ခေါင်းဆောင်စိတ်ဆိုတာ..

မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေနောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ရင်းနဲ့ ချောက်ကမ်းပါးတစ်ခုရဲ့ ထိပ်မှာ တောင် ဆိတ်အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ပိတ်မိသွားတယ်။ သူတို့ ခုန်ကူးနိုင်တာထက် ချောက်ကမ်းပါးကြီးက ပိုကျယ်နေတယ်။ အောက် မှာကလည်း ရေစီးသန်တဲ့ ချောင်းကြီး တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။မုဆိုးတွေကတောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲကြည့်နေကြတယ်။သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲခုန်ကူးလိုက်တယ်။အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲချောက်ကမ်းပါးနက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲမျောပါသွားတယ်။နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက် လန့် တုန် လှုပ် နေကြတယ်။အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက် လန့် တကြား ဖြစ်နေတဲ့ သူ့ အုပ်စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခုခွဲလိုက်ကြတယ်။

တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊နောက်တစ်အုပ်စုက တောင်ဆိတ် ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ၊မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေး လိုက်တော့တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်။တောင်ဆိတ်အို တွေက အရင်ဆုံး စပြီးခုန်တယ်။စက္ကန့် ပိုင်းခြားပြီးတောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာလိုက်ခုန်ကြတယ်။အဲလိုအရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက် မှာ ရောက်နေတဲ့ တောင်ဆိတ်အို တွေ ရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ်ငယ်လေးတွေဟာတစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စ တေးခံသွားကြရှာတယ်။တောင်ဆိတ်ခေါင်းဆောင် ကြီးကလဲ သူ့ အုပ်စုအကုန်ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင်ထင်ပါတယ်။မုဆိုးတွေ ဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။သေနတ် တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီးရှေ့ ဆက်တိုးဝင်လာလို့ ထပ်ပစ်ရတယ်။နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်း ဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန် တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေကရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲတဲ့ ။

Credit – မောင်စိန်ဝင်း (ပုတီးကုန်း)

[zawgyi]

မတ္ေစာက္တဲ့ ေက်ာက္ေတာင္ေပၚမွာ ေတာင္ဆိတ္ေတြေနာက္ကို အမဲလိုက္မုဆိုးေတြ လိုက္ရင္းနဲ႔ ေခ်ာက္ကမ္းပါးတစ္ခုရဲ႕ ထိပ္မွာ ေတာင္ ဆိတ္အုပ္ႀကီး ေျပးေပါက္မရွိေတာ့ပဲ ပိတ္မိသြားတယ္။ သူတို႔ ခုန္ကူးႏိုင္တာထက္ ေခ်ာက္ကမ္းပါးႀကီးက ပိုက်ယ္ေနတယ္။ ေအာက္ မွာကလည္း ေရစီးသန္တဲ့ ေခ်ာင္းႀကီး ေတာင္ဆိတ္ေတြက အလြန္ဆုံးမွ ေျခာက္မီတာေလာက္ပဲ ခုန္ႏိုင္တာ။ေခ်ာက္ကမ္းပါးက တစ္ဆယ္ မီတာ ေက်ာ္ေက်ာ္ေလာက္ က်ယ္ေနတယ္။မုဆိုးေတြကေတာင္ဆိတ္အုပ္ႀကီး ဘယ္လိုမွ ေျပးမလြတ္ေတာ့ဘူး။လြယ္လြယ္နဲ႔ အကုန္ဖမ္းမိၿပီလို႔ တြက္ၾကတယ္။သူတို႔ဟာ တျဖည္းျဖည္းနဲ႔ ေတာင္ဆိတ္အုပ္ဆီ တိုးသြားၾကရင္း ေတာင္ဆိတ္ေတြ ဘာလုပ္မလဲၾကည့္ေနၾကတယ္။သူတို႔ၾကည့္ေနတုံးမွာ ေတာင္ဆိတ္တစ္ေကာင္က အရဲစြန႔္ၿပီး လႊားကနဲခုန္ကူးလိုက္တယ္။အလွမ္းက်ယ္လြန္းလို႔ တစ္ဖက္ကမ္းဆီ မေရာက္ပဲေခ်ာက္ကမ္းပါးနက္ထဲ ျပဳတ္က် သြားၿပီး၊ ေရစီးထဲေမ်ာပါသြားတယ္။ေနာက္ထပ္တစ္ေကာင္မွ ထပ္မခုန္ရဲေတာ့ဘူး ။ေၾကာက္ လန႔္ တုန္ လႈပ္ ေနၾကတယ္။အဲဒီအခ်ိန္မွာပဲ မယုံႏိုင္စရာ ျမင္ကြင္းကို မုဆိုးေတြ ေတြ႕လိုက္ရတယ္။ေတာင္ဆိတ္ေခါင္းေဆာင္ဟာ ေၾကာက္ လန႔္ တၾကား ျဖစ္ေနတဲ့ သူ႔ အုပ္စုကို အသံက်ယ္က်ယ္ နဲ႔ အခ်က္ေပးလိုက္တယ္။သူ႔အသံၾကားေတာ့ တုန္လႈပ္ေနတဲ့ ေတာင္ဆိတ္ေတြ ၿငိမ္သြားၾကၿပီး အုပ္စု ႏွစ္ခုခြဲလိုက္ၾကတယ္။တစ္အုပ္စုက အသက္ႀကီးရင့္ေနတဲ့ ေတာင္ဆိတ္ အိုေတြ၊ေနာက္တစ္အုပ္စုက ေတာင္ဆိတ္ ငယ္ေတြ ေတာင္ဆိတ္ပ်ိဳေလးေတြ၊မုဆိုးေတြကလဲ သူတို႔ ဘာဆက္လုပ္ၾကမလဲလို႔ စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတယ္။ေနာက္တစ္ခါ ေတာင္ဆိတ္ေခါင္းေဆာင္က အခ်က္ ထပ္ေပး လိုက္ေတာ့ေတာင္ဆိတ္အုပ္ႀကီးဟာ ေခ်ာက္ကမ္းပါးႀကီးကို စၿပီးခုန္ကူးၾကတယ္။ေတာင္ဆိတ္အို ေတြက အရင္ဆုံး စၿပီးခုန္တယ္။စကၠန႔္ ပိုင္းျခားၿပီးေတာင္ဆိတ္ငယ္ေလးေတြက သူတို႔ ေနာက္မွာလိုက္ခုန္ၾကတယ္။အဲလိုအရင္ခုန္လိုက္လို႔ နဲနဲေလးေရွ႕ကို ႀကိဳေရာက္ၿပီး ေအာက္ မွာ ေရာက္ေနတဲ့ ေတာင္ဆိတ္အို ေတြ ရဲ႕ ကိုယ္ေပၚကို နင္းၿပီး ေနာက္တစ္ဆင့္အားယူၿပီး ထပ္ခုန္လိုက္ေတာ့ ေတာင္ဆိတ္ငယ္ေလးေတြဟာတစ္ဖက္ကမ္းကို လြတ္လြတ္ကြၽတ္ကြၽတ္ ေရာက္သြားၾကတယ္။ေတာင္ဆိတ္အိုေတြကေတာ့ ေခ်ာက္ကမ္းပါး ထဲ အက်ခံၿပီး စ ေတးခံသြားၾကရွာတယ္။ေတာင္ဆိတ္ေခါင္းေဆာင္ ႀကီးကလဲ သူ႔ အုပ္စုအကုန္ခုန္ကူးၿပီးသြားတဲ့ အထိ အခ်ိန္ရေအာင္ထင္ပါတယ္။မုဆိုးေတြ ဆီ တည့္တည့္ႀကီး ရင္ဆိုင္ၿပီး တိုးဝင္လာလို႔ ေသနတ္နဲ႔ ပစ္ရတယ္။ေသနတ္ တစ္ခ်က္မွန္ သြားတာေတာင္ ယိုင္႐ုံပဲ ယိုင္သြားၿပီးေရွ႕ ဆက္တိုးဝင္လာလို႔ ထပ္ပစ္ရတယ္။ႏွစ္ခ်က္သုံး ခ်က္မွန္သြားမွပဲ ေခ်ာက္ထဲျပဳတ္က်သြားတယ္။မုဆိုးေတြဟာ ေတာင္ဆိတ္ ေခါင္းေဆာင္ ရဲ႕ေခါင္း ေဆာင္ေကာင္း ပီသမႈနဲ႔ ေတာင္ဆိတ္အိုေတြရဲ႕ စြန႔္လြတ္အနစ္နာခံတတ္တဲ့ စိတ္ကို အခုထိ လက္ဆင့္ကမ္းေျပာျပေနၾကတယ္။ဒီပုံျပင္ဟာ တျခား တိရိ စာၦန္ ေတြ ရွင္သန္ဖို႔ ခက္ခဲလွတဲ့ မတ္ေစာက္တဲ့ ေက်ာက္ေတာင္ေတြေပၚမွာ ဘာေၾကာင့္ ေတာင္ဆိတ္ေတြကရွင္သန္က်န္ရစ္ ေနႏိုင္တာလဲ ဆိုရဲ႕ အေျဖပါပဲတဲ့ ။