“စကား နှင့် တန်ဖိုး”

စကားဆိုတာ သာမန်ကြည့်ရင် လူတစ်ယောက်ရဲ့ တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့ ရတတ်တယ်။ စကားဆိုတာ”စကားစကားပြောပါများ စကားထဲကဇာတိပြ”ဆိုသလို စကားလုံးကြမ်းတွေကလူ့တန်ဖိုးကို နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်ဆိုတာကလည်းအမှန်ပါ။ စကားဆိုတာချစ်ခင်မှူကို ဖန်တီးပေးတတ်သလို နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။စကားကြောင့် အားဖြစ်စေသလို စကားကြောင့်ပဲ စိတ် ဓာတ်ကျစေတတ်တယ်..အသွားမတော်တစ်လှမ်းအစားမတော်ရင်တစ်လုတ်”ဆိုသလိုအပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲအရမ်းချစ်ရသူတောင်ရန်သူဖြစ်သွားစေတတ်ပါတယ်။

စကားဆိုတာ အောင်မြင်မှူတွေရဲ့ ပထမခြေလှမ်းဖြစ်သလိုဆုံးရူံးမှူတွေရဲ့ အဓိကရန်သူဖြစ်နေတတ်ပြန်တယ်..ချစ်သူတွေပေါင်းစည်းခြင်းအတွက်မြှားနတ်မောင် ဖြစ်နေတတ်သလို အရမ်းချစ်ခဲ့ပြီးမှ ကျောခိုင်းစေတတ်တဲ့ တရားခံသည်လည်းပဲ စကားဖြစ်နေတတ် ပြန်ပါတယ်။ စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလိုစကားကြောင့်ပဲ မိတ်ဆွေ ကနေ သူစိမ်းတွေဖြစ်သွားတတ်ကြပါတယ်..စကားဆိုတာ.. အပြောမတတ်ရင် နှစ်ပေါင်းများစွာထိမ်းသိမ်းလာတဲ့ဂုဏ်သိက္ခာတွေတောင် စကားတစ်ခွန်းကြောင့် ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။ မပြော မဖြစ်လို့ ပြောပြန်ရင်လည်း အမှားမပါစေပဲ”ဓါး”တစ်လက်လို အကျိုးရှိစေတဲ့နေရာမှာ အသုံးချတတ်နိုင်ဖို့ရာ ကိုယ်နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ်လက်နက်”ဓါး”တစ်လက်တော့ မဖြစ်ကြပါစေနဲ့ လို့ တိုက်တွန်း ဆန္ဒ ပြုလိုက်ပါရစေ..။

Credit – Original

[zawgyi]

စကားဆိုတာ သာမန္ၾကည့္ရင္ လူတစ္ေယာက္ရဲ႕ တန္ဖိုးႏွင့္ မသက္ဆိုင္ဘူးလို႔ ထင္ရေပမယ့္ လူတစ္ေယာက္ရဲ႕ အဆင့္အတန္းကိုေတာ့ စကားလုံးေတြကိုၾကည့္ၿပီး ပိုင္းျဖတ္လို႔ ရတတ္တယ္။ စကားဆိုတာ”စကားစကားေျပာပါမ်ား စကားထဲကဇာတိျပ”ဆိုသလို စကားလုံးၾကမ္းေတြကလူ႔တန္ဖိုးကို နိမ့္က်သြားေစတတ္ပါတယ္ စိတ္ရင္းဘယ္ေလာက္ေကာင္းေကာင္းအေျပာမတတ္ရင္ဆဲသလိုျဖစ္တယ္ဆိုတာကလည္းအမွန္ပါ။ စကားဆိုတာခ်စ္ခင္မႉကို ဖန္တီးေပးတတ္သလို နာက်င္မုန္းတီးမႈကိုလည္း လက္ေဆာင္ေပးတတ္ျပန္ပါတယ္ ေပ်ာ္႐ႊင္မႉေတြ သယ္ေဆာင္လာတတ္သလိုအထီးက်န္မႉကိုလည္းတြဲေခၚတတ္ျပန္ပါတယ္။စကားေၾကာင့္ အားျဖစ္ေစသလို စကားေၾကာင့္ပဲ စိတ္ ဓာတ္က်ေစတတ္တယ္..အသြားမေတာ္တစ္လွမ္းအစားမေတာ္ရင္တစ္လုတ္”ဆိုသလိုအေျပာမတတ္ရင္ စကားတစ္ခြန္းတည္းနဲ႔ပဲအရမ္းခ်စ္ရသူေတာင္ရန္သူျဖစ္သြားေစတတ္ပါတယ္။စကားဆိုတာ ေအာင္ျမင္မႉေတြရဲ႕ ပထမေျခလွမ္းျဖစ္သလိုဆုံး႐ူံးမႉေတြရဲ႕ အဓိကရန္သူျဖစ္ေနတတ္ျပန္တယ္..ခ်စ္သူေတြေပါင္းစည္းျခင္းအတြက္ျမႇားနတ္ေမာင္ ျဖစ္ေနတတ္သလို အရမ္းခ်စ္ခဲ့ၿပီးမွ ေက်ာခိုင္းေစတတ္တဲ့ တရားခံသည္လည္းပဲ စကားျဖစ္ေနတတ္ ျပန္ပါတယ္။ စကားေၾကာင့္ မိတ္ေဆြ ဖြဲ႕ၿပီး ရင္းႏွီးခဲ့ၾကရသလိုစကားေၾကာင့္ပဲ မိတ္ေဆြ ကေန သူစိမ္းေတြျဖစ္သြားတတ္ၾကပါတယ္..စကားဆိုတာ.. အေျပာမတတ္ရင္ ႏွစ္ေပါင္းမ်ားစြာထိမ္းသိမ္းလာတဲ့ဂုဏ္သိကၡာေတြေတာင္ စကားတစ္ခြန္းေၾကာင့္ ေရစုန္ေမ်ာသြားရတတ္ျပန္ပါေသးတယ္။ မေျပာ မျဖစ္လို႔ ေျပာျပန္ရင္လည္း အမွားမပါေစပဲ”ဓါး”တစ္လက္လို အက်ိဳးရွိေစတဲ့ေနရာမွာ အသုံးခ်တတ္ႏိုင္ဖို႔ရာ ကိုယ္ႏွင့္ အျခားသူေတြကို ထိခိုက္ေစတဲ့ လူသတ္လက္နက္”ဓါး”တစ္လက္ေတာ့ မျဖစ္ၾကပါေစနဲ႔ လို႔ တိုက္တြန္း ဆႏၵ ျပဳလိုက္ပါရေစ..။