ခေါင်းဆောင်တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းဆိုတာ…

တစ်ခါက နပိုလီယံ စစ်ချီတဲ့အခါမှာ ရန်သူတပ်က လမ်းမှာပိတ်ဆို့နေတယ်။ ရပ်သူတပ်ရဲ့ အင်အားကလဲ သူ့ရဲ့ အင်အားထက်များနေတယ်။ရန်သူ့အင်အားက ( ၃၀၀ ) လောက်ရှိတယ် သူတို့က အင်အား ( ၇၀ ) လောက်ပဲရှိတယ်။အဲဒီအချိန်မှာ ရှေ့ကိုတက်ပြီး ရန်သူ့သတင်းရယူတဲ့ ကင်းထောက်တပ်သားက နပိုလီယံကို ” ရှေ့မှာ ရန်သူ့အင်အား ( ၃၀၀ ) လောက်နဲ့ လမ်းကို ပိတ်ဆို့ထားတယ် ” လို့ သတင်းပို့လိုက်တယ်။အဲဒီအခါမှာ နပိုလီယံက သူရဲ့ တပ်သားတွေဘက်လှည့်ပြီး ” အတော်ပဲဟေ့..သတင်းကောင်းတော့ ရပြီ ရှေ့မှာ ရန်သူ့ရိက္ခာ (၃၀၀) လောက် ရောက်နေပြီတဲ့။ ငါတို့မှာလဲ ရိက္ခာပြတ်နေပြီ။…မင်းတို့ဟာ စစ်တိုက်စွမ်းရည် ကောင်းကြတဲ့သူတွေဖြစ်တယ်ဆိုတာ အရင်ကတည်းက ငါသိခဲ့တယ်။ အဲဒီတော့ ရိက္ခာအတွက် ဘာမှ မပူရတော့ဘူး ဒီကောင်တွေဆီမှာ သွားလုရမယ် ” လို့ ပြောလိုက်တယ် ။

ခေါင်းဆောင်တစ်ယောက်ရဲ့ ဒီလိုချီးကျူးသံကြားလိုက်ရတဲ့ စစ်သားတွေဘယ်လိုဖြစ်သွားပါသလဲ..သေချာတာပေါ့ ချက်ချင်းစိတ်ဓာတ်တက်ကြွသွားပြီး ကိုယ့်ထက်အင်အား ၄ဆကျော်ကြီးမားတဲ့ရန်သူတွေကို အစွမ်းကုန်တိုက်ပြီး အောင်ပွဲကိုယူနိုင်ခဲ့ပါတယ်။ ရိက္ခာတွေကိုလည်း သိမ်းနိုင်ခဲ့တာပေါ့။နပိုလီယံရဲ့ စကားထဲက မင်းတို့စစ်တိုက်စွမ်းရည်ကောင်းတယ် ဆိုတဲ့စကားဟာ သူ့တပ်သားတွေ မှတ်မှတ်ထင်ထင်ချီးကျူးလိုက်တာပါ။ဒါဟာ သူရဲ့စွမ်းရည်ထဲက တစ်ခုပေါ့။ ဒါကြောင့်လည်း နပိုလီယံရယ်လို့ နာမည်ကျော်ခဲ့တာပေါ့။ဒါကြောင့် အောင် မြင်မှုရချင်တဲ့ ခေါင်းဆောင်တွေအတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ချီးကျူးခြင်း အတတ်ဟာလည်း မဖြစ်မနေလိုအပ်တဲ့ အရည် အသွေးတစ်ခုပဲဖြစ်ပါတော့တယ်။

Credit – original

[zawgyi]

တစ္ခါက နပိုလီယံ စစ္ခ်ီတဲ့အခါမွာ ရန္သူတပ္က လမ္းမွာပိတ္ဆို႔ေနတယ္။ ရပ္သူတပ္ရဲ႕ အင္အားကလဲ သူ႔ရဲ႕ အင္အားထက္မ်ားေနတယ္။ရန္သူ႔အင္အားက ( ၃၀၀ ) ေလာက္ရွိတယ္ သူတို႔က အင္အား ( ၇၀ ) ေလာက္ပဲရွိတယ္။အဲဒီအခ်ိန္မွာ ေရွ႕ကိုတက္ၿပီး ရန္သူ႔သတင္းရယူတဲ့ ကင္းေထာက္တပ္သားက နပိုလီယံကို ” ေရွ႕မွာ ရန္သူ႔အင္အား ( ၃၀၀ ) ေလာက္နဲ႔ လမ္းကို ပိတ္ဆို႔ထားတယ္ ” လို႔ သတင္းပို႔လိုက္တယ္။အဲဒီအခါမွာ နပိုလီယံက သူရဲ႕ တပ္သားေတြဘက္လွည့္ၿပီး ” အေတာ္ပဲေဟ့..သတင္းေကာင္းေတာ့ ရၿပီ ေရွ႕မွာ ရန္သူ႔ရိကၡာ (၃၀၀) ေလာက္ ေရာက္ေနၿပီတဲ့။ ငါတို႔မွာလဲ ရိကၡာျပတ္ေနၿပီ။…မင္းတို႔ဟာ စစ္တိုက္စြမ္းရည္ ေကာင္းၾကတဲ့သူေတြျဖစ္တယ္ဆိုတာ အရင္ကတည္းက ငါသိခဲ့တယ္။ အဲဒီေတာ့ ရိကၡာအတြက္ ဘာမွ မပူရေတာ့ဘူး ဒီေကာင္ေတြဆီမွာ သြားလုရမယ္ ” လို႔ ေျပာလိုက္တယ္ ။ေခါင္းေဆာင္တစ္ေယာက္ရဲ႕ ဒီလိုခ်ီးက်ဴးသံၾကားလိုက္ရတဲ့ စစ္သားေတြဘယ္လိုျဖစ္သြားပါသလဲ..ေသခ်ာတာေပါ့ ခ်က္ခ်င္းစိတ္ဓာတ္တက္ႂကြသြားၿပီး ကိုယ့္ထက္အင္အား ၄ဆေက်ာ္ႀကီးမားတဲ့ရန္သူေတြကို အစြမ္းကုန္တိုက္ၿပီး ေအာင္ပြဲကိုယူႏိုင္ခဲ့ပါတယ္။ ရိကၡာေတြကိုလည္း သိမ္းႏိုင္ခဲ့တာေပါ့။နပိုလီယံရဲ႕ စကားထဲက မင္းတို႔စစ္တိုက္စြမ္းရည္ေကာင္းတယ္ ဆိုတဲ့စကားဟာ သူ႔တပ္သားေတြ မွတ္မွတ္ထင္ထင္ခ်ီးက်ဴးလိုက္တာပါ။ဒါဟာ သူရဲ႕စြမ္းရည္ထဲက တစ္ခုေပါ့။ ဒါေၾကာင့္လည္း နပိုလီယံရယ္လို႔ နာမည္ေက်ာ္ခဲ့တာေပါ့။ဒါေၾကာင့္ ေအာင္ ျမင္မႈရခ်င္တဲ့ ေခါင္းေဆာင္ေတြအတြက္ ကိုယ့္လက္ေအာက္ငယ္သားေတြကို ခ်ီးက်ဴးျခင္း အတတ္ဟာလည္း မျဖစ္မေနလိုအပ္တဲ့ အရည္ အေသြးတစ္ခုပဲျဖစ္ပါေတာ့တယ္။