်မယ်…”ဓားပြခေါင်းဆောင် တွေဝေသွားသည်။”ဒါဆိုရင်တော့ ခင်ဗျားကို လွှတ်ပေးမယ်…ဒါပေမယ့်လွှတ် ပေးစေချင်ရင် ခင်ဗျား ကျုပ်ကို အရိုအသေပေးသွားရမယ်… ””ကျုပ်အသေခံမယ်… အသက်သေမှာ ကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်ဘဝကို ကျုပ် အရောက်မခံနိုင်ဘူး… တိုင်းသူပြည်သားတွေရဲ့ လေးစားဂါရဝကို ခံယူပြီးပြီ ဖြစ်တဲ့အတွက် လေးစားခံထိုက်အောင်နေပေးဖို့ကျုပ်တာဝန်ပဲ။””ခင်ဗျားက တော်တော်ကြီးကျယ်တဲ့ ဘုရင်ပဲ။ခင်ဗျားကျုပ်တို့ကို ဦးမညွှတ်ရင်ဒီလူတွေကို ကျုပ်ကသတ်မှာ”ဘုရင်ဟာ ဝုန်းကနဲ ဒူးထောက်ချလိုက်ပြီးဓားပြများကို အရိုအသေပြုလေတော့သည်။ အရိုအသေပြုခံရသော ဓားပြဗိုလ်ဟာကျောထဲစိမ့်ကနဲ ချမ်းသွားသည်။ဘယ်လိုဘုရင်လဲ။သူ့ကိုသတ်မယ်ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ရာဇဂုဏ်အတွက် ဒူးမထောက်လိုသူကအခုတော့ မြေ ပြင်မှာ ပြားပြားမှောက်ဝပ်လို့…ဒါကဘုရင်အစစ်။ဒါမှ ဘုရင်အစစ်။ဘုရင့်သိက္ခာကို မိမိအသက်ထက် ပိုတန်ဖိုးထားတဲ့ဘုရင်…တိုင်းသူ ပြည်သားတွေရဲ့အသက်ကိုဘုရင့်သိက္ခာထက်ပိုတန်ဖိုးထားတဲ့ဘုရင်…ဓားပြဗိုလ်ဖြစ်သူမျက်ရည်များဝဲတက်လာသည်။

ဓားစာခံပြည်သူများကို ကြည့်တော့လည်း ဒူးထောက်နေသော ပြည့်ရှင်မင်းကိုကြည့်ကာ လေးစားချစ်ခင်မှု၊ဝမ်းနည်းကြေကွဲမှုများ ယှက်ထွေးလျှက် မျက်ရည်များဝေနေလေတော့သည်။ဓားပြဗိုလ်ဖြစ်သူသည် ဘုရင့်ရှေ့ ဒူးထောက်ချလိုက်ပြီး”ထပါ မြတ်သောမင်းကြီး…ကျနော့် ကို ခွင့်လွှတ်ပါ…မင်းကောင်းမင်းမြတ်ကို အသက်ရှင်လျှက်မြင်ခွင့်ရခဲ့ခြင်းဟာ သေရင် တောင်ထိုက်တန်ပါတယ်…လက်နက်နဲ့ ဓားပြများကို မေတ္တာဖြင့် ဆုံးမတတ်သောမင်းကြီး၊ခန္တီတရားဖြင့် ဆုံးမတတ်သောမင်းကြီး။ခေါင်းဆောင်ကောင်းတစ်ယောက်၏ စွန့်လွှတ်အနစ်နာခံမှု၊တာဝန်ခံမှုများကိုလမ်းပြသောမင်းကြီးကို ကျွန်တော် အတိုင်းအဆမဲ့ ကြည်ညိုပါတယ်…ကျနော်လည်း ခေါင်းဆောင်တစ်ယောက်မို့ ကျနော့်အပြစ်အတွက် တာဝန်ခံပါရစေ။ကျနော့်နောက်လိုက်များကို အပြစ်မှလွှတ်ပေးပါ။ကျနော့်ကို အပြစ်သားအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါ။ချမှတ်လိုသော ပြစ်ဒဏ်ကို ချမှတ်ပါ။”ခေါင်းဆောင်ကောင်းပီသခဲ့သော ဓားပြဗိုလ်ကို လေးစားရင်းအခံရှိသော နောက်လိုက်ဓားပြများကလည်း သူတို့ခေါင်းဆောင်နည်းတူဒူးထောက်၍ ရှင်ဘုရင်ကိုအရိုသေပြုကြလေသည်။ရပ်နေသောပြည်သူများလည်းသူတို့အတွက် ရပ်တည်ပေးခဲ့သော ရှင်ဘုရင်ကို ဒူးထောက်ခစားလေတော့သည်။မင်းကြီးက ဒူးထောက်နေရာမှထ၍ ဓားပြဗိုလ်ကိုထူကာ”မောင်မင်းက ဓားပြအ ဖြစ်ဆိုးသွမ်းပေမယ့်ခေါင်းဆောင်အဖြစ် လေးစားစရာကောင်းတယ်။ဒီလက်စွပ်ကိုယူပါ… ။ဒါအဖိုးနည်းလက်စွပ်ဆိုပေမယ့် ကျုပ်ရဲ့အမှတ် အသားပါ…။ကျုပ်ကိုယုံရင် ဒီလက်စွပ်ကိုယူပြီးနန်းတော်ကိုလာပါ…။ ဒီနေ့ရသင့်တဲ့ငွေပမာဏရဲ့ သုံးဆကိုဆုအဖြစ်လာထုတ်ယူလှည့်ပါ။ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ။တိုင်းပြည်အတွက် စစ်မှုထမ်းလိုပါကသားမယားများနဲ့ တိုင်ပင်ပြီး နန်းတော်ကိုလာခဲ့ပါ…”ရာဇအိန္ဒြေအပြည့်ဖြင့် ထွက်ခွာသွားသောမင်းကြီး၏ကျောပြင်ကို ဓားပြများနှင့် ပြည်သူများက ငေးမော၍ ကြည့်နေလေတော့သည်။

Credit – Si Thu

[zawgyi]

တစ္ခါတုန္းက ခရီးသြားေနတဲ့ လူတစ္စုကို ဓါးျပအဖြဲ႕ေတြက ဖမ္းဆီးလိုက္ၾကတယ္။အဲ့ေနာက္မွာ တပည့္တစ္ေယာက္က ဓါးျပဗိုလ္ျဖစ္သူကို ေျပာလိုက္တယ္။”ဆရာေရ… ကြၽန္ေတာ္တို႔မိတဲ့ အထဲမွာ ရွင္ဘုရင္တစ္ဦးလည္းပါလာတယ္။ ဓါးျပေခါင္းေဆာင္က ရွင္ဘုရင္ကို ၿပဳံးၿပီးၾကည့္တယ္။ “မင္းေကာင္း မင္းျမတ္ႀကီးပါလား…အရပ္ဝတ္ႀကီးနဲ႔ဆိုေတာ့ ႐ုပ္ျဖတ္ၿပီးတိုင္းခန္းလွည့္လည္တယ္ထင္ပါ့”ဘုရင္ဆိုသူက ၿပဳံးၿပီးေခါင္းၿငိမ့္ျပသည္။ဘုရင္ႏွင့္အတူမိလာေသာသူမ်ားကလည္း သူတို႔နဲ႔ အတူအဖမ္းခံထားရသည္မွာ ဘုရင္ဆိုေတာ့ အံ့အားသင့္ေနပုံရသည္။”ဒီဘုရင္ကက်ဳပ္တို႔ကို ဒုကၡေပးမယ့္ဘုရင္ပဲ။သတ္ပစ္လိုက္မလားဆရာ””ေအး… သတ္တာေတာ့ သတ္တာေပါ့ကြာ… ဒါေပမယ့္ မသတ္ခင္ေလး ရွင္ဘုရင္ကဦးၫႊတ္တာေလးေတာ့ လိုခ်င္မိသားကြ…အေဟးေဟး””ေမာင္မင္းတို႔ က်ဳပ္ကိုပဲ သတ္လို႔ရမယ္။ဘုရင္ဆိုတဲ့ေနရာကို သတ္လို႔မရဘူး…က်ဳပ္ေသသြားလည္း ဘုရင္ဆိုတဲ့ေနရာကိုတစ္ေရာက္ေရာက္က ဝင္ယူဦးမွာပဲ။အဲ့ဒိအခါက်မွ ဘုရင္ကိုေတာင္ သတ္တဲ့ ဓားျပရယ္လို႔ ေမာင္မင္းတို႔ကို ပိုျငႇိဳးၾကလိမ့္မယ္…”ဓားျပေခါင္းေဆာင္ ေတြေဝသြားသည္။”ဒါဆိုရင္ေတာ့ ခင္ဗ်ားကို လႊတ္ေပးမယ္…ဒါေပမယ့္လႊတ္ ေပးေစခ်င္ရင္ ခင္ဗ်ား က်ဳပ္ကို အ႐ိုအေသေပးသြားရမယ္… ””က်ဳပ္အေသခံမယ္… အသက္ေသမွာ ေၾကာက္လို႔ ဦးၫြတ္သြားတဲ့ ဘုရင္ဘဝကို က်ဳပ္ အေရာက္မခံႏိုင္ဘူး… တိုင္းသူျပည္သားေတြရဲ႕ ေလးစားဂါရဝကို ခံယူၿပီးၿပီ ျဖစ္တဲ့အတြက္ ေလးစားခံထိုက္ေအာင္ေနေပးဖို႔က်ဳပ္တာဝန္ပဲ။””ခင္ဗ်ားက ေတာ္ေတာ္ႀကီးက်ယ္တဲ့ ဘုရင္ပဲ။ခင္ဗ်ားက်ဳပ္တို႔ကို ဦးမၫႊတ္ရင္ဒီလူေတြကို က်ဳပ္ကသတ္မွာ”ဘုရင္ဟာ ဝုန္းကနဲ ဒူးေထာက္ခ်လိုက္ၿပီးဓားျပမ်ားကို အ႐ိုအေသျပဳေလေတာ့သည္။ အ႐ိုအေသျပဳခံရေသာ ဓားျပဗိုလ္ဟာေက်ာထဲစိမ့္ကနဲ ခ်မ္းသြားသည္။ဘယ္လိုဘုရင္လဲ။သူ႔ကိုသတ္မယ္ဆိုတုန္းက အသက္ကိုေတာင္ မငဲ့ကြက္ဘဲ ရာဇဂုဏ္အတြက္ ဒူးမေထာက္လိုသူကအခုေတာ့ ေျမ ျပင္မွာ ျပားျပားေမွာက္ဝပ္လို႔…ဒါကဘုရင္အစစ္။ဒါမွ ဘုရင္အစစ္။ဘုရင့္သိကၡာကို မိမိအသက္ထက္ ပိုတန္ဖိုးထားတဲ့ဘုရင္…တိုင္းသူ ျပည္သားေတြရဲ႕အသက္ကိုဘုရင့္သိကၡာထက္ပိုတန္ဖိုးထားတဲ့ဘုရင္…ဓားျပဗိုလ္ျဖစ္သူမ်က္ရည္မ်ားဝဲတက္လာသည္။ဓားစာခံျပည္သူမ်ားကို ၾကည့္ေတာ့လည္း ဒူးေထာက္ေနေသာ ျပည့္ရွင္မင္းကိုၾကည့္ကာ ေလးစားခ်စ္ခင္မႈ၊ဝမ္းနည္းေၾကကြဲမႈမ်ား ယွက္ေထြးလွ်က္ မ်က္ရည္မ်ားေဝေနေလေတာ့သည္။ဓားျပဗိုလ္ျဖစ္သူသည္ ဘုရင့္ေရွ႕ ဒူးေထာက္ခ်လိုက္ၿပီး”ထပါ ျမတ္ေသာမင္းႀကီး…က်ေနာ့္ ကို ခြင့္လႊတ္ပါ…မင္းေကာင္းမင္းျမတ္ကို အသက္ရွင္လွ်က္ျမင္ခြင့္ရခဲ့ျခင္းဟာ ေသရင္ ေတာင္ထိုက္တန္ပါတယ္…လက္နက္နဲ႔ ဓားျပမ်ားကို ေမတၱာျဖင့္ ဆုံးမတတ္ေသာမင္းႀကီး၊ခႏၲီတရားျဖင့္ ဆုံးမတတ္ေသာမင္းႀကီး။ေခါင္းေဆာင္ေကာင္းတစ္ေယာက္၏ စြန႔္လႊတ္အနစ္နာခံမႈ၊တာဝန္ခံမႈမ်ားကိုလမ္းျပေသာမင္းႀကီးကို ကြၽန္ေတာ္ အတိုင္းအဆမဲ့ ၾကည္ညိဳပါတယ္…က်ေနာ္လည္း ေခါင္းေဆာင္တစ္ေယာက္မို႔ က်ေနာ့္အျပစ္အတြက္ တာဝန္ခံပါရေစ။က်ေနာ့္ေနာက္လိုက္မ်ားကို အျပစ္မွလႊတ္ေပးပါ။က်ေနာ့္ကို အျပစ္သားအျဖစ္ဖမ္းဆီးေခၚေဆာင္သြားပါ။ခ်မွတ္လိုေသာ ျပစ္ဒဏ္ကို ခ်မွတ္ပါ။”ေခါင္းေဆာင္ေကာင္းပီသခဲ့ေသာ ဓားျပဗိုလ္ကို ေလးစားရင္းအခံရွိေသာ ေနာက္လိုက္ဓားျပမ်ားကလည္း သူတို႔ေခါင္းေဆာင္နည္းတူဒူးေထာက္၍ ရွင္ဘုရင္ကိုအ႐ိုေသျပဳၾကေလသည္။ရပ္ေနေသာျပည္သူမ်ားလည္းသူတို႔အတြက္ ရပ္တည္ေပးခဲ့ေသာ ရွင္ဘုရင္ကို ဒူးေထာက္ခစားေလေတာ့သည္။မင္းႀကီးက ဒူးေထာက္ေနရာမွထ၍ ဓားျပဗိုလ္ကိုထူကာ”ေမာင္မင္းက ဓားျပအ ျဖစ္ဆိုးသြမ္းေပမယ့္ေခါင္းေဆာင္အျဖစ္ ေလးစားစရာေကာင္းတယ္။ဒီလက္စြပ္ကိုယူပါ… ။ဒါအဖိုးနည္းလက္စြပ္ဆိုေပမယ့္ က်ဳပ္ရဲ႕အမွတ္ အသားပါ…။က်ဳပ္ကိုယုံရင္ ဒီလက္စြပ္ကိုယူၿပီးနန္းေတာ္ကိုလာပါ…။ ဒီေန႔ရသင့္တဲ့ေငြပမာဏရဲ႕ သုံးဆကိုဆုအျဖစ္လာထုတ္ယူလွည့္ပါ။ျပည္သူမ်ားရဲ႕ ေငြကို ျပန္ေပး ေပးပါ။တိုင္းျပည္အတြက္ စစ္မႈထမ္းလိုပါကသားမယားမ်ားနဲ႔ တိုင္ပင္ၿပီး နန္းေတာ္ကိုလာခဲ့ပါ…”ရာဇအိေျႏၵအျပည့္ျဖင့္ ထြက္ခြာသြားေသာမင္းႀကီး၏ေက်ာျပင္ကို ဓားျပမ်ားႏွင့္ ျပည္သူမ်ားက ေငးေမာ၍ ၾကည့္ေနေလေတာ့သည္။