ခြူဆွဲကြသူများ

တစ်ခါတုံးက အိမ်တစ်အိမ်မှာ ကြွက်တစ်သိုက် နဲ့ ကြောင်တစ်ကောင် ရှိသတဲ့..။ကြွက် နဲ့ ကြောင် ဆိုတော့ သိကြတဲ့ အတိုင်းပဲ ကမ္ဘာ့ရန် ဖက်တွေ ..။အားကြီးပြီး ဉာဏ်နီဉာဏ်နက် များတဲ့ ကြောင်ကြီးက ကြွက်တွေကို တတိတိ နဲ့ ချီပြီး စားပစ်ဝါးပစ်နေတော့ ကြွက်သိုက်မှာ တဖြည်းဖြည်းလုံးပါးပါး လာပါလေရောတဲ့..။သွားရခက် လာရခက် စားဖို့ သောက်ဖို့ ရှာရခက် နဲ့ အနေအထိုင်ကြပ်လာရပါသတဲ့..။အဲ့ဒီတော့ ကြွက်တွေက စဉ်းစားတယ် ဒါမျိုးရှေ့ဆက်သွားနေရင် သူတို့ ကြွက်မျိုးသုဉ်းရတော့မယ်..။ဒီကြောင်ကြီးပြသနာကို အားလုံးပူးပေါင်း အဖြေရှာမှ ရမယ်ဆိုပြီး ကြွက်တွေ စုဝေးကြတယ်..။ပြောရရင်တော့ ကြွက်ပေါင်းစုံညီလာခံကြီးပေါ့ဗျာ..။အဲ့ဒီမှာ ကြောင်ကြီးကို ရင်ဆိုင်ဖို့ အဆို အမျိုးမျိုးတင်သွင်းကြတယ်ပေါ့ဗျာ ..။တစ်ကောင် တစ်ပေါက် နဲ့ ဆူညံနေကြတယ်ပေါ့ ..။တစ်ချို့က အားလုံးစုပြီး တိုက်ခိုက်ဖို့..။ဟာ.. အဲ့ဒါတော့ မဖြစ်နိုင်ဘူး.. ကြွက်တွေ ဘယ်လောက်များတယ်ပြောပြော .. ကြောင်ကို မယှဉ်နိုင်ဘူး..ယှဉ်ရတယ် ထားဦး.. အကျအဆုံးများမှာ.. မဖြစ်နိုင်ဘူး..တစ်ချို့က ဒီနေရာကနေ ထွက်ခွာသွားဖို့..အဲ့ဒါဆို နောက်ပြောင်းသွားတဲ့နေရာမှာ ကြောင်နောက်တစ်ကောင် တွေ့ရင် ထပ်ပြောင်းကြဦးမှာလား..ပြီးတော့ ဒီအစုအဝေးကြီးနဲ့ ဘယ်လို လုပ် နေရာထပ်ပြောင်းလို့ အဆင်ပြေမလဲ..။ အဲ့လိုနဲ့ပေါ့လေ..အချိန်သာ ကြာလာတယ်..။အဖြေက ရေရေရာရာ မရသေး..။နောက်တော့ ပညာရှိပုံရတဲ့ ကြွက်ကလေးက ထ အကြံပေးတယ်..။”ကျွန်တော်တို့ ကြောင်ကြီးရဲ့လည်ပင်းမှာ ခြူဆွဲထားမယ်ဆိုရင်ကောဗျာ” တဲ့..။အလို..သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ..။အဲ့လို ကြောင်လည်ပင်းမှာ ခြူဆွဲပေးလိုက်ရင်.. သူသွားသမျှ လာသမျှမှာ ခြူသံကမြည်နေမှာ..။အဲ့တော့ ကြွက်တွေ အနေနဲ့ လွတ်ရာလွတ်ကြောင်း လှုပ်ရှားလို့လည်း ရနိုင်တယ်..။အကြံပေးတဲ့ ကြွက်ကလည်း ထောက်ခံချက်တွေ တတ်လာတော့ မြောက်ကြွမြောက်ကြွဖြစ်လာတယ်ပေါ့..။ငါက ဒီဒုက္ခတွင်းကနေ ကယ် တင်မယ့် ကယ်တင်ရှင်ဖြစ်ပြီဆိုပြီးတော့များတွေလေသလား မပြောတတ်ဘူး..။အဲ့ဒီ အချိန်မှာ အသက်ကြီးကြီး ပညာရှိကြွက်ကြီးတစ်ကောင်က ထပြောတယ်..”ဟုတ်ပါပြီ .. ကြောင်လည်ပင်းမှာ ခြူဆွဲပေးထားမှာ.. သိပ်ကောင်းတာပေါ့.. တစ်ခုပါပဲ..ကြောင်လည်ပင်းမှာ ဘယ်သူခြူသွားဆွဲပေးမှာလဲတဲ့..”အဲ့ဒီမှာ ကြွက်တွေ အားလုံး.. ဟာခနဲတောင် မဖြစ်နိုင်တော့ဘူး.. တိတ်ဆိတ်သွားတယ်..အဲ့ဒီမှာ ပညာရှိကြွက်ကြီးက ပြုံးတယ်.. ဒီကောင်တွေ ဝေဖန်ဖို့ အကြံပေးဖို့.. ပြောဆိုဖို့လောက်ပဲ သိတဲ့ ကောင်တွေတကယ် လက်တွေ့လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိနိုင်တယ်ဆိုတာ နားမလည်ကြသေးဘူး..။ငါဆုံးမဦးမှပါ ဆိုပြီး ပြောမလို့ လည်ချောင်းရှင်းကာရှိသေးတယ်..

အသံ တစ်ခု ထွက်လာတယ်..”ကျွန်တော် ခြူသွားဆွဲပေးပါ့မယ် ” တဲ့ ..အားလုံး စိတ်ဝင်စားသွားကြတယ်..။ဒီကောင်က ခြူဘယ်လို သွားဆွဲပေးမှာလဲပေါ့..။အဲ့ဒီမှာ အားလုံးကိုယ်စား ကြွက်ပညာရှိကြီးက လှမ်းမေးတယ် ..။မင်း ဘယ်လိုနည်းနဲ့ ကြောင်ကို ခြူဆွဲပေးမှာလဲ..ပေါ့..အဲ့ဒီမှာ အသံရှင်ကြွက်ကလေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ်..။”ဒီလိုဗျ ကျွန်တော်က ဒီတိုင်း ကြောင်ကို ခြူသွားဆွဲပေးရင် ဟိုက သတ်လွှတ်လိုက်မှာပေါ့..ပြီးတော့ အဲ့ကောင်ကြီးက သတိမြဲတဲ့ကောင်ကြီးဆိုတော့ အငိုက်ဖမ်းပြီး လည်ပင်းခြူဆွဲပေးလို့လည်း ရမှာမဟုတ်ဘူး.. ရခဲ့လည်း ဒီကောင်က ပြန်ချွတ်မှာ.. အဲ့တော့ ဒီကောင့်လည်ပင်းမှာ ခြူမြဲဖို့ဆိုတာက တစ်နည်းပဲရှိတယ်..အဲ့ဒါကတော့ အဲ့ကောင်ကြီးကိုယ် တိုင် သူ့လည်ပင်းမှာ ခြူကို ဆွဲမှရမှာ”အဲ့မှာ ကြွက်အုပ်က ထပွက်ပြန်ရော..ဘယ်လိုလုပ် ကြောင်က သူ့ဘာသာသူ ခြူဆွဲမှာလဲ.. မဖြစ်နိုင်တာ .. ဘယ်သူက သူ့ပျော့ကွက် ကို သူကိုယ်တိုင်အသုံးခံမှာလဲ..အဲ့ဒီမှာပဲ အသံရှင်ကြွက်က ပြန်ပြီး အဖြေပေးရပြန်ပါတယ်..”သူ့ဘာသာသူ ခြူဆွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်ရပေမယ့် ဖြစ်နိုင်တဲ့ တစ်နည်းတော့ ရှိပါတယ်..”အဲ့ဒီမှာ ကြွက်အားလုံး စိတ်ဝင်စားပြီး ငြိမ်သွားကြပြန်တယ်..”အဲ့ဒါက ကြောင်ကို ခြူ လက်ဆောင်ပေးလိုက်ဖို့ပါပဲ”အားလုံး မှင်သက် အံ့သြသွားကြတယ်..ဟုတ်တယ်.. ကြောင်ကို လက်ဆောင်ပေးရမယ်.. သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီးသူ့အတွက် သေချာပြင်ဆင်ပေးထားတဲ့သဘောမျိုးနဲ့လက်ဆောင်ပေးရမယ်..ကိုယ့်ဆီကို တခုတ်တရ နဲ့ အသေအချာ ပေးတဲ့ လက်ဆောင်ကို ဘယ်သူငြင်းမှာလဲ.. ဟုတ်တယ်..အဲ့ဒါအကောင်းဆုံးပဲ..ကြွက်တွေဟာ သူတို့ အကြံနဲ့ သူတို့မို့လို့ အနေအထိုင်သိုသိုသိပ်သိပ် ပိပိရိရိ နေကြပြီး အချိန်ကောင်းရောက်တဲ့အထိ စောင့်နေကြပါတယ်..ဒီလိုနဲ့ ခရစ်စမတ်နေ့ လည်း ရောက်လာတော့..ခရစ်စမတ် လက်ဆောင်အနေနဲ့ ကြောင်ကြီးအနားမှာ မသိအောင်လက်ဆောင်ထုတ်ကလေးထားခဲ့ပါသတဲ့..ပန်းနုရောင်ပါကင်ပေပါလေး နဲ့ထုတ်ပိုးပြီး လိမ္မော်ရောင်ဖဲကြိုးလေစည်းလို့..ချစ်ခြင်းများဖြင့်.. ဆိုတဲ့ ပို့စ်ကတ်လေးနဲ့..လက်ဆောင်ထုတ်ထဲက ခြူလေးကလည် ရွှေရောင်လေး..ဖဲကြိုးအနီလေးနဲ့.. အသံလေးက လွင်နေတာပဲ.. သိပ်ပြီးချစ်စရာကောင်းတဲ့ခြူလေးပေါ့..ကြောင်ကြီးကလည်း သိပ်သ ဘောကျတာပါပဲ တဲ့ .. အဲ့ဒါနဲ့ ဘယ်သူမှန်းမသိတဲ့ ပေးတဲ့သူကို ကျေးဇူးတွေတင်ပြီးတော့..ခြူလေးကို လည်ပင်းမှာ တခုတ်တရ ဆွဲထားလိုက်ပါသတဲ့..။သူ့လက်နဲ့သူ ချည်ပြီးတုပ်ပြီးသွားတဲ့ ပျော့ကွက်ဟာ ကြွက်တွေအတွက် နိုင်ကွက် ခုခံကွက်ဖြစ်လာခဲ့ပါတယ်..ကြောင်ကတော့ ခု တလော ဘာလို့ ကြွက်တွေ အတွေ့ရနည်းအဖမ်းရကျဲသွားသလဲ စဉ်းစားမရဖြစ်ပါသွားသတဲ့..။ Moral – ပြဿနာတိုင်းမှာ ဖြေရှင်းနည်းတွေ ရှိပေမဲ့ နည်းစနစ်ကျကျ ဖြေရှင်းတတ်ဖို့လိုကြောင်း ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားပါတယ်။

credit – original

[zawgyi]

တစ္ခါတုံးက အိမ္တစ္အိမ္မွာ ႂကြက္တစ္သိုက္ နဲ႔ ေၾကာင္တစ္ေကာင္ ရွိသတဲ့..။ႂကြက္ နဲ႔ ေၾကာင္ ဆိုေတာ့ သိၾကတဲ့ အတိုင္းပဲ ကမာၻ႔ရန္ ဖက္ေတြ ..။အားႀကီးၿပီး ဉာဏ္နီဉာဏ္နက္ မ်ားတဲ့ ေၾကာင္ႀကီးက ႂကြက္ေတြကို တတိတိ နဲ႔ ခ်ီၿပီး စားပစ္ဝါးပစ္ေနေတာ့ ႂကြက္သိုက္မွာ တျဖည္းျဖည္းလုံးပါးပါး လာပါေလေရာတဲ့..။သြားရခက္ လာရခက္ စားဖို႔ ေသာက္ဖို႔ ရွာရခက္ နဲ႔ အေနအထိုင္ၾကပ္လာရပါသတဲ့..။အဲ့ဒီေတာ့ ႂကြက္ေတြက စဥ္းစားတယ္ ဒါမ်ိဳးေရွ႕ဆက္သြားေနရင္ သူတို႔ ႂကြက္မ်ိဳးသုဥ္းရေတာ့မယ္..။ဒီေၾကာင္ႀကီးျပသနာကို အားလုံးပူးေပါင္း အေျဖရွာမွ ရမယ္ဆိုၿပီး ႂကြက္ေတြ စုေဝးၾကတယ္..။ေျပာရရင္ေတာ့ ႂကြက္ေပါင္းစုံညီလာခံႀကီးေပါ့ဗ်ာ..။အဲ့ဒီမွာ ေၾကာင္ႀကီးကို ရင္ဆိုင္ဖို႔ အဆို အမ်ိဳးမ်ိဳးတင္သြင္းၾကတယ္ေပါ့ဗ်ာ ..။တစ္ေကာင္ တစ္ေပါက္ နဲ႔ ဆူညံေနၾကတယ္ေပါ့ ..။တစ္ခ်ိဳ႕က အားလုံးစုၿပီး တိုက္ခိုက္ဖို႔..။ဟာ.. အဲ့ဒါေတာ့ မျဖစ္ႏိုင္ဘူး.. ႂကြက္ေတြ ဘယ္ေလာက္မ်ားတယ္ေျပာေျပာ .. ေၾကာင္ကို မယွဥ္ႏိုင္ဘူး..ယွဥ္ရတယ္ ထားဦး.. အက်အဆုံးမ်ားမွာ.. မျဖစ္ႏိုင္ဘူး..တစ္ခ်ိဳ႕က ဒီေနရာကေန ထြက္ခြာသြားဖို႔..အဲ့ဒါဆို ေနာက္ေျပာင္းသြားတဲ့ေနရာမွာ ေၾကာင္ေနာက္တစ္ေကာင္ ေတြ႕ရင္ ထပ္ေျပာင္းၾကဦးမွာလား..ၿပီးေတာ့ ဒီအစုအေဝးႀကီးနဲ႔ ဘယ္လို လုပ္ ေနရာထပ္ေျပာင္းလို႔ အဆင္ေျပမလဲ..။ အဲ့လိုနဲ႔ေပါ့ေလ..အခ်ိန္သာ ၾကာလာတယ္..။အေျဖက ေရေရရာရာ မရေသး..။ေနာက္ေတာ့ ပညာရွိပုံရတဲ့ ႂကြက္ကေလးက ထ အႀကံေပးတယ္..။”ကြၽန္ေတာ္တို႔ ေၾကာင္ႀကီးရဲ႕လည္ပင္းမွာ ျခဴဆြဲထားမယ္ဆိုရင္ေကာဗ်ာ” တဲ့..။အလို..သိပ္ေကာင္းတဲ့ အႀကံဉာဏ္ပဲ..။အဲ့လို ေၾကာင္လည္ပင္းမွာ ျခဴဆြဲေပးလိုက္ရင္.. သူသြားသမွ် လာသမွ်မွာ ျခဴသံကျမည္ေနမွာ..။အဲ့ေတာ့ ႂကြက္ေတြ အေနနဲ႔ လြတ္ရာလြတ္ေၾကာင္း လႈပ္ရွားလို႔လည္း ရႏိုင္တယ္..။အႀကံေပးတဲ့ ႂကြက္ကလည္း ေထာက္ခံခ်က္ေတြ တတ္လာေတာ့ ေျမာက္ႂကြေျမာက္ႂကြျဖစ္လာတယ္ေပါ့..။ငါက ဒီဒုကၡတြင္းကေန ကယ္ တင္မယ့္ ကယ္တင္ရွင္ျဖစ္ၿပီဆိုၿပီးေတာ့မ်ားေတြေလသလား မေျပာတတ္ဘူး..။အဲ့ဒီ အခ်ိန္မွာ အသက္ႀကီးႀကီး ပညာရွိႂကြက္ႀကီးတစ္ေကာင္က ထေျပာတယ္..”ဟုတ္ပါၿပီ .. ေၾကာင္လည္ပင္းမွာ ျခဴဆြဲေပးထားမွာ.. သိပ္ေကာင္းတာေပါ့.. တစ္ခုပါပဲ..ေၾကာင္လည္ပင္းမွာ ဘယ္သူျခဴသြားဆြဲေပးမွာလဲတဲ့..”အဲ့ဒီမွာ ႂကြက္ေတြ အားလုံး.. ဟာခနဲေတာင္ မျဖစ္ႏိုင္ေတာ့ဘူး.. တိတ္ဆိတ္သြားတယ္..အဲ့ဒီမွာ ပညာရွိႂကြက္ႀကီးက ၿပဳံးတယ္.. ဒီေကာင္ေတြ ေဝဖန္ဖို႔ အႀကံေပးဖို႔.. ေျပာဆိုဖို႔ေလာက္ပဲ သိတဲ့ ေကာင္ေတြတကယ္ လက္ေတြ႕လုပ္တဲ့ေနရာမွာ အခက္အခဲေတြ အမ်ားႀကီးရွိႏိုင္တယ္ဆိုတာ နားမလည္ၾကေသးဘူး..။ငါဆုံးမဦးမွပါ ဆိုၿပီး ေျပာမလို႔ လည္ေခ်ာင္းရွင္းကာရွိေသးတယ္..အသံ တစ္ခု ထြက္လာတယ္..”ကြၽန္ေတာ္ ျခဴသြားဆြဲေပးပါ့မယ္ ” တဲ့ ..အားလုံး စိတ္ဝင္စားသြားၾကတယ္..။ဒီေကာင္က ျခဴဘယ္လို သြားဆြဲေပးမွာလဲေပါ့..။အဲ့ဒီမွာ အားလုံးကိုယ္စား ႂကြက္ပညာရွိႀကီးက လွမ္းေမးတယ္ ..။မင္း ဘယ္လိုနည္းနဲ႔ ေၾကာင္ကို ျခဴဆြဲေပးမွာလဲ..ေပါ့..အဲ့ဒီမွာ အသံရွင္ႂကြက္ကေလးက ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ ျပန္ေျဖတယ္..။”ဒီလိုဗ် ကြၽန္ေတာ္က ဒီတိုင္း ေၾကာင္ကို ျခဴသြားဆြဲေပးရင္ ဟိုက သတ္လႊတ္လိုက္မွာေပါ့..ၿပီးေတာ့ အဲ့ေကာင္ႀကီးက သတိၿမဲတဲ့ေကာင္ႀကီးဆိုေတာ့ အငိုက္ဖမ္းၿပီး လည္ပင္းျခဴဆြဲေပးလို႔လည္း ရမွာမဟုတ္ဘူး.. ရခဲ့လည္း ဒီေကာင္က ျပန္ခြၽတ္မွာ.. အဲ့ေတာ့ ဒီေကာင့္လည္ပင္းမွာ ျခဴၿမဲဖို႔ဆိုတာက တစ္နည္းပဲရွိတယ္..အဲ့ဒါကေတာ့ အဲ့ေကာင္ႀကီးကိုယ္ တိုင္ သူ႔လည္ပင္းမွာ ျခဴကို ဆြဲမွရမွာ”အဲ့မွာ ႂကြက္အုပ္က ထပြက္ျပန္ေရာ..ဘယ္လိုလုပ္ ေၾကာင္က သူ႔ဘာသာသူ ျခဴဆြဲမွာလဲ.. မျဖစ္ႏိုင္တာ .. ဘယ္သူက သူ႔ေပ်ာ့ကြက္ ကို သူကိုယ္တိုင္အသုံးခံမွာလဲ..အဲ့ဒီမွာပဲ အသံရွင္ႂကြက္က ျပန္ၿပီး အေျဖေပးရျပန္ပါတယ္..”သူ႔ဘာသာသူ ျခဴဆြဲဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး ထင္ရေပမယ့္ ျဖစ္ႏိုင္တဲ့ တစ္နည္းေတာ့ ရွိပါတယ္..”အဲ့ဒီမွာ ႂကြက္အားလုံး စိတ္ဝင္စားၿပီး ၿငိမ္သြားၾကျပန္တယ္..”အဲ့ဒါက ေၾကာင္ကို ျခဴ လက္ေဆာင္ေပးလိုက္ဖို႔ပါပဲ”အားလုံး မွင္သက္ အံ့ၾသသြားၾကတယ္..ဟုတ္တယ္.. ေၾကာင္ကို လက္ေဆာင္ေပးရမယ္.. သပ္သပ္ရပ္ရပ္ ထုတ္ပိုးၿပီးသူ႔အတြက္ ေသခ်ာျပင္ဆင္ေပးထားတဲ့သေဘာမ်ိဳးနဲ႔လက္ေဆာင္ေပးရမယ္..ကိုယ့္ဆီကို တခုတ္တရ နဲ႔ အေသအခ်ာ ေပးတဲ့ လက္ေဆာင္ကို ဘယ္သူျငင္းမွာလဲ.. ဟုတ္တယ္..အဲ့ဒါအေကာင္းဆုံးပဲ..ႂကြက္ေတြဟာ သူတို႔ အႀကံနဲ႔ သူတို႔မို႔လို႔ အေနအထိုင္သိုသိုသိပ္သိပ္ ပိပိရိရိ ေနၾကၿပီး အခ်ိန္ေကာင္းေရာက္တဲ့အထိ ေစာင့္ေနၾကပါတယ္..ဒီလိုနဲ႔ ခရစ္စမတ္ေန႔ လည္း ေရာက္လာေတာ့..ခရစ္စမတ္ လက္ေဆာင္အေနနဲ႔ ေၾကာင္ႀကီးအနားမွာ မသိေအာင္လက္ေဆာင္ထုတ္ကေလးထားခဲ့ပါသတဲ့..ပန္းႏုေရာင္ပါကင္ေပပါေလး နဲ႔ထုတ္ပိုးၿပီး လိေမၼာ္ေရာင္ဖဲႀကိဳးေလစည္းလို႔..ခ်စ္ျခင္းမ်ားျဖင့္.. ဆိုတဲ့ ပို႔စ္ကတ္ေလးနဲ႔..လက္ေဆာင္ထုတ္ထဲက ျခဴေလးကလည္ ေ႐ႊေရာင္ေလး..ဖဲႀကိဳးအနီေလးနဲ႔.. အသံေလးက လြင္ေနတာပဲ.. သိပ္ၿပီးခ်စ္စရာေကာင္းတဲ့ျခဴေလးေပါ့..ေၾကာင္ႀကီးကလည္း သိပ္သ ေဘာက်တာပါပဲ တဲ့ .. အဲ့ဒါနဲ႔ ဘယ္သူမွန္းမသိတဲ့ ေပးတဲ့သူကို ေက်းဇူးေတြတင္ၿပီးေတာ့..ျခဴေလးကို လည္ပင္းမွာ တခုတ္တရ ဆြဲထားလိုက္ပါသတဲ့..။သူ႔လက္နဲ႔သူ ခ်ည္ၿပီးတုပ္ၿပီးသြားတဲ့ ေပ်ာ့ကြက္ဟာ ႂကြက္ေတြအတြက္ ႏိုင္ကြက္ ခုခံကြက္ျဖစ္လာခဲ့ပါတယ္..ေၾကာင္ကေတာ့ ခု တေလာ ဘာလို႔ ႂကြက္ေတြ အေတြ႕ရနည္းအဖမ္းရက်ဲသြားသလဲ စဥ္းစားမရျဖစ္ပါသြားသတဲ့..။ Moral – ျပႆနာတိုင္းမွာ ေျဖရွင္းနည္းေတြ ရွိေပမဲ့ နည္းစနစ္က်က် ေျဖရွင္းတတ္ဖို႔လိုေၾကာင္း ဒီအေၾကာင္းအရာေလးက သင္ခန္းစာ ေပးထားပါတယ္။